အခန်း (၇၃-၇၄)
Vol. 8 Ch. 73-74
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၃
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
တုပိုင်ကို ဆူပူကြိမ်းမောင်းလိုက်သောသူသည် အသက် ၃၀ ခန့်ရှိပြီး မျက်လုံးများမှာ စူးရှကာ မျက်နှာထားမှာ အေးစက်နေသည်။ တုမိသားစုမှ စစ်သည် ၈ ဦးသည် သူ့ဘေးတွင် ရပ်နေကြသည်။
တုပိုင်သည် သူ၏မှတ်ဉာဏ်ကို ပြန်ရှာလိုက်ရာ ထိုသူမည်သူဖြစ်ကြောင်း လျင်မြန်စွာပင် မှတ်မိလိုက်သည်။
ထိုသူ၏ အမည်မှာ တုယီမင်ဖြစ်ပြီး မြို့တော်ရှိ တုမိသားစုအတွင်း သူ၏ အဆင့်အတန်းမှာ အနည်းငယ် ရှုပ်ထွေးသည်။
သူ့အဖေ တုကျုံးတာသည် တုမိသားစုခေါင်းဆောင်၏ မွေးစားသားဖြစ်ပြီး အိမ်တော်ထိန်းချုပ်လည်း ဖြစ်သည်။ တုပိုင်၏ ရှေ့တွင် ရောက်နေသော တုယီမင်သည် မြို့တော်ရှိ တုအိမ်တော်၏ လက်ထောက်အိမ်တော်ထိန်း ဖြစ်သည်။
သူသည် တုပိုင်၏ ဖခင်ရင်းအတွက် ယုံကြည်စိတ်ချရသော လူယုံတစ်ဦးဖြစ်ပြီး တုပိုင်နှင့် သူ့ညီအစ်ကိုများသည် ငယ်စဉ်ကတည်းက သူ့ကို အစ်ကိုမင်ဟု ခေါ်ဆိုခဲ့ရသည်။
ထိုမျှမက သူသည် တုမိသားစုမှ မယားငယ်၏သမီးတစ်ဦးနှင့် လက်ထပ်ထားပြီး ယခုအခါ တုမိသားစု၏ သမက်တော် ဖြစ်နေသည်။
ထို့ကြောင့် တုယီမင်သည် မိန်းမစိုးတစ်ယောက်ဖြစ်သော တုပိုင်ထက် အဆင့်အတန်းများစွာ သာလွန်ပြီး တုမိသားစုအတွင်း မြင့်မားသော နေရာတစ်ခုကို ရရှိထားသည်။ တုပိုင်သည် မွေးကတည်းက နိမိတ်မကောင်းသူတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်သောကြောင့် ထိုသည်ကလည်း မထူးဆန်းချေ။
ထို့ကြောင့် ငယ်စဉ်ကတည်းက တုပိုင်သည် အိမ်တော်ထိန်းဖြစ်သူ တုယီမင်၏ သဘောထားအတိုင်း နေထိုင်ခဲ့ရသည်။ တုယီမင်သာ အနည်းငယ် ကြမ်းတမ်းလိုက်လျှင် တုပိုင်နှင့် သူ့နို့ထိန်းအမေတို့ အလွန် ဒုက္ခရောက်ကြရသည်။ တစ်ခါတစ်ရံ တုယီမင် စိတ်မကြည်လျှင် တုပိုင်မှာ ထမင်းငတ်လေ့ရှိသည်။
