← Chapters

အခန်း (၁၁၉)

Vol. 12 Ch. 119

အခန်း (၁၁၉)

Vol. 12 Ch. 119

လူတိုင်း ဒူးထောက်လိုက်ကြပြီးနောက်တွင် တုပိုင်သည် နောက်ဆုံး၌ မင်းသမီးယွီကျိန်းကို မြင်တွေ့လိုက်ရသည်။

ခဏတာမျှ သူတို့ ဆွံ့အသွားကြသည်။

ဤကမ္ဘာတွင် တုပိုင်သည် ရွှဲ့ကွမ်ရင်၊ ချွေ့ဖိန်ထင်နှင့် ကျူးယွီရွှမ် အစရှိသော အလှပဂေးများနှင့် တွေ့ဆုံခဲ့ဖူးသည်။ သူတို့အားလုံးသည် ထူးခြားသော အလှပဂေးများ ဖြစ်ကြပြီး ထိပ်တန်း ခန္ဓာကိုယ်အချိုးအစားများကို ပိုင်ဆိုင်ထားကြသည်။

သို့သော် သူ၏ရှေ့မှောက်တွင် ရှိနေသော မင်းသမီးဆုန်ယွီကျိန်း၏ ခန္ဓာကိုယ်အချိုးအစားကိုမူ ပေါက်ကွဲထွက်မတတ် ဆွဲဆောင်မှုရှိသည်ဟုသာ တင်စားရပေမည်။

သို့သော် သူမ၏ ရုပ်ရည်အသွင်အပြင်ကို မည်သို့ ဖော်ပြရပါမည်နည်း။ သူမ၏ မျက်ဝန်းများသည် ရေခဲတမျှ အေးစက်နေပြီး နှုတ်ခမ်းများသည် မီးလျှံကဲ့သို့ ရဲရဲတောက်နေသည်။

နှာတံသည် ကျောက်စိမ်းကဲ့သို့ ချောမွတ်ပြီး ပါးပြင်များသည် နှင်းကဲ့သို့ ဖြူဖွေးနေသည်။ အေးစက်ခြင်းနှင့် လှပခြင်း။ ကြမ်းတမ်းခြင်းနှင့် ဆွဲဆောင်မှုရှိခြင်း။ ဤဆန့်ကျင်ဘက် အရည်အသွေးများသည် သူမ၏ မျက်နှာပေါ်တွင် ပြီးပြည့်စုံစွာ အတူယှဉ်တွဲ တည်ရှိနေကြသည်။

ထို့ပြင် သူမသည် သွေးနှောတစ်ဦး ဖြစ်သည်။ သူမ၏ ရင်သပ်ရှုမောဖွယ် မျက်နှာသည် အရှေ့တိုင်း အလှတရားနှင့် အနောက်တိုင်း ရုပ်သွင်ပြင် နှစ်မျိုးစလုံး ပိုင်ဆိုင်ထားသည်။

သူမသည် မင်းသမီးနင်းရွှဲ့ကဲ့သို့ပင် မာနကြီးသော်လည်း ရင်းနှီးဖော်ရွေမှုမျိုး လုံးဝ မရှိပေ။ သူမ၏ လက်ရာမြောက်သော မျက်နှာပြင် တစ်လက်မတိုင်းသည် အေးစက်သော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။

မင်းသမီးယွီကျိန်း၏ အလှတရားသည် တကယ့် မီးလျှံတစ်ခုကဲ့သို့ ရန်လိုမှု ပြင်းထန်ပြီး။ တည့်တည့်ကြည့်ရန် မဖြစ်နိုင်လောက်အောင် ဖမ်းစားနိုင်စွမ်း ရှိလှသည်။

ဥပမာအားဖြင့် ချွေ့နျန်သည် မင်းသမီးယွီကျိန်း၏ အကြည့်အောက်တွင် လုံးဝ မလှုပ်ရှားနိုင်တော့ချေ။

မင်းသမီးယွီကျိန်းသည် မြေပြင်ပေါ်တွင် ဒူးထောက်နေကြသော လူများကို လျစ်လျူရှုကာ ပညာရေးမှူး ဝူစန်းရှီထံသို့ မြင်းစီးလျက် တိုက်ရိုက် သွားရောက်ပြီးနောက် မြင်းပေါ်မှ ခုန်ဆင်းလိုက်သည်။

