← Chapters

ဤနတ်ဆိုးကိုတောင် ရန်စရဲသူ ရှိသေးသည်လော

Vol. 23 Ch. 225

ဤနတ်ဆိုးကိုတောင် ရန်စရဲသူ ရှိသေးသည်လော

Vol. 23 Ch. 225

ဤတစ်ကြိမ်တွင် ကျိရှားအကယ်ဒမီမှ တပည့်များ တောင်ပေါ်မှ ဆင်းလာကြသည်မှာ လူတိုင်း၏ မျှော်လင့်ချက်ထက် ကျော်လွန်နေပေသည်။

ဤအချိန်တွင် အရှေ့ကောင်းကင်ယံရှိ ထိပ်တန်းအင်အားစုကြီးများ အားလုံး ရောက်ရှိနေကြပြီ ဖြစ်သည်။

တစ်ဖွဲ့မျှ ပျက်ကွက်ခြင်း မရှိချေ။ ဤသည်မှာ မကြုံစဖူး ထိတ်လန့်ဖွယ် ကောင်းလှသော မြင်ကွင်းတစ်ခု ဖြစ်ပေသည်။

အတ္တသာပနတ်ဘုရားနန်းတော်

မသေမျိုးစံအိမ်

နှင်းစက်မျှောလွှင့်အင်ပါယာ

ယာမာနန်းတော်

ကောင်းကင်လျှို့ဝှက်နန်းဆောင်

ကျိရှားအကယ်ဒမီ

လုပ်ကြံသတ်ဖြတ်သူ အဖွဲ့အစည်းကြီး သုံးခုမှာမူ သတ်ဖြတ်ခြင်းစွမ်းရည်ဖြင့် ကျော်ကြားသော်လည်း သူတို့၏လုပ်ကြံသူများသည် လူသိရှင်ကြား ထုတ်ဖော်ပြသလေ့ မရှိကြချေ။

သူတို့ ရောက်နေခြင်းလည်း ဖြစ်နိုင်သလို၊ မရောက်လာခြင်းလည်း ဖြစ်နိုင်ပေသည်။

အကယ်၍ ရောက်လာခဲ့လျှင်လည်း သူတို့သည် လူပင်လယ်ကြီးထဲတွင် ပုန်းအောင်းနေကြမည်ဖြစ်ပြီး မည်သူ့ကိုမျှ သူတို့၏တည်ရှိမှုကို အသိပေးမည် မဟုတ်ချေ။

ယခုအချိန်တွင် အရှေ့ပိုင်းအင်အားစုများ၏ အခြေအနေမှာ အလွန်ရှင်းလင်းနေသည်။

နှင်းစက်မျှောလွှင့်အင်ပါယာနှင့် မသေမျိုးစံအိမ်တော်မှလွဲ၍ ကျန်ရှိသော ထိပ်တန်းအင်အားစုကြီးတိုင်းသည် ဝိညာဉ်တောင် တစ်လုံးစီကို ပိုင်ဆိုင်ထားကြသည်။

၎င်းတို့သည် နတ်ဘုရားတောင်ထိပ်နှင့် အနီးဆုံးဖြစ်ပြီး အကောင်းဆုံး ပထဝီဝင် အနေအထားကို ရရှိထားကြခြင်း ဖြစ်ပေသည်။

ကျန်ရှိသော အင်အားစုများသည် ကိုယ်ပိုင်နေရာများကို ရှာဖွေကာ နတ်ဘုရားပစ္စည်း ပေါ်ထွက်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။

ကမ္ဘာလောက တစ်ခုလုံးသည် ဆူညံသံမရှိဘဲ အလွန်တရာ တိတ်ဆိတ်နေချေ၏။

ထိပ်တန်းအင်အားစုကြီးများ ရောက်ရှိလာသောအခါ အချင်းချင်း စကားပြောနေသူများ ရှိလျှင်ပင် မည်သူမျှ မဆင်မခြင် မပြုမူရဲကြပေ။

"မင်းက ဘယ်သူလဲ။ ဝိညာဉ်တောင်တစ်လုံးကို သိမ်းပိုက်ထားရအောင် မင်းမှာ ဘာအခွင့်အရေး ရှိလို့လဲ"

