← Chapters

မြို့ပြင်သို့ စစ်တပ်များ ရောက်ရှိလာခြင်း

Vol. 1 Ch. 464

မြို့ပြင်သို့ စစ်တပ်များ ရောက်ရှိလာခြင်း

Vol. 1 Ch. 464

ကျန်းရီရရှိခဲ့သော သတင်းမှာ မှန်ကန်လေသည်။ မိုးပြာနဂါးအင်ပါယာ၊ မြောက်ဘက်လျန်နိုင်ငံ၊ မြောက်ဘက်မန့်နိုင်ငံ၊ ကျင်းရှန်နိုင်ငံနှင့် ရှန်ဝူနိုင်ငံတို့သည် သူတို့၏ စစ်တပ်များကို စေလွှတ်လိုက်ပြီဖြစ်သည်။ သူတို့အားလုံးသည် 'နတ်ဆိုးဧကရီ ကောင်းကင်ကြယ်တာရာနယ်မြေမှ ထွက်သွားပြီ'ဟူသည့် သတင်းတစ်ခုကို ရရှိခဲ့သည်။ ထိုသတင်းသည် သိုင်းခန်းမမှ လာခြင်းဖြစ်ပြီး ရွှေယို့လန်နှင့် ဇင်ဘုရားကျောင်းမှ ဘုန်းတော်ကြီးမှာ ကျန်းရီကို မကာကွယ်ရဲဟု သိုင်းခန်းမက အာမခံခဲ့သေးသည်။

ထိုသတင်းကြောင့် အင်အားစုကြီးများအားလုံး ငြိမ်မနေကြတော့ပေ။ ရှန်ဝူမြို့မှ တိုက်ပွဲတွင် ကျန်းရီနှင့် သူ၏နတ်ဆိုးသားရဲသည် ဗာဂျရာအဆင့် ပုဂ္ဂိုလ်သုံးဦးကို အနိုင်ရခဲ့သည်။

သုံးနှစ်ကတိ၏ အချိန်တစ်ဝက်သာ ကုန်ဆုံးသေးသော်လည်း ကျန်းရီသည် ထိုနှုန်းနှင့် တိုးတက်လာခဲ့သည်။

သူတို့သာ ကျန်းရီအား နောက်ထပ်အချိန်တစ်နှစ် ပေးမိလျှင် ကျန်းရီကို သူတို့အနိုင်ယူနိုင်ပါမည်ဟု မည်သူက အာမခံနိုင်မည်နည်း။ ရှားယွိမြို့ပြင်မှ တိုက်ပွဲတွင် ကျန်းရီသည် လူတိုင်းကို သတ်မိလုနီးပါး ဖြစ်ခဲ့သည်။ သူသည် ရက်စက်၍ အညှာအတာမဲ့သောသူဖြစ်သည်။ သုံးနှစ်ပြည့်သွားချိန်တွင် ကျန်းရီ၌ အင်အားအလုံအလောက်ရှိပါက သူသည် နိုင်ငံလေးခုနှင့် မိုးပြာနဂါးအင်ပါယာကိုပင် လုံးဝဖျက်ဆီးပစ်လောက်သည်။

တစ်နည်းအားဖြင့် ပြောရလျှင် သူတို့ကြောက်နေကြသည်။

ထို့ကြောင့် သိုင်းခန်းမမှ ထိုသတင်း ထုတ်ပြန်လာသောအခါ ဘုရင်အားလုံးနှင့် ဗာဂျရာအဆင့် လူများသည် ညီလာခံတစ်ခု ကျင်းပခဲ့ပြီး ရှားနိုင်ငံသို့ သူတို့၏ စစ်တပ်အသီးသီးကို စေလွှတ်၍ ကျန်းရီကို ပူးပေါင်းသတ်ဖြတ်ကြရန် ဆုံးဖြတ်ခဲ့ကြသည်။

သိုင်းခန်းမသည် သူတို့နိုင်ငံအားလုံးကို အုပ်စိုးနိုင်သည်အထိ အင်အားကြီးသည်။ ထို့ပြင် သိုင်းခန်းမသည် နယ်မြေ၏ အရှုပ်အထွေးများတွင် ဘယ်သောအခါမှ ဝင်မပါခဲ့ပေ။ ထို့ကြောင့် လူတိုင်းသည် သိုင်းခန်းမကို ယုံကြည်ကြပြီး သူတို့ပေးသည့် သတင်းမှာ မမှားနိုင်ကြောင်း သိနေကြသည်။

