← Chapters

အခန်း (၇၃၉-၇၄၀)

Vol. 46 Ch. 739-740

အခန်း (၇၃၉-၇၄၀)

Vol. 46 Ch. 739-740

အပိုင်း (၇၃၉)

စာကြည့်ဆောင်၏အတွင်းမှာတော့ မိဖုရားကြီးပျံ့က နင်ယွမ်ရှန်းကို ထမင်းခွံ့ကျွေးနေ၏။ ဂျင်ဆင်း၊ ကြက်ပေါင်းရည်တို့နှင့် အကြာကြီး ပေါင်းထားသည့် ထမင်းမျိုးဖြစ်ပြီး အသားက နူးအိ၏။ အလွန် စားကောင်း၏။

မင်းသမီးကြီးနင်ကျဲ့က ရှေ့တွင် ဒူးထောက်လျက် ရှိ၏။ သူမက တိတ်ဆိတ် ငြိမ်သက်နေဆဲပင်။

“ဘာကြောင့်လဲ။” အချိန် အတော်ကြာသည့်နောက် နင်ယွမ်ရှန်းက မေးလိုက်သည်။

မင်းသမီးကြီး နင်ကျဲ့က ပြော၏။ “ကျွန်မကို သတ်လိုက်ပါတော့။”

နင်ယွမ်ရှန်းက ပြောသည်။ “မင်းကို ငါ မေးနေတာ ဘာကြောင့်လဲ။”

မင်းသမီးနင်ကျဲ့ က နဖူးနှင့် ကြမ်းပြင်ကို တိုက်ကာ ပြော၏။ “ကျေးဇူးပြုပြီး ကျွန်မကို သတ်ပေးပါ အရှင်မင်းကြီး။”

“မပြောနိုင်ဘူးလား။”

နင်ကျဲ့ မင်းသမီးက ခေါင်းမော့လာသည်။ “အစ်ကို.. အစ်ကို သတိရမလာသင့်ဘူး။ ဒီလို အချိန်မျိုးမှာ သတိရမလာသင့်ဘူး။”

နင်ယွမ်ရှန်းက ပြော၏။ “ဒါဆိုရင် ငါက ဘယ်အချိန်မှ သတိရလာသင့်တာလဲ။”

“နောက် ၆ လ ကြာမှပါ။”

“နင်ဟန်က မင်းကို ဒီလို ပြောခဲ့တာလား။”

နင်ကျဲ့က တိတ်ဆိတ် ငြိမ်သက်သွားသည်။

“ညီလာခံမှာ ငါ ရုတ်တရက် လဲကျသွားအောင် ဘယ်သူက လုပ်လိုက်တာလဲ။”

“ကျွန်မပါပဲ။” မင်းသမီးနင်ကျဲ့ က ပြောရင်း ပစ္စည်းတစ်ခုကို ထုတ်ပြ၏။ ကျောက်မျက်ရတနာ တစ်ခုပင် ဖြစ်သော်လည်း အပြာရောင်ဖြစ်၏။ ထိုအရာက အိမ်မက်ဆိုး ကျောက်တုံး၏ ခလုတ်ပင် ဖြစ်၏။

နင်ယွမ်ရှန်းက ပြောသည်။ “ဒါကလည်း နင်ဟန် ပေးတာပဲလား။ သူ ခိုင်းတာလား။”

နင်ကျဲ့ မင်းသမီးက တိတ်ဆိတ်နေ၏။

နင်ယွမ်ရှန်းက အေးစက်စွာ ပြောသည်။ “သူက အဖေရင်းကို သတ်ချင်တာတောင်မှ ကိုယ်တိုင် မလုပ်ဘဲ ဘာလို့ မင်းကို ခိုင်းရတာလဲ။”

နင်ကျဲ့ မင်းသမီးက ဖြည်းညင်းစွာ ပြော၏။ “ကျွန်မ အစ်ကို့ကို သတ်ဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး။ ကျွန်မတို့က အစ်ကို့ကို ၆ လ လောက်ပဲ အိပ်ပျော်စေချင်တာ။ ဒါမှ ရွှဲ့ပြည်နယ် ကျဆုံးခန်းရောက်မယ့် ဘေးအန္တရာယ်ကနေ ရှောင်ရှားနိုင်မှာမလို့။ ဒါပေမယ့် ရှမ့်လန်က အစ်ကို့ကို ကယ်တင်ပြီး နှိုးလိုက်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ ကြည့်ရတာ ဒီကပ်ဘေးဆိုးကြီးကို ရှောင်လို့ မရတော့ဘူးလို့ ထင်ပါတယ်။”

နင်ယွမ်ရှန်းက ပြောသည်။ “နင်ကျန်း နန်းတက်တာက ကပ်ဘေးဆိုးကြီး ဟုတ်လား။ နင်ချီ နန်းတက်ပြီး အင်ပါယာရဲ့ သစ္စာရှိ ခွေးတစ်ကောင် ဖြစ်သွားရင် ရွှဲ့ပြည်နယ် တည်မြဲနေမယ်လို့ ထင်တာလား။ နင်ကျဲ့ ..... အရင်တုန်းက မင်း ကျန်းလီကို ဘယ်လောက်တောင် လေးစားအားကျခဲ့လဲ။ အခု ဘာလို့ ဒူးထောက်သွားရတာလဲ။”

“ကျမ်းလီက သေသွားခဲ့ပြီ။”

နင်ကျဲ့ မင်းသမီးက ပြော၏။ “သူက သူတစ်ယောက်တည်း သေတာ မဟုတ်ဘူး။ လူပေါင်းများစွာကိုပါ တွင်းနက်ထဲကို ဆွဲခေါ်သွားခဲ့တာ။ အစ်ကို ... ဒီလောကကြီးထဲမှာ သူရဲကောင်းဆိုတာတွေ မရှိသင့်တော့ဘူး။ အဲဒီတုန်းက သူ့ကို လေးစားခဲ့မိလို့ပဲ နင်တော်ဝင် မိသားစုတစ်ခုလုံး မျိုးတုန်းပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့တယ်။

အစ်ကို... မှတ်မိသေးရဲ့လား။ ကျန်းလီ သေဆုံးပြီးတဲ့နောက်မှာ အစ်ကိုက ကျူးဟုန်ကျူးရဲ့ ရှေ့မှာ ခွေးတစ်ကောင်လို အမြီးနှံ့ပြီး အသနားခံခဲ့ရတယ်။ ကျွန်မကရော... ကျွန်မက ကျန်းလီရဲ့ အမာခံ ပရိသတ် တစ်ယောက်အနေနဲ့ ပြင်းပြင်းထန်ထန် တုံ့ပြန်ခံခဲ့ရတယ်။ သုံးလတိတိ လျှို့ဝှက်အကျဉ်းချ ခံရတယ်။

အစ်ကို... ကျွန်မ အဲဒီ ၃ လအတွင်း ဘာတွေ ဖြစ်ခဲ့လဲ သိလား။ ကျွန်မ ဘာမှ မလိုချင် မတပ်မက်တော့တဲ့ ပုံစံမျိုး ဖြစ်သွားတာက မွေးရာပါလို့ ထင်လား။ မဟုတ်ဘူး ကျွန်မက သင်းကွပ်ခံလိုက်ရတာပဲ။ ခံစားချက်တွေ စိတ်ဆန္ဒတွေ အားလုံးကို သင်းကွပ်ခံလိုက်ရတာ။”

နင်ယွမ်ရှန်း၏ မျက်နှာပေါ်ရှိ အကြောများက တုန်ခါသွားခဲ့သည်။ “ဒါကြောင့် မင်း ကြောက်သွားတာပေါ့။”

“မကြောက်သင့်ဘူးလား။”

နင်ကျဲ့ မင်းသမီးက မေး၏။ “ကျွန်မ ဆယ်ခါပြန်သေရင် သေပါစေ၊ ဒီလို ကြောက်စရာကောင်းတဲ့ ညှဉ်းပန်း နှိပ်စက်မှုမျိုး၊ ငရဲကျသလို ခံစားမှုမျိုးကို နောက်ထပ် မခံချင်တော့ဘူး။ ဒီလောကမှာ သူရဲကောင်းဆိုတာ မရှိသင့်ဘူး။ သူရဲကောင်းတွေကို ကိုးကွယ်မှုကြောင့် ကျွန်မတို့ ပျက်စီးခဲ့ပြီပြီ။ ဒုတိယအကြိမ် ထပ်ပြီး အပျက်စီး မခံနိုင်တော့ဘူး။”

နင်ယွမ်ရှန်းက သူ့၏ ညီမကို အချိန်ကြာမြင့်စွာ စူးစိုက်ကြည့်ရှုသည်။ “ပြောစမ်းပါအုံး။ တကယ်တမ်း ဘာတွေ ဖြစ်ခဲ့တာလဲ။”