ထိုအချိန်တွင် တိတ်ဆိတ်နေသော လေထုသည် အေးစက်သော အော်ဟစ်သံတစ်ခုကြောင့် ပျက်ပြားသွားရချေသည်။

တောင့်တင်းခိုင်မာသော လူရိပ်တစ်ခုသည် အောက်ဘက်ရှိ လူပင်လယ်ကြီးထဲမှ ထွက်ပေါ်လာသည်။

သူသည် ကြမ်းတမ်းသော မျက်နှာထားရှိသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။

သူသည် ကျောပေါ်တွင် ဓားရှည်တစ်လက်ကို လွယ်ထားပြီး အလွန်ခန့်ညားပုံ ရသည်။

သူသည် ရှန်းချန်ကောကို စိုက်ကြည့်နေစဉ် သူ၏ မျက်ဝန်းများထဲတွင် ထက်ရှသော ဓားအလင်းရောင်များ ပြည့်နှက်နေချေ၏။

သူသည် စကားပြောရင်း လေထဲသို့ ခြေလှမ်းလှမ်းလိုက်ပြီး ရှန်းချန်ကော ရှိရာ ဝိညာဉ်တောင်ဆီသို့ ချဉ်းကပ်လာလေသည်။

"ဒါ ဓားသခင် အရူးချူ ပဲ။ သူလည်း ဒီကို ရောက်နေတာကိုး"

လူအုပ်ထဲမှ တစ်စုံတစ်ယောက်က ထိုသက်လတ်ပိုင်းလူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို မှတ်မိသွားသဖြင့် အာမေဋိတ် သံဖြင့် ရေရွတ်လိုက်သည်။

"အရူးချူက မကြာသေးခင်ကမှ ယန်နယ်မြေ အထွတ်အထိပ်ကို ရောက်ရှိသွားတာလို့ ပြောကြတယ်။ ဒီနေ့ သူ ဒီကို ရောက်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"

"ငါလည်း ကြားတယ်။ အရူးချူက ယန်နယ်မြေ အထွတ်အထိပ်မှာ နှစ်ပေါင်းများစွာ ရှိနေခဲ့တဲ့ ဘိုးဘေးအိုကြီးတစ်ယောက်ကို သူ့ရဲ့ အနှိုင်းမဲ့ ဓားသိုင်းနဲ့ သတ်ပစ်ခဲ့တာတဲ့"

တစ်စုံတစ်ယောက်က တိုးညှင်းစွာ ပြောဆိုလိုက်သည်။

ထို့နောက် ကျယ်ပြောလှသော ကောင်းကင်နှင့် မြေကြီးအောက်တွင် လူတိုင်း၏ မျက်လုံးများသည် ရှန်းချန်ကော ရှိရာဘက်သို့ ရောက်ရှိသွားကြချေသည်။

သွေးထွက်သံယိုဖြစ်မည့် တိုက်ပွဲတစ်ခု သူတို့ရှေ့တွင် ဖြစ်လာတော့မည့် အလားပင်။

"စိတ်ဝင်စားစရာပဲ"

လေထဲရှိ ရွှေရောင်မြင်းရထားလုံးကြီး ဆီမှ မျှော်လင့်ချက်များ ပြည့်နှက်နေသယောင် ရယ်သံတစ်သံ ထွက်ပေါ်လာလေသည်။

ဤမြင်ကွင်းကို ထိပ်တန်းအင်အားစုကြီးများက မျက်ခြေမပြတ် စောင့်ကြည့်နေကြသည်။

မည်သူမျှ ဝင်ရောက်တားဆီးခြင်း မရှိချေ။ ပြောင်းပြန်အားဖြင့် သူတို့အားလုံးသည် ဤမြင်ကွင်းကို စိတ်ဝင်တစားဖြင့် ကြည့်ရှုနေကြပေသည်။

ဓားသခင် အရူးချူ

မကြာသေးမီက သူ၏ နာမည်သည် ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့ခဲ့ပြီး မရေမတွက်နိုင်သော လူများက ကြားဖူးနားဝ ရှိကြသည်။