သိုင်းခန်းမသည် အဘယ်ကြောင့် ကိုယ်တိုင်မလုပ်သနည်း။ အဘယ်ကြောင့် သူတို့သည် သိုင်းခန်းမဌာနချုပ်သခင်ပင် ပြန်ရောက်မလာသေးဘဲ နိုင်ငံအသီးသီးကို လှုပ်ရှားကြရန် သဲလွန်စများ ပေးလာသနည်း။ အားလုံးသည် ကျီထင်ယွီကြောင့်သာ ဖြစ်လေသည်။

ကျီထင်ယွီသည် နောက်ကွယ်တွင် ကြိုးကိုင်၍ အကွက်ချရသည်ကို နှစ်ခြိုက်သူဖြစ်သည်။ မလိုအပ်ပါက သူမသည် သိုင်းခန်းမအား ကိုယ်တိုင်လှုပ်ရှားခွင့်ပြုမည်မဟုတ်။ သူတို့ကိုယ်တိုင် လှုပ်ရှားမိပါက ကျန်းရီကို တိုက်ရိုက်ရန်စမိသလို ဖြစ်သွားမည်လိမ့်မည်။ ကျန်းရီသည် အံ့ဖွယ်အများကြီးကို ဖန်တီးခဲ့သူဖြစ်ရာ လွတ်လမ်းတစ်လမ်း ချန်ထားသည်က အကောင်းဆုံးဖြစ်သည်။ ထို့ကြောင့် ကျီထင်ယွီသည် လင်းဂိုဏ်းမှ ဘိုးဘေးကြီးနှင့် အခြားသူများ အရင်လှုပ်ရှားစေရန် လှုံ့ဆော်မည်ဟု ဆုံးဖြတ်ခဲ့သည်။ ထိုသို့ဆိုပါက တစ်ခုခု မှားယွင်းသွားလျှင်တောင် အကျိုးဆက်သည် သိုင်းခန်းမနှင့် လုံးဝသက်ဆိုင်လိမ့်မည် မဟုတ်ပေ။

အရေးအကြီးဆုံးမှာ သူမသည် သိုင်းခန်းမဌာနချုပ်သခင်အပေါ်တွင် လွှမ်းမိုးမှု မရှိပေ။ သူပြန်လာပါက အရည်အချင်းရှိသူများကို သဘောကျသော ခန်းမသခင်သည် ကျန်းရီအပေါ် မလှုပ်ရှားဘဲ စိတ်ရင်းဖြင့် သိုင်းခန်းမထဲ ဝင်ပါရန် ဖိတ်ခေါ်လိမ့်မည်။ ကျန်းရီကို သိုင်းခန်းမထံ ဖိတ်ခေါ်နိုင်ရန် ကျီထင်ယွီ သေရလိမ့်မည်။ မဟုတ်ပါက သူတို့၏ စိတ်ရင်းကို ကျန်းရီမြင်သာအောင် ဖော်ပြနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ကျီထင်ယွီသည် အင်အားစုကြီးငါးခုအား စစ်တပ်များ စေလွှတ်၍ ရှားနိုင်ငံကို တိုက်ခိုက်ရန်နှင့် ကျန်းရီကို သတ်ဖြတ်ရန် သွေးထိုးလှုံ့ဆော်ခဲ့သည်။

နိုင်ငံအသီးသီးသည် သူတို့၏ စစ်အင်အား အကုန်လုံးကို အသုံးမပြုဘဲ စုစုပေါင်း စစ်သည်တစ်သောင်းခန့်ကိုသာ စေလွှတ်ခဲ့သည်။ သို့သော်လည်း ထိုလူများအားလုံးသည် စိတ်ဝိဉာဉ်မျောလွင့်ခရီးသည်အဆင့်များ ဖြစ်ကြပြီး ထိုအထဲတွင် ဗာဂျာရာအဆင့် တစ်ဦး လျှို့ဝှက်စွာ လိုက်ပါလာမလာကို မည်သူမှ မသိနိုင်ပေ။