ထို့ကြောင့် ငယ်စဉ်ကတည်းက တုပိုင်သည် တုယီမင်ကို ကြောင်ရှေ့ရောက်နေသော ကြွက်တစ်ကောင်ကဲ့သို့ ကြောက်ရွံ့ခဲ့ရသည်။ တုယီမင်သည် သူလိုချင်သည့်အချိန်တိုင်း တုပိုင်ကို ရိုက်နှက်ဆဲဆိုလေ့ရှိပြီး မိသားစုခေါင်းဆောင်နှင့် ရင်းနှီးမှုတွင်လည်း တုပိုင်ထက် များစွာသာလွန်လေသည်။ သူသည် သမက်တော်ဖြစ်သလို လူယုံလည်း ဖြစ်သေး၏။
“တုပိုင်။ ငါမင်းကို ဒူးထောက်ခိုင်းနေတာ မကြားဘူးလား။” တုယီမင်က တုပိုင်ကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။ “တုကျုံး။ ခွေးကောင်။ အခုချက်ချင်း ဝင်ခဲ့စမ်း။”
နို့ထိန်းအဖေ တုကျုံးသည် ချက်ချင်းပင် ဒူးဖြင့်တွားသွားကာ ဝင်လာသည်။ တုယီမင်က ပြောလိုက်သည်။
“ငါမင်းကို ဟိုတုန်းက ဘာပြောခဲ့လဲ။ ဒီနိမိတ်မရှိတဲ့ တိရစ္ဆာန်ကောင် တုပိုင်ကို လူသူကင်းမဲ့တဲ့ကျွန်းဆီ ပို့ပြီး သူ့ဘာသာသူ လွတ်ထားလိုက်တော့လို့ ပြောခဲ့တယ် မဟုတ်လား။ ဒါမှ မိသားစုအတွက် သိက္ခာမကျမှာ။ မင်းက ဘာလုပ်လိုက်သလဲ။ မင်းက သူ့ကို တိတ်တဆိတ် ပြုစုပျိုးထောင်ပေးပြီး မိန်းမစိုးအကယ်ဒမီကိုတောင် ပို့လိုက်သေးတယ်။ အခုတော့ ဒါက ငါတို့တုမိသားစုကိုပါ အမှုပက်ကုန်ပြီကွ။”
တုယီမင် ဒေါသထွက်လာပြီး လက်ဖက်ရည်ခွက်ဖြင့် တုကျုံးကို ပစ်ပေါက်လိုက်သည်။ တုကျုံးသည် မရှောင်ရဲသဖြင့် ခွက်ထိမှန်ကာ နဖူးမှ သွေးများ စီးကျလာလေသည်။
တုယီမင်က တုပိုင်ကို ကြည့်ကာ ပြောလိုက်သည်။
“တိရစ္ဆာန်ကောင်။ မင်း နန်နင်းစီရင်စုမှာ ပြဿနာတွေရှာခဲ့လို့ အဖေ ဘယ်လောက် ဒုက္ခရောက်နေလဲဆိုတာ မင်းသိရဲ့လား။ မင်းရဲ့ အရှုပ်တွေကြောင့် မိသားစုက ဘယ်လောက် ဆုံးရှုံးလိုက်ရလဲ သိလား။ မင်းကိုယ်မင်း သိပ်တော်တယ် ထင်နေလား။ မိန်းမစိုးဂိုဏ်းကိုယ်စားပြုပြီး လီကျန်းအကယ်ဒမီနဲ့ နန်ဟိုင်သိုင်းသင်တန်းကျောင်းကို အနိုင်ယူလိုက်တယ်ပေါ့။”
“အခု မြို့တော်တစ်ခုလုံးက ပြောနေကြပြီ။ တုမိသားစုက အရပ်ဘက်အရာရှိအုပ်စုကို သစ္စာဖောက်ပြီး မိန်းမစိုးဂိုဏ်းထဲ ဝင်တော့မယ်တဲ့။ ငါ့ဦးလေးသုံး ဆိုရင် ဘုရင်ခံရာထူး ပြုတ်လုနီးပါး ဖြစ်သွားတယ်။ မိသားစုကလည်း အနည်းဆုံး ငွေတုံးပေါင်း သောင်းချီ ဆုံးရှုံးခဲ့ရတယ်။ အဲဒါတွေအားလုံး မင်းကြောင့်ဖြစ်ရတာ။ တိရစ္ဆာန်ကောင်ရဲ့။”