“ဦးလေး။ ကျွန်မကို တွေ့တိုင်း ဒူးမထောက်ပါနဲ့လို့ ပြောထားတယ် မဟုတ်လား။” မင်းသမီးယွီကျိန်းက ပြောလိုက်သည်။

ဝူစန်းရှီက ပြောလိုက်သည်။

“မင်းသမီးက ကျန်းနန်နယ်စားမင်းရဲ့ သမီးတော် ဖြစ်ပေမဲ့ အရှင်မင်းကြီး ကိုယ်တိုင် ခန့်အပ်ထားတဲ့ မင်းသမီးတစ်ပါးလည်း ဖြစ်နေတော့ သင့်လျော်တဲ့ ဓလေ့ထုံးတမ်းတွေကို လျစ်လျူရှုလို့ မရပါဘူး။”

မင်းသမီးဆိုသည်မှာ တန်ဖိုးရှိချင်လည်း ရှိမည်။ တန်ဖိုးမဲ့ချင်လည်း မဲ့နေတတ်သည်။ မင်းသားတစ်ပါး၏ သမီးတော်သည်လည်း မင်းသမီး ဖြစ်သော်လည်း အိမ်မှပင် အပြင်မထွက်နိုင်သဖြင့် တန်ဖိုးမဲ့နေတတ်သည်။

မင်းသမီးဆုန်ယွီကျိန်းသည် မင်းသမီးနင်းရွှဲ့နှင့်အတူ ကြီးပြင်းလာခဲ့ပြီး နင်ဇောင်ဝူထံမှ သိုင်းပညာ သင်ယူခဲ့သဖြင့် နှစ်ဦးစလုံးသည် သိုင်းပညာတွင် အလွန် ကျွမ်းကျင်ကြသည်။

မင်းသမီးနင်းရွှဲ့သည် စစ်ဘက်ဆိုင်ရာ အာဏာရရှိရန် ရုန်းကန်နေရချိန်တွင် မင်းသမီးယွီကျိန်းအတွက်မူ လွယ်ကူနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ ဖခင်ဆုန်ချွဲသည် အရပ်ဘက်နှင့် စစ်ဘက် အရာရှိများ၏ ပြည်တွင်းပဋိပက္ခများကို လျစ်လျူရှုပြီး သူမအား စစ်သည် ငါးထောင် တိုက်ရိုက် ပေးအပ်ထားသောကြောင့် ဖြစ်သည်။

ထို့ကြောင့် သူမ၏ အဆင့်အတန်းသည် မင်းသားတစ်ပါး၏ သမီးတော်ထက် များစွာ သာလွန်ရုံသာမက တော်ဝင်မိသားစုမှ သာမန် မင်းသမီးတစ်ပါးထက်ပင် ကျော်လွန်နေသည်။

“ယွီကျိန်းက ဦးလေးကို ကိစ္စရှိလို့ လာတွေ့တာလား။” ပညာရေးမှူး ဝူစန်းရှီက မေးလိုက်သည်။

ဆုန်ယွီကျိန်းက ပြောလိုက်သည်။

“လမ်းကြုံလို့ ဦးလေးကို ဝင်တွေ့တာပါ။”

ထို့နောက် သူမသည် ဝူစန်းရှီ၏ တရားဝင် နေအိမ်ထဲသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။ ဧည့်သည်တစ်ယောက်အနေဖြင့် အိမ်ရှင်ကို ရှေ့မှ သွားခွင့်ပြုသင့်သော်လည်း သူမသည် အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြင်းထန်ပြီး ရှေ့ဆုံးမှ သွားရဲသူ ဖြစ်သည်။

ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် မင်းသမီးယွီကျိန်းသည် သူမ၏ နွဲ့နှောင်းသော ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး ချွေ့နျန်ကို လျှပ်စီးကဲ့သို့ူး မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။

“လောင်းကြေးဆိုတာ လောင်းကြေးပဲ။ ကတိမတည်ဘဲ လေလုံးထွားတဲ့သူတွေကို ကျွန်မ အမုန်းဆုံးပဲ။ ကျွန်မ ပြန်ထွက်လာတဲ့အချိန်ထိ ရှင့်ကတိကို မတည်ရသေးရင် ရှင့်ကို သင်းကွပ်ပြီး မိန်းမစိုးဂိုဏ်းဝင် ဖြစ်အောင် လုပ်ပစ်မယ်။”