စစ်တပ်များမှာ အလျင်အမြန် ရှားနိုင်ငံနယ်စပ်သို့ အလျင်အမြန် ရောက်ရှိသွားကြသည်။ ကျင်းရှန်နိုင်ငံမှ စစ်သည်များသည် မိုးပျံသားရဲများကို စီးနင်း၍ ရှားနိုင်ငံမှမြို့များကို ချက်ချင်းတိုက်ခိုက်ခဲ့ကြသည်။ မိုးပြာနဂါးအင်ပါယာ၊ မြောက်ဘက်မန့်နိုင်ငံနှင့် မြောက်ဘက်လျန်နိုင်ငံတို့သည် တည်နေရာရွှေ့ပြောင်းပို့ဆောင်ရေး အစီအရင်များကိုသုံး၍ ရှန်ဝူနိုင်ငံသို့ အရင်သွားကြသည်။ ထို့နောက် သူတို့သည် ရှန်ဝူနိုင်ငံ၏ စစ်တပ်နှင့် ပူးပေါင်းကာ မိုးပျံနတ်ဆိုးသားရဲများကို စီးနင်း၍ ရှားနိုင်ငံသို့ ချီတက်ခဲ့ကြသည်။ သူတို့ အလျင်စလို ချီတက်ခဲ့သည့် အကြောင်းအရင်းမှာ ရှန်မိနိုင်ငံအား ဝင်စွက်ဖက်ခွင့် မပြုနိုင်သောကြောင့်ဖြစ်သည်။ ထိုနည်းတူစွာ ရွှေယို့လန်နှင့် ဇင်ဘုရားကျောင်းမှ ဘုန်းတော်ကြီးသည် ရှားနိုင်ငံဘက်မှ ကူညီပေးလာမည်ကို သူတို့ကာကွယ်လိုသည်။ သိုင်းခန်းမမှ အာမခံချက်ပေးထားသော်လည်း ဤတိုက်ပွဲ မြန်မြန်အဆုံးသတ်သွားစေရန် သူတို့အလိုရှိလေသည်။

ရှားနိုင်ငံသည် အင်အားစုကြီးခြောက်ခု၏ ကျူးကျော်မှုကို ယခင်တစ်ကြိမ် ခံခဲ့ရပြီးဖြစ်ရာ စစ်အင်အားမှာ လျော့ပါးနေပြီးသားဖြစ်သည်။ ရှားနိုင်ငံ၏ မြို့အသီးသီးတွင်ရှိသည့် စစ်သည်ပမာဏမှာ အလွန်နည်းပါးပြီး စိတ်ဝိဉာဉ်မျောလွင့်ခရီးသည်အဆင့်များမှာ လက်ချိုးရေတွက်၍တောင် ရလေသည်။ ထို့ကြောင့် ရှားနိုင်ငံကို အင်အားကြီးစစ်တပ် တစ်ခုခုကသာ ကျူးကျော်ပါက တစ်ရက်တည်းနှင့်ပင် သူတို့၏ မြို့လေးမြို့ကို အလွယ်တကူ သိမ်းပိုက်နိုင်သည်။

ကျူးကျော်ခံရကြောင်း သတင်းရချိန်တွင် ရှားနိုင်ငံတွင် ပွက်လောရိုက်သွားခဲ့သည်။ တည်ငြိမ်စပြုနေပြီဖြစ်သော ဂိုဏ်းများနှင့် တိုင်းသူပြည်သားများမှာ မျှော်လင့်ချက်မဲ့သော အခြေအနေကြောင့် ဆောက်တည်ရာမရ ဖြစ်ကုန်ကြသည်။ အင်အားစုကြီးငါးခုသည် ပြင်ဆင်မှုမရှိဘဲ စစ်ပွဲစတင်မည်မဟုတ်။ သုံးနှစ်မပြည့်ခင် သူတို့တိုက်ခိုက်ရဲခြင်းမှာ သူတို့ရူးသွားခြင်း မဟုတ်ပါက ရှားနိုင်ငံနှင့် ကျန်းရီကို အမြစ်ပြတ်သုတ်သင်နိုင်ကြောင်း သေချာနေ၍သာ ဖြစ်လိမ့်မည်။

ကျန်းရီ ပြန်ရောက်မလာသေးသောကြောင့် စုလောရွှယ်တို့ လူစုမှာ တုန်လှုပ်နေကြသည်။ သူဘယ်အချိန် ပြန်ရောက်မည်မှန်း ဘယ်သူမှ မသိကြပေ။ ကျန်းရီမရှိရာ ဘာလုပ်ရမည်မှန်း သူတို့မသိကြတော့ပေ။

