← Chapters

နတ်ဘုရားကိယာ

Vol. 23 Ch. 223

နတ်ဘုရားကိယာ

Vol. 23 Ch. 223

ဤအချိန်တွင် မဟာပျက်စီးခြင်းနယ်မြေ၏ အပြင်ဘက် ဧရိယာတစ်ခုလုံး ဆူညံပွက်လောရိုက်သွားကြချေ၏။

သန်းပေါင်းများစွာသော သက်ရှိများသည် တုန်လှုပ်ချောက်ချားနေကြလေသည်။

သတင်းကို ကြားသည်နှင့် မရေမတွက်နိုင်သော အင်အားစုများလည်း လှုပ်ရှားကြလေတော့သည်။

နတ်ဘုရား နန်းတော် ၊လေးနက်ပြီး မြင့်မြတ်သော ကျောင်းဆောင်ကြီး အတွင်းတွင် နတ်ဘုရား နန်းတော်၏အရှင်သခင်သည် တင်ပျဉ်ခွေ ထိုင်နေလေသည်။

မိုးခြိမ်းသံကဲ့သို့သော ပေါက်ကွဲသံကို ကြားလိုက်ရသည်နှင့် သူ ရုတ်တရက် မျက်လုံးဖွင့်လိုက်ချေ၏။

သူ၏နက်ရှိုင်းသော မျက်ဝန်းများထဲတွင် ဂလက်ဆီ ပုံရိပ်များ ပေါ်လာလေသည်။

သူသည် တစ်စုံတစ်ခုကို တွက်ချက်နေသကဲ့သို့ ဖြစ်ပြီး ခဏအကြာတွင်

"လူတွေ လာကြစမ်း"

"နတ်ဘုရားအရှင်"

နတ်ဘုရားစစ်သူကြီး တစ်ဦး ရောက်လာပြီး လေးစားစွာ ဦးညွှတ်လိုက်လေသည်။

"နတ်ဘုရားအရှင် ဘာအမိန့် ရှိပါသလဲခင်ဗျာ"

"ကောင်းကင်ဘုံ နတ်ဘုရားတောင်ထိပ်ပေါ်လာပြီ။ နတ်ဘုရား ပစ္စည်းတစ်ခု ပေါ်လာမယ်လို့ ငါ တွက်ချက်ထားတယ်။ နတ်ဘုရားသားတော် နဲ့ အတူသွားပြီး အဲဒီ နတ်ဘုရား ပစ္စည်းကို ပြန်ယူခဲ့ပါ" ဟု နတ်ဘုရား နန်းတော်၏အရှင်သခင်က မိန့်ကြားလိုက်လေသည်။

သူ၏လေသံမှာ အလွန် အေးဆေးတည်ငြိမ်နေပြီး နတ်ဘုရား ပစ္စည်းကို ပြန်ယူလာခြင်းသည် သူ့အတွက် သာမည ကိစ္စလေးတစ်ခုသာ ဖြစ်ပုံရပေသည်။

"ဟုတ်ကဲ့ပါ"

နတ်ဘုရား စစ်သူကြီးသည် အမိန့်ကို လက်ခံပြီး အခြားစကား မဆိုဘဲ ထွက်ခွာသွားလေသည်။

နတ်ဘုရားအရှင်၏အမိန့်နှင့် ပတ်သက်လျှင် သူ လိုက်နာရန်သာ လိုအပ်ပေသည်။

မည်သည့် မေးခွန်းမျှ မေးစရာ မလိုချေ။

အကယ်၍ နတ်ဘုရားအရှင်က နတ်ဘုရား ပစ္စည်းကို ပြန်ယူလာရန် ပြောလျှင် သူ ပြန်ယူလာရမည်သာ ဖြစ်လေသည်။

မဟာပျက်စီးခြင်းနယ်မြေ၏အပြင်ဘက် ကျယ်ပြောလှသော အရှေ့ပိုင်းဒေသတွင် မည်သည့် အင်အားစုမျှ နတ်ဘုရား နန်းတော်နှင့် ရန်သူမဖြစ်ရဲကြချေ။

...

