← Chapters

ဟာသလား? ၂

Vol. 81 Ch. 1203

ဟာသလား? ၂

Vol. 81 Ch. 1203

နောက်တစ်ဆင့်က အားလုံးကို HKR အာနိသင်မြင်အောင်ပြရမည်။

မျက်နှာမီးလောင်ပြီးမျက်နှာဆဲလ်များပျက်စီးနေသောတရုတ်လူမျိုးတချို့ကို သူရှာခိုင်းထားသည်။

ပုံမှန်အတိုင်းဆို ဒီလူတွေကအမူအရာပြဖို့ခက်သည်။ ပျက်စီးနေသောတစ်ရှူးများက လှုပ်ရှားရန်အဆင်မပြေသောကြောင့် ပုံမှန်ပြန်ဖြစ်ဖို့ခက်သည်။ တချို့တစ်ရှူးများမှာ အသုံးမပြုနိုင်၍ ဖြတ်ထုတ်ပစ်ရန်လိုသည်။ မဟုတ်ရင် ဆွေးမြေ့နေသောအသားကြောင့် အခြေအနေပိုဆိုးမည်။

သို့ရာတွင် သူတို့ HKR ဆေးသုံးပြီး အတော်ပြန်ကောင်းလာမည်။ တစ်ရှူးတချို့ပြန်ကောင်းပြီး မျက်နှာအမူအရာလုပ်နိုင်လာမည်။ ဖြတ်ထုတ်ပစ်စရာမလို။

ဒါ ကြီးမားသောအရွေ့တစ်ခုပင်။

HKR ဆေးကိုသုတေသနဆက်လုပ်ရင် နောက်နှစ် ၂၀ လောက်ဆို ရုပ်ရှင်ထဲကလိုခြေလက်ပြတ်သူများတောင် တစ်ရှူးပြန်ကောင်းနိုင်သည်။

အပြည့်အဝပြန်မကောင်းနိုင်ရင်တောင် အသုံးပြုနိုင်မည်။ အဲဒီအချိန်ကျ အကောင်းဆုံးထုတ်ကုန်တစ်ခုဖြစ်လာမည်။ ဒီပြည်တွင်းကလူတွေဝယ်ချင်ရင်တောင် အရောင်းကန့်သတ်ထားမည်။

အခုပစ္စည်းချင်းလဲပြီး သုတေသနလုပ်ခွင့်ပေးသော်လည်း သူတို့ကငြင်းသောကြောင့် သူဒီနည်းသုံးရသည်။

ဘယ်လောက်စက်ဆုပ်စရာကောင်းလဲ?

ဒီကလူတွေ HKR ဆေးအကြောင်းသိရင် သူတို့အာဏာကိုယူသုံးနိုင်ပြီ။ တဖက်ကညှိနှိုင်းချင်ရင် အခက်တွေ့အောင်လုပ်မည်။

သူတွေးတောနေစဉ် ဆံပင်ရွှေအိုရောင်အမျိုးသမီး လောလောနှင့်ရောက်လာပြီး_

"မစ္စတာ Adoxi.. ဒီသတင်းကိုကြည့်ပါဦး... သူတို့လည်း လက်တွေ့စမ်းသပ်ချက် Live လွှင့်မလို့တဲ့... ကြည့်ရတာ ကျွန်မတို့ကိုပစ်မှတ်ထားတဲ့ပုံပဲ''

"မဖြစ်နိုင်တာ.. သူတို့ကဘယ်လိုလုပ်ရမှာလဲ? သူတို့မှာ ဒီနည်းပညာမရှိသေးဘူးလေ''

Adoxi က လွှတ်ခနဲပြောလိုက်သည်။

"မစ္စတာ Adoxi.. ဒီဗီဒီယိုအရင်ကြည့်ဦး''

အမျိုးသမီးက Adoxi ကို ဗီဒီယိုပြသည်။

ဗီဒီယိုအကြောင်းအရာမြင်သောအခါ Adoxi အံ့ဩသွားပြီး_

"ဘာလဲဟ? ယွီဖေးဆေး? လွန်ခဲ့တဲ့နှစ် ၁၀၀၀ က တရုတ်တိုင်းရင်းဆေးတဲ့လား? တရုတ်တိုင်းရင်းဆေးဆရာတွေလိမ်မလိမ် ဘယ်သူသိမလဲ? အဲဒီယွီဖေးဆေးနဲ့ ငါတို့ဆေးကိုယှဉ်နေတာလား?''