တုန်လှုပ်နေရင်းမှပင် စုလောရွှယ်သည် မာန်တင်း၍ မြောက်ဘက်ပိုင်းမှ မြို့များကို စစ်တပ်များ ရောက်လာပါက မခုခံဘဲ အညံ့ခံရန် အမိန့်ပေးလိုက်သည်။ စစ်တပ်များ၏ လူအရေအတွက်မှာ နည်းလေရာ တစ်မြို့ချင်းစီကို သိမ်း၍ တပ်စွဲကြမည် မဟုတ်ပေ။

တစ်ချိန်တည်းတွင် သူမသည် ရှားယွိမြို့ရှိ မြို့သူမြို့သားများနှင့် ဂိုဏ်းများကို အနောက်ဘက်ပိုင်းသို့ ရှောင်တိမ်းကြရန် အမိန့်ထုတ်ပြန်လိုက်သည်။ ရန်သူများ၏ ပစ်မှတ်မှာ ရှားယွိမြို့သာဖြစ်ကြောင်း သူမကောင်းကောင်းသိသည်။ ရှားယွိမြို့ကျရှုံးပါက အခြားမြို့များကို သူတို့ဆက်တိုက်ကြလိမ့်မည် မဟုတ်ပေ။

ဘာဖြစ်ခဲ့သည်ကို သူမ မသိသော်ငြား အင်အားစုကြီးငါးခုသည် အပြည့်အဝ ပြင်ဆင်ပြီးမှ လာကြကြောင်း သူမနားလည်လိုက်သည်။ သူမတို့အားလုံး သေရပေလိမ့်မည်။

သေဆုံးခြင်းသည် သူမ ဘယ်တုန်းကမှ မကြောက်ခဲ့သည့်အရာ ဖြစ်သည်။

ဤတစ်ခေါက်တွင် ကျန်းရီ ဘာသတင်းမှ မရရန်နှင့် ပြန်မလာစေရန် သူမတကယ် မျှော်လင့်မိသည်။ ရှားနိုင်ငံကို သူမစွန့်ပစ်မည် မဟုတ်ရာ သူမထွက်ပြေးလိမ့်မည် မဟုတ်ပေ။ အင်အားစုကြီး ငါးခုသည် ပူးပေါင်း၍ လာကြရာ ကျန်းရီပြန်လာပါက သူပါသေဆုံးသွားနိုင်သည်။ သူမချစ်ရသော အမျိုးသားကို သူမနှင့်အတူ သေဆုံးသွားရန် သူမလုံးဝအလိုမရှိပေ။

"ငါ ထွက်မသွားဘူး"

"ငါလည်း မသွားဘူး။ အစ်ကိုကြီး ပြန်မလာမချင်း ငါဘယ်မှ သွားမှာမဟုတ်ဘူး။ ငါသေရမယ်ဆိုရင်တောင် ငါတို့အတူသေကြတာပေါ့"

"သခင်လေးက အစ်မလောရွှယ်ကို ကာကွယ်ပေးဖို့ မှာခဲ့တယ်။ သူတို့ ရှားယွိမြို့ကို ဖျက်ဆီးချင်ရင် ရှောင်နူရဲ့အလောင်းကို နင်းသွားမှပဲ ရမယ် "

ရွှယ်လော့နန်းဆောင်တွင် စုလောရွှယ်သည် ရှောင်တိမ်းကြရန် အဆိုပြုလာသော်လည်း အကုန်လုံးသည် တစ်လေသံတည်း ပြန်ဖြေလာကြသည်။ ကျန်းရီမရှိချိန်တွင် ကျန်းရီ၏ မိန်းကလေးကို စွန့်ပစ်၍ သူတို့မည်သို့ထွက်ပြေးနိုင်မည်နည်း။ ထိုသို့လုပ်မိပါက အနာဂတ်တွင် ကျန်းရီကို သူတို့ မည်သည့်မျက်နှာနှင့် မျက်နှာချင်းဆိုင်ရမည်နည်း။ ထို့ပြင် ကျန်းရီနှင့် သူတို့၏ ဆက်ဆံရေးအခြေအနေနှင့် မည်သည့်နေရာကို သူတို့ ထွက်ပြေးရမည်နည်း။ သူတို့အတွက် တစ်ခုတည်းသော ရွေးချယ်စရာမှာ ကျန်းရီနှင့်အတူ လမ်းဆုံးသည်အထိ လျှောက်ရန်ဖြစ်သည်။

"ဟူး..."