သတင်းက မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကို မသိရပေ။

ကောင်းကင်ဘုံ နတ်ဘုရားတောင်ထိပ် ပေါ်လာခြင်းသည် နတ်ဘုရား ပစ္စည်းများကြောင့် ဖြစ်သည်ဟု ပြောစမှတ်ပြုကြလေသည်။

အချိန်တိုအတွင်းမှာပင် မဟာပျက်စီးခြင်းနယ်မြေ၏ အပြင်ဘက်ရှိ မရေမတွက်နိုင်သော အင်အားစုများသည် ကောင်းကင်ဘုံ နတ်ဘုရားတောင်ထိပ်သို့ လူများ စေလွှတ်လိုက်ကြလေသည်။

ထိုအထဲတွင် အရှင်သခင်အင်အားစုကြီး ရှစ်ခု စေလွှတ်လိုက်သော လူစာရင်းမှာ အကြောက်မက်ဖွယ် အကောင်းဆုံး ဖြစ်ပေသည်။

လွန်ခဲ့သော ရက်အနည်းငယ်က သူတော်စင်နတ်ဘုရားကျောင်းတော်၏ (၁၀) ပါးမြောက် သူတော်စင်နတ်ဘုရား ကျဆုံးသွားခြင်းသည် လူအများ၏နှလုံးသားကို တုန်လှုပ်စေခဲ့ပြီး သာမန်ပြည်သူများကို သွေးထွက်သံယို ဖြစ်လုနီးပါး ဒုက္ခရောက်စေခဲ့လေသည်။

ရှန်းချန်ကောသည် (၁၀) ပါးမြောက် သူတော်စင်နတ်ဘုရား ဖြစ်လာခြင်းနှင့်အတူ မုန်တိုင်းသည် ငြိမ်သက်သွားခဲ့ပြီး မဟာပျက်စီးခြင်းနယ်မြေ၏ အပြင်နယ်မြေ ဧရိယာသည် ခေတ္တမျှ ငြိမ်းချမ်းရေးကို ရရှိခဲ့လေသည်။

သို့သော် ငြိမ်းချမ်းရေး ကာလ တိုတောင်းပြီးနောက် ပိုမို ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းတစ်ခု ရောက်ရှိလာလေသည်။

မုန်တိုင်းတစ်ခု ဖြစ်တည်လာနေသကဲ့သို့ပင်။ တစ်ခဏအတွင်း ကောင်းကင် ပြိုကျပြီး မြေကြီး ကွဲအက်သွားသကဲ့သို့ ဖြစ်သွားချေသည်။

ယခုတစ်ကြိမ် ဖြစ်ပေါ်လာသော မုန်တိုင်းသည် သူတော်စင်နတ်ဘုရားကျောင်းတော်၏ (၁၀) ပါးမြောက် သူတော်စင်နတ်ဘုရား တိုက်ပွဲကြောင့် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းထက် များစွာ သာလွန်ပေသည်။

ကြီးမြတ်သော အင်အားစုကြီး ရှစ်ခုအောက်တွင် မရေမတွက်နိုင်သော အခြားအင်အားစုများလည်း လှုပ်ရှားနေကြချေ၏။

သွေးချောင်းစီးပြီး သန်းပေါင်းများစွာသော အလောင်းများ ပုံသွားမည့် ကြေကွဲဖွယ် မြင်ကွင်းကို ကြိုတင်မှန်းဆကြည့်နိုင်ပေသည်။

နတ်ဘုရား ပစ္စည်းဆိုသည်မှာ မည်သူ့အတွက်မဆို၊ မည်သည့် အင်အားစုအတွက်မဆို ၎င်းသည် ဖော်ပြ၍ မရနိုင်သော မက်လုံးတစ်ခု ဖြစ်လေသည်။

နတ်ဘုရား ပစ္စည်းတစ်ခု၏ တန်ဖိုးကို တိုင်းတာ၍ မရနိုင်ပေ။

ထို့အပြင် ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူများအတွက် နတ်ဘုရား ပစ္စည်းများသည် ၎င်းတို့၏ မူလတန်ဖိုးထက် ပိုမိုကြီးမားသော အသုံးဝင်မှုများ ရှိနေပေသည်။