မင်းသမီး နင်ကျဲ့က ခေါင်းကို ခါယမ်းလိုက်၏။ “ကျွန်မ မသိဘူး။ ဒါပေမယ့် ကျွန်မ လုပ်နိုင်ခဲ့သမျှ အရာအားလုံးက နင်မျိုးနွယ်စု အမွေအနှစ်တွေ တည်တံ့ဖို့နဲ့ ရွှဲ့ပြည်နယ် တည်မြဲဖို့အတွက်ပဲ။”

နင်ယွမ်ရှန်းက ပြောသည်။ “ညီမလေး... မင်း ငါ့ကို သတ်ဖို့ ဘယ်တော့မှ မတွေးခဲ့ဘူး ဆိုတာ ငါ ယုံတယ်။ ဒီလောကကြီးမှာ မင်းကတောင် ငါ့ကို သတ်ချင်နေပြီဆိုရင် ယုံကြည်ရမယ့်သူ ဘယ်သူမှ ရှိတော့မှာ မဟုတ်ဘူး။ မင်း လုပ်ခဲ့သမျှက ရွှဲ့ပြည်နယ်အတွက်၊ တော်ဝင်မိသားစုအတွက် ဆိုတာလည်း ငါ အကုန် ယုံတယ်။

ညီမလေး... တကယ်တမ်း ဘာတွေ ဖြစ်ခဲ့တာလဲ ပြောပြစမ်းပါ။ မင်း ပြောပြပြီး အင်ပါယာကို ဆန့်ကျင်ရဲတဲ့ သတ္တိတွေ ပြန်မွေးလာမယ်ဆိုရင် ငါ မင်းကို ယုံကြည်နေအုံးမှာပဲ။ ရေနက်တပ်ဖွဲ့ကို မင်းလက်ထဲကို အပ်ပြီး သံသယ မရှိ ယုံကြည်ပေးအုံးမယ်။”

နင်ယွမ်ရှန်း၏ အသံက သံယောဇဉ်များနှင့် ပြည့်နှက်နေ၏။

နင်ကျဲ့က မျက်ရည်များ ထိန်းမရနိုင်သလို စီးကျလာခဲ့၏။ သူမက နင်ယွမ်ရှန်း၏ ခြေထောက်ကို နဖူးနှင့် တိုက်ကာ ပြောသည်။ “အစ်ကို... တောင်းပန်ပါတယ်။ နင်ကျန်းကို ဖယ်ရှားပြီး နင်ချီကို အိမ်ရှေ့စံအဖြစ် ပြန်ခန့်ပေးပါ။ ဒါက ကျွန်မတို့ ရွှဲ့ပြည်နယ်အတွက် နောက်ဆုံး အခွင့်အရေးပါ။ တောင်းပန်ပါတယ်။”

နင်ယွမ်ရှန်းက ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်လာခဲ့၏။ သူ၏ အသံများက အက်ကွဲလာခဲ့၏။ “နင်ကျဲ့... မင်း ဒီလောက်တောင် သတ္တိကြောင်သွားပြီလား။ မင်းရဲ့ မာန်မာနတွေက ဘယ်ရောက်သွားတာလဲ။ မင်းက ဒီအတိုင်းပဲ မြေပြင်ပေါ်မှာ ဒူးထောက်ပြီး တော်ဝင်ရန် အင်ပါယာ စိတ်တိုင်းကျ ကွပ်မျက်တာကို ခံတော့မှာလား။”

မင်းသမီးကြီး နင်ကျဲ့က ငိုသည်။ “မိသားစု အသက်ရှင်သန်ရေးက ဘာအရာထက်မဆို ပိုပြီး အရေးကြီးတယ်။ နှစ်ပေါင်းရာချီ တည်တံ့လာခဲ့တဲ့ နင်မျိုးနွယ်စုက အစ်ကို့လက်ထဲမှာ ပျက်စီးလို့ မဖြစ်ဘူး။”

“တော်စမ်း။”

နင်ယွမ်ရှန်းက တုန်ယင်စွာဖြင့် ပြောလိုက်၏။ “ပြောစမ်း ... တကယ်တမ်း ဘာတွေ ဖြစ်ခဲ့တာလဲ။ နင်ကျဲ့... မင်း အမှန်အတိုင်း ဖွင့်ပြောမယ်ဆိုရင် မင်းရဲ့ အသက်ကို ချမ်းသာပေးမယ်။ မင်းကို မသတ်ဘူး။”

မင်းသမီးကြီး နင်ကျဲ့က နင်ယွမ်ရှန်းကို ကြည့်၏။ ပြီးနောက် မျက်ရည်များကို သုတ်လိုက်သည်။ “အစ်ကို... ကျွန်မ တကယ် မသိတာပါ။ ပြီးတော့ ကျွန်မကို အသက်ချမ်းသာပေးစရာ မလိုပါဘူး။”

နင်ကျဲ့က ဆက်ပြော၏။ “ကျွန်မ ဘယ်တုန်းကမှ သေရမှာ မကြောက်ခဲ့ဘူး။ ပြောရမယ်ဆိုရင် အသက်ရှင် ရတာကို ငြီးငွေ့နေပြီ။ ဒီလို သေလိုက်တာပဲ ကောင်းတယ်။ နင်တော်ဝင်မိသားစု မျိုးတုန်းသွားတာကို မမြင်ရတော့ဘူး။ ရွှဲ့ပြည်နယ် ပြိုကွဲသွားတာကို မမြင်ရတော့ဘူး။ အစ်ကို... ဒီလောကကြီးမှာ သူရဲကောင်း ဆိုတာ မရှိဘူး။ ဒီလောကမှာ သူရဲကောင်း ဆိုတာလည်း မရှိသင့်ဘူး။ ကျွန်မ တကယ်ပဲ အစ်ကို့ကို လုပ်ကြံဖို့ တစ်ခါမှ ဆန္ဒ မရှိခဲ့ဖူးပါဘူး။”

ပြောပြီးသည်နှင့် အနက်ရောင်သွေးများက နင်ကျဲ့၏ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့မှ ဖြည်းညင်းစွာ စီးကျလာ၏။ သူမက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည်။ ခဏအကြာတွင် ဒူးထောက်နေသည့် သူမ၏ ခန္ဓာကိုယ်လေးက ဖြည်းညင်းစွာဖြင့် ဘေးတစ်ဖက်ဆီသို့ ယိုင်လဲကာ ကျသွားသည်။

နင်ယွမ်ရှန်းက မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင် ထိုမြင်ကွင်းကို ငေးကြည့်နေ၏။ သူ၏ ခေါင်းထဲတွင်တော့ ငယ်စဉ်ဘဝ နင်ကျဲ့၊ အပျိုဖော်ဝင်ကာစ နင်ကျဲ့၊ အရွယ်ရောက်လာသည့် နင်ကျဲ့ စသည့် ပုံရိပ်များက တစ်ခုပြီး တစ်ခု ပေါ်လာ၏။

“ညီမလေး။” နင်ယွမ်ရှန်းက အကျယ်ကြီး အော်ဟစ်လိုက်၏။ သူက ကြမ်းပေါ်သို့ ဝုန်းခနဲ လဲချ၏။ နင်ကျဲ့၏ အေးစက်နေသည့် ခန္ဓာကိုယ်ကို အားဖြင့် ပွေ့ဖက်ထားခဲ့မိ၏။ သူ၏ ရင်ထဲမှာတော့ ဓားတစ်စင်းနှင့် မွှန်းထားသကဲ့သို့ နာကျင်နေရသည်။

...........

လျှို့ဝှက်ခန်းတစ်ခုအတွင်းမှာတော့ ကျူးဟုန်ကျူးက ဖြည်းညင်းစွာ ပြော၏။ “အာရုံမတက်ခင်မှာ အမှောင်ထု ရောက်လာပြီ။”

“အာရုံတက်ဖို့လား။ အာရုံတက်ချင်ရင် စစ်တိုက်ရမှာပေါ့။”

ရွှယ်ချီက ပြော၏။ “အခု ကျုပ်တို့ လက်ထဲမှာ လက်ရွေးစင် တပ်သားပေါင်း တစ်သောင်းကျော် ရှိနေတုန်းပဲ။ စစ်တိုက်မယ် ဆိုရင် ရှုံးချင်မှ ရှုံးမှာ။ နင်ယွမ်ရှန်း ပြန်ရှင်လာရင်လည်း နောက်တစ်ခါ ထပ်ပြီး သေခိုင်းလိုက်လို့ ရတယ်။”

ကျုံးအီက ပြောသည်။ “အပေါ်ယံမှာ နင်ကျန်းရဲ့ စစ်တပ်ကများတယ် ဆိုပေမယ့် သူ့ရဲ့ အခြေခံက ခိုင်မာမှု မရှိသေးဘူး။ နန်းမြို့တော်မှာ စစ်ခင်းမယ် ဆိုရင် ကျုပ်တို့က နိုင်ချေ ပိုများတယ်။”

