ပျက်စီးခြင်းမျိုးနွယ်ရဲ့သွေး
Vol. 25 Ch. 368
လမ်းပြလူငယ်၏ ငွေရောင်သွေးက သူ၏ခြေဖျားအောက်မှ နတ်ဘုံ၏မြေဆီလွှာပေါ် ကျဆင်းသွားခဲ့ပြီး နတ်ဘုံမြေပြင်က စုပ်ယူသွားခဲ့သည်။ သွေးစက်က သာမန်မြေပြင်ပေါ် ကျဆင်းသွားခဲ့ခြင်း မဟုတ်ပေ။
နတ်ဘုံ၏မြေဆီလွှာကို ကြည့်နေရင်းဖြင့် ရှန်းထူမိသားစု အကြီးအကဲများ၏ နှလုံးသားများ တင်းကျပ်လာရသည်။
" ပိုင်နက် "
မသေမျိုးနတ်ဘုံထဲမှ တစ်ခုတည်းသော ကျွန်းသည် လမ်းပြလူငယ်၏ ပိုင်နက် ဖြစ်လေ၏။
စစ်သည်များစွာတွင် ကိုယ်ပိုင် ပိုင်နက်များ ရှိကြလေသောကြောင့် ယင်းက မူမမှန်သည့်အရာ မဟုတ်ပေ။ သို့သော် လမ်းပြလူငယ်၏ပိုင်နက်က ထူးခြားသည်မှာ အရှင်းသားပင်။ သူက ထိုပိုင်နက်ကို အသုံးပြုကာ ကျွမ်းကျင်သူခုနစ်ဦးနှင့် တစ်သောင်းဧကရာဇ်ဘုရင်တို့၏ တိုက်ခိုက်မှုများကို ခုခံခဲ့လေသည်။
" ဒီကောင် ဒဏ်ရာရပြီး သွေးထွက်နေပြီ။ ပျက်စီးခြင်းမျိုးနွယ်ရဲ့ သွေးက ငါတို့ လူသားတွေရဲ့သွေးထက် အများကြီးပိုပြီး တန်ဖိုးကြီးတယ်။ သူတို့တွေ သွေးထွက်လာပြီဆိုရင် ဒဏ်ရာအပြင်းအထန် ရသွားတာလို့ ဆိုလိုတာပဲ "
ပျက်စီးခြင်းမျိုးနွယ်၏သွေးကို ဆေးဖော်စပ်၍ ရလေသောကြောင့် သူတို့၏သွေးက တန်ဖိုးကြီးကြောင်း ပြသနေလေသည်။
တစ်သောင်းဧကရာဇ်ဘုရင်က လမ်းပြလူငယ်၏ပါးစပ်မှ စီးကျနေသော သွေးများကိုကြည့်ကာ ပြုံးလိုက်ပြီး..." ငါထင်တာ မမှားဘူးဆိုရင် ငါတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုက မင်းရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ မရဏကောင်းကင်ပြောင်းလဲခြင်းကို လှုပ်ခါမိသွားစေခဲ့တာပဲ။ ပြီးတော့ ငါ့ရဲ့ တစ္ဆေတစ်သောင်းခေါင်းလောင်းကလည်း မင်းရဲ့ဝိညာဥ်ကို ထိခိုက်သွားစေလောက်တယ် "
တစ်သောင်းဧကရာဇ်ဘုရင်က တစ္ဆေတစ်သောင်းခေါင်းလောင်း၏ တိုက်ခိုက်မှူ သက်ရောက်နိုင်စွမ်းကို အလွန်ပင် ယုံကြည်ချက်ရှိသည်။ ချောင်ပိတ်တိုက်ခိုက်ခြင်း ခံရပြီးနောက်တွင် လမ်းပြလူငယ်က ထိခိုက်မှုမရှိဘဲ နေလိမ့်မည်ဟု တစ်သောင်းဧကရာဇ်ဘုရင်က မယုံကြည်ပေ။
" ဒါက အဆုံးသတ်ပဲ... ငါတို့အားလုံး တိုက်ခိုက်ကြမယ် "
" ဒီကောင့်ရဲ့ပိုင်နက်ကို ဖျက်ဆီးပစ်လိုက်ရင် ငါတို့တွေ ဒီကောင့်ကို သတ်လို့ရပြီ။ ဒါဆိုရင် ဒီကောင့်ရဲ့သွေးကိုယူပြီး ဆေးဖော်ပြီးတော့ ကျုပ်တို့တွေ မျှဝေယူလို့ရပြီ "
