← Chapters

ရေအောက် လျှို့ဝှက် ဘုံ ပေါ်လာခြင်း

Vol. 38 Ch. 719

ရေအောက် လျှို့ဝှက် ဘုံ ပေါ်လာခြင်း

Vol. 38 Ch. 719

ယဲ့ယွီ အမှန်တရား ကို ပွင့်ပွင့်လင်းလင်း ပြောသည်ကို မြင်သောအခါ ကျန်း ကျင်းဟေ ပြန်လှန်ပြီး မငြင်းခဲ့ပေ။ သူမ ယဲ့ယွီ ကို မှန်းဆရခက်စွာ တိတ်တဆိတ် ကြည့်သည်။ ဒါက သူမထင်သည်မှာ မှန်သည်ဟု ယူဆသည်။ တကယ်တော့ ကျန်း ကျင်းဟေ ယဲ့ယွီ ဝင်ရောက် စွက်ဖက်မလား ဆိုတာ အစောပိုင်း ကတည်းက စဉ်းစားခဲ့ဖူးသည်။ ဒါကြောင့် လျန်းရှင် ဖန်နှင့် စတင်ဆက်သွယ် ကတည်းကသူမသည် ရည်ရွယ်ချက် ရှိရှိ သတိကြီးစွာ ထားသည်။ သူမ ဘာ အန် ပင်လယ် ရှိ အရာအားလုံး ကို ခြောက်လ အတွင်း သိမ်းပိုက်ချင်သည်ဟု ဆန္ဒရှိသည်။ သို့သော်လည်း အ ရာအားလုံးကိုမဖြစ်မနေရရမည်ဟု မသတ်မှတ်ထားပေ။ အကြောင်းရင်းက သူမ ယဲ့ယွီ နှင့် ယှဉ်ပြိုင်ဖို့ မလိုချင်သော ကြောင့် ဖြစ်သည်။

သို့သော်လည်း လျှို့ဝှက်ထားသောရတနာသည် ကောင်းစွာ ဖုံးကွယ်ထားသော်လည်း ၎င်း မိစ္ဆာ ဘုရင်၏ ခွဲခြား သိမြင်နိုင်သော အသိပညာကြောင့် သူမ မဖြစ်မနေရမှဖြစ်မည်ကို သိနေ ခဲ့သည်။ ကျန်း ကျင်းဟေ နှစ်ပေါင်း တစ်သောင်း နီးပါး စောင့်ဆိုင်းခဲ့သည်၊ ဒါကြောင့် သူမ ဘာလို့ ဒီ အရေးကြီးသော အခိုက်အတန့်မှာ အခြား တစ်စုံတစ်ဦး အား ပေးလိုက်ရမှာလဲ? ဒါကြောင့် ယဲ့ယွီ ဘာ အန် ပင်လယ် သို့ ရောက်ရှိခဲ့သည် ဆိုတဲ့ သတင်း ကြားပြီးနောက်။ သူ မရပ်မနား ချက်ချင်း ပြန်လည် ပြေးလာသည်။ ရည်ရွယ်ချက်က အဲဒီ ရတနာပစ္စည်း ကို အမြန်ဆုံး ပိုင်ဆိုင်ဖို့ ဖြစ်သည်။

ရိုးရိုးသားသား ပြောရရင် ယဲ့ယွီ၏ ရောက်ရှိမှုက ကျန်း ကျင်းဟေ ကို အနည်းငယ် စိတ်ပူစေသည်။ သူမ ဒါက ကြီးမားသော စစ်ပွဲ ဖြစ်ပေါ်စေမှာ ကို တကယ်ပဲ စိုးရိမ်သည်။ ဒီလောက် ကြာအောင် ကျန်း ကျင်းဟေ ယဲ့ယွီ၏ကျင့်ကြံမှုအဆင့် ကို ဘယ်တော့မှ ထိုးဖောက် မမြင်နိုင်ခဲ့ဘူး ။ သူကျင့်ကြံမှုအဆင့်ကိုမပြောနဲ့၊ သူမ သူ့ စစ်မှန်သော ပုံစံ ဘာလဲ ဆိုတာ တောင် မသိပေ။ ဒါ့အပြင် ယဲ့ယွီကသူမကို အမြဲတမ်း ပေါ့ပေါ့တန်တန် ပုံရသည်။ ဒါက ကျန်း ကျင်းဟေ အနည်းငယ် သတိထားမှု ခံစားရစေသည်။