နင်ချီက မေးလိုက်၏။ “စစ်တိုက်ပြီးရင်ရော နင်ကျန်းကို သတ်၊ အဖေ့ကို သတ်၊ ပြီးရင် ကျုပ်က အတင်းအဓမ္မ နန်းတက်ရမှာလား။”

“မဖြစ်နိုင်စရာ ဘာရှိလို့လဲ။” ရွှယ်ချီက ဆိုသည်။

ကျူးဟုန်ကျူးက ပြော၏။ “နင်ချီ.. ငါမြေးလေး ကျူးနင်က မင်းကို လက်ထပ်ဖို့ ဆန္ဒ ရှိနေတုန်းပဲ။ မင်္ဂလာ ကိစ္စက အရင်အတိုင်းပဲလား။”

နင်ချီက ဖြေသည်။ “အင်းပေါ့။”

ကျူးဟုန်ကျူးက ပြော၏။ “အားလုံးပဲ နောက်ဆက်တွဲ ကိစ္စကို ကျုပ် ဆုံးဖြတ်ပေးမယ် ဆိုရင် ဘယ်လိုလဲ။”

လူအများက ကျူးဟုန်ကျူးကို ဝိုင်းကြည့်သည်။

“အာရုံမတက်ခင် အမှောင်ထုက ရောက်လာခဲ့ပြီ။ ဒါက အမှောင်မိုက်ဆုံးသော အချိန်ပဲ။ ဒါပေမယ့် ယုံကြည်လိုက် ... အရုဏ်ဦးက မကြာခင် ရောက်လာတော့မယ်။ အရင်တုန်းက ငါနဲ့ နင်ဟန်က ရွှဲ့ပြည်နယ်အတွက် အသက်ရှူပေါက်လေး တစ်ခုကို ထိန်းသိမ်းထားချင်ခဲ့တာ။ ဒါပေမယ့် ရွှဲ့ဘုရင်က ဒီနောက်ဆုံး မျှော်လင့်ချက်ကို ဖျက်ဆီးပစ်လိုက်ပြီ။

ဒီလိုဆိုမှတော့ ငါတို့ ပုန်းအောင်းပြီး ငြိမ်ငြိမ်လေး စောင့်ကြတာပေါ့။ ကောင်းကင်ဘုံ တုန်လှုပ်စေမယ့် အသံကြီး တစ်ခုကို စောင့်မယ်။ မိုးမြေ အကုန်လုံး ကွဲအက်သွားမယ့် အခိုက်အတန့် အစစ်အမှန်ကို စောင့်ကြမယ်။”

ထိုစကား ထွက်လာသည့်အချိန်မှာတော့ ရှိရှိသမျှသော လူအားလုံးက အသက်ရှူ အောင့်ထားမိကြ၏။ အဘယ်ကြောင့် ကျူးဟုန်ကျူးက ဤမျှထိ ကြောက်စရာကောင်းအောင် ပြောနေရသနည်း။ ဤမျှထိ အဘယ်ကြောင့် လေးနက်နေရသနည်း။

“လောကကြီးရဲ့ အပြောင်းအလဲကြီးက မကြာခင် ရောက်လာတော့မယ်။ ဒီတစ်ခါတော့ စစ်မှန်တဲ့ အပြောင်းအလဲကြီးပဲ။ အရှေ့တိုင်း လောကကြီးတစ်ခုလုံးရဲ့ အပြောင်းအလဲကြီးပဲ။ ဒီတစ်ခါ အပြောင်းအလဲကြီးက ကောင်းကင်ထိ မြင့်မားတဲ့ ဆူနာမီလှိုင်းလုံးကြီးလိုပဲ လောကကြီးတစ်ခုလုံးကို လွှမ်းခြုံသွားလိမ့်မယ်။ ဘယ်အင်အားစုမှ၊ ဘယ်သူကမှ ဒါကို တားဆီးနိုင်မှာ မဟုတ်ဘူး။

ရွှဲ့ပြည်နယ်ပဲ ဖြစ်ဖြစ်၊ ချောင်ပြည်နယ်ပဲ ဖြစ်ဖြစ် ဒါမှမဟုတ် တာ့နန်နိုင်ငံပဲ ဖြစ်ဖြစ် ဆူနာမီ လှိုင်းလုံးကြီး ရှေ့မှာ ရပ်နေရင် အားလုံးက ဝါးမျိုခံရမယ်။ ဒါကြောင့် နောက်ဆက်တွဲအနေနဲ့ ငါတို့ ကျူးမျိုးနွယ်စု တစ်ခုလုံးက ရွှဲ့ပြည်နယ်နန်းတွင်းကနေ လုံးဝ နုတ်ထွက်မယ်။ လူတိုင်း ရာထူးက နုတ်ထွက်ရမယ်။

ရွှယ်ချီ… မင်းက နန်းမြို့တော်ကနေ ထွက်ခွာပြီး မင်းရဲ့ လူတွေ၊ အင်အားတွေကိုစု။ ရန်နန်းဖေး... မင်းက တောင်ပင်လယ်ဓားဂိုဏ်းက လူတွေ၊ ပြီးတော့ ရေနက်တပ်ဖွဲ့က မင်းရဲ့တပည့်ရင်းတွေ အားလုံးကို ခေါ်ပြီးတော့ နန်းမြို့တော်ကထွက် ... တောင်ပိုင်းကျွန်းစုဆီကို ပြန်တော့။

ကျုံးအီ.. မင်းကလည်း စစ်ဘက်ရေးရာ ဒုတိယရာထူးကနေ နုတ်ထွက်ပြီး ကျုံးမိသားစု နယ်မြေကို ပြန်။ နင်ချီ... မင်းကတော့ ရွှဲ့ပြည်နယ်ကနေ ထွက်ပြီး တော်ဝင်ရန်မြို့တော်ကို သွား။ အားလုံး ငြိမ်ငြိမ်လေး စောင့်နေကြ။ ကောင်းကင် တစ်ခုလုံး ဟိန်းမယ့် အသံကြီးကို စောင့်နေကြ။”

“ရန်နန်းဖေး၊ ရွှယ်ချီ.. မင်းတို့ နှစ်ယောက်မှာ တာဝန်တစ်ခု ရှိတယ်။”

ကျူးဟုန်ကျူးက ပြော၏။ “ဒါက ငါ့အမိန့် မဟုတ်ဘူး။ တော်ဝင်ရန်မြို့တော်က ကျူးမိသားစုရဲ့ အမိန့်ပဲ။”

ရွှယ်ချီနှင့် ရန်နန်းဖေးတို့က ဆိုသည်။ “အမိန့်ရှိပါ။”

ကျူးဟုန်ကျူးက ပြော၏။ “ရှိသမျှ အင်အားအကုန်သုံးပြီး နုရှောင့်မြို့ကို တိုက်ခိုက် သိမ်းပိုက်မယ်။ ကျင်းမိသားစုကို မျိုးဖြုတ်ပစ်မယ်။”

ရန်နန်းဖေးက ကြောင်အသွား၏။ ဤအချိန်ကြီးမှ ကျင်းမိသားစုကို မျိုးသွားဖြုတ်ရမည်လား။ နုရှောင့်မြို့ကို သွားသိမ်းရမည်လား။ အဘယ်ကြောင့်နည်း။

ကျူးဟုန်ကျူးက ပြောသည်။ “မှတ်ထားကြ ဘယ်လောက်ပဲ ပေးဆပ်ရပါစေ၊ လူဘယ်လောက်ပဲ သေပါစေ၊ နုရှောင့်မြို့ကို ရအောင်ယူမယ်။ ပြီးရင် ရွှဲ့ပြည်နယ် အရှေ့ပိုင်း ပင်လယ်ပြင် တစ်ခုလုံးကို အပြည့်အဝ ပိတ်ဆို့ထားရမယ်။ ယင်ယွမ်အဖွဲ့အစည်းက မင်းတို့ကို အစွမ်းကုန် ကူညီလိမ့်မယ်။”

ရွှယ်ချီက ဖြေကြားလိုက်၏။ “ကောင်းပါပြီ။”

............

နောက်တစ်နေ့ နင်ကျန်းက မရေတွက်နိုင်သည့် နုတ်ထွက်စာများကို လက်ခံရရှိ၏။ ကျုံးမိသားစု၏ နန်းတွင်းရှိ တပည့်ရင်းအားလုံးက နုတ်ထွက်၏။ ကျူးမိသားစု၏ တပည့်ရင်း အရာရှိအားလုံးက နုတ်ထွက်၏။ ရွှယ်မိသားစုက နုတ်ထွက်၏။ ရေနက်တပ်ဖွဲ့မှ ရန်အီကလည်း နုတ်ထွက်သည်။

ရွှဲ့ပြည်နယ် နန်းတွင်း တစ်ခုလုံးက လူမရှိသလောက် ဖြစ်သွား၏။ ယခင်က မိုးကောင်းကင်ကို ဖုံးလွှမ်းလျက် ရှိနေသည့် ကျူးနှင့် ကျုံးမိသားစုတို့က ရုတ်ခြည်း ပျောက်ကွယ်သွား၏။ ကျန်ရစ်ခဲ့သည့် အမှုထမ်းတို့က ကြောင်တောင်တောင်ပင် ဖြစ်ကုန်၏။ ညီလာခံတွင် ဘာမှ ဆွေးနွေး၍ မရတော့ချေ။

.............