ထိုသို့ ပြောပြီးသည်နှင့် သူမသည် ပညာရေးမှူး၏ နေအိမ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားပြီး လူတိုင်း၏ မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။

ဤအမျိုးသမီးသည် တကယ့်ကို တရားမျှတမှု စိတ်ဓာတ်များ ပေါက်ကွဲနေပြီး လူသတ်လိုသော အရှိန်အဝါများလည်း ပြည့်နှက်နေသည်။

မင်းသမီးယွီကျိန်း ထွက်သွားပြီးနောက် မြေပြင်တွင် ဒူးထောက်နေကြသော ဖြေဆိုသူများသည် တစ်ယောက်ပြီး တစ်ယောက် ထရပ်လိုက်ကြကာ သက်ပြင်းချလိုက်ကြသည်။

သူမသည် မျက်စိကျိန်းလောက်အောင် တောက်ပလွန်းပြီး သူမ၏ အရှိန်အဝါသည် ဓားသွားကဲ့သို့ ထက်ရှသဖြင့် အသက်ရှူရန်ပင် ခက်ခဲစေသည်။ သူမ ထွက်သွားသောအခါ ဆုံးရှုံးသွားသလို ခံစားရသော်လည်း စိတ်သက်သာရာ ရသွားသလိုလည်း ခံစားလိုက်ကြရသည်။

ကျန်းနန်နယ်စားမင်း ဆုန်ချွဲ၏ သမီးတော် ဖြစ်ရခြင်းမှာ အံ့သြစရာ မဟုတ်ပေ။ သူတို့တွင် တူညီသော စိတ်နေသဘောထား ရှိကြသည်။

**--**--**--**--**--**--**--**

တုပိုင်သည် ချွေ့နျန်ကို ကြည့်ပြီး ပြောလိုက်သည်။ “လောင်းကြေးဆိုတာ လောင်းကြေးပဲ။ မင်း ကတိတည်သင့်တယ်။”

ချွေ့နျန် အံကြိတ်လိုက်သည်။ သူ့နှလုံးသားထဲတွင် ရုန်းကန်နေရမှုများ ပြည့်နှက်နေသည်။ အကယ်၍ သူသာ ဒူးထောက်ပြီး ချွေ့ဖိန်ထင်သည် အဓိပ္ပာယ်မရှိ၊ အရှက်မရှိ၊ ကာမဂုဏ်လိုက်စားသူ ဖြစ်သည်ဟု အော်ဟစ်လိုက်ပါက ချွေ့မိသားစုအတွင်း သူ၏ အနာဂတ် လုံးဝ ပျက်စီးသွားပေလိမ့်မည်။

သို့သော် သူ ဒူးမထောက်ပါက မင်းသမီးဆုန်ယွီကျိန်း ပြန်ထွက်လာသောအခါ သူ့ကို တကယ် သင်းကွပ်ပေလိမ့်မည်။ ဤမင်းသမီးသည် ပြောစကားအတိုင်း လုပ်ဆောင်တတ်သော အမျိုးသမီး ဖြစ်ပြီး သူမ သင်းကွပ်ခဲ့သော အမျိုးသား အရေအတွက်မှာ ၁၀၀ ထက် မနည်းတော့ပေ။ သေချာပေါက် သူမ သတ်ဖြတ်ခဲ့သော အမျိုးသား အရေအတွက်က ပို၍ များပြားသည်။

ထို့ကြောင့် ချွေ့နျန်သည် မျက်လုံးများကို မှိတ်လိုက်ပြီး ဒူးထောက်ကာ တုပိုင်ကို သုံးကြိမ် ဦးချလိုက်ပြီးနောက် ပြောလိုက်သည်။

“ချွေ့ဖိန်ထင်က အဓိပ္ပာယ်မရှိဘူး။ အရှက်မရှိဘူး။ ကာမဂုဏ်လိုက်စားတယ်။”

ထိုစကားလုံးများသည် ပရိသတ်အားလုံးကို ဆူညံသွားစေသည်။ ဤစကားများသည် ချွေ့ဖိန်ထင်၏ ဂုဏ်သိက္ခာကို ပျက်စီးစေပြီး သူမ၏ စေ့စပ်ထားသူ ဘက်ကပင် လက်ထပ်ပွဲကို ဖျက်သိမ်းကောင်း ဖျက်သိမ်းနိုင်လေသည်။