ရှန်းထူမိသားစုမှ အကြီးအကဲများက တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြသည်။ သူတို့၏ မျက်ဝန်းများထဲတွင် စိတ်ပိုင်းဖြတ်ထားဟန်များ ပေါ်လွင်နေ၏။
ပျက်စီးခြင်းမျိုးနွယ်၏သွေးက တန်ဖိုးကြီးလေပြီး သူတို့အား အဆင့်ချိုးဖျက်နိုင်စေခြင်း မရှိသည့်တိုင်အောင် သူတို့၏ အလားအလာများကို တိုးပွားစေပြီး သက်တမ်းကိုလည်း ရှည်လာစေသည်။
အကြီးအကဲခုနစ်ဦးက ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ဥပဒေသမျိုးစုံ အသုံးပြုခဲ့သည်။ နတ်စွမ်းအားများက ကောင်းကင်ထက်၌ သက်တံ့ပမာရှိနေပြီး လမ်းပြလူငယ်၏ ပိုင်နက်ဆီသို့ တိုးဝင်သွားလေသည်။
ဘုန်း...။
တိုက်ခိုက်မှုက နတ်ဘုံကျွန်းပိုင်နက်ဆီသို့ ကျရောက်သွားလေ၏။
ပိုင်နက် ပြင်းထန်စွာ တုန်ခါသွားလေသည်။ နတ်ဘုံကျွန်းပေါ်ရှိ မက်မွန်ပွင့်များ သွေးမိုးရွာသည့်ပမာ ကြွေကျသွားရသည်။ နှစ်တစ်ထောင်သက်တမ်းရှိသော မက်မွန်ပင်အောက်တွင် ရပ်နေသည့် လမ်းပြလူငယ်က အေးအေးလူလူသာ ရှိနေလေသည်။
အစွမ်းထက်သော အားအင်များက နတ်ဘုံကျွန်းကို တစ်စစီထိုးဖောက်သွားချိန်၌ မြေပြင်တွင် တုန်လှုပ်ဖွယ်ရာ အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။
ပိုင်နက်က ပြိုကျလုဆဲဆဲဖြစ်နေသည်ဟု လူအများ ယုံကြည်သွားကြသည်။ သို့သော် ထိုအခိုက်တွင် လမ်းပြလူငယ်က အရိုးဓားကို လက်ဝါးနှင့်သပ်ကာ သွေးများ သုတ်လိမ်းလိုက်လေ၏။
ရှဲ...ရှဲ...။
ငွေရောင်သွေးများ လောင်ကျွမ်းသွားကာ ပြစ်မျိုးမထင်သော မီးတောက်ဖြူအဖြစ် အသွင်ပြောင်းသွားသည်။
ထိုမီးတောက်ကို အစောပိုင်းက လမ်းပြလူငယ် အသုံးပြုခဲ့လေသည်။ သို့သော် ဤတစ်ကြိမ်တွင် သူ၏သွေးကို လောင်စာအဖြစ် အသုံးပြုထားသည်ဖြစ်၍ စွမ်းအားများကို အစောပိုင်းက မီးတောက်က ယှဥ်၍မရပေ။
ဝေါင်း...။
လမ်းပြလူငယ်၏ ကျောဘက်တွင် ရှေးဦးပျက်စီးခြင်းနတ်သားရဲတစ်ကောင်၏ အော်သံကဲ့သို့ ထွက်ပေါ်လာ၏။ ထိုစွမ်းအားက လမ်းပြလူငယ်၏ ခန္ဓာကိုယ်သို့ ပေါင်းစည်းသွားလေသည်။ သူ အရိုးဓားနှင့် ခုတ်ပိုင်းလိုက်ချိန်တွင် မိုးနှင့်မြေဆက်နွယ်မှုများ ပြိုကျပျက်စီးသွားရ၏။ အကြီးအကဲများ၏ ပူးပေါင်းတိုက်ခိုက်မှုမှ ယွမ်ချီနတ်စွမ်းအားများက လမ်းပြလူငယ်၏ တိုက်ခိုက်မှုကို လုံးဝပင် တားဆီးနိုင်ခြင်းမရှိပေ။