သာမန် အခြေအနေများ အောက်တွင် တစ်စုံတစ်ဦး ကို ထိုးဖောက် မမြင်နိုင်ရင် သူတို့၏ ခွန်အား မင်း ထက် မြင့်သည် ဆိုတာ ဆိုလိုသည်။သူကထူးခြားဆန့်ကျင်သောသူတစ်ယောက်ဖြစ်တာရှိနေသေးသည်။ဘယ်လိုမှထောက်လှမ်းလို့မရနိုင် ဒါကြောင့် သူမ ဘာမှ မသိပေ။ ဒါက အန္တရာယ် ရှိသည်။ ကျန်း ကျင်းဟေ သူမ မနိုင်သော တိုက်ပွဲ ဘယ်တော့မှ မတိုက်ဘူး၊ ပြီးတော့ ဖြစ်နိုင်ရင် သူမ ယဲ့ယွီ ကို တိုက်ဖို့ မလိုချင်ပေ။

သူမ၏ စိတ်အတွင်းတွင်အတွေးများ အပြေး အလွှား မတည်မငြိမ်းဖြစ်နေသည်၊ ပြီးတော့ သူမ ဆွဲဆောင်မှု ရှိသော အသံ ဖြင့် ပြောသည်- "တကယ်တော့ ရှင် ဒီလောက် တင်းမာနေဖို့ မလိုဘူး။ ရှင်အရင်က ကိုယ်တိုင် ပြောခဲ့တာက- ပန်းချီကား ထဲက အမျိုးသမီး မိစ္ဆာကိုရှာဖွေခြင်လို့ ကြောင့် သာ လျန်းရှင် ဖန် မှာနေနေတာလို့ပြောခဲ့တယ်။မတွေ့မချင်း ဒီကနေပဲ ဘယ်မှမသွားဘူးလို့ ပြောခဲ့တယ်။ ဒါပေမဲ့ အခု ငါ လျန်းရှင် ဖန် အားရတနာရှာဖွေဖို့ အကူအညီ တောင်းပြီးနောက်... ရှင်ကဒီ ဘာ အန် ပင်လယ် အစွန်း ကိုချက်ချင်းဆိုသလိုရောက်လာတော့ ကျမက နည်းနည်းစိတ်ပူမိတာဖြစ်သင့်ပါတယ်။”

ယဲ့ယွီ တည်ငြိမ်စွာ ပြုံးသည်။ "အချို့ ကိစ္စတွေကြတော့ စိုးရိမ်ခြင်း အသုံး မဝင်ဘူး။မင်း လျန်းရှင် ဖန် ကို အကူအညီ တောင်းခဲ့တယ်‌ေလ၊ ဒါကြောင့် လေလံရုံရဲ့အဓိကခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ငါက ဒီကိုလာမကြည့်ရဘူးလား။ ? ပြဿနာ ရှိလား? မင်း ငါ မမြင်စေချင်ရင် လျန်းရှင် ဖန် အား အကူအညီ မတောင်းဘဲ မင်းကိုယ်တိုင် လူ စေလွှတ်ပြီး လုပ်လို့ ရတယ်!”

ကျန်း ကျင်းဟေ အနည်းငယ် မျက်မှောင် ကြုံ့သည်။ ဒါက တကယ်ပဲ မှန်သည်။ သူမ သူမ ကို ကူညီဖို့ လျန်းရှင် ဖန် တည်ဆောက်ထားသော ဆက်သွယ်ရေးကွန်ယက်များကို တကယ်ပဲ လိုသည်။ ဒါပေမဲ့ သူမ ယဲ့ယွီ ဒီမှာရှိနေတာက ဖြစ်နိုင်ခြေ ရှိသော ခြိမ်းခြောက်မှု ဖြစ်သည်ဟု အမြဲတမ်း ခံစားရသည်။