တုပိုင်သည် ချွေ့နျန်ကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။

“မင်းက တကယ့်ကို သတ္တိကြောင်တဲ့ကောင်ပဲ။ ငါက ဒူးထောက်ခိုင်းတာနဲ့ မင်းက တကယ် ဒူးထောက်တယ်။ မင်းမှာ ကျောရိုးမရှိဘူး။”

ချွေ့နျန် ဒေါသထွက်သွားသည်။ “ချန်ဖိန်။ မင်း သိပ် ဘဝင်မမြင့်နဲ့။”

ချွေ့နျန် မတ်တတ်ရပ်လိုက်ပြီး တုပိုင်ကို နာကြည်းစွာ ကြည့်လျက် လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“မင်း ဒါကို မှတ်ထား။ ငါ လက်စားချေမယ်။ ချွေ့မိသားစုရဲ့ လက်စားချေမှုက မကြာခင် ရောက်လာလိမ့်မယ်။ မင်းတစ်မိသားစုလုံး အမှုန့်ချေခံရအောင် ငါလုပ်မယ်။ ပြီးတော့ မင်းရဲ့ ညီမလင်းရွှမ်ရွှမ်ကို အသက်မရှင်ချင်တော့အောင် လုပ်ပြစ်မယ်။”

ထို့နောက် ချွေ့နျန်သည် ခက်ထန်စွာဖြင့် နောက်လှည့်ပြီး ထွက်ခွာသွားလေသည်။

**--**--**--**--**--**--**--**

ချွေ့ဖိန်ထင်သည် စာမေးပွဲခန်းမနှင့် မျက်နှာချင်းဆိုင်ရှိ တည်းခိုခန်း ခေါင်မိုးပေါ်မှနေ၍ အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။

ချန်ဖိန် ပထမ ရသွားသည်။ မင်းသမီးယွီကျိန်း၏ လွှမ်းမိုးထားသော အရှိန်အဝါသည် ကွင်းပြင်တစ်ခုလုံးကို ထိန်းချုပ်ထားသည်။ နောက်ဆုံးတွင် သူမ၏ မောင် ချွေ့နျန်သည် မြေကြီးပေါ်တွင် ဒူးထောက်ပြီး ချန်ဖိန်ကို ဦးချကာ ချွေ့ဖိန်ထင်သည် ကာမဂုဏ်လိုက်စားသည်။ အရှက်မရှိသည်။ ဖောက်ပြန်သည်ဟု အော်ဟစ်ခဲ့သည်။

ချက်ချင်းပင် ချွေ့ဖိန်ထင်သည် ဒေါသထွက်လွန်းသဖြင့် သွေးအန်လုနီးပါး ဖြစ်သွားသည်။ လွန်ခဲ့သော အကြိမ်က တုပိုင်သည် သူမနှင့် သူမ၏ စီနီယာအစ်ကိုတို့ ဖောက်ပြန်နေသည်ကို မိသွားခဲ့ရာ အသိုင်းအဝိုင်း ကျဉ်းကျဉ်းလေး အတွင်းတွင် သူမ၏ ဂုဏ်သိက္ခာ ထိခိုက်ခဲ့ပြီး ဖြစ်သည်။

သို့သော် လင်းမိသားစုသည် မသိသလို ဟန်ဆောင်ကာ မလိုလားသော်လည်း လက်ထပ်ရန် သဘောတူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အရပ်ဘက် အရာရှိနှင့် စစ်ဘက် အုပ်စုကြား လက်ထပ်မဟာမိတ် ပြုလုပ်ခြင်း ဖြစ်သောကြောင့် ဖြစ်သည်။

ဤကိစ္စ ဖြစ်ပျက်ပြီးနောက်တွင်မူ သူမ၏ ဂုဏ်သိက္ခာသည် တကယ် ပျက်စီးသွားပြီ ဖြစ်ပြီး အချိန်တိုအတွင်း ကွမ်ရှီးပြည်နယ် တစ်ခုလုံးသို့ ပျံ့နှံ့သွားပေလိမ့်မည်။

ဤတစ်ခါတော့ လင်းမိသားစုက လက်ထပ်ပွဲကို သေချာပေါက် ဖျက်သိမ်းပေလိမ့်မည်။ စေ့စပ်ထားသူ လင်းပီ အတွက် ကိုယ်ဝန်ရှိနေသော မိန်းမကို ယူရခြင်းသည် အခြားသူများ မသိသရွေ့ ကိစ္စကြီး မဟုတ်ပေ။