နတ်အလင်း ပြိုကွဲသွားကာ တိုက်ခိုက်မှုအားလုံး ပျောက်ကွယ်သွားလေ၏။ လမ်းပြလူငယ်၏ မီးတောက်ဓားက အတားအဆီးမဲ့ ရှေ့သို့ထိုးဖောက်သွားလေသည်။
အား...။
ရှန်းထူမိသားစုမှ အကြီးအကဲတစ်ဦး အော်ဟစ်လိုက်ရပြီး တင်ပါးအထိ ခုတ်ပိုင်းခံလိုက်ရ၏။ အဖြူရောင်မီးတောက်က ထိုအကြီးအကဲ၏ သွေးများကို ပြာဖြစ်သည်အထိ လောင်ကျွမ်းသွားလေသည်။
" ဘယ်လို "
အခြားအကြီးအကဲများ ချောက်ချားသွားကြ၏။ သူတို့သည် လမ်းပြလူငယ် အားကုန်သွားပြီဟု ထင်မိခဲ့ပြီး ထပ်မံကာ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။ ယခုတွင်မူ ဒဏ်ရာရထားသည့် လမ်းပြလူငယ်၏စွမ်းအားက ပိုမို၍ပင် ကြောက်မက်ဖွယ်ကောင်းလာ၏။
လမ်းပြလူငယ်က တစ်သောင်းဧကရာဇ်ဘုရင်အား ပုံရိပ်ယောင်အရိုးဓားနှင့် ထိုးလိုက်သည်။
တစ်သောင်းဧကရာဇ်ဘုရင်က..." မင်းက ငါ့ကိူ တိုက်ခိုက်ဖို့အတွက် မင်းရဲ့ ပျက်စီးခြင်းသွေးကို သုံးဖို့တောင် မတွန့်ဆုတ်တော့ဘူးလား။ ဒါက လူသားတစ်ဦးကို ကယ်တင်ဖို့အတွက်လား။ ဒါက ထိုက်တန်ရဲ့လား "
လမ်းပြလူငယ်က ငြိမ်သက်နေမြဲပင်။ ဓားထံမှ ထွက်ပေါ်နေသော မီးတောက်များက နတ္ထိခွင်ကိုပင် လောင်ကျွမ်းသွားစေသည်။ ထိုမီးတောက်များက မှော်စာလုံးမျဥ်းများ ဖြစ်ပေါ်လာသည့်ပမာပင်။
ယင်းသည် လူတစ်ဦး၏ မီးဥပဒေသက အဆုံးစွန်အထိ ရောက်ရှိသွားချိန်တွင် ဖြစ်ပေါ်လာသည့် အစီရင်မှော်စာလုံးမျဥ်းများ ဖြစ်လေ၏။ ယင်းသည် ကောင်းကင်နှင့်မြေကြီး မဟာတာအိုကို ကိုယ်စားပြုလေ၏။
" ဆက်ခံသူက ငါ့ကို ကတိတစ်ခု ပေးထားတယ်။ အပြန်အလှန်အနေနဲ့ ငါ့ရဲ့ကတိကို သေချာပေါက် တည်ပေးရမယ် " လမ်းပြလူငယ်က တည်ငြိမ်စွာ ဆိုလိုက်သည်။
လမ်းပြလူငယ်က ဤတိုက်ခိုက်မှုတွင် စွမ်းအားအကုန် သုံးထားလေ၏။ ကောင်းကင်တွင် ကျောက်စိမ်းပမာ အဖြူရောင်အလင်းတန်းတစ်ခု တောက်ပသွားလေ၏။ ထိုအလင်းက မိုးကုတ်စက်ဝိုင်းအထိ ဖြန့်ကျတ်နေပြီး အဆုံးမရှိပုံပင်။
အဖြူရောင်မီးတောက်များ လောင်ကျွမ်းနေကာ ကောင်းကင်ထက်တွင် တဖျစ်ဖျစ်မြည်သံများ ထွက်ပေါ်နေ၏။ ယင်းသည် ရှေးဟောင်းအချိန်မြစ် နောက်ပြန်ဆုတ်သွားသည့်အလားပင်။