အဲဒီ ပစ္စည်း ရရှိဖို့ကို ကျန်း ကျင်းဟေ လျော့ပေးကာနောက်ဆုတ်ဖို့ လုံးဝ မရည်ရွယ်ပေ၊ ထိုအစားတတ်နိုင်သမျှလက်ဦးမှုကို ရယူမည်ဖြစ်သည်။ "ဘာလဲ၊ သခင်လေးယဲ့ ဆိုလိုတာက ရှင်က လျန်းရှင် ဖန် တစ်ခုလုံး ကိုကိုယ်စား ပြုနိုင်တယ် လား?မမေ့နဲ့၊ ငါ ကကျန်း ယောင် မြို့တော်တစ်ခုလုံးရဲ မြို့ သခင် ဖြစ်တဲ့အတွက် လျန်းရှင် အလုပ်ရုံက ငါ့ အုပ်ချုပ်မှုအမိန့် အောက်မှာပဲရှိနေတယ်။”

ဒီစကားကို ကြားသောအခါ ယဲ့ယွီ ပြန်လှန်ပြောတာ မရှိပေ၊ ဒါပေမဲ့ သူ့ မျက်နှာ ပေါ်ရှိ အပြုံး ပို၍ နက်ရှိုင်းလာသည်။ ဖုန် ကျန့်ရှင် ရှေ့သို့ တက်လှမ်းလာသည်၊ ပြီးတော့ မယိမ်းမယိုင်သော ဆုံးဖြတ်ချက် ဖြင့် ပြောသည်- "အကြီးအကဲယဲ့ရဲ့ သဘောထားက လျန်းရှင် ဖန်ရဲ့ သဘောထားနဲ့ အတူတူ ဖြစ်ပါတယ်။မြို့ သခင် ကို အမြန် သတိပေးလိုတာက လျန်းရှင် အလုပ်ရုံ ကျန်း ယောင် မြို့တော် မှာသာမဟုတ်ဘဲ အခြား မိစ္ဆာ မြို့တော်များ ကိုပြောင်းရွှေ့ပြီး တည်ထောင်လို့ရပါတယ်။ဒါက မြို့သခင်မရဲ့သဘောထားပေါ်ပဲမူတည်ပါတယ်။”

စကားပြောပြီးနောက် ဖုန် ကျန့်ရှင် သူ့ လက် အနည်းငယ် မြှောက်သည်။ အနီးအနားရှိ ပင်လယ် မှရလာသောရတနာ အရင်းအမြစ်များ ထုတ်ပိုးကာရေတွက်နေသော မိစ္ဆာများ အားလုံး သူတို့ လုပ်ဆောင်နေသော အလုပ်များကို ရပ်လိုက်သည်၊ ပြီးတော့ တိတ်တဆိတ် နေရာ တွင် ရပ်သည်။ သူတို့ ဖုန် ကျန့်ရှင်၏ အမိန့်များ စောင့်ဆိုင်းသည်။ ဒီမှာ လျန်းရှင် ဖန်ရှိ မိစ္ဆာများ အားလုံး ဖုန် ကျန့်ရှင်၏ ယုံကြည်ရသော လူများ ဖြစ်သည် ။ပြန်လည်မေးခွန်းထုတ်ခြင်းမရှိဘဲ သဘာဝ အားဖြင့် သူ့ အမိန့်များ လုံးဝ နာခံသည်။

ဒီ အခြေအနေ မြင်သောအခါ။ ကျန်း ကျင်းဟေ၏ အသွင်အပြင် အလွန် တည်ကြည်လာသည်။ သူမ ယဲ့ယွီ၏ သဘောထား ဒီလောက် ခိုင်မာလိမ့်မည်ဟု ဘယ်တော့မှ မမျှော်လင့်ခဲ့ပေ။ ပို၍ မမျှော်လင့်သည်က လျန်းရှင် ဖန် ယဲ့ယွီ အတွက် သူမ ကို တိုက်ရိုက် ရင်ဆိုင်ဖို့ ရွေးချယ်လိမ့်မည်။ မြို့ သခင်၏ ခန်းမ တွင် တစ်ခါတုန်းက အလွန်ရိုကျိုးကာ ချော့မော့သော အသွင်အပြင် ဖြင့် ဦးညွတ်ပြီး ကုန်းကုန်းကွကွ** ဖြစ်ခဲ့ဖူးသော အဲဒီ မြေခွေး အို၊ သူ အခု တကယ်ပဲ သတ္တိ တော်တော်လေး ရှိလာပြီ။ ဒီသတ္တိတွေ အားလုံး မင်း ရှေ့ရှိ လူ ဆီက လာတာလား?