နတ်ဘုရား ပစ္စည်းများသည် အင်မော်တယ်တာအိုလမ်းစဉ် နယ်ပယ်တွင် တည်ရှိခဲ့ဖူးသော ပစ္စည်းများ ဖြစ်ပြီး ၎င်းတို့၏နတ်ဘုရား အရှိန်အဝါများ ကပ်ငြိနေလေသည်။

နတ်ဘုရား ပစ္စည်းမှတစ်ဆင့် အင်မော်တယ်လမ်းစဉ် သက်ရှိများ၏ဥပဒေသများနှင့် တာအို ကို နားလည်သဘောပေါက်နိုင်ပြီး ထိုနယ်ပယ်သို့ ဝင်ရောက်နိုင်မည့် အခွင့်အရေးကို ရရှိနိုင်ကောင်း ရရှိနိုင်ပေသည်။

ဤသည်မှာ အထွတ်အထိပ် အခွင့်အရေး တစ်ခုပင်။

ပိုမို စွမ်းအားကြီးမားသော သက်ရှိဖြစ်လေ၊ ၎င်းကို ပိုမို လိုချင်တပ်မက်လေ ဖြစ်ပေသည်။ မည်သူမျှ ထိုသွေးဆောင်မှုကို မလွန်ဆန်နိုင်ကြချေ။

..

ကောင်းကင်ဘုံ နတ်ဘုရားတောင်ထိပ်သည် အမည်နှင့် လိုက်ဖက်ညီစွာ ခမ်းနားထည်ဝါပြီး ကြီးကျယ်လှပေသည်။

၎င်းသည် ကောင်းကင် အဆုံးထိ မြင့်မားပြီး ပေပေါင်း သန်းနှင့်ချီ ရှိလေသည်။ တစ်ချက်ကြည့်ရုံဖြင့် ၎င်း၏ အဆုံးကို မမြင်နိုင်ပေ။

၎င်းသည် ကောင်းကင်နှင့် ဆက်စပ်နေသကဲ့သို့ ရှိပြီး နတ်ဘုရား တောင်ကြီးတစ်လုံး တည်ရှိနေကာ ကမ္ဘာလောကကို ဖိနှိပ်ထားသကဲ့သို့ ဖြစ်နေချေ၏။

ရှန်းချန်ကော၏ပုံရိပ်သည် ကောင်းကင်ဘုံ နတ်ဘုရားတောင်ထိပ်၏ ခြေရင်းတွင် ပေါ်လာလေသည်။

သူသည် မျက်လုံးများကို ပင့်ပြီး တောင်ထိပ်သို့ မော့ကြည့်လိုက်လေသည်။

ရှေးဟောင်း ကမ္ဘာတစ်ခုနှင့် ရင်ဆိုင်နေရသကဲ့သို့ ရင်းနှီးသော ခံစားမှုမျိုး ရရှိစေလေသည်။

၎င်းသည် သန်မာသည်၊ လေးလံသည်၊ ရှေးကျပြီး အချိန်ကာလ၏ အပြောင်းအလဲများကို ဖော်ပြနေပေသည်။

ရှန်းချန်ကောသည် သူ၏ အတွေးများကို စုစည်းလိုက်လေသည်။

တောက်ပသော အလင်းတန်း နှစ်ခုသည် သူ၏ မျက်ဝန်းများမှ ထွက်ပေါ်လာပြီး အိမ်မှ ထုတ်လိုက်သော ကောင်းကင်ဘုံ ဓားများကဲ့သို့ တောင်ထိပ်ဆီသို့ ထိုးတက်သွားလေသည်။

"ဘုန်း ဘုန်း ဘုန်း"

သို့သော် အလင်းတန်းသည် ဟင်းလင်းပြင်သို့ ထိုးတက်သွားသည့်အခါ ထူထပ်သော ရွှေရောင် ပုံစံများသည် ကောင်းကင်ဘုံ နတ်ဘုရားတောင်ထိပ်ပေါ်တွင် ပေါ်လာလေသည်။

၎င်းတို့သည် အင်မော်တယ်တာအို၏ပုံစံများကဲ့သို့ ဆန်းကြယ်ပြီး ကြီးမားသော စွမ်းအားများ ပါဝင်နေပေသည်။

၎င်းတို့သည် အနည်းငယ် တုန်ခါသွားပြီး မမြင်နိုင်သော လှိုင်းဂယက်များ ဖြန့်ကျက်လိုက်လေသည်။

အလင်းတန်းသည် ဖုံးအုပ်ခံလိုက်ရပြီး ဘာမှမရှိ

သော အရာအဖြစ် ပြောင်းလဲသွားချေ၏။

"အင်မော်တယ်လမ်းစဥ်သက်ရှိတွေ ထွင်းထုထားတဲ့ အင်မော်တယ်ပုံစံတွေ ရှိနေတာပဲ။ တားမြစ်နယ်မြေလို့ ခေါ်တာ မဆန်းပါဘူး..."