"ဒါပေမဲ့ အဲဒါအမှန်ပဲ မစ္စတာ Adoxi''

အမျိုးသမီးက_

"ဒီသတင်းနာမည်ကြီးတာ ကျွန်မတို့ကိုမီတော့မယ်''

Adoxi အရူးမဟုတ်။

သူခဏစဉ်းစားကြည့်ပြီး ဘာဖြစ်နေလဲအကြမ်းဖျင်းသဘောပေါက်သည်။

သူတို့ကိုရုတ်တရက်ငြင်းလိုက်တာ ဒီယွီဖေးဆေးကြောင့်ဖြစ်မည်။

အကြောင်းရင်းနှစ်ခုပဲရှိသည်။ တစ်ခုက ဒီနည်းသုံးပြီး HKR ကိုဂရုမစိုက်ကြောင်းပြချင်တာဖြစ်မည်။ တကယ်တော့ ဂရုစိုက်ရင်တောင် စျေးနှိမ်ချင်တာဖြစ်မည်။

ဒုတိယအချက်၊ တဖက်က ဒီဆေးကို သူတို့ HKR ဆေးထက်ပိုကောင်းသည်ဟုယုံကြည်နေသည်။ ရယ်စရာမကောင်းဘူးလား?

လွန်ခဲ့တဲ့နှစ် ၁၀၀၀ ကျော်က တရုတ်တိုင်းရင်းဆေးဆို အလိမ်လုပ်ငန်းဟု ကမ္ဘာကသိထားသည်။ နှစ် ၁၀၀၀ ကျော်ခေတ်နောက်ကျနေတဲ့ပစ္စည်းက လက်ရှိသူတို့နည်းပညာထက်ပိုကောင်းမတဲ့လား?

မဖြစ်နိုင်။

ဒီတော့ ဘာပဲဖြစ်ဖြစ် တဖက်က သူတို့နဲ့ကင်းနိုင်မည်မဟုတ်။

"သူတို့ဘာလုပ်မလဲကြည့်ရတာပေါ့''

Adoxi က နှာခေါင်းရှုံ့ပြီး_

"သူတို့စကားအရ သူတို့ရှူးသူတို့ပတ်မှာပဲ''

ဟွားယွမ်ကယွီဖေးဆေးလက်တွေ့စမ်းသပ်ချက်လုပ်ပြီးနောက် လိုင်းပေါ်တွင်ချက်ချင်းကြေညာသည်။

Adoxi စိတ်ကူးကိုအထက်လူများသိပြီးဖြစ်၍ ဒီလိုကိုယ်ရည်သွေးသည့်နည်းမသုံးဘဲ သူ့ပစ္စည်းသူအမေရိကပြန်ယူသွားစေရန် တဲ့တိုးနည်းသုံးခြင်းပင်။

HKR ဆေးကို လုံးဝစိတ်မဝင်စားပါပေါ့။

ဒီကြေညာချက် နာမည်ကြီးလည်းကြီးလောက်စရာ။

အစပိုင်း အားလုံးက ကြေညာချက်အင်တာဗျူးအကြောင်းအရာပေါ်သာအာရုံရောက်နေသည်။ အင်တာဗျူးခံရသူများမှာ မီးလောင်ဒဏ်ရာရထားသူများ၊အပြင်းအထန်ထိခိုက်ထားသူများဖြစ်သည်။

အထူးသဖြင့် မီးသတ်သမားလျိုကျန်းသုန့်ကို ပိုစိတ်ဝင်စားကြသည်။

ရထားဘူတာရုံမှမြင်ကွင်းလည်းပါသည်။

လျိုကျန်းသုန့်က သေဆုံးသွားသောသူ့လုပ်ဖော်ကိုင်ဖက်များဆီ ရထားနှင့်သွားကြောင်းစာလည်းပါသည်။ သို့ရာတွင် မီးလောင်ဒဏ်ရာပြင်းလွန်းသောကြောင့် မျက်နှာမှတ်စက်ဖတ်မရ။

ဗီဒီယိုထဲတွင် ရိုင်းရိုင်းစိုင်းစိုင်းစကားများလည်းပါသည်။ ရထားဘူတာရုံမှပေးသောဗီဒီယိုပင်။

ထိုအချိန်တွင် ကြေညာချက်ဗီဒီယိုကိုကြည့်ပြီး ပြည်သူများအသံတိတ်သွားကြသည်။

"သူက သူရဲကောင်းပဲ''

"ဒါပေမဲ့ သူရဲကောင်းက သူနဲ့ထိုက်တန်တဲ့ဂုဏ်ရခဲ့ပုံမပေါ်ဘူး''