သို့သော် လူတိုင်းက သူ ဖောက်ပြန်ခံရမှန်း သိသွားလျှင်မူ လက်ထပ်ပွဲကို ဖျက်သိမ်းရန်မှတပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

“အားးး။ အားးး။”

ချွေ့ဖိန်ထင်သည် သူမ၏ ဓားကို ဆွဲထုတ်ပြီး အခန်းထဲရှိ ပစ္စည်းအားလုံးကို အပိုင်းပိုင်းအစစ ဖြစ်အောင် ရူးသွပ်စွာ ခုတ်ပိုင်းဖျက်ဆီး ပစ်လိုက်သည်။

“တုပိုင်...။ တစ်နေ့ကျရင် ငါ နင့်ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်မယ်။ အပိုင်းပိုင်း ဆုတ်ဖြဲပစ်မယ်...”

“ချွေ့နျန်...။ နင်က အသုံးမကျတဲ့ အမှိုက်ကောင်ပဲ။ နင် သေသင့်တယ်။ နင် သေသင့်တယ်။”

“ချန်ဖိန်...။ နင်လို အောက်တန်းစားကောင်က ငါ့ဂုဏ်သိက္ခာကို ညစ်နွမ်းအောင် လုပ်ရဲတယ်ပေါ့။ အခု ငါ နင့်နာမည်ကို ဖျက်ဆီးပြီး မြှုပ်နှံစရာ မြေနေရာတောင် မရှိအောင် လုပ်ပစ်မယ်။”

အခန်းထဲရှိ ပစ္စည်းအားလုံးကို ဖျက်ဆီးပြီးနောက် ချွေ့ဖိန်ထင်သည် ကိုယ့်ကိုယ်ကိုယ် အတင်းအဓမ္မ တည်ငြိမ်အောင် လုပ်လိုက်သည်။

သူမ၏ မျက်လုံးများတွင် နာကြည်းမှုများ ပြည့်နှက်နေပြီး အေးစက်သော အသံဖြင့် ပြောလိုက်သည်။

“လက်စားချေရမယ်။ ငါ လက်စားချေရမယ်။ အခုချက်ချင်း ချန်ဖိန်ကို သွားသတ်မယ်။ ဒါမှ ငါ ချွေ့ဖိန်ထင်ကို စော်ကားခြင်းရဲ့ အကျိုးဆက်နဲ့ ချွေ့မိသားစုကို စော်ကားခြင်းရဲ့ အကျိုးဆက်ကို လူတိုင်း သိသွားကြမှာ။”

ဘေးနားရှိ အစေခံမလေးက ပြောလိုက်သည်။

“သခင်မလေး။ ဒါပေမဲ့ ချန်ဖိန်က မကြာခင် သေတော့မှာလေ။”

ချွေ့ဖိန်ထင်က စူးရှစွာ အော်ပြောလိုက်သည်။

“ငါ ဆက်မစောင့်နိုင်တော့ဘူး။ ငါ ဆက်မစောင့်နိုင်တော့ဘူး။”

ထိုအချိန်တွင် ချွေ့နျန် ပြေးတက်လာပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ကျွန်တော့်ရဲ့ ဒုတိယဦးလေးကို သွားရှာပြီး လီကျင်းဌာနက စစ်သည်တွေကို စုစည်းကာ ချန်ဖိန်ကို ဖမ်းခိုင်းလိုက်ပါ။ ပြီးတော့ ဧကရာဇ်မင်းမြတ် စာမေးပွဲမှာ မသမာမှု လုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ကို ထောင်ချပြီး နှိပ်စက်သတ်ဖြတ်ခိုင်းလိုက်ပါ။ ကျွန်တော် ကိုယ်တိုင် သူ့ကို နှိပ်စက်သတ်ဖြတ်ချင်တယ်။”

ချွေ့ဖိန်ထင် ရှေ့သို့ တိုးလာပြီး ချွေ့နျန်၏ ပါးကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ကာ အေးစက်စွာ မေးလိုက်သည်။ “ချန်ဖိန် ဘယ်မှာ နေလဲဆိုတာ စုံစမ်းပြီးပြီလား။”

