← Chapters

ဆေးစွမ်းက မယုံနိုင်စရာ!

Vol. 81 Ch. 1204

ဆေးစွမ်းက မယုံနိုင်စရာ!

Vol. 81 Ch. 1204

ပလက်ဖောင်းတစ်ခုတွင်_

Live နှစ်ခုအပြိုင်အဆိုင်လွှင့်နေသည်။

နှစ်ခုလုံး ထိပ်ဆုံးရောက်နေ၏။

Tiktok သုံးသူတစ်ယောက်လိုင်းတက်လာရင် ဒီ Live နှစ်ခုကိုတန်းမြင်ရမည်။

တစ်ခုက HKR ဆေးစမ်းသပ်ချက်ဖြစ်ပြီး နောက်တစ်ခုက တရုတ်သိပ္ပံအကယ်ဒမီမှယွီဖေးဆေးလက်တွေ့စမ်းသပ်ချက်ဖြစ်သည်။

ဗီဒီယိုပလက်ဖောင်းတွင် ရေပန်းစားနှုန်း၊လူဝင်ကြည့်နှုန်းက အကြိတ်အနယ်ဖြစ်နေ၏။

ဒီလိုအကြိတ်အနယ်ဖြစ်နေ၍ ဒီကိစ္စအလွန်ရေပန်းစားလာမည်ဟု Tiktok ကသိသည်။

ထို့ကြောင့် ချက်ချင်းတုံ့ပြန်ပြီး Live ထိပ်ဆုံးတင်ပေးလိုက်သည်။

ဒီကိစ္စက သေချာပေါက်ရေပန်းအစားဆုံးဖြစ်လာမည်။

နောက်ပြီး Tiktok တင်မဟုတ်။ တခြားပလက်ဖောင်းများလည်း ဒီလိုလုပ်ကြသည်။

ဘာပဲဖြစ်ဖြစ် လူသိပ်မရှိရင် တခြားပလက်ဖောင်းသွားပြီး Live ကြည့်ကြလိမ့်မည်။

ဖြစ်ကြောင်းကုန်စင်မသိသော်လည်း ယွီဖေးဆေးနှင့် HKR ဆေးပြိုင်ပွဲက လူတိုင်းစိတ်ဝင်စားသောဂုဏ်ယူစရာပွဲဖြစ်လာသည်။

ယွီဖေးဆေးသတင်းနှင့်ဇာတ်လမ်းက လိုင်းပေါ်အမြန်ပြန့်သွားသည်။

TV ဇာတ်လမ်းတွဲကြည့်သူများက ယွီဖေးဆေးအကြောင်းသိသော်လည်း လက်တွေ့မှာပေါ်လာမည်ဟုမထင်မိ။

HKR ဆေး Live က အားလုံး၏အာရုံကိုချက်ချင်းဆွဲဆောင်လိုက်သည်။

မြို့တော်ဆေးရုံဆရာဝန်က မီးလောင်ဒဏ်ရာနှင့်တစ်ရှူးပျက်စီးသောထိခိုက်ဒဏ်ရာကိုသက်သေပြရန် ကြက်ခြေနီအဖွဲ့အစည်းမှနယ်စည်းမခြားဆရာဝန်တစ်ဦးကိုဖိတ်ထားသောကြောင့်ပင်။

ပြည်တွင်းမှာရှိသောနိုင်ငံတကာဆရာဝန်ဆိုလျှင် ကြက်ခြေနီအဖွဲ့အစည်းမှနယ်စည်းမခြားဆရာဝန်များဖြစ်သည်။

သူတို့လေးစားစရာကောင်းသည်ကို ပြည်တွင်းကလူများလက်ခံသည်။ ကမ္ဘာစစ်အတွင်းက ပြည်သူများကိုကုသပေးခဲ့သောနယ်စည်းမခြားဆရာဝန်များစွာရှိသည်။