ဆူနာမီကဲ့သို့ တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရချိန်တွင် တစ်သောင်းဧကရာဇ်ဘုရင်၏ မျက်နှာသည် ခက်ထန်ကြမ်းတမ်းနေ၏။ သူ အားကုန်ထုတ်ရတော့မည်ကို သိသည်။ ထိုသို့သာမဟုတ်ပါက လမ်းပြလူငယ်သည် သူ့အား သတ်သွားပေလိမ့်မည်။
ဝေါင်း...။
သူ၏ခန္ဓာကိုယ်ထဲမှ သားရဲအော်သံတစ်ခု ထွက်ပေါ်လာ၏။ သူ၏ ဆွေးမြေခြောက်ကပ်နေသော အရေပြားများ ကြွတက်လာသည်။ ရုတ်ခြည်းမှာပင် သေခြင်းအရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာသည်။ တစ်သောင်းဧကရာဇ်ဘုရင်၏ ခန္ဓာကိုယ်ထဲမှ အနီရောင်အရိုးစုတစ်ခု တိုးထွက်လာ၏။ အရိုးစုက ဟိန်းဟောက်ကာ လမ်းပြလူငယ်ဆီသို့ ပြေးဝင်သွားလေသည်။
တစ်ချိန်တည်းမှာပင် တစ်သောင်းဧကရာဇ်ဘုရင်က လမ်းပြလူငယ်ဆီသို့ တစ္ဆေတစ်သောင်းခေါင်းလောင်း ပစ်လွှတ်လိုက်လေ၏။ တောင်တစ်လုံးပမာ ခေါင်းလောင်းသည် လမ်းပြလူငယ်ဆီသို့ ပျံသန်းသွားလေ၏။
တစ်သောင်းဧကရာဇ်ဘုရင်၏ ဝိညာဥ်တိုက်ခိုက်မှု ပေါင်းစည်းထားသော ရှုထောင့်ပုံရိပ်သည် ခန္ဓာကိုယ်ထဲမှ ပြေးထွက်သွားလေပြီး တစ်ချိန်တည်းမှာပင် ယွမ်ချီအားလုံးကို ခေါင်းလောင်းကြီးထဲသို့ ထိုးသွင်းထားလေသည်။ တိုက်ခိုက်မှုနှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းထားခြင်းဖြစ်ပြီး ယင်းက တစ်သောင်းဧကရာဇ်ဘုရင် အသုံးပြုနိုင်သည့် အားအကောင်းဆုံး တိုက်ခိုက်မှု ဖြစ်လေ၏။
လမ်းပြလူငယ်၏ဓားက မည်မျှပင် ထက်မြနေပါစေ ဤအသေသတ်တိုက်ကွက်ကို ဖျက်ဆီးနိုင်မည်မဟုတ်ဟု သူ ယုံကြည်ထားသည်။
လမ်းပြလူငယ်၏ မျက်နှာထက်တွင် အေးစက်သောအမူအရာ ဖြစ်ပေါ်သွား၏။ သူ လက်ဝါးနှင့် တိုက်ခိုက်ခဲ့လေပြီး တစ်ချိန်တည်းမှာပင် လက်ဝါးမှ သွေးကြောများကို ပေါက်ပြဲသွားစေလိုက်ရာ သူ၏သွေးအချို့ ပေါက်ထွက်လာသည်။
လမ်းပြလူငယ်၏လက်ဝါးက သွေးလက်ဝါးအဖြစ် ပြောင်းလဲသွား၏။
ဒေါင်...။
လက်ဝါးက ခေါင်းလောင်းကြီးကို တိုက်ရိုက်ထိမှန်သည်။ လူသားအရှင်သခင်နယ်ပယ် ဝိညာဥ်တစ်သောင်း ပါဝင်နေသည့် ခေါင်းလောင်းကြီး တုန်ခါသွားသည်။ ထူထဲလေးလံလှသော ခေါင်းလောင်းပေါ်တွင် လက်ဝါးပုံရိပ်တစ်ခု ရှင်းလင်းပီသစွာ ထွက်ပေါ်လာ၏။
ခေါင်းလောင်းပေါ်တွင် လမ်းပြလူငယ်၏ ငွေရောင်သွေးများ ကျန်ရစ်ခဲ့သည်။ ခေါင်းလောင်း၏သတ္တု အရည်ပျော်ကျသွားလေ၏။ လမ်းပြလူငယ်၏သွေးက ခေါင်းလောင်းပေါ်တွင် အပေါက်တစ်ခုဖြစ်အောင် လောင်ကျွမ်းသွားလေသည်။
