← Chapters

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

ကုန်းကုန်းဧကရာဇ်။ အပိုင်း (၆၃)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

ယနေ့တွင် ချွေ့ဖူသည် ခေါင်း၌ ပိုးပဝါနီကို စည်းထားပြီး မနေ့က အရှက်ရခဲ့သော အဖြစ်အပျက်ကို လက်တုံ့ပြန်ရန်နှင့် တုပိုင်ကို အနိုင်ယူရန် ခိုင်မာသော ဆုံးဖြတ်ချက်ကို ပြသနေလေသည်။

သူ ကြိုတင်ပြင်ဆင်ထားသော လက်ရာမှာ လမင်းသာသောညက ဆောင်းဦးပန်းရနံ့ဖြစ်၏။ ရုပ်ရှင်ထဲက ထန်ပေါ်ဟူ ဆောင်းဦးပန်းရနံ့ကို ညွှန်ပြခြင်း ဇာတ်လမ်း မဟုတ်ဘဲ လမင်းသာနေသော ဆောင်းဦးကာလ လီကျန်းမြစ် မြင်ကွင်းကို သရုပ်ဖော်ထားခြင်း ဖြစ်သည်။

ထိုပန်းချီတွင် လှေကလေးများ၊ အလှပဂေးများ၊ ထိန်လင်းသော လမင်းကြီး၊ ကြည်လင်သော ရေပြင်နှင့် ရေပြင်ပေါ်တွင် ထင်ဟပ်နေသော စံပယ်ပန်းပွင့်များ ပါဝင်လေသည်။

ဤပန်းချီကား၏ အနုပညာ အနှစ်သာရမှာ အလွန်မြင့်မားပြီး ရေးဆွဲရန် အလွန်ခက်ခဲလှသည်။ ပထမဦးစွာ ညအချိန်ဖြစ်နေပြီး လမင်းသည် ကောင်းကင်တွင် ရှိနေသော်လည်း အလင်းရောင်မှာ မလုံလောက်ပေ။

သူ၏ ပန်းချီကားသည် ည၏ အလှကို ထင်ဟပ်စေရုံသာမက ရှုခင်းများကိုပါ အသေးစိတ် သရုပ်ဖော်ထားရမည်ဖြစ်ရာ ကျွမ်းကျင်မှုကို အကြီးအကျယ် စမ်းသပ်နေခြင်း ဖြစ်သည်။ ဤသည်မှာ ချွေ့ဖူ၏ အထူးချွန်ဆုံးနှင့် အဂုဏ်ယူရဆုံး လက်ရာလည်း ဖြစ်လေသည်။

ရလဒ်သည် ဆုံးဖြတ်ပြီးသားဖြစ်၍ သူနိုင်မည်မှာ သေချာနေသော်လည်း တရုတ်ရိုးရာပန်းချီပညာဖြင့် လူတစ်ယောက် မည်သို့ဖြစ်သင့်သည်ကို တုပိုင်အား သင်ခန်းစာပေးချင်နေသေး၏။

ကံဆိုးစွာဖြင့် သူ၏ လက်ရာကို အားသွန်ခွန်စိုက် ဖန်တီးနေသော်လည်း လူတိုင်း၏ အာရုံသည် တုပိုင်၏ ပန်းချီကားပေါ်သို့သာ ရောက်နေကြလေသည်။

တုပိုင်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ၏ ကိုယ်ပိုင်ကမ္ဘာထဲသို့ တစ်ဖန် ဝင်ရောက်သွားကာ အလွန်သေးငယ်သော စုတ်တံတစ်ချောင်းကို ကောက်ယူပြီး ဧရာမ ရွှမ်စက္ကူကြီးပေါ်တွင် အလွန်လျင်မြန်သော အရှိန်ဖြင့် စတင်ရေးဆွဲလေတော့သည်။

သို့သော် သူဆွဲနေသည်ကို မြင်သူတိုင်း လုံးဝ ကြောင်အသွားကြသည်။

‘ဒါ ဘာပုံကြီးလဲ… ငါ ဘာမှ နားမလည်တော့ဘူး…’

တုပိုင်သည် တာ့နင်မင်းဆက်၏ အကြမ်းဖျင်း ပုံကြမ်းကို ဦးစွာ မဆွဲဘဲ အနားသတ်များနှင့် ထောင့်များမှ စတင်ကာ တဖြည်းဖြည်း ချဲ့ထွင်ရေးဆွဲနေခြင်း ဖြစ်သည်။

သာမန်လူများ မဆိုထားနှင့် ကျန်းရန်မင်နှင့် ကွေ့တုန်းယန် တို့ကဲ့သို့ ပုဂ္ဂိုလ်များပင် တုပိုင် မည်သည်ကိုရေးဆွဲနေမှန်း မသိကြပေ။

တစ်နာရီခန့် ကြာပြီးနောက်တွင်မှ ဤလူကြီးလူကောင်းများသည် တုပိုင် မြေပုံဆွဲနေကြောင်း သဘောပေါက်သွားကြပြီး ထိုမြေပုံသည် ယခင်က မရှိဖူးသော လက်ရှိမြေပုံများထက် အဆပေါင်းတစ်ရာကျော် ပိုမိုအသေးစိတ်ကျသော မြေပုံတစ်ခု ဖြစ်နေလေသည်။