ချွေ့နျန်သည် အပြစ်ရှိသလို ခံစားရပြီး ပါးကို အုပ်လျက် ပြောလိုက်သည်။ “စုံစမ်းပြီးပါပြီ။ သူ စုဟိုင်တည်းခိုခန်းမှာ တည်းခိုနေပါတယ်။”

ချွေ့ဖိန်ထင်က ပြောလိုက်သည်။ “အခုချက်ချင်း ငါ့ဒုတိယဦးလေးကို သွားရှာပြီး လီကျင်းဌာနက ကျွမ်းကျင်သူတွေကို ခေါ်ကာ စုဟိုင်တည်းခိုခန်းကို သွားခိုင်းလိုက်။ အဲဒီ ချန်ဖိန်ဆိုတဲ့ ကောင်စုတ်ကို ဖမ်း။ ထောင်ထဲထည့်။ ဧကရာဇ်မင်းမြတ် စာမေးပွဲ မသမာမှုနဲ့ စစ်ဆေးမေးမြန်းပြီး နှိပ်စက်သတ်ဖြတ်ပစ်လိုက်။”

ချွေ့နျန်က ပြန်မေးလိုက်သည်။ “သက်သေမရှိဘဲ ဖမ်းလို့ ရမလား။”

ချွေ့ဖိန်ထင်က ပြောလိုက်သည်။ “အရူး။ စစ်ဆေးမေးမြန်းဖို့ ခေါ်သွားရုံပဲလေ။ ချန်ဖိန်က ပြည်နယ်စာမေးပွဲ ဖြေတုန်းက အချိန်ပြည့် အိပ်နေခဲ့တာ။ ဘယ်လိုလုပ်ပြီး ရုတ်တရက် ဒီလောက် ထူးချွန်တဲ့ စာစီစာကုံးတွေ ကဗျာတွေ ရေးနိုင်မှာလဲ။ မသမာမှု လုပ်တယ်ဆိုတဲ့ သံသယ ကြီးကြီးမားမား ရှိနေတာပဲ။”

ထို့နောက် သူမ၏ အသံသည် ရက်စက်ကြမ်းကြုတ်သွားပြီး ပြောလိုက်သည်။ “ဒါပေမဲ့ လီကျင်းဌာန လက်ထဲ ရောက်သွားပြီ ဆိုရင်တော့ ချန်ဖိန် ဘာမှ ပြောခွင့် ရှိတော့မှာ မဟုတ်ဘူး။ သက်သေမရှိရင်တောင် ငြင်းလို့မရတဲ့ သက်သေ ဖြစ်လာလိမ့်မယ်။”

ချွေ့နျန်နှင့် ချွေ့ဖိန်ထင်တို့၏ မိခင်ဘက်မှ ဒုတိယဦးလေးမှာ ပိုင်ယွီချင်း ဖြစ်ပြီး ကွမ်ရှီး လီကျင်းဌာန၏ တပ်မှူး တစ်ဦး ဖြစ်သည်။

လီကျင်းဌာနသည် အရှေ့ဘက်ကွပ်ကဲရေးရုံးနှင့် ရွှမ်ဝူအစောင့်တပ်ဖွဲ့တို့နှင့်အတူ တာ့နင်မင်းဆက်၏ အဓိက ထောက်လှမ်းရေး အေဂျင်စီကြီး ၃ ခု အနက် တစ်ခု ဖြစ်သည်။

ယခင်က လီကျင်းဌာနကို ဧကရာဇ်က တိုက်ရိုက် ထိန်းချုပ်ခဲ့သော်လည်း လွန်ခဲ့သော ဆယ်စုနှစ်များစွာက ဧကရာဇ်အာဏာသည် အခြားနိုင်ငံများသို့ တဖြည်းဖြည်း ရွေ့လျားသွားခဲ့ပြီး လီကျင်းဌာနကို အရပ်ဘက် အရာရှိအုပ်စုက လွှဲပြောင်းရယူခဲ့သည်။

ထို့ပြင် အရပ်ဘက်နှင့် စစ်ဘက် မဟာမိတ်ဖွဲ့ခြင်းကြောင့် သိုင်းပညာရှင် အများအပြားသည် လီကျင်းဌာနသို့ အရာရှိများအဖြစ် ဝင်ရောက်လာကြပြီး အရပ်ဘက် ဝန်ထမ်းများ၏ လက်ပါးစေများ ဖြစ်လာကြသည်။