စာကြည့်ခန်း အတွင်းမှာတော့ နင်ကျန်းက ဝန်ကြီးဌာနနှင့် စစ်ဘက်ရေးရာ ဗျူရိုမှ သူ၏ လူယုံဝန်ကြီးများနှင့် တိုင်ပင် ဆွေးနွေးနေ၏။

“အိမ်ရှေ့စံ သူတို့ကို တားထားမှ ဖြစ်မယ်။ အိမ်ရှေ့စံ ... နန်းမြို့တော်တံခါးကို ပိတ်ပြီး သူတို့ကို ဖမ်းထားရမယ်။ ကျုံးမိသားစုနဲ့ ရွှယ်မိသားစုက သူတို့ရဲ့ နယ်မြေကို ရောက်တာနဲ့ ကျိန်းသေပေါက် ပုန်ကန်လိမ့်မယ်။”

အသစ် ခန့်အပ်ခံရသည့် အတွင်းဝန်ရုံး ဌာနမှ ဒုတိယဝန်ကြီး ဝမ်ချန်ချောင်က အပြောဆို ကြမ်းသူပီပီ ပွင့်ပွင့်လင်းလင်းပင် အကြံပေးသည်။ “အိမ်ရှေ့စံ နှစ်တစ်ထောင်မှတစ်ခါပဲ ရတဲ့ အဲဒီအခွင့်အရေးကို လက်လွတ်မခံနဲ့။ ကျုံးအီ သွားလို့ မရဘူး။ ရွှယ်ချီလည်း သွားလို့ မဖြစ်ဘူး။ သူတို့ကို ပုန်ကန်သူတွေအဖြစ် သတ်မှတ်ပြီး ချက်ချင်းပဲ အမိန့်ထုတ် စစ်တပ်လွှတ်ပြီး ချေမှုန်းပစ်ရမယ်။”

နိုင်ငံတော်၏ ကြီးကြပ်သူ အိမ်ရှေ့စံ နင်ကျန်းက ပြော၏။ “ဦးရီးတော် နင်ကန်၊ ဦးရီးတော် နင်ချီ ဘယ်လို သဘောရလဲ။”

နင်ကန်က ပြောသည်။ “အိမ်ရှေ့စံ အခုချိန်မှာ သူတို့ကို ပုန်ကန်သူတွေလို့ ကြေညာလိုက်မယ် ဆိုရင် ပြည်တွင်းစစ်က ဒီနေရာမှာ စဖြစ်လိမ့်မယ်။”

နင်ကျန်းက ပြော၏။ “ဒီနေရာမှာတော့ ကျုပ်တို့ရဲ့ စစ်အင်အားက အသာစီး ရနေတယ်။”

ဝမ်ချန်ချောင်က ပြောသည်။ “အိမ်ရှေ့စံ မိန်းမတစ်ယောက်လိုမျိုး သနားကြင်နာပြလို့ မဖြစ်ဘူး။ ဒီနေရာမှာ ပြည်တွင်းစစ် ဖြစ်တယ် ဆိုရင်တောင်၊ တိုင်းပြည် ပျက်စီးသွားမယ် ဆိုရင်တောင် ဒါက ရေရှည်အတွက် အေးချမ်းသွားမယ့်အရာပဲ။”

နင်ကျန်းက ပြော၏။ “ဒီနေရာမှာ ပြည်တွင်းစစ်ဖြစ်ရုံနဲ့ ရေရှည် အေးဆေးသွားမှာ မဟုတ်ဘူး။ ပြည်တွင်းစစ်က ရှောင်လွှဲလို့ မရဘူး ဆိုပေမယ့် ဒီနေရာမှာတော့ အဖြစ်ခံလို့ မဖြစ်ဘူး။ ရွှယ်မိသားစုရဲ့ နယ်မြေ၊ ကျုံးမိသားစုရဲ့ နယ်မြေတွေကို တစ်ခါတည်း အပြတ်ရှင်းနိုင်မှ ရေရှည်အေးဆေးမှာ။”

အပိုင်း (၇၄၀)

ထိုစကား ထွက်ပေါ်လာတော့ နန်းတွင်းရှိ ထိပ်သီးဝန်ကြီး၊ အမတ်ကြီးများက အံ့အားသင့်သွား၏။ ရွှယ်မိသားစု၊ ကျုံးမိသားစု နယ်မြေတွေကို တစ်ခါတည်း အပြတ်ရှင်းနိုင်လျှင် ကောင်း၏။ နှစ်တစ်ရာကျော် အမြစ်တွယ်နေသည့် ရောဂါဆိုးကြီးကို ပျောက်ကွယ်သွားအောင် ပြုလုပ်သကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။

သို့ပေမယ့် မည်သို့ ဖြစ်နိုင်မည်နည်း။ ရွှဲ့ပြည်နယ် အင်အားအကောင်းဆုံး အချိန်ကတောင် မလုပ်နိုင်ခဲ့ချေ။ ချောင်ဘုရင်ကိုယ်တိုင် စစ်သည်သုံးသိန်းနှင့် ထျန်းရှစ်မြို့ကို သွားရောက် တိုက်ခိုက်ခဲ့သည်တောင် မအောင်မြင်ခဲ့ချေ။ ကျုံးမိသားစုက သူတို့၏အမာခံစစ်စခန်းကို နှစ်ပေါင်း တစ်ရာကျော် တည်ဆောက် တည်ဆောက် ထားခဲ့ခြင်း ဖြစ်၏။

ယခု နင်ကျန်းက စစ်သည် မည်မျှ ထုတ်သုံးနိုင်မည်နည်း။ အများဆုံး ရှိလှ ငါးသောင်းပင်။ သုံးသိန်းနှင့်တောင် မရနိုင်သည့် ထျန်းရှစ်မြို့ကို လေး၊ငါးသောင်းနှင့် အောင်နိုင်ပါ့မည်လား။

“ပြီးတော့ ရွှယ်မိသားစု။ သူတို့က ပင်လယ်ရပ်ခြား တည်နေရာတစ်ခုလုံးကို ပိုင်စိုးထားတာ။ ကျင်းမိသားစုထက် ဆယ်စုနှစ်ပေါင်းများစွာ စတင်ခဲ့တဲ့ မိသားစု။ အဲဒီ ရွှယ်မိသားစုရဲ့ ဝူအန်းမြို့စား အိမ်တော်ကြီးက အလွတ်ကြီးပဲ။ ရွှယ်မိသားစုရဲ့ အင်အားစုအားလုံးက တောင်ပိုင်းကျွန်းစုကို ရောက်နေကြပြီ။

တောင်ပင်လယ်ဓားဂိုဏ်း အသွင်ယူထားတဲ့ သူတို့က စစ်တပ်ကြီးတစ်ခုလိုပဲ။ ရွှယ်မိသားစုက တောင်ပိုင်း ရေပြင် ကုန်သွယ်ရေးလမ်းကြောင်း အကုန်လုံးကို လက်ဝါးကြီး အုပ်ထားရုံတင်မကဘူး၊ စေတီတောင်ရဲ့ လက်အောက်ခံ အင်အားစုလို့တောင် ပြောလို့ရတယ်။ အရမ်းကို အားကောင်းတဲ့ ရေတပ်နဲ့ သိုင်းပညာရှင် တပ်ဖွဲ့ကို ပိုင်ဆိုင်တယ်။

ရေတပ်သင်္ဘောအုပ်စုမရှိဘဲ ရွှယ်မိသားစုကို သွားတိုက်မယ်ဆိုတာ အရူးအိမ်မက် မက်နေသလိုပါပဲ။ တောင်ပိုင်းကျွန်းစုတွေက တောင်ပိုင်းပြည်နယ်နဲ့ မိုင်ပေါင်း ၂၀၀ ကျော်လောက် ဝေးကွာတယ်။ အဲဒီ ကျွန်းစုတွေက ဘယ်လောက်ကျယ်လဲ၊ စစ်သည်ဘယ်လောက်ရှိလဲ၊ ခံတပ်ဘယ်လောက်ရှိလဲ။ ဘယ်သူမှ မသိဘူး။