ရှန်းချန်ကောသည် စိတ်လှုပ်ရှားသော အမူအရာကို ထုတ်ဖော်ပြသလိုက်လေသည်။

သူ့အား ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ တစ်ဦးပင်လျှင် လျစ်လျူရှုရဲမည် မဟုတ်ပေ။

သို့သော် အင်မော်တယ်လမ်းစဉ်သင်္ကေတများ၏ လှိုင်းဂယက်များအောက်တွင် ၎င်းသည် လွယ်ကူစွာ တုန်ခါသွားပြီး ပျောက်ကွယ်သွားခဲ့လေသည်။

"နတ်ဘုရား ပစ္စည်း မွေးဖွားလာတာက သူ့ဘာသာသူ ဝိညာဉ်ပါပြီးသားလေ။ အချိန်မတန်သေးဘူး ထင်ပါတယ်..." ရှန်းချန်ကောက တိုးတိုးလေး ပြောလိုက်လေသည်။

ထို့နောက် သူသည် လှည့်ထွက်သွားပြီး မတ်စောက်သော တောင်တစ်လုံး၏ ထိပ်သို့ သွားကာ အချိန်အခါကောင်းကို စောင့်ဆိုင်းနေလိုက်လေသည်။

ဝတ်ရုံနက်အဖွဲ့ သည် ကောင်းကင်ဘုံ နတ်ဘုရားတောင်ထိပ်နှင့် နီးကပ်ပြီး ရှန်းချန်ကောသည် တစ်ဦးတည်း ဖြစ်သောကြောင့် အလွန် လျင်မြန်စွာ ရောက်ရှိလာခြင်း ဖြစ်ပေသည်။

သူသည် အမှန်တကယ် ပထမဆုံး ရောက်ရှိလာသူ ဖြစ်ချေ၏။

တောင်ထိပ်ပေါ်တွင် ရှန်းချန်ကော၏ ဝတ်ရုံဖြူနှင့် လက်အင်္ကျီများသည် လေထဲတွင် တလွင့်လွင့် ဖြစ်နေသဖြင့် လူ့ပြည်သို့ ဆင်းသက်လာသော မသေမျိုး တစ်ပါးကဲ့သို့ ဖြစ်နေလေသည်။

သူသည် အလွန် ချောမောပြီး ထူးခြားဆန်းပြားနေပေသည်။

အဝေးမှ ကြည့်လျှင် သူသည် လူ့လောက အထက်တွင် ပျံဝဲနေသကဲ့သို့ ထင်ရလေသည်။

လေထုထဲတွင် မမြင်နိုင်သော ကောင်းကင်ဘုံ ဆွဲဆောင်မှု တစ်ခု ပျံ့နှံ့နေပြီး သက်ရှိအားလုံးကို ကျော်လွန်နေသော ကောင်းကင်ဘုံသား တစ်ပါးကဲ့သို့ ဖြစ်နေချေ၏။

"ရွှပ် ရွှပ် ရွှပ်"

တစ်ခဏအတွင်း ဟင်းလင်းပြင်ရှိ ဝိညာဉ်စွမ်းအင်များ လှုပ်ခတ်သွားပြီး စူးရှသော လေခွင်းသံကို ကြားလိုက်ရလေသည်။

ရှန်းချန်ကောသည် ထိုအရပ်သို့ အကြည့်ပို့လိုက်ရာ လူတစ်စု ကောင်းကင်မှ ဆင်းသက်လာသည်ကို မြင်လိုက်ရလေသည်။