သူသည် ယန်နယ်မြေ အထွတ်အထိပ်သို့ ရောက်ကာစတွင်ပင် ထိုအဆင့်၌ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော ဘိုးဘေးအိုကြီးတစ်ဦးကို သတ်ဖြတ်ခဲ့သည်။

သူ၏ တိုက်ပွဲစွမ်းရည်မှာ အထင်ကြီးဖွယ်ကောင်းသဖြင့် ထိပ်တန်းအင်အားစုကြီးများကပင် သူ့ကို အာရုံစိုက်လာကြသည်။

ဤကဲ့သို့သော ကျွမ်းကျင်သူတစ်ဦးသည် ဖန်ဆင်းခြင်းနယ်မြေ သို့ ခြေလှမ်းလှမ်းနိုင်ရန် အခွင့်အလမ်း အလွန်များပြီး အထွတ်အထိပ်တွင် ရပ်တည်နိုင်သော ဧရာမပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်လာနိုင်ချေ ရှိပေသည်။

ထိပ်တန်းအင်အားစုကြီးများ အားလုံးတွင် သူ့ကို စည်းရုံးသိမ်းသွင်းလိုသော အတွေးများ ရှိနေကြသည်။

လက်ရှိမြင်ကွင်းသည် ဤလူ၏ အင်အားကို လေ့လာဆန်းစစ်ရန် အခွင့်ကောင်းတစ်ခု ဖြစ်နေပေသည်။

ထို့အပြင်...

သူတို့သည် အရူးချူ အကြောင်းကို ကြားဖူးရုံသာမက ရှန်းချန်ကောကိုလည်း သိရှိထားကြသည်။

ထိုနေ့က ဖန်ဆင်းခြင်းနယ်မြေ ကျွမ်းကျင်သူများ၏တိုက်ပွဲသည် အမှောင်ပျက်စီးခြင်းနယ်မြေ၏ အစွန်အဖျားဒေသ တစ်ခုလုံးကို တုန်လှုပ်စေခဲ့ပြီး သာမန်လူထု၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။

အလွန်တရာ တောက်ပသော အလင်းရောင်အောက်တွင် ရှန်းချန်ကော၏ မျက်နှာကို ဖုံးအုပ်ထားသော်လည်း ဖန်ဆင်းခြင်းနယ်မြေအဆင့်ကို မြင်တွေ့နိုင်ဆဲ ဖြစ်သည်။

သူတော်စင်နတ်ဘုရားကျောင်းတော်၏ ဒသမမြောက် သူတော်စင်နတ်ဘုရား

သူတို့အတွက်မူ အနည်းငယ် စိုးရွံ့နေကြဆဲ ဖြစ်သည်။

ထို့ပြင် ရှန်းချန်ကောသည် ဖန်ဆင်းခြင်းနယ်မြေ ကျွမ်းကျင်သူတစ်ယောက်၏အင်အားကို ထုတ်ဖော်ပြသနိုင်ဦးမည်လား ဆိုသည်ကို သူတို့ အမှန်တကယ် သိချင်နေကြသည်။

ဤသည်မှာ နောက်ပိုင်းတွင် ဖြစ်လာမည့် နတ်ဘုရားပစ္စည်း လုယူပွဲနှင့် သက်ဆိုင်နေပြီး ရှန်းချန်ကောကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် သတ်မှတ်သင့် မသင့် ဆုံးဖြတ်ရန် အရေးကြီးပေသည်။

"ပြန်သွားပြီး မင်းအဖွားသွားပြောစမ်း ‌"

ဝိညာဉ်တောင်ထိပ်တွင် ရှန်းချန်ကောသည် မျက်လုံးများကို ဖွင့်လိုက်သည်။

သူ၏မျက်ဝန်းများတွင် အေးစက်သော လျှပ်စီးကြောင်းများ ပြည့်နှက်နေပြီး ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။