တုပိုင်သည် စိတ်ထဲမှ ခါးသီးစွာ ပြုံးလိုက်မိသည်။ မိသားစုက သူ့ကို လွတ်ငြိမ်းချမ်းသာခွင့် လာပေးသည်ဟု ထင်မှတ်ခဲ့သော်လည်း အမှန်တကယ်တွင်မူ ဖြေရှင်းချက် လာတောင်းခြင်း ဖြစ်နေသည်။
ကွေ့လင်ရှိ တက္ကသိုလ်သုံးခု ပူးပေါင်းပြိုင်ပွဲကြီးတွင် သူ နာမည်ကောင်း ရရှိခဲ့သော်လည်း မျှော်လင့်ထားသလို မိသားစု၏ အသိအမှတ်ပြုခြင်းကို မခံရဘဲ ကောင်စုတ်နှင့် တိရစ္ဆာန် ဟုသာ အကြိမ်ကြိမ် ခေါ်ဝေါ်ခံနေရသည်။
သူသည် တောက်ပနေခဲ့သည် မဟုတ်ပါလော။ သူ့မိသားစုအနေဖြင့် သူ့ကို ပြန်ခေါ်ရန် သို့မဟုတ် ပြုစုပျိုးထောင်ပေးရန် မစဉ်းစားခဲ့ကြဘူးလော။ မိသားစုကြီးတစ်ခုအတွက် ပါရမီရှင်တစ်ယောက်က အရေးအကြီးဆုံး မဟုတ်ပေဘူးလော။
သို့သော် တုပိုင် အတွေးလွန်နေခြင်းသာ ဖြစ်ကြောင်း ပေါ်လွင်လာသည်။ အရပ်ဘက်အရာရှိအုပ်စုသည် ပါရမီရှင်များကို လိုလားသည်ဟု ဆိုသော်လည်း တကယ်တမ်းတွင် ဂရုမစိုက်ကြပေ။
အရင်းအမြစ်များကို ထိန်းချုပ်ထားနိုင်သရွေ့ ပါရမီရှင် မည်မျှပင်ရှိရှိ ရာထူးတိုးပေးနိုင်သည်ဟု သူတို့ ယုံကြည်ကြသည်။ များသောအားဖြင့် ပါရမီရှင် ဆိုသည်မှာ ဟန်ပြသက်သက်သာဖြစ်ပြီး အာဏာ၊ အင်အားနှင့် ကြွယ်ဝချမ်းသာမှုတို့ကသာ အရေးအကြီးဆုံး ဖြစ်သည်။
တကယ်တော့ သူတို့ပြောသည်မှာ တစ်စိတ်တစ်ပိုင်း မှန်ပေသည်။ ပါရမီရှင်များနှင့် နာမည်ကျော်ကြားသူများသည် ဆင်တူကြသည်။ အရင်းအမြစ်များ အသုံးပြုပြီး မြှောက်စားပေးလိုက်လျှင် နောက်ဆုံးတွင် နာမည်ထွက်လာကြစမြဲ ဖြစ်သည်။
သို့သော် ပါရမီရှင်ကို ပြုစုပျိုးထောင်၍ ရသော်လည်း ဉာဏ်ကြီးရှင်ကိုမူ မွေးထုတ်ပေး၍ မရနိုင်ပေ။ ယခုအချိန်တွင် တုပိုင်သည် ဉာဏ်ကြီးရှင်တစ်ဦး ဖြစ်သည်။
“တုပိုင်။ မင်းလို ကောင်းကျိုးမပေးတဲ့ ကပ်ဘေးကောင်က ကွမ်ရှီးမှာ ဆက်နေလို့ မရတော့ဘူး။” တုယီမင် ပြောလိုက်သည်။ “ငါနဲ့အတူ မြို့တော်ကို လိုက်ခဲ့။ မင်းအသက်ရှင်မလား သေမလား ဆိုတာကတော့ မင်းရဲ့ နားလည်မှုနဲ့ ကံတရားအပေါ်မှာပဲ မူတည်လိမ့်မယ်။”
တုပိုင် မေးလိုက်သည်။ “နားလည်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။”