နာမည်အကြီးဆုံးတစ်ယောက်မှာ ဒေါက်တာဗက်သွန်းပင်။

Adoxi လည်း Live ကြည့်နေသည်။

ကြက်ခြေနီအဖွဲ့အစည်းကဆရာဝန်များ ဒဏ်ရာအခြေအနေကိုစတင်စစ်ဆေးနေသည်ကိုကြည့်ရင်း သူပြုံးလိုက်သည်။

နယ်စည်းမခြားကြက်ခြေနီဆရာဝန်များကိုဖိတ်ရခြင်းမှာ အတုအယောင်ဟုအပြောမခံရစေရန်ဖြစ်သည်။ ဒီနည်းသုံးပြီး HKR ဆေးအာနိသင်စစ်မှန်ကြောင်း သက်သေပြချင်သည်။

ဒီနိုင်ငံကလူတွေအကြောင်း သူသိသည်။ သူတိူ့ကခေါင်းမာပြီး သူများအင်အားကောင်းသည်ကိုဝန်မခံတတ်ကြ။

သူ့ရည်ရွယ်ချက်က အူလမ်းကြောင်းဆေးမှုန့်အတွက်သာမဟုတ်။ အပေးအယူစျေးတင်ချင်သောသူတို့ရည်ရွယ်ချက်ကိုပါဖော်ထုတ်မည်။ ပြည်တွင်းကလူတွေကို HKR ဆေးအာနိသင်ပြပြီး သူတို့အရှက်ရအောင်လုပ်မည်။ ဒီအခွင့်အရေးကိုအသုံးချပြီး အူလမ်းကြောင်းဆေးမှုန့်နှင့်လဲမည်။

တဖက်က သေချာပေါက် သူနှင့်ညှိနှိုင်းလာမည်ဟုသူယုံကြည်ထားသည်။

အရှေ့တိုင်းကလူတွေ ဒီဒဏ်ရာရသူတွေကိုတစ်ခုခုလုပ်ထားမှာသာ သူစိုးရိမ်သည်။

အဲဒါထက် သူတို့ရှာထားသူတွေက လူနာအစစ်မဟုတ်ဘဲ မိတ်ကပ်ဖြစ်နိုင်သည်။

ဘာပဲဖြစ်ဖြစ် ဒီလိုအလိမ်မျိုးက ပထမဆုံးမဟုတ်။

သူတို့နိုင်ငံမှာ ဒီလိုအကြီးအကျယ်ဆေးဘက်ဆိုင်ရာလိမ်လည်မှုကြီးဖြစ်ဖူးသည်။

"မစ္စတာ Adoxi.. အရှေ့တိုင်းက Live ကိုကြည့်ပါဦး... သူတို့လည်း ကြက်ခြေနီအဖွဲ့က နယ်စည်းမခြားဆရာဝန်တွေခေါ်ထားတယ်''

ဆံပင်ရွှေအိုရောင်အမျိုးသမီးက ခပ်သုတ်သုတ်ရောက်လာပြီး အစီရင်ခံသည်။

”ဘာ? ”

Adoxi ကြောင်သွားပြီး_

”သူတို့က ဘယ်လိုလုပ်နိုင်တာလဲ? ”

Adoxi မယုံနိုင်။

တဖက်က ဒီလိုလုပ်ရင် တခြားနည်းသုံးမရ။

နယ်စည်းမခြားဆရာဝန်တွေက သေမှာမကြောက်။ သူတို့ယုံကြည်ချက်နှင့်စိတ်အားထက်သန်မှုအရ ဝိုင်းလိမ်ပေးမည်မဟုတ်ပေ။

အရှေ့တိုင်းက သူတို့ကိုဖိတ်ပြီးသူတို့ရှေ့မှာတစ်ခုခုလုပ်ရင် ဒုက္ခရောက်မည်။

တဖက်က သူတို့ကိုပြည်တွင်းမှာထိန်းသိမ်းထားတာမဟုတ်ပေမဲ့ ရှောရှောရှူရှူဝန်ခံရင်သံသယဖြစ်စရာမကောင်းဘူးလား?