သူသည် အရူးချူကို တည့်တည့်စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။

အရူးချူ၏အမြင်တွင်မူ ထိုသတိပေးချက်သည် ခြိမ်းခြောက်မှုတစ်ခုကဲ့သို့ ဖြစ်နေသည်။

သူသည် မတုန်မလှုပ်ပင်။ အေးစက်စွာ ပြုံးလျက်

ရှေ့သို့ ဆက်လက် လျှောက်လှမ်းကာ ဝိညာဉ်တောင်ကို တက်ရန် ကြိုးပမ်းလေသည်။

ရှန်းချန်ကော၏မျက်လုံးများမှ အေးစက်သော အလင်းရောင်များ တောက်ပလာသည်။

သူသည် လက်ချောင်းကို မြှောက်ကာ ဝှေ့ယမ်းလိုက်သည်။

ဓားချီများသည် ကောင်းကင်ယံကို ဖုံးလွှမ်းသွားပြီး အနှိုင်းမဲ့ ဓားအလင်းတန်းတစ်ခု ခုတ်ပိုင်းကျလာလေသည်။

၎င်းသည် နေ၊ လနှင့် ကြယ်များကို ဖြတ်တောက်တော့မည့်အလား ကမ္ဘာလောကကို လွှမ်းခြုံသွားချေ၏။

"ဖောက်"

လူအများတို့၏ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် ဓားအလင်းတန်းသည် ကမ္ဘာလောကကို ဖြတ်သန်းသွားပြီး အရူးချူ၏ ခန္ဓာကိုယ်သည် ဓားချီများ၏ထိုးဖောက်ခြင်းကို ခံလိုက်ရကာ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားလေသည်။

သွေးရောင်မြူခိုးများသည် လေထဲတွင် လွင့်ပျံနေပြီး မိစ္ဆာဆန်ကာနီရဲနေချေ၏။

ဤမြင်ကွင်းသည် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ပြီး နတ်ဘုရားတောင်ထိပ်တစ်ခုလုံးကို သေခြင်းတရားကဲ့သို့ တိတ်ဆိတ်သွားစေသည်။

"ကျုပ်က သူတော်စင်နတ်ဘုရားကျောင်းတော် ရဲ့ ဒသမမြောက် သူတော်စင်နတ်ဘုရား ပဲ။ ကျုပ်ကို ရန်စရဲတဲ့ ဘယ်သူ့ကိုမဆို သနားညှာတာမှုမရှိ သတ်ပစ်မယ်"

ရှန်းချန်ကောသည် ဝိညာဉ်တောင်ထိပ်တွင် မတ်တပ်ရပ်လိုက်သည်။

ရှေးဟောင်းကမ္ဘာတစ်ခု နိုးထလာသကဲ့သို့ပင်။

နတ်ဘုရားအရှိန်အဝါသည် ထောင်ထောင်သဖွယ် ကောင်းကင်နှင့် မြေကြီးကို ဖိနှိပ်ထားသဖြင့် နတ်ဘုရားတောင်ခြေမှ လူများကို အသက်ရှူရခက်သွားစေသည်။

သူ၏ အစွမ်းထက်သော အသံသည် တိမ်တိုက်များကြားတွင် ပဲ့တင်ထပ်သွားပြီး လူတိုင်း၏ နားထဲ၌ မြည်ဟီးသွားလေသည်။

သူတော်စင်နတ်ဘုရားကျောင်းတော် ၏ ဒသမမြောက် သူတော်စင်နတ်ဘုရား

ချက်ချင်းဆိုသလိုပင် လူတိုင်းသည် ရှန်းချန်ကောကို လေးစားသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

သူတို့သည် လွန်ခဲ့သော ရက်အနည်းငယ်က ကမ္ဘာမြေကို တုန်လှုပ်စေခဲ့သော၊ ဖန်ဆင်းခြင်းနယ်မြေ ကျွမ်းကျင်သူတစ်ဦးကို သတ်ဖြတ်ခဲ့သော တိုက်ပွဲကို ပြန်လည်အမှတ်ရသွားကြသည်။