သူတို့သည် ရွှေရောင် တိမ်တိုက် ပင်လယ်ပေါ်တွင် စီးနင်းလာကြသကဲ့သို့ တောက်ပသော ရွှေရောင် အလင်းတန်းများ ထွက်ပေါ်နေပေသည်။

ဤလူစုထဲတွင် လူငယ် အမျိုးသား အမျိုးသမီး ဒါဇင်ပေါင်းများစွာ ပါဝင်လေသည်။

သူတို့အားလုံး ခမ်းနားထည်ဝါသော ရွှေရောင် ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး သူတို့၏ လှုပ်ရှားမှုများသည် မြင့်မြတ်ပြီး ခန့်ညားထည်ဝါနေချေ၏။

ခေါင်းဆောင်ဖြစ်သူမှာ ပိတ်ချော အဝတ်အစား ဝတ်ဆင်ထားသော အဘိုးအို တစ်ဦး ဖြစ်ပေသည်။

သူသည် အိုမင်းသော မျက်နှာ ရှိပြီး ခါးကိုင်းနေလေသည်။

သူသည် သစ်နီသားဖြင့် ထွင်းထုထားသော နဂါးပုံစံ လမ်းလျှောက်တုတ် တစ်ချောင်းကို ကိုင်ဆောင်ထားလေသည်။

"မဟာဘုန်းတော်ကြီးမင်း... ကျွန်တော်တို့က အနီးဆုံး ဆိုတော့ ပထမဆုံး ရောက်လာတာပဲ။ အခွင့်ကောင်းယူပြီး တောင်ပေါ်တက် နတ်ဘုရား ပစ္စည်းကို မယူကြတော့ဘူးလား..."

ထိုအချိန်တွင် ခရမ်းရောင် ရွှေကွပ် သရဖူနှင့် ရွှေနဂါး ဝတ်ရုံကို ဝတ်ဆင်ထားသော ချောမောသည့် လူငယ်တစ်ဦးသည် အဘိုးအို၏ နောက်မှ ထွက်လာလေသည်။

သူသည် ကောင်းကင်ဘုံ နတ်ဘုရားတောင်ထိပ်ကို မော့ကြည့်ပြီး မေးလိုက်လေသည်။

သူ၏ လေသံသည် အလွန် အေးဆေးတည်ငြိမ်ပြီး အဘိုးအိုကို လေးစားမှု ရှိပုံရပေသည်။

"အရှင်မင်းသား... ကျွန်တော်တို့ထက် အရင် ရောက်နေတဲ့သူ ရှိပါတယ်..."

ပိတ်ချောဝတ် အဘိုးအိုသည် လှည့်ကြည့်လိုက်ပြီး တောင်ထိပ်ပေါ်တွင် ရပ်နေသော ရှန်းချန်ကောကို ကြည့်လိုက်လေသည်။

သူ၏ မျက်လုံးများသည် ရှန်းချန်ကောကို ဖောက်ထွင်းမြင်ချင်သကဲ့သို့ ရုတ်တရက် တောက်ပလာချေ၏။

"အရင် ရောက်နေတဲ့သူ ရှိတယ် ဟုတ်လား..." အိမ်ရှေ့စံဟု ခေါ်ဝေါ်ခြင်း ခံရသော လူငယ်သည် မျက်လုံးများကို မှေးစင်းလိုက်ပြီး အဘိုးအို၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်လေသည်။

သူ ရှန်းချန်ကောကို မြင်လိုက်ရပေသည်။

ချက်ချင်းပင် သူ တုန်လှုပ်သွားပြီး သူ၏ နှလုံးသား နက်ရှိုင်းသော နေရာတွင် ကြီးမားသော လှိုင်းလုံးကြီးတစ်ခု ရိုက်ခတ်သွားသကဲ့သို့ ဖြစ်သွားလေသည်။

သူသည် ထိုလူနှင့် မဝေးလှသော်လည်း သူ၏ ကျင့်ကြံခြင်း အဆင့်ဖြင့် ရောက်ရှိလာပြီးနောက် ထိုလူကို သတိမထားမိခဲ့ချေ။

