← Chapters

ဆေးစွမ်းက မယုံနိုင်စရာ! ၂

Vol. 81 Ch. 1205

ဆေးစွမ်းက မယုံနိုင်စရာ! ၂

Vol. 81 Ch. 1205

လျိုကျန်းသုန့်ကိုဆေးလိမ်းပေးပြီးနောက် ဆရာဝန်ကညွှန်ကြားသည်_

"ဆေးကအရမ်းထိရောက်လို့ မင်းခန္ဓာကိုယ်မှာထုံဖျင်းဖျင်းဖြစ်လာလိမ့်မယ်... အဲဒါအာနိသင်ပြတဲ့သဘောပဲ... ပျက်စီးသွားတဲ့တစ်ရှူးတွေပြန်ကောင်းလာမယ်... အဲဒါကိုသည်းခံရုံပဲ''

ထို့နောက် သူ့ကိုသီးသန့်ဆောင်မှာထားသည်။

ဆေးလိမ်းပြီးသောတခြားလူနာများလည်း အဆောင်ထဲရောက်နှင့်နေပြီ။

အဆောင်ထဲတွင် Live လွှင့်ထားသောကြောင့် လူနာများ၏လက်တွေ့အခြေအနေကို Live မှမြင်ရသည်။

မကြာမီ လက်မောင်းပတ်တီးစည်းထားသောလူတစ်ယောက်ကိုခေါ်လာသည်။ လက်တစ်ဖက်က သိသိသာသာပိုကြီးနေ၏။

လက်မောင်းကိုအပြင်းအထန်ထိခိုက်ထားသည်။ တစ်ရှူးများဆိုးဆိုးရွားရွားပျက်စီးနေပြီး အထဲမှာအရည်များထွက်နေပြီ။ သူ့လက်မောင်းကိုဖြတ်ရတော့မည်။

ထိုသူမှာ စ*စ်သားတစ်ဦးဖြစ်ပြီး တာဝန်ထမ်းဆောင်နေရင်း ဒဏ်ရာရခဲ့သည်။

ဖြတ်ရမည်ဟုကြားသောအခါ သူစိတ်ပျက်လက်ပျက်ဖြစ်ခဲ့သည်။

သုံးမရတဲ့လူမျိုးမဖြစ်ချင်။

ထို့ကြောင့် ဟွားဆေးရုံကလက်တွေ့စမ်းသပ်ချက်တွင်ပါဝင်ရမည်ဟုဖိတ်ခေါ်ခံရသောအခါ အလွန်စိတ်လှုပ်ရှားခဲ့သည်။

သူ့လက်ကိုကုသနိုင်မည့်ဆေးရှိမှန်းမသိခဲ့။

သူလုံးဝမဖြတ်ချင်။

အမေရိကန်မြို့တော်ဆေးရုံတွင် Live လွှင့်ဆေးကုသနေသောလူနာများကို အားလုံးမြင်နိုင်သည်။

ထိုလူနာများကိုလည်း ဆေးလိမ်းပြီးပတ်တီးစည်းပေးထားသည်။

အခုအချိန်မှစပြီး ယွီဖေးဆေးနှင့် HKR ဆေးပြိုင်ပွဲ တရားဝင်စတင်ပြီဖြစ်သည်။

အချိန်ကုန်လွန်သွားသည်။

လျိုကျန်းသုန့်လည်းဆေးလိမ်းပြီး နည်းနည်းတွန့်နေသည်။

ဘာပဲဖြစ်ဖြစ် မီးလောင်ထားသည့်နေရာကများပြီး အခြေအနေပြင်းထန်သည်။ ဟွားဆေးရုံကလက်တွေ့စမ်းသပ်ချက်ဆိုရင်တောင် ပြန်ကောင်းဖို့မသေချာ။

ဘာပဲဖြစ်ဖြစ် ဒီလောက်မီးလောက်ဒဏ်ရာကို တစ်ခါမှမကုသဖူးပေ။

သို့သော် ညပိုင်းတွင် သူ့ခန္ဓာကိုယ်ထုံဖျင်းဖျင်းဖြစ်လာသောကြောင့် မယုံနိုင်ဖြစ်လာသည်။

ဆရာဝန်မှာလိုက်သောစကားကို ချက်ချင်းသတိရသည်။

ထုံဖျင်းဖျင်းဖြစ်လာတယ်ဆိုတော့ ပျက်စီးနေတဲ့အာရုံကြောပြန်ကောင်းလာတဲ့သဘောပေါ့။

မယုံနိုင်စရာပဲ။

တစ်ညပဲရှိသေး။ တစ်ရက်လုံးတောင်မဟုတ်။ ယွီဖေးဆေးက အစွမ်းပြနေပြီလား?

အမှန်တရားကို သူမယုံရဲ။

ဒီလိုမဖြစ်နိုင်ဘူးမလား?