နှစ်နာရီကြာပြီးနောက် တုပိုင်သည် သူ၏မြေပုံ တစ်ဝက်ကျော်ကို ပြီးစီးသွားခဲ့သည်။ ဤအချိန်တွင် အရေးကြီးပုဂ္ဂိုလ်အားလုံးသည် တုပိုင်၏ ရွှမ်စက္ကူကြီးကို မျက်တောင်မခတ် စိုက်ကြည့်နေကြလေသည်။

သာမန် သူဌေးသား အလေအလွင့်များအတွက် တုပိုင်၏ မြေပုံဆွဲခြင်းသည် ပျင်းစရာကောင်းပြီး ထူးခြားမှုမရှိဟု ထင်ရနိုင်သော်လည်း တပ်မှူးအဆင့် အထက် စစ်ဘက်အရာရှိများနှင့် ခရိုင်အုပ်ချုပ်ရေးမှူးအဆင့် အထက် အရပ်ဘက်အရာရှိများအတွက်မူ ဤသည်မှာ နက်နဲပြီး ကြောက်မက်ဖွယ်ကောင်းသော အတွေ့အကြုံတစ်ခု ဖြစ်နေလေသည်။

အသေးစိတ်ကျပြီး တိကျသော မြေပုံတစ်ခု၏ စစ်ရေးဗျူဟာ အရ အရေးပါမှုကို သူတို့ ကောင်းကောင်းကြီး သိကြသည်။ ဤသည်မှာ စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းထားရမည့် အမျိုးသားရတနာ တစ်ပါးပင် ဖြစ်၏။

တုပိုင်၏ မြေပုံ တိကျမှု ရှိမရှိကို သူတို့ မသိသေးသော်လည်း အနည်းဆုံးတော့ ယခင်ကထက် ပိုမိုအသေးစိတ်ကျနေသည်မှာ အမှန်ပင်ဖြစ်သည်။

အကယ်၍ ဤမြေပုံသာ လုံလောက်အောင် တိကျမှန်ကန်ပါက ဧကရာဇ်မင်းမြတ်ထံ တိုက်ရိုက်ဆက်သနိုင်ပြီး ဧကရာဇ်မင်းမြတ်ထံတွင်သာ ဆက်သသင့်ပေသည်။

**--**--**--**--**--**--**--**

သုံးနာရီကြာပြီးနောက် ချွေ့ဖူသည် သူ၏ လမင်းသာသောညက ဆောင်းဦးပန်းရနံ့ ပန်းချီကားကို လက်စသတ်လိုက်ပြီး လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များကို ခံယူရန် မပြင်ဆင်မီ မိနစ်အနည်းငယ်ကြာအောင် သူ့လက်ရာကို သူ သာယာကြည်နူးနေလိုက်သေးသည်။

သို့သော် လူတိုင်း၏ အာရုံသည် တုပိုင်၏ လက်ရာပေါ်တွင် ရောက်နေကြောင်းကို သူ ထပ်မံသတိပြုမိလိုက်ပြီး မနေနိုင်မထိုင်နိုင် လှမ်းကြည့်လိုက်မိလေသည်။

ထို့နောက် သူ ချက်ချင်း ကြက်သေသေသွားတော့သည်။

သူသည် အရာရှိတစ်ဦး မဖြစ်သေးသော်လည်း ဂုဏ်သိက္ခာကြီးမားသော မိသားစုမှ ဆင်းသက်လာပြီး ကြီးမားသော ရည်မှန်းချက်များ ရှိသူဖြစ်သည်။

သူ အနှစ်သက်ဆုံး အလုပ်မှာ မြေပုံရှေ့တွင် ရပ်ပြီး မြေပုံပေါ်ရှိ စီရင်စုနှင့် ခရိုင်တိုင်းကို သေချာလေ့လာကာ တောင်တန်းများနှင့် မြစ်များကို ရှင်းလင်းစွာ မြင်တွေ့လိုခြင်း ဖြစ်သည်။

ဤသည်မှာ ပညာရှင်များ၊ အရာရှိများနှင့် အဆင့်မြင့် စစ်ဘက်အရာရှိများ၏ အကြီးမားဆုံး ဝါသနာဖြစ်ပြီး ကမ္ဘာလောကကို စိုးရိမ်ပူပန်သော သူတို့၏ ကျယ်ပြန့်သော စိတ်ဓာတ်ကို ပြသနေခြင်းလည်း ဖြစ်လေသည်။

နောင်လာနောက်သား မျိုးဆက်သစ် ဗိုလ်ချုပ်ကြီးများ၊ အရာရှိများနှင့် နိုင်ငံ့ခေါင်းဆောင်များ အနေဖြင့် သူတို့၏ စာကြည့်ခန်းများတွင် ထင်ရှားသော နေရာ၌ မြေပုံတစ်ခုကို အမြဲချိတ်ဆွဲထားလေ့ ရှိကြသည်။