ထောက်လှမ်းရေးသတင်းတွေကလည်း မပြည့်စုံဘူး။ ဘာလို့လဲဆိုတော့ ရွှယ်မိသားစုက တောင်ပင်လယ် ဓားဂိုဏ်းကို ထောက်ပံ့လာခဲ့တာ နှစ်ပေါင်း ၁၀၀ ကျော်ပြီ။ တောင်ပိုင်းကျွန်းစုတွေကို လူအများအပြား ပြောင်းရွှေ့နေထိုင်စေခဲ့တာလည်း ဆယ်စုနှစ်များစွာ ကြာခဲ့ပြီ။

စေတီတောင်က တောင်ပင်လယ်ဓားဂိုဏ်းကို ထောက်ပံ့ပေးခဲ့တာကလည်း ဆယ်စုနှစ်များစွာ ရှိနေပြီ။ ဒါကြောင့် ရွှယ်မိသားစုရဲ့ တောင်ပိုင်းကျွန်းစုဆိုတာ ဧရာမဘီလူးကြီးတစ်ကောင် ဖြစ်နေမှာ သေချာတယ်။ အရင်ကဖြစ်ခဲ့တဲ့ ကိစ္စရပ်တစ်ခုကို ကြည့်မယ်ဆိုရင် ရွှယ်မိသားစုနဲ့ တောင်ပင်လယ်ဓားဂိုဏ်းတို့က ဘယ်လောက် အားကောင်းလဲဆိုတာ သိသာတယ်။

စေတီတောင်က ကျောက်မဲကျွန်းရဲ့ ရှေးဟောင်းအမွေအနှစ်ကို တူးဖော်ခွင့်ရပြီးတဲ့နောက်မှာ တောင်ပင်လယ်ဓားဂိုဏ်းက ရေပြင်တစ်ခုလုံးကို ပိတ်ဆို့ပြီး စစ်သင်္ဘော ၁၀၀ ကျော်နဲ့ လူအင်အား ၁ သောင်း ကျော်ကို စေလွှတ်ခဲ့တယ်။ ကျင်းမိသားစုမှာ စစ်သင်္ဘောဘယ်လောက်ရှိလဲ။ လူအင်အား ၄ ထောင် မကျော်ဘူး။ လေ့ကျင့်ထားခဲ့တာလည်း ၂ နှစ်ပဲ ရှိသေးတယ်။”

ချက်ချင်းပဲ ဝမ်ချောင်ချန်က ပြော၏။ “အိမ်ရှေ့စံ .... ကျုံးအီကို လွှတ်ပေးရင်ပေးလိုက်။ ဒါပေမဲ့ ရွှယ်ချီကိုတော့ လွှတ်ပေးလို့မဖြစ်ဘူး။ ကျုံးအီက ကျုံးမိသားစုရဲ့ ခေါင်းဆောင် မဟုတ်ဘူး။ ဒါပေမဲ့ ရွှယ်ချီကတော့ ရွှယ်မိသားစုရဲ့ ခေါင်းဆောင်၊ တောင်ပင်လယ်ဓားဂိုဏ်းရဲ့ ခေါင်းဆောင်၊ တောင်ပိုင်းဒေသရဲ့ ဆရာကြီးပဲ။ သူ့ကို နန်းမြို့တော်ကနေ ထွက်ခွင့်ပေးလိုက်တာက ကျားကို တောထဲလွှတ်လိုက်တာနဲ့ အတူတူပဲ။”

နင်ကျန်းက ပြောသည်။ “ဝန်ကြီးချုပ် ... ဒါဆိုရင် ဘယ်လိုအပြစ်မျိုးနဲ့ ရွှယ်ချီကို တားထားရမှာလဲ။”

ဝမ်ချောင်ချန်က ပြော၏။ “အပြစ်ရှာတာများ ဘာခက်လို့လဲ။ ပုန်ကန်မှုပဲပေါ့။”

တကယ့်ကို စစ်ဆေးရေးမှူး ပီသပါပေ၏။ လူတွေကို ခေါင်းစဉ်တပ်သည့်နေရာတွင် အတော်ဆုံးပင်။ ယခင်တုန်းက ကျင်းကျိုးကို ပုန်ကန်သည်ဟု စွပ်စွဲ၏။ ယခု ရွှယ်ချီကို ပုန်ကန်သည်ဟု ပြောနေပြန်သည်။

နင်ကျန်းက ပြောလိုက်၏။ “ဒါပေမဲ့ ရွှယ်ချီ ပုန်ကန်တယ်ဆိုတာ သက်သေအထောက်အထား ဘာမှမရှိဘူး။”

ရွှယ်ချီက လူစုပြီး နင်ကျန်းကို လမ်းတွင် တိုက်ခိုက်ခဲ့ခြင်းက ပုန်ကန်မှုနှင့် ညီမျှ၏။ သို့ပေမည့် ဤကိစ္စက လူသိရှင်ကြား ထုတ်ဖော်ပြောဆို၍ မရချေ။ ထုတ်ပြောလိုက်သည်နှင့် ကောင်းကင်ပင်လယ်နန်းဆောင် စေတီတောင်တို့ကိုပါ ဆွဲထည့်သလို ဖြစ်ပေလိမ့်မည်။

ဝမ်ချောင်ချန်က ပြောသည်။ “သက်သေအထောက်အထားက ဘာလိုလို့လဲ။ အရင်ဆုံး အပြစ်တပ်ပြီး လူ ဖမ်းလိုက်၊ ပြီးတော့ စစ်ဆေးရမှာပေါ့။”

နင်ကျန်းက ပြောလိုက်၏။ “စစ်တိုက်မယ်ဆိုရင် အကြောင်းပြချက်တော့ ခိုင်လုံရမယ်။ ပြီးတော့ တရားမျှတမှုလည်း ရှိရမယ်။”

ဝမ်ချောင်ချန်က လက်မြှောက်လိုက်ရ၏။ အိမ်ရှေ့စံနင်ကျန်းက တကယ့်ကို ဖြောင့်မတ်လွန်းနေ၏။ ရှေးရိုးစွဲသည်ဟုပင် ပြော၍ရ၏။ သို့ပေမည့် လက်ရှိအချိန်တွင် ရွှယ်ချီကို တားထားဖို့ဆိုသည်က မဖြစ်နိုင်ချေ။ ရွှယ်ချီ၊ ရန်နန်းဖေးနှင့် ရန်အီတို့ အားလုံးက မဟာပညာရှင်အဆင့် သိုင်းပညာရှင်များ ဖြစ်၏။ ရန်နန်းဖေး တစ်ယောက်တည်းသာ မဟာပညာရှင်တစ်ယောက်ဟု ဘွဲ့တံဆိပ်ရှိသည် ဆိုသော်လည်း ကျန်နှစ်ယောက် ကလည်း တကယ်တမ်းမှာတော့ မဟာပညာရှင်အဆင့် စွမ်းဆောင်ရည်များ ရှိသူပင်။

ထိုနေ့က နန်းတော်ထဲတွင် နင်ယွမ်ရှန်းက ဘုရင်တစ်ယောက်၏ အရှိန်အဝါနှင့် ထိုသူတို့ကို ထိန်းချုပ်ခဲ့ခြင်း ဖြစ်၏။ အကယ်၍ အင်အားသုံးမည်ဆိုလျှင် တကယ့်ကို မနိုင်နိုင်ပေ။ သူတို့ သုံးယောက်တင် မကသေးချေ။ နင်ချီနှင့် ကျုံးအီတို့ကလည်း ထိပ်တန်းသိုင်းပညာရှင်တွေ ဖြစ်၏။ ရေနက်တပ်ဖွဲ့မှ သိုင်းပညာရှင် အများစုက တောင်ပင်လယ်ဓားဂိုဏ်းမှ ဆင်းသက်လာခဲ့သည့် လူများဖြစ်သည်။

ထို့ကြောင့် နန်းမြို့တော်အတွင်း သိုင်းပညာအင်အားစုနှင့် နှိုင်းယှဉ်မည်ဆိုပါက နင်ကျန်းဘက်က အားနည်း၏။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရုံလောက်သာ ရသည်။ အဘယ်ကြောင့်ဆိုသော် နင်ကျန်း၏ ဘက်၌ လီချင်းချိုးတို့ ဇနီးမောင်နှံ၊ ကျုံးချူးကဲ့၊ လီမူ၊ အရူးကြီးတို့သာ ရှိနေသောကြောင့်ပင်။

ရွှယ်ချီကို ဖမ်းဖို့ဆိုသည်ကတော့ လုံးဝမဖြစ်နိုင်ပေ။ ပိုဆိုးသည်က ရွှယ်ချီ၏ နောက်ကွယ်ရှိ စေတီတောင်မှ သိုင်းသမားများပင်။ ယင်ယွမ်အဖွဲ့အစည်းမှ သိုင်းသမားတွေကလည်း ပုန်းအောင်းနေသေး၏။ ထို့ကြောင့် သူတို့က နောက်သို့ လုံးဝဆုတ်ခွာသွားခဲ့ခြင်းပင်။