"ဒီလိုစော်ကားမှုမျိုးကို သူရဲကောင်းတစ်ယောက်မရသင့်ဘူး''

"ဒီလိုပါဝင်အားထုတ်ခဲ့သူတွေအတွက် အစိမ်းရောင်လမ်းကြောင်းရှိသင့်တယ်... ဦးစားပေးပြီးသွားခွင့်ပေးသင့်တယ်... ဒီလိုရင်နာစရာမျိုးမဖြစ်သင့်ဘူး''

"ကျုပ်မျက်ရည်ကျမိတယ်... ရင်နာတယ်... အဲလူတွေကိုတကယ်ရိုက်ပစ်ချင်တာ''

"အင်တာနက်ဆယ်လီတွေကိုပဲကြည့်မနေနဲ့... ဒါကျုပ်တို့ကြည့်သင့်တဲ့သူတွေ''

"ရုတ်တရက် သူ့ကိုဖက်ပေးချင်လိုက်တာ... သူ ဘယ်သူ့သားများလဲ? သူငယ်ငယ်က ဘယ်လောက်ချစ်လိုက်မလဲ?''

ပြည်သူများမှာခံရခက်ပြီး မကျေနပ်ကြောင်းဖော်ပြကြသည်။

သို့သော်လည်း သူရဲကောင်းအတွက် အထောက်အကူမဖြစ်မှန်းသိသည်။

အခု ဒီသူရဲကောင်းပြန်ကောင်းနိုင်ဖို့ နည်းပညာတွေရှိပါစေ၊ ဒီလိုဆက်ဆံတာမခံရပါစေနဲ့ဟုသာ ဆုတောင်းမိသည်။

အားလုံးအတွေးများနေစဉ် ကြေညာချက်သတင်းတစ်ပုဒ်ကြောင့်အံ့ဩပြီး မျက်လုံးများဝင်းလက်သွားကြသည်။

"ယွီဖေးဆေး''ဆိုသောစာလုံးနှင့်အတူ ယွီဖေးဆေးနှင့်တော်ဝင်ကြင်ရာတော်ရန်၏ဇာတ်လမ်းကို တမဟုတ်ချင်းသိသွားကြသည်။

ယွီဖေးဆေးမှာ တော်ဝင်ကြင်ရာတော်ရန်နှင့်တွဲမိနေသည်။

ထို့အပြင် လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ ကတရုတ်တိုင်းရင်းဆေးကို အမေရိကန် HKR ဆေးနှင့်ယှဉ်မည်ဖြစ်၍ စိတ်မဝင်စားဘဲမနေနိုင်ကြ။

အမှန်ပင်။ ဒီပြိုင်ပွဲကို အားလုံးကြည့်နိုင်သည်။

တရုတ်သိပ္ပံအကယ်ဒမီက လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ မှတရုတ်တိုင်းရင်းဆေးကိုသုံးပြီး ခေတ်အမီဆုံး၊ကမ္ဘာ့ရှေ့ပြေးအမေရိကန်ထုတ်ကုန်နှင့်ပြိုင်တော့မည်။

တစ်နိုင်ငံလုံးအဖို့ ထူးထူးခြားခြားအဓိပ္ပါယ်ရှိပုံရသည်။ တရုတ်တိုင်းရင်းဆေးမှာ အငြင်းပွားဖွယ်ဖြစ်နေသော်လည်း တရုတ်ရိုးရာယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သည်။

တရုတ်တိုင်းရင်းဆေးအလုပ်မဖြစ်ရင်တောင် ယွီဖေးဆေးကနိုင်ပါစေဟုဆုတောင်းနေကြသည်။

အလွန်ထူးဆန်းသောစိတ်ခံစားချက်ပင်:

ကိုယ့်နိုင်ငံ၊ကိုယ့်ပစ္စည်း ကောင်းသည်ဖြစ်စေ၊မကောင်းသည်ဖြစ်စေ၊ ကိုယ့်ဘာသာပြောမည်၊မေးခွန်းထုတ်မည်။ အပြင်လူများနှင့်ရင်ဆိုင်ရလျှင်မူ ကိုယ့်နိုင်ငံ၊ကိုယ့်ပစ္စည်းကိုသာအနိုင်ရစေချင်သည်။

အထူးတလည်အကြောင်းပြချက်မရှိ။

မိမိစိတ်ကိုက ဒီလိုတွေးသည်။

နောက်ပြီး အထက်လူများကိုယုံသည်။ အထက်လူများမှာယုံကြည်ချက်ရှိ၍ ဒီပစ္စည်းထုတ်သုံးခြင်းဖြစ်မည်။