သေချာသည်မှာ ကွမ်ရှီး လီကျင်းဌာန၏ အာဏာသည် ကျန်းဆူးနှင့် ကျဲ့ကျန်းရှိ လီကျင်းဌာနများထက် များစွာ လျော့နည်းသည်။

လီဝမ်ဟွေ့သည် ရဲရင့်ပြီး ရက်စက်တတ်သူ ဖြစ်သည်။ ထို့ပြင် ကျန်းနန်နယ်စားမင်း ဆုန်ချွဲ၏ ရည်ရွယ်ချက် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ထောက်ခံအားပေးမှုကြောင့် လီကျင်းဌာန၏ အာဏာသည် အနည်းဆုံး ကွမ်ရှီးပြည်နယ်တွင် အရှေ့ဘက်ကွပ်ကဲရေးရုံးလောက် မကြီးမားပေ။

သို့သော် ထိုသို့ ဖြစ်နေလျှင်ပင် လီကျင်းဌာနသည် လူများ ကြောက်ရွံ့နေရဆဲ ဖြစ်သော လျှို့ဝှက်ထောက်လှမ်းရေး အေဂျင်စီ တစ်ခု ဖြစ်သည်။

**--**--**--**--**--**--**--**

စုဟိုင်တည်းခိုခန်း အတွင်းတွင် ယခုအချိန်တွင် တုပိုင်သည် မျက်နှာဖုံးကို ခွာလိုက်ပြီး မူလရုပ်သွင်သို့ ပြန်ပြောင်းလိုက်သည်။ ပါရမီရှင် လူငယ် ချန်ဖိန်သည် မြေပြင်တွင် ဒူးထောက် ဦးချလိုက်ပြီး ပြောလိုက်သည်။

“ကျွန်တော်မျိုးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပြီး အကယ်ဒမီစာမေးပွဲမှာ ပထမရအောင် ကူညီပေးခဲ့တဲ့ သခင်တုပိုင်ကို ကျေးဇူးတင်ပါတယ်။”

သူသည် အလွန် အားနည်းနေဆဲ ဖြစ်ပြီး ကုတင်ပေါ်မှပင် မထနိုင်သော်လည်း အရှေ့ဘက်ကွပ်ကဲရေးရုံး၏ ရထားလုံးဖြင့် ကွေ့လင်သို့ လိုက်ပါလာခဲ့သည်။

သူ့အသက်ကို ကယ်တင်နိုင်ခဲ့သော်လည်း မျက်နှာပေါ်ရှိ သွေးကွက်များသည် ပိုမို များပြားလာပြီး ကုတင်ပေါ်မှ မထနိုင်သေးပေ။ မျက်လုံးများပင် သွေးရောင် လွှမ်းနေပြီး ကောင်းကောင်း မမြင်ရတော့ပေ။

သူ မလာသင့်သော်လည်း လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤနေ့ရက်သည် သူ့အတွက် အလွန် ထူးခြားသောကြောင့် ဖြစ်သည်။

ချန်ဖိန်အပြင် အရှေ့ဘက်ကွပ်ကဲရေးရုံးမှ ကျွမ်းကျင်ပညာရှင် ဒါဇင်ပေါင်းများစွာသည်လည်း စုဟိုင်တည်းခိုခန်းတွင် ပုန်းအောင်းနေကြပြီး သူတို့၏ ထောင်ချောက်ထဲသို့ တစ်စုံတစ်ယောက် ဝင်ရောက်လာမည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။

ထိုအချိန်မှာပင် ချွေ့နျန်သည် လီကျင်းဌာန တပ်မှူး ပိုင်ယွီချင်း နှင့် စစ်သည် ဒါဇင်ပေါင်းများစွာနှင့်အတူ လူဖမ်းရန် စုဟိုင်တည်းခိုခန်းသို့ အပြေးအလွှား လာနေကြသည်။

လူကြီးလူကောင်း တစ်ယောက်သည် လက်စားချေရန် ၁၀ နှစ် ကြာကောင်း ကြာနိုင်သော်လည်း ချွေ့နျန်အတွက်မူ သူ့လက်စားချေမှုသည် တစ်ညတာပင် ကြာမြင့်မည် မဟုတ်ပေ။ သူသည် လူယုတ်မာ ချန်ဖိန်ကို အာဏာ၏ စစ်မှန်သော စွမ်းအားကို သင်ပေးချင်နေပြီ ဖြစ်သည်။

အပိုင်း ၁၁၉ ပြီး။

All Chapters