ယင်းသည် မဟာဧကရာဇ်နယ်ပယ် ပျက်စီးခြင်းမျိုးနွယ်ဝင်၏ ကြောက်မက်ဖွယ်ရာစွမ်းအား ဖြစ်လေ၏။
ဂါး...ဂါး...ဂါး...။
မီးတောက်များ လောင်ကျွမ်းနေခြင်းကြောင့် ဝိညာဥ်များ နာကျင်စွာ အော်ဟစ်ကြလေ၏။ ယင်းသည် တစ္ဆေတစ်သောင်းခေါင်းလောင်းထဲတွင် ပိတ်လှောင်ခံထားရသည့် ညှဥ်းပန်းခံဝိညာဥ်များ ဖြစ်လေသည်။ ဝိညာဥ်များသည် လောင်ကျွမ်းခံနေရကာ အဆက်မပြတ်ပင် ပြာကျနေလေ၏။
" ငါ့ရဲ့ တစ္ဆေတစ်သောင်းခေါင်းလောင်းထဲက ဝိညာဥ်တွေကို လောင်ကျွမ်းပစ်နေတာလား "
တစ်သောင်းဧကရာဇ်ဘုရင်၏ မျက်ဝန်းများ နီရဲသွားလေ၏။ သို့သော် လက်ရှိတွင် သူက စွမ်းအင်မရှိလေသောကြောင့် ယင်းအရာကို တားနိုင်စွမ်းမဲ့နေသည်။
လမ်းပြလူငယ်က ခေါင်းလောင်းကို လက်တစ်ဖက်ဖြင့် တွန်းဖယ်ပစ်လိုက်ပြီး ပုံရိပ်ယောင်အရိုးဓားကို ပင့်မြောက်ကာ ဆက်လက်ခုတ်ပိုင်းသည်။
ဂါး...။
သွေးအရိုးစုက ဟစ်အော်ကာ လမ်းပြလူငယ်ကို ကိုက်လေသည်။ ထိုသွေးအရိုးစုက တစ်သောင်းဧကရာဇ်ဘုရင်၏ ရှုထောင့်ပုံရိပ် ဖြစ်လေ၏။ သွေးအရိုးစုက လူတစ်ဦး၏ဝိညာဥ်ကို ဝါးမျိုနိုင်သည်။ ၎င်းကိုသာ လူအုပ်ထဲတွင် လွတ်လပ်စွာသွားခွင့်ပေးလိုက်ပါက လူအများ၏ ဝိညာဥ်များ ဝါးမျိုခံရမည်ဖြစ်ပြီး လမ်းလျှောက်နေသော ဖုတ်ကောင်များပမာ ဖြစ်သွားကြပေလိမ့်မည်။
သို့သော် လမ်းပြလူငယ်က ရှောင်တိမ်းခြင်းမပြုဘဲ ဓားနှင့်အတူ ရှေ့တက်သွားသည်။ သူ၏တစ်ကိုယ်လုံး ဓားအလင်းတစ်ခုအဖြစ် ပြောင်းလဲသွားလေ၏။ လက်ရှိအချိန်၌ သူကိုယ်တိုင်က ပြိုင်ဘက်ကင်း နတ်ဓားတစ်လက် ဖြစ်သွားသည့်အလားပင်။
ကြောက်မက်ဖွယ်ရာ ဓားဆန္ဒက လမ်းပြလူငယ်၏ဝိညာဥ်ကို ကာကွယ်ပေးထားသည်။ သူ၏အသွေးအသားက ဓား ၊ သူ၏ဝိညာဥ်က ဓား ၊ သူ၏ဓားတာအိုက အဟန့်အတားမရှိဘဲ မိုးကောင်းကင်အောက်မှ အရာအားလုံးကို ဖိနှိမ်နိုင်သည်။
" ပျက်စီးစမ်း "
လမ်းပြလူငယ်က ဟစ်အော်လိုက်သည်။ သူ၏သွေးများက ပုံရိပ်ယောင်အရိုးဓားပေါ်တွင် လောင်ကျွမ်းနေပြီး မဟာတာအိုဇာစ်မြစ် မှော်စာလုံးမျဥ်းများအဖြစ် ဖွဲ့စည်းသွားလေ၏။
ရွှတ်...။
ဓားသည် သွေးအရိုးစုကို ထိုးဖောက်သွားပြီး တစ်သောင်းဧကရာဇ်ဘုရင်ဆီသို့ ရောက်ရှိသွားသည်။ ကျောက်စိမ်းနှင့်တူသော အရိုးဓားက တစ်သောင်းဧကရာဇ်ဘုရင်နှင့် သုံးပေခန့်ပင် မဝေးတော့ပေ။