မြန်မြန်ဆန်ဆန်ပင်၊ အင်တာနက်တစ်ခုလုံး ဒီကိစ္စကိုအာရုံစိုက်လာကြသည်။

ပြည်တွင်းမီဒီယာတင်မဟုတ်။ နိုင်ငံခြားမီဒီယာနှင့်အနောက်တိုင်းနိုင်ငံများပါ ဒီကိစ္စကိုစိတ်ဝင်စားလာကြသည်။ ဘာပဲဖြစ်ဖြစ် အတော်ကြာမှဖြစ်သောပြိုင်ပွဲတစ်ခုဖြစ်သည်။

အနောက်တိုင်းမီဒီယာများအမြင်တွင်မူ မယုံနိုင်စရာဖြစ်နေသည်။

တကယ်တော့ ပြင်ပမီဒီယာများက 'နှစ် ၁၀၀၀ ကျော်ကအလိမ်နှင့် လက်ရှိခေတ်အမီဆုံးသိပ္ပံပညာ?' ဟုတောင် သုံးကြသည်။

နောက်ဆုံးတွင်ထည့်ထားသော '?'ကြီးက အားလုံးကိုရှင်းပြနေသည်။

အနောက်နိုင်ငံများအမြင်တွင် တရုတ်တိုင်းရင်းဆေးက အလိမ်အညာဖြစ်နေသည်။ တရုတ်တိုင်းရင်းဆေးမှာ အခြေအမြစ်မရှိ။ နာမည်ကြီးသုတေသနဓာတ်ခွဲခန်းများက ဒီလိုသုံးသပ်ကြသည်။

အခု အရှေ့တိုင်းသားတွေက ဒီဆေးကိုအမေရိကန် HKR ဆေးနဲ့တကယ်ယှဉ်ချင်နေတာလား?

HKR ဆေး နိုဘယ်ဆုရမည်ဟုသတင်းလည်းထွက်ထားသည်။ HKR ဆေးနောက်ဆုံးပေါ်နည်းပညာမှာ ဆေးဘက်ဆိုင်ရာဆုစာရင်းဝင်ပြီး ဆုကြီးရထားသည်။

ဒီတော့ HKR ဆေးကိုအခြေအမြစ်မရှိတဲ့ဟာနဲ့ယှဉ်မယ်ပေါ့? ဒါသိပ္ပံသုတေသနကိုစော်ကားပြီး အားလုံးကိုခေါင်းစားခြင်းပင်။

နိုင်ငံအသီးသီးမှသတင်းတွေ့သူများလည်း လှောင်ပြောင်ပြီးအတောမသတ်နိုင်:

"ဟား ဟား.. အဲနိုင်ငံကလူတွေအကြောင်းသိသားပဲ... ကမ္ဘာမှာသူတို့ကအဆင့်အမြင့်ဆုံးထင်ပြီး မာန်တက်နေကြတာ''

"သူတို့တိုးတက်မှုရထားလို့ဖြစ်မယ်... ဒါပေမဲ့ အမှန်အတိုင်းပြောရရင် သူတို့နိုင်ငံမှာ နိုဘယ်ဆုရတဲ့သူက လက်တစ်ဖက်တောင်မပြည့်ဘူး''

"ဆေးသုတေသနလောကမှာ အကြီးဆုံးဟာသပဲ''

ညတွင်းချင်းဖြစ်လာတဲ့ကောလာဟလမဟုတ်။ ဒီလိုအမြစ်တွယ်နေပြီ။

သူတို့အမြင်တွင် ယွီဖေးဆေးကနိုင်ဖွယ်ရာမရှိ။

ဒီလိုအာရုံစိုက်ခံနေရသည့်အချိန်တွင် Adoxi က HKR ဆေးစမ်းသပ်ချက်ကို Live လွှင့်သည်။

တရုတ်သိပ္ပံအကယ်ဒမီကလည်း ယွီဖေးဆေးလက်တွေ့စမ်းသပ်ချက်ကိုစကြေညာသည်။

သဘောက ကိုယ်တွေ့မြင်ရမည်။

ပြင်းထန်တဲ့မီးလောင်ဒဏ်ရာချင်း၊

ပြင်းထန်တဲ့တစ်ရှူးပျက်စီးမှုချင်း။

ပြီးတော့ ဒီတစ်ခါ အကြီးအကျယ်အံ့ဩရမည်ဟုဘယ်သူမှမသိကြ။

All Chapters