နုတ်ထွက်စာ ၁၀၀ ကျော်ကို အိမ်ရှေ့စံနင်ကျန်းက တစ်စောင်မကျန် ခွင့်ပြု၏။

သို့နှင့် ကျုံးအီက ကျုံးမိသားစုဝင်အားလုံးကို ဦးဆောင်ပြီး နန်းမြို့တော်မှ ထွက်ခွာ၏။ ရွှယ်ချီနှင့် ရန်နန်းဖေးတို့က လူအမြောက်အမြားကို ဦးဆောင်ပြီး နန်းမြို့တော်မှ ထွက်ခွာ၏။ ရေနက်တပ်ဖွဲ့မှ လူ တစ်ဝက်ကျော်လောက်က ထွက်ခွာသွားခဲ့ပြီး အဓိကအင်အားစုအားလုံး ထွက်ခွာသွားခဲ့ခြင်းပင်။

ရှမ့်လန်၏ လမ်းအောက်ရှိ မှန်နက်ဌာနက အခွင့်အရေးကို အရယူပြီး ရေနက်တပ်ဖွဲ့ကို ဝင်ရောက်စီးနင်း ထိန်းချုပ်လိုက်၏။ မိန်းမစိုးကြီးလီစွမ်းက ရေနက်တပ်ဖွဲ့၏ တပ်မှူးရာထူးကို ပူးတွဲတာဝန်ယူထား၏။ ဟုတ်ပေ၏။ ရန်အီ ထွက်ခွာသွားခဲ့ပြီးနောက် ရေနက်တပ်ဖွဲ့၏ အဆင့်အတန်းက လျော့ကျသွားခဲ့၏။

ရွှယ်မိသားစုနှင့် ကျုံးမိသားစုအားလုံးက ထွက်ခွာသွား၏။ သို့သော်ငြား ကျုးမိသားစုက ရာထူးမှ နုတ်ထွက်သော်လည်း ထျန်းရွှဲ့မြို့အတွင်းတွင် ဆက်လက်နေထိုင်ပြီး ထွက်ခွာမည့်အရိပ်အယောင် မပြသေးချေ။ နောက်ထပ် မထွက်ခွာသေးသည့် သူတစ်ယောက် ရှိသေး၏။ ထိုသူကတော့ တတိယမင်းသား နင်ချီပင်။ မယ်တော်ကြီး၏ ဈာပနက ခမ်းနားလေးနက်သော်လည်း လွန်စွာဖြုန်းတီးခြင်း မရှိချေ။ ဈာပန ပြီးသွားသည်နှင့် အင်ပါယာ၏ မင်းသားလျန်က ပြန်ရပေတော့မည်။

“နင်ချီ...မင်း ငါနဲ့အတူ ရန်မြို့တော်ကို လိုက်မလာတာ သေချာလား။”

မင်းသားလျန်က မေးလိုက်၏။ “အခု ရွှယ်မိသားစုကလည်း ထွက်သွားပြီ။ ကျုံးမိသားစုကလည်း ဆုတ်သွားပြီ။ မင်း နန်းမြို့တော်မှာ ကျန်ခဲ့ရင် သေလမ်းပဲ ရှိတော့မယ်။”

နင်ကျန်းက ခေါင်းကို ခါယမ်းလိုက်သည်။ “မင်းသားရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ နင်ချီက ဒီနေရာမှာနေတာ ပိုပြီးသင့်တော်ပါတယ်။”

နင်ချီက ကောင်းကောင်းတွေးတောထားပြီး ဖြစ်၏။ အကယ်၍ သူသာ တော်ဝင်ရန်မြို့တော်သို့ လိုက်သွားပါက သူက ရှုံးနိမ့်သူ၊ ကျရှုံးသူ။ တော်ဝင်ရန်အင်ပါယာ၏ ရုပ်သေးရုပ်ဘဝသို့ လုံးဝ ရောက်ရှိ သွားပေလိမ့်မည်။ ရွှဲ့ပြည်နယ်၏ မင်းနန်းမြို့တော်တွင် ရှိနေသေးသည် ဆိုလျှင်တော့ အခွင့်အရေး တစ်စုံတရာ ရှိနိုင်သေး၏။

မင်းသားလျန်က နင်ချီကို အချိန်ကြာမြင့်စွာ စိုက်ကြည့်သည်။ “လောကကြီးက ဆန်းကြယ်တယ်။ တကယ့် သူရဲကောင်းတွေ ပေါ်ထွက်လာခဲ့တာပဲ။ နင်ချီ ... မင်းက နင်ယွမ်ရှန်းရဲ့ သားအရင်းပီသတယ်။ အခက်အခဲတွေ ကြားထဲမှာတောင်မှ အံမခန်းဉာဏ်ပညာကို ထုတ်ဖော်ပြသနိုင်တယ်။”

နင်ချီက ဦးညွှတ်လိုက်၏။ “မင်းသား ချီးကျူးတာ များနေပါပြီ။”

မင်းသားလျန်က ပြောသည်။ “စိတ်ချ။ အာရုံမတက်မီ အမှောင်ထုက သိပ်ပြီးတော့လည်း ကြာကြာ မမှောင်ပါဘူး။”

နင်ချီက တစ်နာရီကျော်ကြာ လူငယ်ဘုရင်တစ်ပါးအဖြစ် တာဝန်ယူခဲ့ပြီး ပြန်လည်ဖြုတ်ချခံခဲ့ရ၏။ ယခုအချိန်မှာတော့ နင်ကျန်းက အိမ်ရှေ့စံဖြစ်နေပြီး နိုင်ငံတော်ကို ကြီးကြပ်နေ၏။

နင်ချီထံတွင် စစ်ဘက်ရေးရာ ဒုတိယဝန်ကြီးရာထူးသာ ကျန်တော့၏။ ပုံမှန်ဆိုလျှင် သူ ဤနေရာတွင် ဆက်နေမည်ဆိုပါက တံခါးကိုပိတ်ကာ အိမ်ထဲတွင် နေသင့်သော်လည်း သူက နေ့စဉ် ညီလာခံကို တက်ရောက်စမြဲပင်။ သို့သော်ငြား အစမှအဆုံးထိ တစ်ခွန်းမှ ဝင်မပြောပေ။

နင်ကျန်း အိမ်ရှေ့စံတာဝန်ကို ရယူပြီးနောက် ဘုရင်နင်ယွမ်ရှန်းက လုံးဝနောက်သို့ ဆုတ်ခွာသွား၏။ နေ့စဉ် မိဖုရားကြီးပျံ့၏ နန်းဆောင်တွင် အနားယူကာ အာဏာကို အပြည့်အဝ လွှဲပြောင်းပေးထား၏။ နင်ကျန်းက နေ့စဉ် အစီရင်ခံစားများကို ပေးပို့သော်လည်း နင်ယွမ်ရှန်းက တစ်စောင်ကိုမှ မဖတ်ပေ။ နိုင်ငံရေး ကိစ္စအဝဝကို နင်ကျန်းလက်ထဲသို့ အပ်ကာဖြင့် စိတ်ကြိုက်စီမံခွင့် ပေးထား၏။

သူက နေ့စဉ် ပုံပြင်နားထောင်ခြင်း၊ နေပူဆာလှုံခြင်းနှင့် ကျန်းမာရေး ပြန်လည်ကောင်းမွန်အောင် လေ့ကျင့်ခန်းလုပ်ခြင်းတို့နှင့်သာ အချိန်ကုန်ဆုံးသည်။ ဤသို့ လွှတ်ပေးလိုက်ခြင်း၏ ရလဒ်က မထင်မှတ် လောက်အောင် အားကောင်းနေ၏။ နန်းမြို့တော်တစ်ခုလုံးနှင့် ရွှဲ့ပြည်နယ်တစ်ဝန်းလုံး စနစ်တကျ ရှိလာသည်။

ထိုအရာက နင်ကျန်း အရမ်းတော်လွန်း၍ မဟုတ်ချေ။ ပြည်သူများက တည်ငြိမ်မှုကို လိုလားသောကြောင့်ပင်။ နှစ်နှစ်ကြာ တိုက်ပွဲများ၊ တစ်လကြာ နန်းတွင်းအပြောင်းအလဲများနှင့် ကြုံပြီးနောက် လူထုက နေ့စဉ် စိုးရိမ်ထိတ်လန့်စွာ နေထိုင်ခဲ့ရ၏။ အခု ငြိမ်းချမ်းသွားခဲ့ပြီ ဖြစ်သောကြောင့် အေးချမ်းစွာဖြင့် နေထိုင်လုပ်ကိုင် စားသောက်ရန်သာ စိတ်အားထက်သန်ကြပြီး ဆူပူအုံကြွရန် စိတ်ကူးမရှိကြတော့ချေ။

နောက်တစ်ချက်အားဖြင့် နင်ကျန်းက နင်ယွမ်ရှန်းထက် ပို၍ လုံ့လဝီရိယရှိပြီး ကိစ္စအသေးအဖွဲကို မကျန် ဂရုစိုက်လုပ်ဆောင်တတ်၏။ အခက်အခဲ ဘာပဲရှိရှိ ရှောင်လွှဲရန် မစဉ်းစားဘဲ အမြစ်ပြတ် ဖြေရှင်းတတ်၏။

အမှန်ပင်။ နင်ကျန်း အုပ်ချုပ်သည် မင်းနန်းမြို့တော်က ယခင်ကထက် ရသမြောက်မှု၊ လျော့နည်းသွားသည် ဆိုသော်လည်း အေးချမ်းစွာ တိုးတက်နေ၏။ နန်းတွင်းနိုင်ငံရေးက တကယ့်ကို ဆန်းကြယ်သော နည်းလမ်းဖြင့် တဖြည်းဖြည်း တည်ငြိမ်လာ၏။ သို့သော်ငြား ထိုတည်ငြိမ်မှုက ယာယီသာ ဖြစ်ပေလိမ့်မည်။

၁၁ လပိုင်း ၈ ရက်နေ့ ...