တုယီမင် ပြောလိုက်သည်။ “မင်း မိန်းမစိုးဂိုဏ်းကနေ ခွဲထွက်ရမယ်။ လီဝမ်ဟွေ့ကို လူသိရှင်ကြား တိုက်ခိုက်ပြီး အကယ်ဒမီသုံးခု ပူးပေါင်းပြိုင်ပွဲမှာ မသမာမှုလုပ်ခဲ့ကြောင်း ဝန်ခံရမယ်။ ဒါမှသာ မိသားစုရဲ့ ခွင့်လွှတ်မှုကို ရရှိပြီး မင်းအသက်ကို ကယ်တင်နိုင်မှာ။”
တုပိုင် မေးလိုက်သည်။
“ကျွန်တော်သာ ဒီလိုလုပ်ရင် မိသားစုက ကျွန်တော့်ကို ရာထူးကြီးကြီး ပေးမှာလား။”
တုယီမင်က လှောင်ပြောင်လိုက်သည်။
“မင်း အတွေးလွန်နေပြီ။ အများဆုံးလုပ်ပေးနိုင်တာက မင်းအသက်ကို မသေအောင် ထားပေးမယ်။ မင်းကို အိမ်မှာပဲ အကျယ်ချုပ်ချထားပြီး အိမ်ပြင်ကို ဘယ်တော့မှ ပေးမထွက်တော့ဘူး။”
ထို့နောက် တုယီမင်က လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
“လာကြစမ်း။ တုကျုံးရဲ့ ခြေလက်တွေကို ရိုက်ချိုးပစ်။ တိရစ္ဆာန်ကောင် တုပိုင်နဲ့ မိန်းမယုတ် တုလီနီယန်ကို သံကြိုးခတ်လိုက်။ ပြီးရင် သူတို့အားလုံးကို မြို့ထဲပြန်ခေါ်သွားပြီး အမိန့်ကို စောင့်ခိုင်းမယ်။”
“ဟုတ်ကဲ့။”
ချက်ချင်းပင် တုမိသားစုမှ စစ်သည်လေးဦး ရှေ့တက်လာသည်။ နှစ်ဦးက တုကျုံး၏ ခြေလက်များကို ရိုက်ချိုးရန် ပြင်ပြီး တစ်ဦးက တုပိုင်ကို ကြိုးတုပ်ရန်၊ ကျန်တစ်ဦးက နို့ထိန်းအမေကို ကြိုးတုပ်ရန် ပြင်လိုက်ကြသည်။
နို့ထိန်းအမေက အော်ဟစ်လိုက်သည်။
“တုကျုံး။ ရှင် ဘာလို့ ပိုင်အာကိုရှာဖို့ အကယ်ဒမီကို သွားခဲ့ရတာလဲ။ ကျွန်မသေရင်တောင် ရှင့်ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ ငါ့သား ပိုင်အာ။ မြန်မြန်ပြေးပြီး သခင်ကြီး လီဝမ်ဟွေ့ဆီမှာ အကူအညီသွားတောင်း။”
နို့ထိန်းအမေသည် အသနားခံခြင်း မပြုပေ။ အသနားခံလည်း အသုံးမဝင်ကြောင်း သူမ သိသည်။
“ဘယ်သူ့ကို တောင်းပန်ပန် အလကားပဲ။” တုယီမင်က လှောင်ပြောင်လိုက်သည်။ “လုပ်ကြစမ်း။”
စစ်သည်နှစ်ဦးသည် နို့ထိန်းအဖေ တုကျုံး၏ ခြေလက်များကို ချိန်ရွယ်ပြီး ရိုက်ချိုးရန် ပြင်လိုက်ကြသည်။
တုပိုင် စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး လက်ကို ဝှေ့ယမ်းပြလိုက်သည်။