များစွာ စဉ်းစားပြီးနောက် ကျန်း ကျင်းဟေ... ယဲ့ယွီကို တယ်လီပသီ ဖြင့် ဆက်သွယ် စကားပြောလိုက်သည်။ "သခင်လေးယဲ့ တကယ်ပဲ စွမ်းဆောင်နိုင်တယ်။ လျန်းရှင် ဖန်၏ လက်ရှိ ပိုင်ရှင် အစစ်က မင်းပဲဖြစ်နေတယ်ထင်တယ်။ အဲဒီလို ဖြစ်သော ကြောင့် ငါ မင်းနဲ့ စကား ပြိုင် ငြင်းပြီး အချိန်ဖြုန်းမနေတော့ဘူး။။ ဘာ အန် ပင်လယ် မှာ ငါ့ အတွက် အလွန် အရေးကြီးရတနာ တစ်ခု တကယ်ပဲ ရှိတယ်။ မင်း အဲဒါကို ငါ့ ဆီက ယူသွားဖို့ မကြိုးစားသရွေ့ ငါ မင်းကို ဘာမဆို လုပ်ပေးမယ်ကွာ ဘယ်လို လဲ?"

ကျန်း ကျင်းဟေ၏ တည်ကြည်သော အသွင်အပြင် မြင်သောအခါ ယဲ့ယွီ၏ သိချင်စိတ် ပို၍ အားကောင်းလာသည်။ "အိုး၊ အလွန် အရေးကြီး တဲ့ရတနာ လား? ဒါက ဘာလဲ?"

"ငါအဲဒါနဲ့ပတ်သက်ပြီးဘာမှ မပြောချင်သေးဘူး။ ဒါပေမဲ့..." ကျန်း ကျင်းဟေ စကားပြော မပြီးခင်... တစ်ခါ တည်ငြိမ်သော ဘာ အန် ပင်လယ်၏ မျက်နှာပြင် ရုတ်တက် ဆူပွက်လာခဲ့သည် ။ချက်ချင်း ဆိုသလိုပင် အလင်း တန်း တစ်ခု ပေါ်လာသည်၊ တဝုန်းဝုန်းမြည်ငံပေးကာ တောင်ကြီးတွေလို မြင့်မားသော

လှိုင်းများ ရိုက်ခတ်လာသည်။ ဒီ ပုံမှန် မဟုတ်သော ဖြစ်ရပ်က ထိုနေရာတွင် ရောက်ရှိနေသော လူတိုင်း၏၏ အာရုံ ကို ဆွဲဆောင်သည်။ သူတို့ အားလုံး ချက်ချင်း ရှေ့သို့ ကြည့်သည်။

ထို အခိုက်အတန့်တွင် ခွေး မိစ္ဆာ တစ်ကောင် ပင်လယ်ရေပြင်အတွင်း မှ ထွက်လာသည်။ သူ သည်ငါး ဖမ်းတိုက်ပွဲ အဖွဲ့တွင် ခေါင်းဆောင် တစ်ဦး ဖြစ်သည်။ ရေ မှ ကုန်းပေါ်သို့မတက်ခင် သူ စိတ်လှုပ်ရှားစွာ အော်သည်- "သခင် ကို သတင်းပို့ပါတယ်၊ ပင်လယ်ရဲ့ အနက် ရှိုင်းဆုံး တစ်နေရာဖြစ်တဲ့ အရှေ့ မိုင် သုံးဆယ်အကွာမှာ လျှို့ဝှက် ဘုံ တစ်ခု ရှာဖွေတွေ့ရှိထားပါတယ်ဗျ!" ကျနော်ကတော့ ဒီ သတင်း ပထမဆုံး သတင်းပို့သူ ဖြစ်ပါတယ် ကျနော့်နာမည် လီ ဂို ဒန် လို့ခေါ်ပါတယ်။