ကံဆိုးစွာဖြင့် တာ့နင်မင်းဆက်၏ မြေပုံများသည် အလွန်အကြမ်းဆန်လှသည်။ ပြည်နယ်အဆင့် နယ်မြေများမှာ လက်ခံနိုင်ဖွယ် ရှိသော်လည်း စီရင်စုနှင့် ခရိုင်အဆင့်တွင်မူ လုံးဝ ရှုပ်ထွေးပွေလီနေသည်။ မြေပုံပေါ်ရှိ လမ်းအမျိုးမျိုး ဆိုလျှင်လည်း နှစ်ပေါင်းတစ်ရာကျော်ကြာအောင် အသစ်မပြင်ရသေးပေ။

တိုင်းပြည်တစ်ခုလုံး၏ မြေပုံကို ရေးဆွဲခြင်းသည် တာ့နင်မင်းဆက်အတွက် ယုံကြည်နိုင်စရာ မရှိလောက်အောင် ခက်ခဲလှသည်။

အကြိမ်တိုင်းတွင် လူအင်အား ထောင်ပေါင်းများစွာ သို့မဟုတ် သောင်းချီ၍ အသုံးပြုရပြီး ပြီးစီးရန် နှစ်ပေါင်းများစွာ ကြာမြင့်တတ်သည်။

ထို့အပြင် မြေပုံရေးဆွဲပြီးသည်နှင့် ပြီးပြည့်စုံရန် အနည်းဆုံး နှစ်ပေါင်းတစ်ရာ ကြာမြင့်မည်ဖြစ်သည်။ ထိုနှစ်ပေါင်းတစ်ရာ အတွင်း ရွာများ၊ လမ်းများနှင့် အခြားအရာများသည် ကြီးမားသော ပြောင်းလဲမှုများကို ကြုံတွေ့ရနိုင်သည်။

ယခုမူ တုပိုင်သည် လူတိုင်း၏ ရှေ့မှောက်တွင် ဤမျှ အသေးစိတ်ကျသော မြေပုံကို ရေးဆွဲနေလေ၏။

တာ့နင်မင်းဆက် နောက်ဆုံးအကြိမ် မြေပုံရေးဆွဲခဲ့သည်မှာ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်က ဖြစ်ပြီး တည်ထောင်သူ ဧကရာဇ်သည် လူအင်အား ၁၃,၀၀၀ ကို စေလွှတ်ခဲ့ကာ သုံးနှစ်ခွဲကြာမှ ပြီးစီးခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ထိုမြေပုံသည် ယခု သူတို့ရှေ့တွင် တုပိုင် ရေးဆွဲနေသော မြေပုံလောက် အသေးစိတ် မကျချေ။

တုပိုင်၏ မြေပုံ တိကျမှန်ကန်မှု ရှိမရှိကိုတော့ မည်သူမျှ အတိအကျ မပြောနိုင်သော်လည်း ချွေ့ဖူ၏ အာရုံခံစားမှုကမူ တိကျမှန်ကန်ကြောင်း ပြောပြနေလေသည်။

တာ့နင်မင်းဆက်၏ နယ်မြေမြေပုံ ပြီးစီးသွားသောအခါ တုပိုင်၏ လက်ရာ ပြီးဆုံးပြီဟု လူတိုင်း ထင်မှတ်လိုက်ကြသည်။ သို့သော် လူတိုင်း အံ့အားသင့်သွားအောင်ပင် သူသည် မြောက်ဘက်ရှိ မွန်ဂိုများနှင့် အရှေ့မြောက်ဘက်ရှိ ဂျာချင်လူမျိုးများကို ဆက်လက်ရေးဆွဲလေသည်။

လူတိုင်း အံ့အားသင့်လွန်း၍ အသက်ရှူမှားသွားကြသည်။

လက်ရှိရောက်ရှိနေသော လူအများအပြားသည် သူတို့၏ အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်သော ဂျာချင်လူမျိုးများ မည်မျှကျယ်ပြန့်သော နယ်မြေကို ပိုင်ဆိုင်ထားကြောင်းနှင့် မွန်ဂိုအဖွဲ့အစည်း အသီးသီး မည်သည့်နေရာတွင် တည်ရှိနေကြောင်းကို ပထမဆုံးအကြိမ်အဖြစ် အမှန်တကယ် နားလည်သဘောပေါက်သွားကြသည်။

ထို့နောက် တုပိုင်သည် ဂျိုဆွန်းပြည် (ကိုရီးယား) ကို စတင်ရေးဆွဲပြီး ခရိုင်အဆင့်အထိ အသေးစိတ်ကျကျ သရုပ်ဖော်ပြန်လေသည်။

ကိုရီးယားနိုင်ငံ မြေပုံကို ရေးဆွဲပြီးနောက် ဂျပန်အင်ပါယာကို ဆက်လက်ရေးဆွဲပြီး မြို့တစ်မြို့ချင်းစီ၏ တည်နေရာ အတိအကျကို ရှင်းလင်းစွာ ဖော်ပြလိုက်သည်။

“ကိုရီးယားကို သိမ်းပိုက်လုနီးပါး ဖြစ်ခဲ့တဲ့ ဂျပန်အင်ပါယာက တကယ်ပဲ ဒီလောက် သေးငယ်တာလား။” လူတိုင်း အံ့သြတကြီး ရေရွတ်လိုက်ကြသည်။