စုလောရွှယ်သည် သက်ပြင်းချ၍ ထပ်မံဖြောင်းဖျရန် မကြိုးစားတော့ပေ။ အနားတွင် ကျန်းရှောင်နူ ရှိနေရာ သူတို့ကို အတင်းအကြပ် ခေါ်ဆောင်သွားစေရန် မဖြစ်နိုင်ပေ။ သူမသည် နန်းဆောင်ထဲမှထွက်၍ မှူးမတ်များအား ဆင့်ခေါ်ကာ မြို့သူမြို့သားများ ရှားယွိမြို့မှ ထွက်သွားနိုင်ကြစေရန် စီစဉ်သည်။

မြို့ထဲမှ လူများသည် ရှောင်တိမ်းသွားကြရာ မြို့ထဲရှိ လူအရေအတွက်မှာ လျင်မြန်စွာ လျော့နည်းသွားခဲ့သည်။ ကျန်ရစ်ခဲ့သူ အများစုမှာ စစ်သူကြီးများနှင့် စစ်သည်များသာ ဖြစ်သည်။ ယခင်က ရှားယွိမြို့အား အင်အားစုကြီးခြောက်ခု ဝန်းရံခဲ့ချိန်တွင် သူတို့ထွက်မသွားခဲ့သလို ဤတစ်ကြိမ်တွင်လည်း သူတို့ထွက်မပြေးခဲ့ပေ။ နတ်ဘုရားနှင့်တူသော လူငယ်သည် နောက်ထပ် အံ့ဖွယ်တစ်ခုကို ဖန်တီးနိုင်လိမ့်မည်ဟု သူတို့ယုံကြည်သည်။

**

စစ်တပ်များသည် ရှားနိုင်ငံ မြောက်ဘက်ရှိ မြို့အတော်များများကို သိမ်းပိုက်ရန် သုံးရက်သာ ကြာမြင့်ခဲ့သည်။ စုလောရွှယ်၏ အမိန့်ကို လူတိုင်းနာခံခဲ့သည့်အတွက် အင်အားစုကြီးငါးခုသည် ရှားနိုင်ငံမြောက်ဘက်ကို ကျူးကျော်ရာတွင် မည်သူတစ်ဦးတစ်ယောက်ကိုမှ အန္တရာယ် မပေးခဲ့ပေ။ သူတို့သည် မြို့ရှိလူများကို မသတ်ဖြတ်ဘဲ မြို့ကို စီမံအုပ်ချုပ်ရန် လူအနည်းငယ်စီသာ ချန်ရစ်ခဲ့ကြသည်။ သုံးရက်ကြာပြီးနောက်တွင် ရှားယွိမြို့ပြင်သို့ စစ်တပ်များ ရောက်ရှိလာခဲ့သည်။

ထူးဆန်းသည်မှာ စစ်တပ်များသည် သူတို့ရောက်လာသည့် ညတွင် မတိုက်ခိုက်ခဲ့ကြပေ။ သူတို့သည် စခန်းချ၍ အေးအေးဆေးဆေး အနားယူခဲ့ကြသည်။ သူတို့တွင် စစ်သည်အရေအတွက် ခုနှစ်ထောင်၊ ရှစ်ထောင်ခန့်သာရှိပြီး ရှားယွိမြို့တွင် စစ်သည်သုံးသိန်းခန့် ရှိသော်လည်း မြို့ထဲတွင် ကျန်ခဲ့ကြသော မြို့သူမြို့သားများမှာ မြို့ပြင်တွင် စစ်သည်သန်းချီ၍ ရောက်နေသည့်အလား ခံစားနေကြရသည်။ စစ်တပ်ထဲတွင် ဗာဂျရာအဆင့်တစ်ဦး သေချာပေါက်ပါလာနိုင်သည်ဟု လူတိုင်း ခန့်မှန်းနိုင်ကြသည် မဟုတ်ပါလော။