လူအများအပြားသည် တုန်လှုပ်သွားကြပြီး အရူးချူ အတွက် သက်ပြင်းချမိကြသည်။

သူ ဘယ်သူ့ကို သွားပြစ်မှားမိတာပါလိမ့်။

သူသည် ဤသတ်ဖြတ်ခြင်းနတ်ဘုရားကိုမှ သွားရောက် ပြစ်မှားမိခဲ့လေပြီ။

ဤလူသည် သူတော်စင်နတ်ဘုရားကျောင်းတော် ၏မူလ ဒသမမြောက် သူတော်စင်နတ်ဘုရား ကိုပင် သတ်ဖြတ်ရဲခဲ့သည့် ရက်စက်ကြမ်းကြုတ်သော ဇာတ်ကောင် ဖြစ်ပေသည်။

ရှန်းချန်ကောသည် ယခုအခါ သူတော်စင်နတ်ဘုရားကျောင်းတော် ၏ ဒသမမြောက် သူတော်စင်နတ်ဘုရား ဖြစ်နေပြီ ဆိုသော်လည်း သူတို့သည် ရှန်းချန်ကော၏ သတ္တိကို လေးစားနေကြဆဲ ဖြစ်သည်။

ဥပဒေမဲ့လွန်းသည်၊မောက်မာလွန်းသည်၊ ရိုသေမှု မရှိလွန်းလှပေ၏။

ဝုန်း ဝုန်း ဝုန်း

ရုတ်တရက် နားကွဲလုမတတ် ပေါက်ကွဲသံကြီးသည် ကောင်းကင်နှင့် မြေကြီးကြားတွင် မြည်ဟီးသွားသည်။

လူတိုင်း လှည့်ကြည့်လိုက်ရာ ထိတ်လန့်ဖွယ် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။

နတ်ဘုရားတောင် တစ်ခုလုံးသည် ပြိုကျတော့မည့်အလား ပြင်းထန်စွာ တုန်ခါလာချေ၏။

ထိုကြမ်းတမ်းသော တုန်ခါမှုကြောင့် ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးတော့မည့်အလား ထင်မှတ်ရပေသည်။

ဘုန်း

နတ်ဘုရားတောင်ထိပ်ရှိ ရွှေရောင်အင်းကွက်များသည် စွမ်းအင်ကုန်ခန်းသွားသကဲ့သို့ ပျောက်ကွယ်သွားသည်။

တောင်ကြီးတစ်ခုလုံး ပြိုကျသွားပြီး မိုးနှင့်မြေပျက်စီးသံကဲ့သို့ နားကွဲလုမတတ် အသံကြီးများ ပဲ့တင်ထပ်နေသည်။

တောင်ကြီးသည် အပိုင်းပိုင်း ကြေမွသွားပြီး အာကာသထဲမှ ကြယ်များ ပြုတ်ကျလာသကဲ့သို့ အဆုံးမရှိသော စွမ်းအားများဖြင့် ရိုက်ခတ်နေသည်။

မြေကြီးတုန်ခါပြီး တောင်တန်းများ အဆက်မပြတ် တုန်ခါနေကာ အောက်ခြေမမြင်ရသော တွင်းနက်ကြီးများစွာ ဖြစ်ပေါ်လာလေသည်။

ဖုန်မှုန့်များနှင့် မီးခိုးများသည် ကောင်းကင်ယံကို ဖုံးလွှမ်းသွားပြီး လူတိုင်း၏ မြင်ကွင်းကို ပိတ်ဆို့ထားလိုက်သည်။

သို့သော် ၎င်းသည် လူတိုင်း၏လောင်ကျွမ်းနေသော နှလုံးသားများကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။

နတ်ဘုရားပစ္စည်း ပေါ်ထွက်လာခဲ့လေပြီ

ရွှီး

မျက်စိတစ်မှိတ်အတွင်းမှာပင် မရေမတွက်နိုင်သော လူရိပ်များသည် ပျံတက်သွားကြပြီး ပြိုကျသွားသော တောင်၏ အလယ်ဗဟိုဆီသို့ ဦးတည်သွားကြသည်။