" မင်းက ငါ့ရဲ့ သွေးအရိုးစုကို ထိပ်တိုက်ထိုးဖောက်သွားတာလား "
တစ်သောင်းဧကရာဇ်ဘုရင်၏မျက်နှာ မဲ့ရှုံ့နေလေ၏။ သူ ရှောင်တိမ်းရန် မဖြစ်နိုင်တော့လေသောကြောင့် လက်သည်းဆန့်ထုတ်ကာ လမ်းပြလူငယ်၏လည်ပင်းကို ကုတ်လိုက်လေသည်။
သူသည် လမ်းပြလူငယ်က တိုက်ခိုက်မှုကို ရုတ်သိမ်းကာ ဒဏ်ရာချင်းဖလှယ်သည်ကို ခုခံလိုက်မည်အား လိုချင်ခဲ့သည်။ သို့သော် လမ်းပြလူငယ်က ရှောင်တိမ်းခြင်းမပြုဘဲ ဓားနှင့်ထိုးလာ၏။ သူ ဓားထုတ်လိုက်သည်နှင့် မဖြစ်မနေပင် သွေးသောက်ရမည်။
ရွှတ်...။
အရိုးဓားက တစ်သောင်းဧကရာဇ်ဘုရင်၏ နှလုံးကို ထိုးစိုက်သွားလေ၏။ အဖြူရောင်မီးတောက်များက တစ်သောင်းဧကရာဇ်ဘုရင်၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားကာ သွေးကြောအားလုံးဆီသို့ ပျံ့နှံ့သွားပြီး ပြာဖြစ်သည်အထိ လောင်ကျွမ်းလေသည်။
တစ်ချိန်တည်းမှာပင် တစ်သောင်းဧကရာဇ်ဘုရင်က ထူးဆန်းစွာ အော်ဟစ်ခဲ့လေပြီး သူ၏လက်သည်းက လမ်းပြလူငယ်၏ရင်ဘက်အား ထိုးဖောက်သွားသည်။
လမ်းပြလူငယ်၏ခန္ဓာကိုယ်တွင် အပေါက်ကြီးတစ်ခု ဖြစ်သွားရပြီး အနက်ရောင်အငွေ့များ ထွက်လာသည်။ တစ်သောင်းဧကရာဇ်ဘုရင်၏ လက်သည်းများတွင် အဆိပ်ပါလေ၏။
သို့သော် လက်သည်းများက လမ်းပြလူငယ်၏နှလုံးကို ဖမ်းဆုပ်မိခဲ့ခြင်း မရှိပေ။ လမ်းပြလူငယ်၏ ဓားပေါ်မှ ပျက်စီးခြင်းသွေး မီးတောက်များက တစ်သောင်းဧကရာဇ်ဘုရင်၏ ယွမ်ချီအားလုံးကို လောင်ကျွမ်းပစ်ကာ အသက်ရှင်နိုင်ရန် အခွင့်အလမ်းအားလုံးကို ဖျက်ဆီးပစ်ခဲ့လေသည်။
ရွှတ်...။
ဓားအား ရှေ့သို့လွှဲယမ်းလိုက်ရာ တစ်သောင်းဧကရာဇ်ဘုရင်၏ ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားလေ၏။
တစ်သောင်းဧကရာဇ်ဘုရင်၏အလောင်း နှစ်ပိုင်းပြတ်သွားကာ ယွမ်ချီအကာအကွယ် မရှိတော့လေသောကြောင့် လမ်းပြလူငယ်၏ မီးတောက်များက ပြာဖြစ်သည်အထိ လောင်ကျွမ်းသွားလေသည်။
ကြောက်မက်ဖွယ်ကောင်းသည့် ဧကရာဇ်တစ်ပါးသည် ဤပုံစံအတိုင်း သေဆုံးသွားခဲ့ရလေ၏။
ကောင်းကင်ထက်၌ ပြာများ ကျဆင်းလာပြီး ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်ကို ကြည့်နေရင်းဖြင့် ရှန်းထူမိသားစုမှ အကြီးအကဲများ ထိတ်လန့်နေကြသည်။