အရှေ့ဘက် ဂျပန်အင်ပါယာကို ရေးဆွဲပြီးနောက် တုပိုင်သည် အန်နမ်နိုင်ငံ၊ မြန်မာနိုင်ငံ၊ ယိုးဒယားနိုင်ငံ စသည်တို့ကို ဆက်လက်ရေးဆွဲလေသည်။ တာ့နင်မင်းဆက်၏ ပတ်ဝန်းကျင် နိုင်ငံအားလုံးကို ရေးဆွဲပြီးနောက် တုပိုင်သည် ပင်လယ်ပြင်ကိုပါ စတင်ရေးဆွဲလေတော့သည်။

ဤအချိန်တွင် ပြိုင်ပွဲကွင်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေလေ၏။

သာမန်လူများအဖို့ ပျင်းစရာကောင်းပြီး သမ်းဝေချင်စရာ ဖြစ်နိုင်သော်လည်း အဆင့်မြင့်အရာရှိကြီးများ အားလုံး အသက်ရှူအောင့်ပြီး စိုက်ကြည့်နေကြသည်ကို မြင်သောအခါ တုပိုင်သည် လူတိုင်းကို နောက်တစ်ကြိမ် အံဩအောင်လုပ်တော့မည်ကို သိလိုက်ကြသဖြင့် သူတို့လည်း အသက်ပြင်းပြင်း မရှူရဲကြတော့ပေ။

လက်ရှိရောက်ရှိနေသော လူကြီးလူကောင်းများ အားလုံးအတွက် တုပိုင်၏ မြေပုံသည် ကမ္ဘာသစ်တစ်ခုဆီသို့ တံခါးဖွင့်ပေးလိုက်ခြင်း ဖြစ်သည်ဟု ပြောလျှင် လွန်မည်မထင်ချေ။

မူလက တုပိုင်သည် ဤမြေပုံကို ကျန်းနန်နယ်စားမင်း ကဲ့သို့သော မစ်ရှင်များအတွက်သာ အသုံးဝင်မည်ဟု ထင်မှတ်ထားသော်လည်း လက်ရှိရောက်ရှိနေသော လူကြီးလူကောင်းများသည် မြင့်မားသော အသိပညာ ရှိကြပြီး တိုင်းပြည်ကို လမ်းညွှန်ရန် အသုံးပြုသော မြေပုံကို သဘာဝကျကျ နားလည်လက်ခံနိုင်ကြလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

ထို့ကြောင့် တုပိုင်၏ တာ့နင်မင်းဆက် မြေပုံသည် ထင်ထားသည်ထက် များစွာ ပိုမိုပြင်းထန်သော သက်ရောက်မှု ရှိခဲ့ပြီး သစ်ခွမဏ္ဍပ်ကဗျာနိဒါန်း နှင့် ဂွမ်လင်းစန်းတို့ ပေါင်းစပ်ထားသော သက်ရောက်မှုထက်ပင် သာလွန်နေလေသည်။

အော်ယန်ထန်သည် ကျူးဝူယာကို တိုးတိုးလေး မေးလိုက်သည်။

“အစ်ကိုကျူး…။ နယ်ခြားစောင့်တပ်ရဲ့ စစ်သေနာပတိချုပ် တစ်ယောက်အနေနဲ့ တုပိုင်ရဲ့ မြေပုံက တိကျတယ်လို့ ထင်လား…။”

“တိကျတယ်…။” ကျူးဝူယာသည် တပ်မှူးတစ်ဦး၏ အာရုံခံစားမှုအပေါ် အခြေခံပြီး တဲ့တိုးပင် ပြန်ဖြေလိုက်၏။

“ဒီမြေပုံက အရမ်း တန်ဖိုးရှိတာလား…။” အော်ယန်ထန်က မေးလိုက်သည်။

ကျူးဝူယာသည် ပြောလိုက်လေသည်။ “တန်ဖိုးမဖြတ်နိုင်ဘူး…။ ဒီအချိန်မှာ ထုတ်မပြသင့်တဲ့ အရာပဲ။ တကယ်လို့ ဒါသာ ငါ့အပိုင်ဖြစ်ပြီး အရှင်မင်းကြီးဆီ ဆက်သလိုက်မယ်ဆိုရင် ငါ ဘွဲ့ထူးဂုဏ်ထူး ချီးမြှင့်ခံရနိုင်တယ်။ သူက ဒီမြေပုံကိုသုံးပြီး ငါတို့ကို ပြန်တိုက်ခိုက်တာက မြေပုံရဲ့တန်ဖိုးကို လုံးဝ ဖြုန်းတီးပစ်လိုက်တာပဲ။”

အပိုင်း (၆၃) ပြီး။

ကုန်းကုန်းဧကရာဇ်။ အပိုင်း (၆၄)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

အော်ယန်ထန်၏ မျက်နှာ အလွန်အရုပ်ဆိုးသွားလေသည်။ သူသည် ပြောလိုက်၏။

“သူက ဘယ်လိုလုပ် ဒီလိုမြေပုံမျိုးကို ဆွဲနိုင်ရတာလဲ။ ဘာလို့ ဒီလိုပါရမီရှင်မျိုးက မိန်းမစိုးဂိုဏ်းကနေ ထွက်ပေါ်လာရတာလဲ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ ဒီနေ့အခြေအနေကို ဖိနှိပ်ထားမှဖြစ်မယ်။”