ရုတ်တရက် အရှေ့ဘက်ကွပ်ကဲရေးရုံးမှ ကျွမ်းကျင်ပညာရှင် နှစ်ဦးဖြစ်သော လီစန်းနှင့် လီစစ်တို့သည် သရဲတစ္ဆေများကဲ့သို့ ပေါ်လာပြီး တုမိသားစုစစ်သည်နှစ်ဦး၏ ကြမ်းတမ်းသော တိုက်ခိုက်မှုများကို ဟန့်တားကာ တုကျုံးကို ကယ်တင်လိုက်ကြသည်။
“တုပိုင်။ မင်းက ပြန်ခုခံရဲတယ်ပေါ့။ မင်းသေချင်နေတာပဲ။” တုယီမင်က ပြင်းထန်စွာ အော်ဟစ်လိုက်သည်။ “ဒီတိရစ္ဆာန်ကောင်ရဲ့ ခြေလက်တွေကို ရိုက်ချိုးပစ်လိုက်။”
ချက်ချင်းပင် တုမိသားစုမှ စစ်သည်နှစ်ဦးသည် တုပိုင်ထံသို့ ပြေးဝင်လာကြသည်။
တုပိုင် လက်ကို ဝှေ့ယမ်းလိုက်သည်။
“ရွှစ်။ ရွှစ်။ ရွှစ်။”
ချက်ချင်းပင် အရှေ့ဘက်ကွပ်ကဲရေးရုံးမှ စစ်သည် ဒါဇင်များစွာ ဝင်ရောက်လာပြီး လေးများကို ဆွဲကာ တုယီမင်နှင့် သူခေါ်လာသော စစ်သည်များကို ချိန်ရွယ်ထားလိုက်ကြသည်။
အပိုင်း (၇၃) ပြီး။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၄
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
တုယီမင် ခေါ်လာသော စစ်သည်များသည် တောင့်တင်းသွားပြီး တစ်လက်မမျှပင် မလှုပ်ရဲကြတော့ပေ။
အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် မြှားမိုးရွာချခြင်းကို ခံရပေလိမ့်မည်။
တုယီမင်၏ မျက်နှာထား ပြောင်းလဲသွားပြီး ပြောလိုက်သည်။ “တုပိုင်။ မင်းက ပုန်ကန်ချင်နေတာလား။”
တုပိုင် သူ့ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာပြီး ပြောလိုက်သည်။ “ခင်ဗျားက တော်တော် ပါးနပ်ပုံရပေမဲ့ ဘယ်လိုဦးနှောက်မျိုး ရှိတာလဲ။ ကျုပ်က ဒီအတိုင်း အဖမ်းခံမယ်လို့ ထင်နေတာလား။ ကွမ်ရှီးနယ်မြေထဲမှာ ခင်ဗျား ဘာလို့ ဒီလောက် မောက်မာနေတာလဲ။ ဘာသဘောလဲ။”
တုပိုင် တကယ်ကို နားမလည်နိုင် ဖြစ်နေသည်။ တုယီမင်သည် အလွန် လိမ္မာပါးနပ်ပုံရသော်လည်း အဘယ်ကြောင့် သူ့ကို တိရစ္ဆာန်ဟု ခေါ်ဝေါ်ပြီး ရိုက်သတ်ရန် အော်ဟစ်နေရသနည်း။ တုပိုင်က သူ့ကို ပြန်လည်တိုက်ခိုက်မည်ကို လုံးဝ မကြောက်ဘူးလော။
အဘယ်ကြောင့်ဆိုသော် တုယီမင်သည် ငယ်စဉ်ကတည်းက တုပိုင်ကို ကောင်းကောင်း သိထားသောကြောင့် ဖြစ်သည်။