ယင်းသည် ပျက်စီးခြင်းမျိုးနွယ် မဟာဧကရာဇ်တစ်ပါး၏သွေး ဖြစ်လေပြီး သွေးစွမ်းအားကပင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလေ၏။ ယင်းကြောင့်ပင် လူသားမျိုးနွယ်ဝင်များက ပျက်စီးခြင်းမျိုးနွယ်၏သွေးကို တန်းတန်းစွဲ လိုချင်နေကြခြင်း ဖြစ်လေသည်။
သို့သော် ပျက်စီးခြင်းမျိုးနွယ်၏သွေးက ဆေးဖော်နိုင်သည်သာမက တစ်စုံတစ်ယောက်ကို သတ်ရန်လည်း အသုံးပြုနိုင်သည်။
လမ်းပြလူငယ်၏မျက်နှာ ဖြူလျော်နေသည်။ သူ၏ခန္ဓာကိုယ်တွင် အပေါက်ဆယ်ခု ရှိနေလေပြီး ငွေရောင်သွေးများ ကျဆင်းနေသည်။ လက်ရှိအချိန်၌ သွေးများက ညစ်ထေးနေ၏။
တစ်သောင်းဧကရာဇ်ဘုရင် အသုံးပြုခဲ့သည့် အဆိပ်က သာမန်မဟုတ်ပေ။ ထိုအဆိပ်ကို အဆိပ်ဥပဒေသအား ဖွဲ့စည်းကာ ဖော်စပ်ထားခြင်း ဖြစ်လေ၏။ ထိုအဆိပ်က ပျက်စီးခြင်းမျိုးနွယ် မဟာဧကရာဇ်၏ သွေးကိုပင် တိုက်စားနိုင်နေဆဲ ဖြစ်လေသည်။
" လမ်းပြလူငယ်က မဟာဧကရာဇ်တစ်ပါးကို သတ်လိုက်ပြီ "
တိုင်အာနတ်ပြည်ထောင်ဘက်မှ ချူဘုရင်နှင့် အခြားသူများ ထိတ်လန့်ချောက်ချားသွားကြသည်။
ဤသည်က ကြောက်မက်ဖွယ်ရာ ကိစ္စတစ်ခု ဖြစ်လေသည်။ ယနေ့သည် ချူစီရင်စုမြို့အတွက် အမြဲတမ်း မှတ်မိနေတော့မည့် နေ့ရက်တစ်ခု ဖြစ်လေ၏။ သူတို့၏ ချူစီရင်စုမြို့ထဲတွင် မဟာဧကရာဇ်တစ်ပါး အမှန်တကယ် သေဆုံးသွားခဲ့သည်။
မဟာဧကရာဇ်ဆိုသည်မှာ တိုင်အာနတ်ပြည်ထောင်အတွက် ဒဏ္ဍာရီတစ်ခု ဖြစ်လေသည်။ မဟာဧကရာဇ်တစ်ပါးကို မြင်တွေ့ခွင့်ရရန်မှာ ကြုံတောင့်ကြုံခဲဖြစ်သော်လည်း ယနေ့တွင်မူ မဟာဧကရာဇ်တစ်ပါး သေဆုံးသွားခဲ့သည်။ ထို့အပြင် မဟာဧကရာဇ်တစ်ပါး သေဆုံးသွားသည်ကို သူတို့၏ မျက်ဝန်းများနှင့် တပ်အပ်မြင်တွေ့ခဲ့ကြရလေ၏။
လမ်းပြလူငယ်ကို ပြန်ကြည့်လိုက်ချိန်တွင် သူ၏ အစိမ်းရောင်အဝတ်များက သွေးစွန်းနေပြီး သူ၏ပုံစံက ဖြူလျော်နေသည်။ သူက အဆိပ်မိထားကာ အကန့်အသတ်သို့ ရောက်ရှိနေဟန်ပြီး လေထဲတွင် ယိမ်းနွဲ့နေသော ဆီမီးပမာ ဖြစ်နေသည်။
သူက ဆက်ပြီး တိုက်ခိုက်ဦးမှာလား။
ချူဘုရင်၏စိတ်ထဲတွင် ထိုမေးခွန်း ဖြစ်ပေါ်လာ၏။ မတူသောအဖွဲ့မှ ဖြစ်နေသော်လည်း လမ်းပြလူငယ်၏ ပြိုင်စံရှားသော ခမ်းနားကြီးကျယ်မှုကို ချူဘုရင်က လုံးလုံးလျားလျားပင် အထင်ကြီးမိသည်။
ယင်းအရာအားလုံးက လမ်းပြလူငယ်၏ ပြိုင်ဘက်ကင်းပါရမီကြောင့် ဖြစ်လေသည်။