“အဖြူကို အမည်း၊ သမင်ကို မြင်းလို့ ပြောရရင်တောင် ငါတို့ ဒီနေ့ နိုင်မှဖြစ်မယ်။ ဧကရာဇ်မင်းမြတ်က ငါတို့ကို အပြစ်တင်ချင်ရင်တောင် သူက အရမ်းဝေးတဲ့နေရာမှာ ရှိနေတာပဲ။”

သူ၏ စကားတစ်ခွန်းတည်းဖြင့် အရပ်ဘက်နှင့် စစ်ဘက် အရာရှိအားလုံး၏ ဧကရာဇ်အပေါ်ထားရှိသော သဘောထားအမှန်ကို ဖော်ပြလိုက်ခြင်း ဖြစ်လေသည်။

ကျူးဝူယာသည် ပြောလိုက်၏။ “ငါတို့မှာ တခြားရွေးချယ်စရာ မရှိဘူး။ ဒါက ငါတို့နှစ်ယောက်တည်း ကိစ္စမဟုတ်ဘဲ အရပ်ဘက်နဲ့ စစ်ဘက် အရာရှိအုပ်စု တစ်ခုလုံးရဲ့ စုပေါင်းဆန္ဒပဲ။”

**--**--**--**--**--**--**--**

အရှေ့တရုတ်ပင်လယ်၊ တောင်တရုတ်ပင်လယ်နှင့် ကြီးမားသော ကျွန်းများကို ရေးဆွဲပြီးနောက် တုပိုင်သည် ငါးနာရီတိတိ ကြာမြင့်သော သူ၏ လက်ရာကို အဆုံးသတ်လိုက်လေသည်။

လူတိုင်း သက်ပြင်းချလိုက်ကြသည်။ ယနေ့သည် နေ့ထူးနေ့မြတ် ဖြစ်လေသည်။ သူတို့သည် အမျိုးသားရတနာ တစ်ပါးဖြစ်သော စစ်ရေးဗျူဟာမြေပုံတစ်ခု မွေးဖွားလာသည်ကို မျက်မြင်တွေ့ရှိခဲ့ရသည်။

တက္ကသိုလ်သုံးခု ပေါင်းစုံသိုင်းပြိုင်ပွဲ၏ နောက်ဆုံးနေ့တွင် တုပိုင်သည် လူတိုင်းကို လုံးဝ အံ့အားသင့်သွားစေမည့် သေမင်းတမန် အကွက်တစ်ခုကို ထပ်မံထုတ်သုံးလိုက်ပြန်၏။

ဤအချိန်တွင် လီဝမ်ဟွေ့သည် စိတ်လှုပ်ရှားမှုကြောင့် ထက​​မိတော့မတတ် ဖြစ်နေပြီး တာဝန်ကျေပွန်သော ခံစားချက်ဖြင့် ပြည့်နှက်နေလေသည်။

လီဝမ်ဟွေ့၏ စိတ်ထဲတွင် တုပိုင်သည် မိန်းမစိုးဂိုဏ်းကို ပြန်လည်အသက်သွင်းရန်။ အင်ပါယာကို ပြန်လည်ဦးမော့လာစေရန်နှင့် ဒီရေကို ပြန်လှည့်ရန် ကောင်းကင်ဘုံက စေလွှတ်လိုက်သော စစ်မှန်သည့် ဉာဏ်ကြီးရှင်တစ်ပါးပင် ဖြစ်ချေသည်။

နောက်တစ်ဆင့်မှာ အကဲဖြတ်ခြင်းနှင့် အမှတ်ပေးခြင်း ဖြစ်သင့်သည်။ သို့သော် မည်သူမျှ စတင်လိုစိတ် မရှိကြပေ။ ကွမ်ရှီးဘုရင်ခံ လော့ဝမ်နှင့် အိမ်ရှေ့မင်းသား၏ နည်းပြဟောင်း ကွေ့တုန်းယန် တို့သည် နာကျင်စရာအကောင်းဆုံး အပိုင်းသို့ နောက်တစ်ကြိမ် ဝင်ရောက်ရပြန်လေသည်။

သူတို့သည် အမှန်တရားကို ထပ်မံဖုံးကွယ်ကြရဦးမည်။ သမိုင်းတွင် နာမည်ဆိုးဖြင့် ကျန်ရစ်မည့် ဒဏ်ကို ခံနိုင်ရည်ရှိရန် ကံပါလာသူများ ဖြစ်သော်လည်း သူတို့တွင် အခြားရွေးချယ်စရာ မရှိပေ။

ကွမ်ရှီးဘုရင်ခံ လော့ဝမ်သည် ဂျူနီယာတစ်ဦး ဖြစ်သည့်အားလျော်စွာ ရှေ့သို့ထွက်လာပြီး မေးလိုက်လေသည်။

“တုပိုင်။ မင်း ဘယ်လိုလုပ်ပြီး ဒီမြေပုံကို ဆွဲနိုင်တာလဲ။ ငါ့တို့ တာ့နင်မင်းဆက်ရဲ့ တောင်တွေ မြစ်တွေ အကြောင်းကို မင်း ဘယ်လိုလုပ် ဒီလောက်အများကြီး သိနေရတာလဲ။”