ဤကောင်လေးက သူရဲဘောကြောင်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိသလို ပြန်လည်ခုခံလိုစိတ် လုံးဝ မရှိကြောင်း သူသိသည်။
ထို့အပြင် မိန်းမစိုးဂိုဏ်းအတွင်း တုပိုင်၏ အဆင့်အတန်းမှာ ဘာမှမဟုတ်ဟု သူထင်မြင်သဖြင့် ယခင်ကအတိုင်း ဦးဆောင်သူနေရာမှနေ၍ အင်အားသုံး ဖိနှိပ်သည့် နည်းလမ်းကို ဆက်သုံးနေခြင်း ဖြစ်သည်။
သို့သော် သူ့ရှေ့ရှိ တုပိုင်သည် ယခင်က တုပိုင်မဟုတ်တော့ကြောင်း သူ မသိခဲ့ပေ။ တုပိုင် ပြောလိုက်သည်။
“လာကြစမ်း။ ငါ့နို့ထိန်းအမေကို ခေါ်သွားပြီး အနီးနားက အိမ်တစ်အိမ်မှာ ခဏလောက် နေရာချထားပေးလိုက်။”
နောက်ဆက်တွဲ ဖြစ်လာမည့် အရာများကို သူ့နို့ထိန်းအမေအား မမြင်စေချင်ပေ။
“ဟုတ်ကဲ့။”
အရှေ့ဘက်ကွပ်ကဲရေးရုံးမှ စစ်သည်နှစ်ဦး ရှေ့တက်လာပြီး တုကျုံးနှင့် တုလီနီယန်ကို လေးစားစွာ တွဲကူခေါ်ထုတ်သွားကြသည်။
“ပိုင်အာ။” နို့ထိန်းအမေက စိုးရိမ်တကြီး လှမ်းခေါ်လိုက်သည်။
“ကိစ္စမရှိပါဘူး နို့ထိန်းအမေ။” တုပိုင် ပြုံးလျက် ပြောလိုက်သည်။ “အစ်ကိုမင်နဲ့ မတွေ့ရတာ ကြာပြီဆိုတော့ ကောင်းကောင်း စကားပြောဖို့ အခွင့်အရေးကောင်း တစ်ခုလိုချင်ရုံပါပဲ။”
**--**--**--**--**--**--**--**
ခဏတာ ရုန်းကန်ပြီးနောက် အရှေ့ဘက်ကွပ်ကဲရေးရုံးမှ ကျွမ်းကျင်ပညာရှင်နှစ်ဦးသည် တုယီမင်ကို မြေပြင်ပေါ်သို့ ဖိချထားလိုက်ကြသည်။
နို့ထိန်းအမေ ထွက်သွားပြီးနောက် တုပိုင်သည် တုယီမင်အနားသို့ လျှောက်လာပြီး ယဉ်ကျေးမှုမရှိဘဲ ထိုင်ချလိုက်သည်။
တုပိုင် လက်လှမ်းကာ တုယီမင်၏ မျက်နှာကို ဖွဖွလေး ပုတ်လိုက်ပြီး ပြောလိုက်သည်။ “ငါလည်း ဘာဖြစ်နေမှန်း မသိတော့ဘူး။ ဒီရက်ပိုင်း အရူးတွေနဲ့ချည်း တွေ့နေရတယ်။”
တုယီမင်သည် တုပိုင်ကို မယုံနိုင်စွာ စိုက်ကြည့်နေမိသည်။ ပထမဆုံးအကြိမ် တွေ့ဖူးသကဲ့သို့ ဖြစ်နေသည်။
တုပိုင်က ပြောလိုက်သည်။ “အစ်ကိုမင်။ ခင်ဗျားလည်း ကျုပ်ရဲ့ ညီမဝမ်းကွဲတစ်ယောက်ကို လက်ထပ်ထားတယ်လို့ ကြားတယ်။ သူက လှတယ်မလား။ ခင်ဗျား သူ့ကို ကောင်းကောင်း အိပ်ပေးရဲ့လား။”