ပွက်ပွက်ဆူနေသော အနီရောင်ချော်ရည်များ လှိုင်းထနေပြီး ထိုချော်ရည်ထဲတွင် ခရမ်းရောင်အလင်းတန်းများဖြင့် ရစ်ပတ်ထားသော အရာဝတ္ထုတစ်ခု မျောပါနေသည်။

ခရမ်းရောင် နတ်ဘုရားအလင်းတန်းများသည် မိုးနှင့်မြေကို လွှမ်းခြုံထားပြီး အင်မော်တယ်နတ်ဘုရားအရှိန်အဝါများ ပြည့်နှက်နေချေ၏။

"ဒီနတ်ဘုရားပစ္စည်းက နတ်ဘုရားနန်းတော် အတွက်ပဲ။ ထိရဲတဲ့သူ ဘယ်သူ့ကိုမဆို ချမ်းသာပေးမှာ မဟုတ်ဘူး"

လေထဲရှိ ရွှေရောင်မြင်းရထားလုံး ဆီမှ အရိုးထဲအထိ အေးစက်သော အသံ ထွက်ပေါ်လာသည်။

ထို့နောက် ရွှေရောင်သံချပ်ကာ ဝတ်ဆင်ထားသော နတ်ဘုရားစစ်သူကြီးတစ်ဦးသည် ရွှေရောင်ရထားလုံးထဲမှ ထွက်လာသည်။

သူသည် ဟင်းလင်းပြင်ထဲသို့ ခြေလှမ်းလှမ်းလိုက်ပြီး ကမ္ဘာလောကကို မောက်မာသော အကြည့်ဖြင့် ငုံ့ကြည့်လိုက်သည်။

"ဒါက ငါတို့ နှင်းစက်မျှောလွှင့်အင်ပါယာကနေ ပျောက်ဆုံးသွားတဲ့ နတ်ဘုရားပစ္စည်းပဲ။ လုရဲတဲ့သူ ဘယ်သူမဆို ဆွေစဉ်မျိုးဆက် ကွပ်မျက်ခံရမယ်"

ထိုအချိန်တွင် နှင်းစက်မျှောလွှင့်အင်ပါယာမှ မဟာဘုန်းတော်ကြီး၏အရှက်မဲ့သော အသံသည် မိုးနှင့်မြေအနှံ့ ပဲ့တင်ထပ်သွားသည်။

မရေမတွက်နိုင်သော လူများသည် ထိုစကားကို ကြားသောအခါ နှုတ်ခမ်းများ တွန့်သွားကြပြီး ဒေါသထွက်လွန်းသဖြင့် သွေးအန်လုမတတ် ဖြစ်သွားကြရသည်။

ထင်ထားသည့်အတိုင်းပင်၊ အသက်ကြီးပြီး အချိန်မစီးသော အကောင်များက သူခိုးတွေချည်းပါပင်။

"အဓိပ္ပာယ်မရှိတာ၊ဒါက ငါတို့ ယာမာနန်းတော် ဘိုးဘေးတွေ သွန်းလုပ်ခဲ့တဲ့ ရတနာဆိုတာ ရှင်းနေတာပဲ။ ဒီမှာ သိမ်းဆည်းထားတာ ကြာပြီ၊ ဒီနေ့ ပြန်ယူရမယ့်နေ့ပဲ"

ယာမာနန်းတော် အတွင်းမှ ယာမာဘုရင်တစ်ပါး ဟိန်းဟောက်လိုက်သည်။

သူ၏ဆံပင်များ ရိုင်းစိုင်းစွာ လွင့်ပျံနေပြီး မျက်လုံးများက နက်ရှိုင်းသော အလင်းရောင်များ တောက်ပနေသည်။

သူ၏ခန္ဓာကိုယ်မှ ယာမာအရှိန်အဝါများ သည် ကမ္ဘာလောကကို လွှမ်းခြုံသွားလေသည်။

သူ့အနီးသို့ ကပ်လာသူ မည်သူမဆို သတ်ဖြတ်ခံရပြီး သွေးမြူခိုးများအဖြစ် ပြောင်းလဲသွားကြရသည်။

သူ၏အစွမ်းကား ကြောက်မက်ဖွယ် ကောင်းလှပေသည်။

All Chapters