ဤမေးခွန်းသည်မှာ အနည်းငယ် လွန်ကဲလွန်းလှပေ၏။

တုပိုင်သည် ပြောလိုက်၏။ “ဒါက အိပ်မက်ထဲမှာ နတ်ဘုရားတွေ ပေးသနားခဲ့တဲ့ လက်ဆောင်ပါ။”

သူ နောက်ဆုံးတော့ အမှန်တိုင်း ပြောလိုက်ရာ ရှိနေသူအားလုံး လုံးဝ ယုံကြည်သွားကြလေသည်။ ရှေးခေတ်ကာလတွင် နတ်ဘုရားများကို အိပ်မက်မက်ခြင်းနှင့် တန်ဖိုးရှိသော လက်ဆောင်များ ရရှိခြင်းသည် အလွန်မြင့်မြတ်ပြီး ရှားပါးသော်လည်း တရားဝင်သော အကြောင်းပြချက်တစ်ခု ဖြစ်ခဲ့သည်။

ဟန်မင်းဆက်၏ ကျော်ကြားသော ဝန်ကြီးတစ်ပါးဖြစ်သည့် ကျန်းလျန်သည် အိပ်မက်ထဲတွင် နတ်ဘုရားတစ်ပါး၏ လမ်းညွှန်မှုကို ရရှိခဲ့ပြီးနောက် လျူပန်းကို အာဏာသိမ်းရန် ကူညီပေးခဲ့သည်။

ဤဇာတ်လမ်းသည် ဒဏ္ဍာရီမဟုတ်ဘဲ သမိုင်းအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့ပြီး မျိုးဆက်ပေါင်းများစွာက ယုံကြည်ခဲ့ကြသည်။

ထို့ကြောင့် ရှိနေသူအားလုံးသည် တုပိုင်၏ အကြောင်းပြချက်ကို ချက်ချင်း ယုံကြည်လိုက်ကြသည်။ ဤမျှ အံ့သြဖွယ်ကောင်းသော မြေပုံကို အိပ်မက်ထဲရှိ နတ်ဘုရားတစ်ပါးကသာ ဖန်တီးနိုင်မည်ဖြစ်ပြီး သေမျိုးများ ဖန်တီးရန် မဖြစ်နိုင်ပေ။

သို့သော် တုပိုင်သည် ဤမြေပုံကို နတ်ဘုရားအရှိန်အဝါဖြင့် ဖုံးလွှမ်းလိုက်သဖြင့် ငြင်းပယ်ရန် ပိုမိုခက်ခဲသွားစေသည်။ ဤမြေပုံကို ငြင်းပယ်ရဲခြင်းသည် နတ်ဘုရားများကို ဆန့်ကျင်ခြင်းဖြစ်ပြီး နတ်ဘုရားများကို ဆန့်ကျင်ခြင်းသည် ကောင်းကင်ဘုံကို ဆန့်ကျင်ခြင်းပင် ဖြစ်လေသည်။

သို့သော် ဤအချိန်တွင် လော့ဝမ်၌ အခြားရွေးချယ်စရာ မရှိတော့ဘဲ ခါးသီးသော လမ်းဆုံးအထိ ဆက်လျှောက်ရန်သာ ရှိလေသည်။

“ဒီမြေပုံက အမျိုးသားရတနာတစ်ခုပဲ။ မင်းဒါကို လူအများရှေ့မှာ ထုတ်ပြနေမယ့်အစား အရှင်မင်းကြီးဆီ တိုက်ရိုက် ဆက်သသင့်တယ်။” လော့ဝမ်က တင်းမာစွာ ပြောလိုက်သည်။ “ဒါ့အပြင် ဒီနေ့က ပန်းချီပြိုင်ပွဲလေ။ ဒီမြေပုံကို ရိုးရာပန်းချီကားလို့ သတ်မှတ်လို့ရလို့လား။”

တုပိုင်က ပြောလိုက်သည်။ “မနေ့ညက နတ်ဘုရားတစ်ပါး အိပ်မက်ထဲမှာ ကိုယ်ထင်ပြပြီး ဒီနေ့ ဒီမြေပုံကို ဆွဲခိုင်းလို့ပါ။ ကျွန်တော့်မှာ ရွေးချယ်စရာ မရှိပါဘူး။ ဒါ့အပြင် ဒီနေ့က ပန်းချီပြိုင်ပွဲလေ။ ရိုးရာပန်းချီ သက်သက်ပြိုင်ပွဲ မဟုတ်ဘူး။ ဒါကြောင့် ဒီမြေပုံက သေချာပေါက် ပန်းချီကားတစ်မျိုးပဲ။”

“တုပိုင်။ မင်း ငါ့ကို ပေါက်ကရတွေပြောဖို့ မကြိုးစားနဲ့။” လော့ဝမ်က တင်းမာစွာ ပြောလိုက်သည်။ “မင်းက ရိုးရာပန်းချီပြိုင်ပွဲမှာ ဒီလိုလက်ရာမျိုး တင်သွင်းတာက မထိုက်တန်သလို အသိအမှတ်ပြုဖို့လည်း မထိုက်တန်ဘူး။”