တုယီမင်က အေးစက်စွာ ပြောလိုက်သည်။ “တုပိုင်။ မင်း ငါ့ကို ဒီလိုဆက်ဆံရဲတယ်ပေါ့။ မင်း အသက်ရှင်ရတာ ငြီးငွေ့နေပြီလား။ တုမိသားစုထဲမှာ ငါ့အဆင့်အတန်းကို မင်း မသိဘူးလား။”
“သေတာတွေ ဘာတွေ မပြောပါနဲ့။ နိမိတ်မရှိဘူး။” တုပိုင် ပြောလိုက်သည်။ “အမှန်အတိုင်းပြောရရင် ကျုပ်တို့ မိန်းမစိုးတွေမှာ အခွင့်အရေးကောင်းတွေ အများကြီးရှိတယ်။”
“ခင်ဗျားလည်း ကျုပ်တို့နဲ့ လာပူးပေါင်းပါလား။ ကျုပ်ရဲ့ ညီမဝမ်းကွဲကိုတော့ မုဆိုးမဘဝနဲ့ နှစ်အနည်းငယ်လောက် နေခိုင်းလိုက်ပေါ့။ ပြီးတော့ ခင်ဗျားကိုပါ သင်းကွပ်လိုက်ရင် ကျုပ်တို့ တုမိသားစုထဲမှာ မိန်းမစိုးနှစ်ယောက် ရှိသွားတာပေါ့။ ဒါ ဂုဏ်ယူစရာ မဟုတ်ဘူးလား။”
ထို့နောက် တုပိုင်က ပြောလိုက်သည်။ “လာကြစမ်း။ ယီမင်ကို ဖိထားပေး။ ငါကိုယ်တိုင် သူ့ကို သင်းကွပ်ပေးမယ်။”
ထိုစကားကို ကြားသောအခါ တုယီမင်၏ မျက်နှာထား လုံးဝ ပြောင်းလဲသွားပြီး အော်ဟစ်လိုက်သည်။ “တိရစ္ဆာန်ကောင်။ မင်း လုပ်ရဲတယ်ပေါ့။”
သို့သော် နောက်တစ်စက္ကန့်တွင် သူသည် စားပွဲပေါ်၌ အတင်းအဓမ္မ ထိုင်ခိုင်းခံလိုက်ရပြီး ဘောင်းဘီကို ဆွဲချကာ ခြေထောက်များကို ကားထားခံလိုက်ရသည်။
“အစ်ကိုမင်။ ခင်ဗျားက ဒီနှစ်မှ ၂၉ နှစ်ပဲ ရှိသေးတယ်မလား။ ဒီအရွယ်ရောက်မှ သင်းကွပ်တာက နည်းနည်းတော့ နောက်ကျနေပြီ။” တုပိုင် ပြောလိုက်သည်။
“ဒါပေမဲ့ ကောင်းမွန်တဲ့ အရာတွေက စောင့်ဆိုင်းရကျိုး နပ်ပါတယ်။ ကျုပ်တို့ သင်းကွပ်ထားတဲ့ မိန်းမစိုးဂိုဏ်းဝင်တွေမှာ အခွင့်အရေးကောင်းတွေ အများကြီး ရှိတယ်။ ဒီလို ကောင်းမွန်တဲ့ အရာမျိုးကြုံမှတော့ အစ်ကိုမင်ကို ဘယ်လိုလုပ် မေ့ထားလို့ ရပါ့မလဲ။” တုပိုင်သည် မြှောင်ဓားကို ထုတ်လိုက်ပြီး တုယီမင်၏ အရေးကြီးသော နေရာများဆီသို့ ဓားကို ဝှေ့ယမ်းပြလိုက်သည်။
ချက်ချင်းပင် တုယီမင် ကြောက်လွန်းသဖြင့် ဆီးထွက်ကျလုနီးပါး ဖြစ်သွားသည်။ သို့သော် သူက ကြောက်ရွံ့နေသည့်ကြားမှ ကြမ်းတမ်းဟန်ဆောင်ကာ အော်ဟစ်လိုက်သည်။