နိုင်ငံတော်အုပ်ချုပ်သူ အိမ်ရှေ့စံနင်ကျန်းက ထျန်းရှစ်ပြည်နယ် အုပ်ချုပ်ရေးမှူး ကျန်းကျိရှုကို ရာထူးမှ ဖယ်ရှားပြီး နန်းမြို့တော်သို့ ပြန်ခေါ်၏။ ပြီးနောက် အခမ်းအနား ဝန်ကြီးဌာန၏ လက်ထောက်ဝန်ကြီးအဖြစ် ခန့်အပ်လိုက်၏။ ဤအရာက ရာထူးတိုးပေးလိုက်ခြင်း ဖြစ်၏။

အားလုံးက ကျန်းကျိရှု ထွက်ပြေးသွားလိမ့်မည်၊ ရာထူးကို လက်ခံမည် မဟုတ်ဟု ထင်ကြ၏။ သို့ပေမည့် မထင်မှတ်ဘဲ တစ်ဖက်လူက နန်းမြို့တော်သို့ ပြန်ရောက်လာခဲ့ပြီး အခမ်းအနားဝန်ကြီးဌာန၏ လက်ထောက်ဝန်ကြီး ရာထူးကို လိမ်မာသိတတ်စွာဖြင့် လက်ခံလိုက်သည်။

၁၁ လပိုင်း ၉ ရက်နေ့ ....

နင်ကျန်းက ကျန်းချုံးအား ထျန်းဖေးပြည်နယ် အုပ်ချုပ်ရေးမှူး ရာထူးမှ ဖယ်ရှားပြီး ထျန်းရှစ်ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်၏။ နောက်တစ်ရက်မှာတော့ ကျန်းချုံးက ထျန်းဖေးပြည်နယ်မှ ထွက်ခွာပြီး အမြန်ဆုံး ခရီးနှင်၏။

၁၁ လပိုင်း ၁၃ ရက်နေ့ ....

ကျန်းချုံး ထျန်းရှစ်ပြည်နယ်သို့ ရောက်ရှိပြီးနောက် ထျန်းရှစ်ပြည်နယ်၏ အုပ်ချုပ်ရေးမှူးအဖြစ် တရားဝင် တာဝန်ယူ၏။ ထိုအချိန်မှာတော့ လူတိုင်းက ရိပ်မိလိုက်၏။ ရွှဲ့ပြည်နယ်၏ နန်းတွင်းက ကျုံးမိသားစုကို စတင် ကိုင်တွယ်ပေတော့မည်။

၁၁ လပိုင်း ၁၇ ရက်နေ့ ...

မင်းကြီးပျံ့ရှောင်းက စစ်ဘက်ဆိုင်ရာ ဝန်ကြီးချုပ်ရာထူးမှ တရားဝင် နုတ်ထွက်စွာ တင်၏။ နင်ယွမ်ရှန်းက လက်ခံ၏။ ယခု ရွှဲ့ပြည်နယ်၏ စစ်ဘက်ရေးရာ ဝန်ကြီးချုပ်နေရာက လစ်လပ်သွား၏။ နောက်တစ်နေ့တွင် နင်ယွမ်ရှန်းက တစ်ဖက်လူ၏ သဘောတူညီချက်ကို မယူဘဲ ကျုံးယောင်အား ရွှဲ့ပြည်နယ်၏ စစ်ဘက်ရေးရာ ဝန်ကြီးချုပ်အဖြစ် တိုက်ရိုက်ခန့်အပ်၏။ နန်းမြို့တော်သို့ ချက်ချင်းလာရောက်ရန် အမိန့်ထုတ်၏။

ထိုအချိန်နှင့် တပြိုင်နက်တည်း ရွှဲ့ပြည်နယ်၏ ဝန်ကြီးဌာနနှင့် စစ်ဘက်ရေးရာဗျူရို၏ အမိန့်စာများက ထျန်းရှစ်မြို့ဆီသို့ ရောက်ရှိလာခဲ့၏။ ကျုံးမိသားစုအနေဖြင့် မူဝါဒသစ်ကို လိုက်နာရန်၊ မိသားစု၏ ပုဂ္ဂလိက စစ်တပ်များကို လျှော့ချရန်၊ ထျန်းရှစ်စစ်တပ်၏ စစ်အာဏာကို စစ်ဘက်ရေးရာဗျူရိုဆီသို့ လွှဲပြောင်းပေးရန် တောင်းဆိုသည်။

ထို့အတူ ရွှမ်ဝူနယ်စားကြီး ကျင်းကျိုးက နယ်မြေကိုးဆယ်ရာခိုင်နှုန်းကို နိုင်ငံတော်သို့ ပြန်လည်အပ်နှံမည် ဖြစ်ကြောင်းနှင့် ရွှမ်ဝူနယ်စားကြီးအိမ်တော်နှင့် ဆက်စပ်သည့် မြေများကိုသာ ချန်ထားမည်ဖြစ်ကြောင်း တရားဝင် လျှောက်တင်၏။

နုရှောင့်မြို့ကို တည်ဆောက်ခဲ့သည်မှာ ၃ နှစ်ကျော် ကြာပြီဖြစ်၏။ ယခုအချိန်တွင် ကျင်းမိသားစု၏ မူလနယ်မြေက အရေးမပါတော့သလိုပင်။ မြေပိုင်နက်အတွင်းမှ ပြည်သူအများစုတို့ကလည်း လေ့ကျိုးကျွန်းစုသို့ ပြောင်းရွှေ့နေထိုင်နေကြပြီဖြစ်၏။ ဝမ်ကျားကျွန်း၊ နုရှောင့်မြို့နှင့် လေ့ကျိုးကျွန်းစုတို့က ကျင်းမိသားစု၏ အဓိက အခြေခံအုတ်မြစ်များ ဖြစ်လာသည်။

အမိန့်တော် ထျန်းရှစ်မြို့သို့ ရောက်ရှိပြီးနောက် ကျုံးယောင်က နေမကောင်းဟု အကြောင်းပြကာဖြင့် စစ်ရေးဗျူရိုမှ ဝန်ကြီး တာဝန်ထမ်းဆောင်ရန် နန်းမြို့တော်သို့ မလာရောက်နိုင်ကြောင်း ငြင်းဆန်၏။

ရွှဲ့ပြည်နယ်၏ ဝန်ကြီးဌာနက ထျန်းရှစ်နယ်စားအိမ်တော်၏ နယ်မြေကို တိုင်းတာရန် အရာရှိများကို စေလွှတ်၏။ စစ်ရေးဗျူရိုမှ အရာရှိများက ထျန်းရှစ်မြို့သို့ သွားရောက်ပြီး ကျုံးမိသားစု၏ ပုဂ္ဂလိကစစ်တပ်နှင့် ထျန်းရှစ်တပ်ကို စာရင်းဇယား ကောက်ယူသည်။

နည်းလမ်းက တကယ့်ကို တိုက်ရိုက်ကျပြီး ရှင်းလင်း၏။ ကျုံးမိသားစု၏ နယ်မြေကို ပြန်လည်သိမ်းယူပြီး ပုဂ္ဂလိကစစ်တပ်ကို လျှော့ချရန် ပြင်ဆင်ခြင်းပင်။

ကျုံးရှစ်ရှစ်က ဒေါသအမျက် ခြောင်းခြောင်းထွက်၏။ သတ်ဖြတ်ပွဲကို ကျင်းပခဲ့၏။ စစ်ဘက်ရေးရာ ဌာနမှ အရာရှိ ၃ ဦးကို သတ်ဖြတ်ခဲ့ပြီး ဝန်ကြီးဌာနမှ အရာရှိ ၁၇ ဦးကို ရိုက်နှက်ခဲ့၏။