“ဒါပေမဲ့ အိပ်မက်ထဲက နတ်ဘုရားရဲ့ ကြားဝင်စွက်ဖက်မှုကို လေးစားသောအားဖြင့် ငါမင်းကို ၅၀ မှတ် ပေးမယ်။ မဟုတ်ရင် သုညပဲ ရမှာ။ ချွေ့ဖူရဲ့ လမင်းသာသောညက ဆောင်းဦးပန်းရနံ့ ပန်းချီကားကတော့ ရိုးရာပန်းချီရဲ့ ကျောက်မျက်ရတနာ။ ကွမ်ရှီးပြည်နယ်ရဲ့ ဂုဏ်ယူစရာပဲ။ ဒီပန်းချီကားထဲက အနုပညာအနှစ်သာရနဲ့ နက်ရှိုင်းတဲ့ ကျွမ်းကျင်မှုက ငါတို့ လက်လှမ်းမမီနိုင်တဲ့ အရာပဲ။ ဒါကြောင့် ငါ ၉၈ မှတ် ပေးတယ်။”

ဤစကားများသည် ခန်းမတစ်ခုလုံးကို ဆူညံပွက်လောရိုက်သွားစေသည်။ လူတိုင်းက လော့ဝမ်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြ၏။

ဒေသတစ်ခုကို အုပ်ချုပ်နေသော အဆင့်မြင့်အရာရှိကြီး ကွမ်ရှီးဘုရင်ခံက တကယ်ပဲ ဤမျှလောက် အရှက်မဲ့သည်လော။ ထိုသူ၏ ဂုဏ်သိက္ခာများ မည်သည့်နေရာတို့ ရောက်သွားသည်နည်း။ အရှက်တရားများကော မည်သည့်နေရာသို့ရောက်သွားသည်နည်း။ နှစ်ခုလုံးအား မြောင်းထဲသို့ ပြစ်ချလိုက်ပြီလော။

လော့ဝမ် ပြောပြီးနောက် အိမ်ရှေ့မင်းသား၏ နည်းပြဟောင်း ကွေ့တုန်းယန်က ချက်ချင်း ဝင်ပြောလိုက်သည်။

“ဒီမြေပုံက ထူးခြားပေမဲ့ အနုပညာမဟုတ်ဘူး။ ရိုးရာပန်းချီကားလည်း မဟုတ်ဘူး။ ဒါကြောင့် ငါ့သဘောထားကလည်း ဘုရင်ခံလော့နဲ့ အတူတူပဲ။ တုပိုင်ရဲ့ မြေပုံက ၅၀ မှတ် ရမယ်။”

“ချွေ့ဖူရဲ့ လမင်းသာသောညက ဆောင်းဦးပန်းရနံ့ ပန်းချီကားကတော့ ဆယ်စုနှစ်များစွာ မတွေ့ခဲ့ရတဲ့ ရိုးရာပန်းချီ လက်ရာမွန်ပဲ။ ကျောင်းအုပ်ကြီး အော်ယန်ထန် အနေနဲ့ ဒီပန်းချီကားကို အကယ်ဒမီရဲ့ ရတနာအဖြစ် သိမ်းဆည်းထားပြီး လီကျန်းအကယ်ဒမီ ကျောင်းသား မျိုးဆက်အဆက်ဆက် လေးစားအားကျနိုင်အောင် လုပ်သင့်တယ်လို့ ငါအကြံပြုချင်တယ်။”

“ဒါကြောင့် ငါလည်း ချွေ့ဖူရဲ့ လမင်းသာသောညက ဆောင်းဦးပန်းရနံ့ ပန်းချီကားကို ၉၈ မှတ် ပေးတယ်။”

“ဟားဟားဟား။” ကျန်းရန်မင်က ဟိန်းဟောက်လိုက်သည်။ “ရယ်စရာကောင်းလိုက်တာ။ အရှက်မဲ့လိုက်တာ။ ဖြစ်ရလေကွာ။ ဘာပဲဖြစ်ဖြစ် ငါက ဒီနေ့ပြီးရင် လုံးဝ အနားယူတော့မှာဆိုတော့ နှုတ်ပိတ်နေတဲ့ ကျောက်စာတိုင်ကြီး ဖြစ်သွားတော့မှာ။”

“ဒါပေမဲ့ ဒီနေ့တော့ ငါပြောရဦးမယ်။ ပန်းချီဆိုတာ အနုပညာအသေးစားပဲ။ မြေပုံဆိုတာကတော့ အရေးကြီးဆုံး အမျိုးသားရတနာ။ အင်ပါယာ ပြည်သူအားလုံးရဲ့ အကျိုးစီးပွားအတွက် မဟာဗျူဟာမြောက် စာလိပ်ပဲ။”

“တုပိုင်။ ငါမင်းရဲ့ တာ့နင်မင်းဆက် မြေပုံကို ၉၉ မှတ် ပေးတယ်။ တစ်မှတ်လျှော့လိုက်တာက ဒီမြေပုံရဲ့ တိကျမှုကို ငါမဆုံးဖြတ်နိုင်လို့ပဲ။ ဒါပေမဲ့ ငါ့အလိုလိုသိစိတ်အာရုံက ပြောနေတယ်။ ဒါက ကျယ်ပြောလှတဲ့ နယ်မြေကြီးရဲ့ ယုံနိုင်စရာမရှိလောက်အောင် တိကျတဲ့ မြေပုံပဲလို့။”