ဖုန် ကျန့်ရှင် လျင်မြန်စွာ ပြန်ပြောသည်- "ကောင်းပြီ၊ မင်း ကိုဆုချမယ်။ဆု ကြေးငွေ ထုတ်ယူဖို့ ချက်ချင်း မန်နေဂျာ ဆီကိုသွားရှာပါ။ မိစ္ဆာ ကျောက်တုံး ငါးထောင် ချက်ချင်း ပေးလိုက်မယ်!"

ချမ်းသာပြီး အားကောင်းသော လျန်းရှင် ဖန်၏ ပုံစံ အတိုင်း စစ်မှန်သည်။ ယဲ့ယွီ ပင်လယ် ဖမ်းယူဖို့ တိုက်ပွဲ အတွင်း ပင်လယ် ရှိ လျှို့ဝှက် ဘုံ ရှာဖွေနေစဉ် ဖုန် ကျန့်ရှင် သူတို့ အား ကတိ ပေးခဲ့သည်။ လျှို့ဝှက် ဘုံ ပေါ်လာရင် ပထမဆုံး သတင်းပို့သူ မိစ္ဆာ ကျောက်တုံး ငါးထောင် ရရှိမည်။ ဒါက လီ ဂို ဒန် ဒီလောက် စိတ်လှုပ်ရှားရခြင်း၏ အကြောင်းရင်း ဖြစ်သည်။

ဖုန် ကျန့်ရှင် သူ့ ညွှန်ကြားချက်များ ပေးပြီးနောက် သူ ယဲ့ယွီ ကို တစ်ခုခု ပြောဖို့ လှည့်ဖို့ လုပ်နေစဉ်... ဒါပေမဲ့ သူတို့ သူတို့ နောက်တွင် ရပ်နေသော ယဲ့ယွီနဲ့ ကျန်း ကျင်းဟေ ပျောက်ကွယ်သွားပြီး ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

ဘာ အန် ပင်လယ် အတွင်း။ ယဲ့ယွီနဲ့ ကျန်း ကျင်းဟေ လီ ဂို ဒန် ပြောခဲ့သော နေရာ သို့ မကြာခင်မှာပင် ရောက်ရှိသွားသည်။ ဒီမှာ သူတို့ သမုဒ္ဒရာ ရှိ အက်ကွဲကြောင်း တစ်ခု လိုမျိုး အရာတစ်ခုကို တွေ့လိုက်ရသည်။ ထိုတံခါးပေါက်သည် နက်ရှိုင်းသော အပြာရောင် အလင်း ဖြင့် တောက်ပသည်။ ဒါက လျှို့ဝှက် ဘုံ သို့ ဝင်ပေါက် ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိသာနေသည်။ ယဲ့ယွီ လော့ နင်းနဲ့ လီ ရွှေ ကမာ မိစ္ဆာ မျိုးနွယ် ဒီမှာ ရှိနိုင်သည်ဟု သံသယ ရှိသည်၊ ဒါကြောင့် မတွန့်ဆုတ်ဘဲ သူထိုအထဲသို့ ချက်ချင်း ဝင်သည်။ ဒီ အရာကိုမြင်သောအခါ ကျန်း ကျင်းဟေ လျင်မြန်စွာ နောက်မှ လိုက်သည်။