“တုပိုင်။ မိုက်မဲမနေနဲ့။ မင်းသာ ငါ့ကို ထိခိုက်အောင်လုပ်ရင် တုမိသားစုက မင်းကို အပိုင်းပိုင်း ဆွဲဖြဲပစ်လိမ့်မယ်။ အား။” တုယီမင် စကားမဆုံးခင်မှာပင် စူးရှသော အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။
အဘယ်ကြောင့်ဆိုသော် တုပိုင်က သူ့ဘက်လက်မှ အရွတ်များကို ဖြတ်တောက်ပစ်လိုက်သောကြောင့် ဖြစ်သည်။ ထို့နောက် တုပိုင်သည် ပေါ့ပေါ့ပါးပါးပင် သူ့ညာဘက်လက်မှ အရွတ်များကိုပါ ဖြတ်တောက်ပစ်လိုက်သည်။
“ဒူးထောက်လိုက်။ ဒါဆို ငါမင်းကို လွှတ်ပေးမယ်။” တုပိုင် ပြောလိုက်သည်။
“မင်း အိပ်မက်မက်နေတာလား။” တုယီမင် အော်ဟစ်လိုက်သည်။
“ဒုတ်…”
တုပိုင် ရုတ်တရက် သူ့ပေါင်ကို ဓားဖြင့် ထိုးစိုက်လိုက်သည်။
တုပိုင် ပြောလိုက်သည်။ “ငါ သုံးအထိ ရေတွက်မယ်။ မင်း ဒူးမထောက်ရင် ငါမင်းကို သင်းကွပ်ပစ်မယ်။”
“သုံး… နှစ်… တစ်…”
တုယီမင် မတ်မတ်ကလေး ဒူးထောက်ချလိုက်သည်။
တုပိုင် ပြောလိုက်သည်။ “မင်းပါးစပ်က အသနားမခံရင် မင်းလျှာက အသုံးမဝင်တော့ဘူး။ အဲဒါကိုပါ ဖြတ်ပစ်လိုက်တာ ပိုကောင်းမယ်။”
တုယီမင်သည် ယခင်က အသုံးမကျသော ကောင်စုတ်လေးထံမှ အသနားမခံချင်သော်လည်း အသက်နှင့်ရင်းရမည် ဖြစ်သောကြောင့် အလျှော့ပေးလိုက်ရသည်။
“ညီလေး တုပိုင်… ကျေးဇူးပြုပြီး… ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါ။” တုယီမင် တုန်ရီစွာဖြင့် အသနားခံလိုက်သည်။
တုပိုင် ပြုံးပြီး ပြောလိုက်သည်။ “ကောင်းပြီလေ။”
ထို့နောက် ဓားသွားတစ်ချက် လျင်မြန်စွာ ဝှေ့ယမ်းလိုက်ရာ တုယီမင်၏ လူဖြစ်ခြင်း အင်္ဂါရပ် ပြတ်တောက်သွားပြီး သင်းကွပ်ခံလိုက်ရလေသည်။
“မိန်းမစိုးဂိုဏ်းက ကြိုဆိုပါတယ်။ နန်းတော်က ငါတို့အိမ်ပါပဲ။ မင်းကို သင်းကွပ်လိုက်တော့ တစ်မိသားစုလုံး ကြီးပွားချမ်းသာလာပြီပေါ့။” တုပိုင် ပြောလိုက်သည်။ “အစ်ကိုမင်။ ကျေးဇူးတင်စရာ မလိုပါဘူး။”
တုယီမင်သည် သူ့ပေါင်ကြားထဲမှ အေးစက်သွားသလို ခံစားလိုက်ရပြီးနောက် ဘာမှ မခံစားရတော့ပေ။ ငုံ့ကြည့်လိုက်ရာ အလွန် စူးရှကျယ်လောင်သော အော်ဟစ်သံကြီး ထွက်ပေါ်လာတော့သည်။
“အားးးး။”
အပိုင်း ၇၄ ပြီး။