ထို့နောက် ကျန်းရန်မင်က အခြားတစ်ဖက်ကို ကြည့်ပြီး ပြောလိုက်သည်။

“ချွေ့ဖူရဲ့ လမင်းသာသောညက ဆောင်းဦးပန်းရနံ့ ပန်းချီကားနဲ့ ပတ်သက်ရင်တော့ နည်းနည်း ကြွားဝါလွန်းပြီး မင်းလက်ထဲရောက်မှ နည်းနည်း ရိုင်းစိုင်းသွားပေမဲ့ လက်ရာမွန်တစ်ခုတော့ ဖြစ်နေတုန်းပဲ။ ဒါပေမဲ့ ဒီပန်းချီကားက မင်းရဲ့ မူရင်းလက်ရာမဟုတ်ဘဲ ကူးယူထားတာ ခိုးချထားတာ ဆိုတာ ငါသိတယ်။”

“တကယ့် မူရင်းပန်းချီဆရာက တောင်ပိုင်း ရိုးရာပန်းချီဂိုဏ်းက ဆရာသခင် တုရှောင်ချန်ပဲ။ ဒီပန်းချီကားက သူ့ရဲ့ ပျောက်ဆုံးသွားတဲ့ စေ့စပ်ထားသူကို အောက်မေ့ဖွယ်အနေနဲ့ ဖန်တီးခဲ့တာမို့ ဘယ်သူ့ကိုမှ ထုတ်မပြခဲ့ဘူး။.”

“ဒါပေမဲ့ ငါ အမှတ်မထင် တွေ့ခဲ့ရဖူးတယ်။ မင်းတို့ ချွေ့မိသားစုက ဘယ်လိုနည်းလမ်းသုံးပြီး တုရှောင်ချန်ရဲ့ ပန်းချီကားကို ယူပြီး ကိုယ်ပိုင်အဖြစ် ပြောနေလဲတော့ ငါမသိဘူး။ ဒါပေမဲ့ မိတ္တူဆိုတာ မိတ္တူပဲ။ ဒီအချက်ကို ဖုံးကွယ်ထားတာက အရှက်မဲ့တာပဲ။”

ဤစကားကို ကြားလိုက်သောအခါ ချွေ့ဖူ၏ မျက်နှာထား လုံးဝ ပြောင်းလဲသွားလေသည်။

အမှန်တကယ်ပင် ဤပန်းချီကားသည် တောင်ပိုင်း ရိုးရာပန်းချီဂိုဏ်းမှ ဆရာသခင် တုရှောင်ချန်၏ လက်ရာဖြစ်သော်လည်း လူသိရှင်ကြား မထုတ်ပြခဲ့ဖူးသလို သူကလည်း ဘယ်တော့မှ ထုတ်ပြောမည် မဟုတ်ပေ။

ထို့ကြောင့် ချွေ့ဖူက ရဲရဲတင်းတင်း ခိုးချနိုင်ခဲ့သော်လည်း ကျန်းရန်မင် ဖော်ထုတ်လိမ့်မည်ဟု ထင်မထားခဲ့မိချေ။

သို့သော် ချွေ့ဖူသည် လျင်မြန်စွာ တည်ငြိမ်သွားသည်။ ကျန်းရန်မင် ဖော်ထုတ်လိုက်တော့ကော ဘာဖြစ်သနည်း။ သက်သေပြစရာမရှိချေ။

ချွေ့ဖူက ပြောလိုက်သည်။ “သခင်ကြီးရန်မင်ရဲ့ စကားတွေက နှလုံးသားကို လာထိခိုက်စေပါတယ်။ ကျွန်တော်က ဆရာကြီး တုရှောင်ချန်ရဲ့ ပန်းချီကားတွေကို ကူးယူခိုးချထားတယ်လို့ ခင်ဗျားပြောတယ်။”

“ဒါပေမဲ့ သက်သေဘယ်မှာလဲ။ ပြောရမယ်ဆိုရင် ခင်ဗျားက ဘာလို့ မိန်းမစိုးဂိုဏ်းနဲ့ ဒီလောက် ရင်းနှီးနေရတာလဲ။ သူတို့ဘက်ကနေ ခဏခဏ ပြောပေးနေရတာလဲ ဆိုတာကိုတောင် ကျွန်တော် သံသယဖြစ်မိတယ်။ မရိုးသားတဲ့ သဘောတူညီချက် တစ်ခုခု ရှိနေတယ်လို့ သံသယမဝင်ဘဲ မနေနိုင်ဘူး။”

ဤစကားများသည် ပို၍ပင် ယုတ်မာကာ အပြစ်ကို တခြားသူအပေါ် လွှဲချပြီး ပြန်လှန်တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

ကျန်းရန်မင်သည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီနေပြီး ပြောလိုက်သည်။ “အရှက်မရှိတဲ့ကောင်လေး။ သူများလက်ရာကို ခိုးချထားပြီး ဝန်မခံချင်ဘူးပေါ့လေ။ ၅၀ မှတ်။”

အပိုင်း (၆၄) ပြီး။

All Chapters