ရွှဲ့ပြည်နယ်၏ နန်းတော်တစ်ခုလုံးက ဒေါသထွက်ခဲ့၏။ ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက အမိန့်တော်ကို ထုတ်ပြန်ခဲ့၏။ ကျုံးယောင်အနေဖြင့် လူသတ်တရားခံ ကျုံးရှစ်ရှစ်ကို လက်လွှဲပေးအပ်ရန်နှင့် ထို့အပြင် စစ်သည်အင်အားစာရင်းနှင့် ပိုင်နက်နယ်မြေ၏ မြေပုံများကို ပြန်လည်ဆက်သပြီး ရွှဲ့ပြည်နယ်၏ ဥပဒေ ပြုပြင်ပြောင်းလဲရေးကို လိုက်နာဆောင်ရွက်ရမည်။ မဟုတ်ပါက ပုန်ကန်သူအဖြစ် သတ်မှတ်မည်။

သို့သော်ငြား ကျုံးယောင်က ထိုအမိန့်ကို လုံးဝ လျစ်လျူရှုခဲ့၏။ ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက တိုင်းပြည်တဝန်း ကြေညာချက်ကို ထုတ်ပြန်၏။ ကျုံးမိသားစုကို ပုန်ကန်သူများအဖြစ် သတ်မှတ်၏။ ပြီးနောက် ထျန်းရှစ်ပြည်နယ်၏ အုပ်ချုပ်ရေးမှူး၊ နိဗ္ဗာနတပ်တော်၏ စစ်သူကြီး ကျင်းမူလန် အား ကျုံးမိသားစု၏ ပုန်ကန်မှုကို နှိမ်နင်းရန် အမိန့်ပေးလိုက်၏။

ရွှဲ့ပြည်နယ် တဝန်းလုံးက ထပ်မံတုန်လှုပ်သွား၏။ ဤမျှ မြန်ဆန်နေသည်လား။ ဤမျှ အရေးတကြီး နိုင်သည်လား။ တိုင်းပြည်၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် စစ်ပွဲကြီး ပြီးကာစတွင် ကျုံးယောင်ကို ထပ်မံ တိုက်ခိုက်တော့မည်လား။

ပြည်သူများက အားသင့်သွားကြသော်လည်း နန်းတွင်းရှိ အရာရှိများကမူ အနည်းငယ်မျှ အံ့အားမသင့်ကြချေ။ ဤစစ်ပွဲကြီးက လွန်ခဲ့သည့် လအနည်းငယ်တည်းက ပေါက်ပေါက်လာသင့်သည့် အရာမျိုးပင်။ နင်ကျန်း အနေဖြင့် မြို့တော်အတွင်း ပြည်တွင်းစစ်ဖြစ်ပွားမည်ကို မလိုလားသောကြောင့်သာ တားဆီးခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ကျုံးမိသားစုက ရွှဲ့ပြည်နယ်၏ ထိပ်တန်း တော်ဝင်မျိုးနွယ်စု ဖြစ်ပြီး အကြီးဆုံးစစ်ဘုရင်လည်း ဖြစ်၏။ နိုင်ငံတော်၏ ကျောထောက်နောက်ခံ ဒေါက်တိုင်ကြီးတစ်ခုဟုလည်း တင်စားနိုင်၏။ ထိုမိသားစုအား ပုန်ကန်သူအဖြစ် ချက်ချင်းကြေညာခြင်းက ပြည်သူလူထုအပေါ် ရိုက်ခတ်မှု ကြီးမားသောကြောင့် အချိန်ကာလတစ်ခု စောင့်ဆိုင်းခဲ့ရခြင်းပင်။ ပြည်တွင်းစစ်က မလွဲမသွေ ဖြစ်တော့မည် ဆိုသော်လည်း ခိုင်လုံသည့် အကြောင်းပြချက်နှင့် တရားဝင်မှုတော့ လိုအပ်၏။

ကျုံးယောင်ကလည်း တန်ပြန်ကြေညာချက်တစ်ခုကို ထုတ်ပြန်ကာ အမိန့်ပေး၏။ ဘုရင်မင်းမြတ် နင်ယွမ်ရှန်းသည် လေဖြတ်ရောဂါကို ခံစားနေရပြီး နန်းတွင်း၏အာဏာကို နင်ကျန်းက ထိန်းချုပ်ထား၏။ ဘုရင်က ရုပ်သေးရုပ် ဖြစ်နေပြီဟု စွပ်စွဲသည်။

ကျုံးမိသားစုက ရွှဲ့ပြည်နယ်၏ နှစ်ပေါင်း ၁၀၀ ကျော် သစ္စာတော်ခံများ ဖြစ်၏။ ရွှဲ့ပြည်နယ်၏ တည်တံ့ရေးနှင့် နင်မင်းဆက်၏ ရာဇပလ္လင် အမွေအနှစ်များကို ကာကွယ်ရန် ကျုံးယောင်က တိုင်းပြည်အနှံ့ရှိ စစ်သူကြီးများ ဦးဆောင်ကာဖြင့် နန်းမြို့တော်သို့ ချီတက်ကာ ဘုရင်ကို ကယ်တင်ရန် တိုက်တွန်းနှိုးဆော်၏။

ပြီးနောက် ကျုံးမိသားစုက စစ်အင်အားကို ရူးသွပ်မတတ်ပင် စုဆောင်း၏။ စစ်သည်အင်အားက ၆ သောင်းမှ ၁ သိန်းထိ ချက်ချင်းခုန်တက်သွားခဲ့၏။ သူတို့ ရိက္ခာ ဘယ်ကရသနည်း၊ စစ်စရိတ် ဘယ်ကရသနည်းကို မည်သူမှ မသိရှိပေ။

ပြီးနောက် ကျုံးမိသားစု၏ စစ်တပ်က အရပ်မျက်နှာ အနှံ့သို့ ချီတက်၏။ အချိန်တိုအတွင်း ထျန်းရှစ်မြောက်ပိုင်းရှိ မြို့ကြီးအားလုံးကို သိမ်းပိုက်လိုက်ကြ၏။ ဤသို့ဖြင့် ရွှဲ့ပြည်နယ်၏ ပြည်တွင်းစစ်မီးက တရားဝင် ထတောက်လာခဲ့၏။ ထျန်းရှစ်ပြည်နယ်၏ မြောက်ပိုင်းဒေသတစ်ခုလုံးက ကျုံးစစ်သည်များ၏ လက်အောက်သို့ ကျရောက်သွား၏။

ကူလန်မြို့မှလွဲ၍ ဖြစ်၏။ ကျင်းမူလန်က ပထမနှင့် ဒုတိယ နိဗ္ဗာနတပ်တော်မှ စစ်သည်ပေါင်း ၄ ထောင် ကျော်ဖြင့် ကူလန်မြို့ကို ကြံ့ကြံ့ခံ စောင့်ထိန်းထား၏။ ဤကူလန်မြို့က ကျုံးမိသားစု၏ အမာခံစခန်းဖြစ်သော ထျန်းရှစ်မြို့နှင့် မိုင် ၂၀၀ ပင် မဝေးကွာချေ။ မြေပုံကို ကြည့်လျှင် ကူလန်မြို့က အကူအညီကင်းမဲ့ပြီး ကျုံးစစ်သည်များ၏ ထပ်တလဲလဲလည်း ဝိုင်းရံပိတ်ဆို့မှုကို ခံထားရသည့် ကျွန်းငယ်လေးတစ်ခု ကဲ့သို့ပင်။

ဒီဇင်ဘာလ ၁၉ ရက်နေ့မှာတော့ …

ကျုံးအီ ဦးဆောင်သည့် စစ်သည်ပေါင်း ၄ သောင်းက ကျင်းမူလန် ကာကွယ်စောင့်ရှောက်နေသည့် ကူလန်မြို့အား ဝင်ရောက်တိုက်ခိုက်၏။ ထိုသို့စစ်ချီရာတွင် ကျင်းမူလန်၏ ရန်ဘက်ဟောင်း ကျုံးရှစ်ရှစ်လည်း လိုက်ပါလာ၏။ ကူလန်က ဟောင်းနွမ်းသည့် မြို့ငယ်လေးတစ်ခုမျှသာ ဖြစ်ပြီး ကျင်းမူလန်၏ ဘက်တွင် စစ်သည်အင်အားက ၄ ထောင်ကျော်သာ ရှိ၏။ တစ်ဖက်နှင့် တစ်ဖက် စစ်အင်အားက ၁၀ ဆမျှ ကွာခြားနေ၏။

“ကျင်းမူလန်ရဲ့ ဒီစစ်သည်တော် ၄ ထောင်က ရွှဲ့ပြည်နယ်ရဲ့ အတော်ဆုံး လက်ရွေးစင် စစ်သည်တွေပဲ။ ဒီကောင်တွေကို သုတ်သင်လိုက်တာနဲ့ နင်ကျန်းလက်ထဲမှာ ငါတို့ ကျုံးမိသားစုကို ယှဉ်နိုင်တဲ့ အင်အားဆိုတာ မရှိတော့ဘူး။”

All Chapters