ငါးဖမ်း ခရီးစဉ်၏ အခြား အဖွဲ့ဝင် ဒါဇင် ပေါင်း များစွာ လည်း အဲဒီမှာ စုဝေးနေကြသည်။ သူတို့ အားလုံး လီ ဂို ဒန်၏ အမိန့် အောက်တွင် ရှိသည်။ သူတို့ ဒီ လျှို့ဝှက် ဘုံ ဖွင့်လှစ်ခြင်း ကိုရှာဖွေတွေ့ရှိသူများ ဖြစ်သည်။ ယဲ့ယွီနဲ့ ကျန်း ကျင်းဟေ ဝင်သွားသည် မြင်ပြီးနောက်။ မိစ္ဆာ မျိုးနွယ် ဝင် အချို့ မတည်မငြိမ်မှု ဖြင့် လှုပ်ရှားရန် စတင်သည်။ "ဘာလို့ ငါတို့ ဝင်ပြီး မကြည့်တာလဲ? ပင်လယ် ရှိ လျှို့ဝှက် ဘုံက အလွန် ရှားပါးသော တည်ရှိမှု ပဲ။ ငါတို့ အပြင် မှာ ရပ်နေရင် နောက်မှ သေချာပေါက် နောင်တ ရလိမ့်မယ်!" ဒီ စကားကိုတော့ ချက်ချင်းဆိုသလိုပင် မိစ္ဆာ မျိုးနွယ် အများစု၏ ထောက်ခံမှု ရရှိသည်။ သူတို့ အားလုံး လျှို့ဝှက် ဘုံက နှစ်ဖက်ခွစားသူများဖြစ်သည်၊ စွန့်စားမှုနဲ့ ဆုလာဘ်များ အတူတကွ တည်ရှိသည် ဆိုတာ သိသည်။ မြေ နေ မိစ္ဆာများ ပင်လယ် တွင် အသက်မွေးဝမ်းကျောင်း* ပြုနိုင်သည်ဆိုခြင်းမှာ သူတို့ အသက်နဲ့ သေခြင်း ကို ကြာမြင့်စွာ ကတည်းက လျစ်လျူရှုထားပြီး ဖြစ်သည် ဆိုသောသဘောပင်ဖြစ်သည်။ ဘယ်သူက နည်းနည်းလောက်ထပ်ပြီးစွန့်စားရတာကို ဂရုစိုက်တော့မှာလဲ?

အဲဒီ အချိန်မှာ ယုန် မိစ္ဆာ တစ်ကောင် တိုးတိုး အသံ ဖြင့် ပြောသည်- "မင်း သေချင်ရင်တော့ တစ်ခါတည်းသာဝင် သွားလိုက်။ခုနက ရောက်လာတဲ့ အမျိုးသမီး ဘယ်သူလဲ မင်း သိလား? မိစ္ဆာ ဘုရင် ကျင့်ကြံမှု အဆင့် ရှိတဲ့ ကျန်း ယောင် မြို့တော် မြို့ သခင် အသစ်ကသူဘဲ။ မင်း သူမ ဆီက ရတနာကိုလုယူမယ် ဆိုရင် ကို့သေတွင်းကိုတူးနေတာပဲ။" ဒီ စကားတွေကို ကြားသောအခါ စိတ်ဓာတ် တက်ကြွနေသော မိစ္ဆာများ အားလုံး နေရာတွင် လှုပ်ရှားမှုကင်းမဲ့စွာရပ်တန့်သွားသည်၊ ပြီးတော့ ငြိမ်ငြိမ် ရပ်နေသည်။ မိစ္ဆာ ဘုရင် အဆင့် ကျွမ်းကျင်သူ ဆီက တစ်ခုခု ခိုးယူဖို့ ကြိုးစားခြင်းက သေလိုသော ဆန္ဒ ဖြစ်ကြောင်း သေချာသည်။

ငါတို့ ဒီလိုမျိုး လက်လျှော့လိုက်ရမှာ လား? သမင် မိစ္ဆာ တစ်ကောင် တိုးတိုး အသံ ဖြင့် ပြောသည်- "ငါ အချို့ အကြွင်းကျယ်ရတနာလေးတွေ ရဖို့ သွားရင် သူတို့ ငါ့ကို တစ်ခါတည်း မသတ်လိုက်လောက်ဘူး မဟုတ်လား?" သူ စကားပြော မပြီးခင်... ပတ်ဝန်းကျင်ရှိ ပင်လယ်ရေ ရုတ်တရက် ပြင်းထန်စွာလိုင်းထန်လာပြန်သည် ။

၇၂၀

All Chapters