မဟာဘုန်းတော်ကြီးသာ မပြောခဲ့လျှင် သူ သတိထားမိရန် ခက်ခဲနေဦးမည် ဖြစ်ပေသည်။

ဤအချိန်တွင် သူ၏မျက်ဝန်းများသည် ဧကရာဇ်၏မျက်လုံးများအဖြစ် ပြောင်းလဲသွားသကဲ့သို့ ရွှေရောင် အလင်းတန်းများ တောက်ပလာလေသည်။

သူ ရှန်းချန်ကောကို စိုက်ကြည့်လိုက်ပြီး ပို၍ပင် တုန်လှုပ်သွားရချေ၏။

ဤလူ ပေးစွမ်းသော ခံစားမှုမှာ ကောင်းကင်နှင့် မြေကြီး တစ်သားတည်း ဖြစ်သွားသကဲ့သို့ပင်။

သူသည် ကောင်းကင်နှင့် မြေကြီးရှိ အရာအားလုံးနှင့် ရောနှောသွားသကဲ့သို့ ရှိပေသည်။

အစစ်အမှန်နှင့် စိတ်ကူးယဉ်မှု ကြားတွင် သူ့ကို ထိတွေ့၍ မရနိုင်ချေ။ သူသည် တောင်ကြားစမ်းချောင်းထဲရှိ လေညင်းကဲ့သို့ ခြေရာလက်ရာ မရှိပေ။

"ဒီလူကို လျှော့တွက်လို့ မရဘူး..."

ပိတ်ချောဝတ် အဘိုးအိုသည် တိုးတိုးလေး ရေရွတ်လိုက်လေသည်။

ထို့နောက် သူသည် အကြည့်လွှဲလိုက်ပြီး သူတို့ရှေ့တွင် မတ်မတ် ရပ်တည်နေသော ကောင်းကင်ဘုံ နတ်ဘုရားတောင်ထိပ်ကို စိုက်ကြည့်လိုက်လေသည်။

လူငယ်က ခေါင်းကို ညင်သာစွာ ငြိမ့်လိုက်လေသည်။

ဤလူစုသည် နှင်းစက်လွင့်မျှော အင်ပါယာ မှ ကျွမ်းကျင်သူများ ဖြစ်ကြပေသည်။

ကြီးမြတ်သော အင်အားစုကြီး ရှစ်ခုအနက် သူတို့သည် ကောင်းကင်ဘုံ နတ်ဘုရားတောင်ထိပ်နှင့် အနီးဆုံး ဖြစ်လေသည်။

ထို့ကြောင့် သူ ပထမဆုံး ရောက်ရှိလာခြင်း ဖြစ်ပေသည်။

ပိတ်ချောဝတ် အဘိုးအိုသည် နှင်းစက်လွင့်မျှော ပင်ပါယာ၏မဟာဘုန်းတော်ကြီးမင်း ဖြစ်လေသည်။

သူသည် နှစ်ပေါင်း ရာချီ ကျော်ကြားခဲ့သော ဝါရင့် ဖန်ဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ တစ်ဦး ဖြစ်ပေသည်။

အိမ်ရှေ့စံဟု သူ ရည်ညွှန်းသော လူငယ်မှာ နှင်းစက် ဧကရာဇ်၏သားတော်၊ ဧကရာဇ်နိုင်ငံ၏ အိမ်ရှေ့စံ မင်းသား ရွှယ်ဟုန်ချန်း ပင် ဖြစ်ချေသည်။

"မင်းတို့အားလုံး နောက်ဆုတ်နေကြ..."

မဟာဘုန်းတော်ကြီးသည် သူ့နောက်မှ လူများကို ဘေးတိုက်ကြည့်လိုက်ပြီး နောက်ဆုတ်ရန် အချက်ပြလိုက်လေသည်။

ထို့နောက် သူသည် ကောင်းကင်ဘုံ နတ်ဘုရားတောင်ထိပ်ကို မျက်နှာမူလိုက်ပြီး နဂါးရစ်ခွေ တောင်ဝှေး ကို မြင့်မြင့်မားမား မြှောက်လိုက်လေသည်။

စွမ်းအားကြီးမားပြီး ကျယ်ပြန့်သော အရှိန်အဝါတစ်ခု သူထံမှ ထွက်ပေါ်လာပြီး အထက်သို့ ညင်သာစွာ ညွှန်လိုက်လေတော့သတည်း။

All Chapters