Adoxi က ဇဝေဇဝါနှင့် တရုတ်သိပ္ပံအကယ်ဒမီ Live ဖွင့်ကြည့်ရာ ကြက်ခြေနီအဖွဲ့မှနယ်စည်းမခြားဆရာဝန်တစ်ယောက်တည်းမဟုတ်ဘဲ နှစ်ယောက်ဖြစ်နေသောကြောင့် ပိုအံ့ဩသွားသည်။

နောက်ပြီး ထိုနှစ်ယောက်က သူတို့ဖိတ်ထားသောတစ်ယောက်ထက်ပိုနာမည်ကြီးသည်။

ဒီလိုသတ္တိမျိုး ဘယ်ကရပါလိမ့်?

ရုတ်တရက် Adoxi ခံစားချက်မကောင်းတော့။ ပိုတောင်ဆိုးလာသည်။

အဲဒီဆေးမှာ တကယ်ပဲ HKR လိုအာနိသင်မျိုးရှိလို့ နည်းပညာချင်းဖလှယ်ဖို့ငြင်းလိုက်တာလား?

သို့သော် ခေါင်းအမြန်ခါပြီး ထိုအတွေးကိုထုတ်ပစ်လိုက်သည်။

မဖြစ်နိုင်။

နှစ် ၁၀၀၀ ကျော်ဆေးက HKR ဆေးနဲ့ယှဉ်နိုင်ရင် အံ့ဖွယ်ဖြစ်နေမှာပေါ့။

Live နှစ်ခုလုံးတွင် ကြက်ခြေနီမှနယ်စည်းမခြားဆရာဝန်များဖိတ်ထားသည်ကို ပြည်သူများတွေ့ရသည်။

လူသိများလာပြီးနောက် ဒဏ်ရာရသူများမှာအစစ်ဖြစ်ကြောင်း၊ပြင်ဆင်ထားသူများမဟုတ်ကြောင်းသိလာကြသည်။

မြန်မြန်ဆန်ဆန်ပင်_

နှစ်ဖက်လုံးက မီးလောင်ထားသူများ၊ တစ်ရှူးပျက်စီးသူများကို တပြိုင်တည်းစတင်ကုသသည်ကိုတွေ့ရသည်။

ထို့ကြောင့် အားလုံးမျှော်လင့်စောင့်စားနေ၏။

ဟွားယွမ်တွင်_

လျိုကျန်းသုန့်ကို ဆေးစစ်နေပြီ။ အထူးသဖြင့် မီးလောင်ထားသောအစိတ်အပိုင်းများတွင် တစ်ရှူးပျက်စီးမှုရှိမရှိ၊ လှုပ်ရှားနိုင်စွမ်းရှိမရှိကြည့်သည်။

မကြာမီ စမ်းသပ်ချက်ထွက်လာသည်။

လျိုကျန်းသုန့်မှာ အပြင်းအထန်မီးလောင်ထားရုံသာမက မျက်နှာတစ်ရှူးများလည်းပျက်စီးနေ၍ မျက်နှာအမူအရာမလုပ်နိုင်။ ခန္ဓာကိုယ်တွင်လည်း တစ်ရှူးပျက်စီးမှုများပြီး အားလုံးလိုလိုအနာဖေးများထွက်နေသည်။

စစ်ဆေးပြီးနောက် လျိုကျန်းသုန့်ကိုဆေးကုသခန်းထဲခေါ်လာသည်။ သူ့ကိုဆေးလိမ်းပေးမည့်ဆရာလည်းရှိသည်။

ဝန်ကြီးလုက ဒီကိစ္စကိုအာရုံစိုက်နေသည်။

သူလည်း မျှော်လင့်စောင့်စားနေ၏။

ယွမ်ရှန်နှင့်ဆေးရုံအချက်အလက်က အတူတူပင်။ ပျက်စီးနေသောဆဲလ်ပြန်ကောင်းသောအာနိသင်က အမေရိကန် HKR ဆေးထက်ပိုကောင်းသည်။

အာနိသင်ဘယ်လောက်ထက်သလဲကိုမူ အတိအကျစမ်းသပ်ချက်လိုသေးသည်။

All Chapters