စုလောရွှယ်သည် ရှားနိုင်ငံ စစ်တပ်အား မြို့ပြင်မှ ရန်သူများကို ထွက်တိုက်ရန် ခွင့်မပြုခဲ့ပေ။ သူတို့သည် ရန်သူများ တိုက်ခိုက်လာမည်ကိုသာ စောင့်ဆိုင်းကြမည်ဖြစ်သည်။ မြို့ထဲမှ စစ်သည်များသည် အိပ်ပျက်ညကို ဖြတ်သန်းခဲ့ရသည်။ မြို့တံတိုင်းထက်တွင် ရပ်တန့်နေကြသူများမှာ အမှောင်ထဲမှ ရန်သူစခန်းများကို လှမ်းကြည့်မိလိုက်တိုင်းတွင် မကောင်းဆိုးဝါးကြီးတစ်ကောင်ကို စောင့်ကြည့်နေရသည့်အလား ခံစားနေကြရသည်။

ဒုတိယမြောက်နေ့တွင်လည်း စစ်တပ်သည် တိုက်ခိုက်မလာခဲ့ပေ။ မြို့ထဲရှိ လူများအားလုံးမှာ ရင်တထိတ်ထိတ်နှင့် ထူးထူးဆန်းဆန်းကြီး ခံစားနေကြရလေသည်။ ညအချိန်တွင် ရန်သူများ စတင်တိုက်ခိုက်လာခဲ့ကြသည်။

ရှားယွိမြို့ပြင်တွင် အင်အားစုကြီးငါးခု၏ စစ်တပ်များ စခန်းချပြီး စောင့်ဆိုင်းနေချိန်တွင် သူတို့၏ကင်းထောက်များသည် ကျေနပ်စရာသတင်းတစ်ခုကို ယူဆောင်လာခဲ့ကြသည်။ နတ်ဆိုးဧကရီ ပေါ်မလာခဲ့သလို၊ ရွှေယို့လန်နှင့် ဘုန်းတော်ကြီးမှာလည်း လှုပ်ရှားခြင်းမရှိခဲ့ပေ။ ထို့ကြောင့် သူတို့စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

"ကျန်းရီ...ထွက်လာပြီး အသေခံလိုက်တော့"

ရှန်ဝူနိုင်ငံစစ်တပ်၏ တပ်မှူး၊ ထိုက်ရှစ်ဝူတိသည် အော်ပြောလိုက်သည်။ မြို့တွင်းမှ လှုပ်ရှားမှု မရှိကြောင်း သူမြင်သောအခါတွင် ဓားရှည်ကိုမြှောက်၍ အော်ဟစ်လိုက်သည်။

"တိုက်ကြ"

ဝေါင်း....

စစ်တပ်များသည် မြို့တွင်းသို့ ပြေးဝင်ကြမည် အပြုတွင် ရှားယွိမြို့ တော်ဝင်နန်းတော်ဆီမှ သားရဲဟိန်းသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ တစ်ဆက်တည်းတွင် မြို့တွင်းမှ သားရဲကြီးတစ်ကောင် ပျံထွက်လာလေ၏။ ၎င်း၏ အရှိန်အဝါသည် မြို့ပြင်ရှိ စိတ်ဝိဉာဉ်မျောလွင့်ခရီးသည်အဆင့်များထံ ကျဆင်းလာသည်။ သားရဲကြီး၏ အရေပြားမှာ နီဝါရောင်အလင်းများ တောက်ပနေပြီး အရေပြားပေါ်တွင် ချော်ရည်ပူများ တစ်ထပ်ရှိနေသည်ဟုပင် ထင်မှတ်ရလေသည်။ ယာ့ဇီသားရဲသည် လူသတ်ငွေ့များ ပြည့်နေသည့် ကြေးညိုရောင် မျက်လုံးကြီးများဖြင့် မြို့ပြင်အား ဝေ့ကြည့်ရင်း လှောင်ပြုံးဖြင့် ပြောလိုက်သည်။

"မြို့ထဲကို ခြေတစ်လှမ်း ချရဲတဲ့သူတိုင်း ချွင်းချက်မရှိ အသတ်ခံရမယ်"

တိုက်ပွဲထဲသို့ ယာ့ဇီသားရဲ ပါဝင်ခဲ့ပြီဖြစ်သည်။

***

All Chapters