လူနာဆောင်ထဲတွင်_

လက်တွေ့စမ်းသပ်သောလူနာများလည်းခံစားမိသည်။ ထုံဖျင်းဖျင်းခံစားချက်ကြောင့် မအီမသာဖြစ်ပြီးကုတ်ချင်လာသည်။

သို့သော် ကုသမှုအနှောင့်အယှက်ဖြစ်မည်စိုး၍မကုတ်ရဲ။

ပြန်ကောင်းလာရင်ထုံဖျင်းဖျင်းဖြစ်မည်ဟု သူတို့အားလုံးကို ဆရာဝန်ကမှာထားသည်။

ကြည့်ရတာ ဒီလိုခံစားချက်မျိုးဖြစ်မည်။

ဒီအတောအတွင်း မသေချာသလို မယုံရဲသေး။

ထို့ကြောင့် လူနာဆောင်ထဲတွင် လက်တွေ့စမ်းသပ်မှုခံယူသောလူနာများမှာ ထုံဖျင်းဖျင်းနှင့်ယားယံမှုကိုကြိတ်မှိတ်ခံရသည်။

သို့ရာတွင် အနာပြန်ကောင်းလာ၍ယားယံခြင်းမှာ မခံနိုင်လောက်အောင်ဖြစ်မှန်းအတော်များများအသိပင်။ ဒီတော့ ကုတ်ချင်ပြန်သည်။

လူမိမည်စိုးသောကြောင့်သာ ကုတင်ပေါ်တွင်လိမ်တွန့်ပြီးကြိတ်မှိတ်ခံရသည်။

Live ကြည့်နေသောပရိသတ်အဖို့ မြင်ကွင်းကသိပ်မကောင်း။

ဒီလိုလိမ်တွန့်နေတာ အဆင်မပြေနိုင်၊ တစ်ခုခုမှားနေပြီ။

"ဘာဖြစ်တာလဲ? သူတို့ဘာဖြစ်နေတာလဲ?''

"ပြဿနာရှိလို့လား?''

"ကြည့်ရတာ မသက်သာတဲ့ပုံပဲ!''

Live ထဲတွင် လူနာအခြေအနေက ဟန်ပုံမရသောကြောင့် ထင်ကြေးများပေးလာကြသည်။

တဖက်တွင်_

Adoxi က HKR ဆေးဖြစ်စဉ်ကိုအာရုံစိုက်နေသည်။ လူနာများကိုဆေးလိမ်းပေးထားပြီဖြစ်၍ အာနိသင်ပြမည့်အချိန်စောင့်ရုံသာ။

ဆံပင်ရွှေအိုရောင်အမျိုးသမီးကအပြေးအလွှားလာပြီး အစီရင်ခံသည်_

"မစ္စတာ Adoxi.. လူနာတွေကို ယွီဖေးဆေးလိမ်းပြီးတော့ ပြဿနာရှိတဲ့ပုံပဲ''

"ဟုတ်လား?''

Adoxi က နားထောင်ရင်း မျက်လုံးအရောင်တောက်သွားသည်။ သူကချက်ချင်းမတ်တပ်ထရပ်ကာ ယွီဖေးဆေးစမ်းသပ်နေသော Live ကိုသွားကြည့်သည်။

အမှန်ပင်။ တစ်ချက်ကြည့်လိုက်ရုံနှင့် Live ထဲကလူနာများမှာ လိမ်တွန့်ပြီးတစ်ခုခုဖြစ်နေသည်ကိုတွေ့ရသည်။

"ငါထင်တဲ့အတိုင်းပဲ''

Adoxi တန်းရယ်လိုက်သည်_

"သူတို့သွားပြီ... အခုအူလမ်းကြောင်းဆေးမှုန့်နဲ့ HKR ဆေးလဲလို့ရပြီ... ဒီစမ်းသပ်ချက်ပြီးရင် မလဲလို့မရတော့ဘူး''

Adoxi က ခပ်ချေချေပြုံးလိုက်သည်။

ယွီဖေးဆေးလိမ်းပြီး ဘာကြောင့်ဒီလိုဖြစ်နေမှန်း သူမသိ။

ဒါမျိုးဖြစ်မည်ဟုလည်း မထင်မိပေ။

သူသိထားပုံအရ ဒီလိုဖြစ်စရာအကြောင်းမရှိ။

ယွီဖေးဆေး၏အနာကျက်စေသောအာနိသင်အားလုံး +၂ ရှိသည်။ အာနိသင်အလွန်ထိရောက်သော်လည်း ချက်ချင်းပြန်ကောင်းဖို့မဖြစ်နိုင်။

ဒီတော့ လျိုကျန်းသုန့်တို့အုပ်စု ရက်ပိုင်းလောက်ခံရဦးမည်။

ထုံဖျင်းဖျင်းခံစားချက်က ပြင်းသည်ထက်ပြင်းလာ၏။

တဖက်တွင် လျိုကျန်းသုန့်မှာပိုပိုပြီးစိတ်လှုပ်ရှားလာသည်။

မျက်နှာတစ်ရှူးပြင်းပြင်းထန်ထန်ပျက်စီးထား၍ သူ့မျက်နှာကအမြဲတင်းနေသည်။ နှုတ်ခမ်းစူဖို့၊မျက်နှာအမူအရာလုပ်ဖို့ အလွန်ခက်သည်။

ဒါပေမဲ့အခုသူ့မျက်နှာက အရင်လောက်မတင်းတော့။ နည်းနည်းပြေလျော့လာသလိုခံစားမိသည်။

သူအနားယူတာကြာသွားပြီ။

ဒီခံစားချက်ကို သူသေချာသိသည်။

မခံနိုင်အောင်ယားယံပြီး သူ့မီးလောင်ဒဏ်ရာပိုကောင်းလာမည်။

ဆရာဝန်ပြောပုံအရ သူ့မျက်နှာကပျက်စီးနေတဲ့တစ်ရှူးတွေပြန်ကောင်းလာပြီ။

ဆရာဝန်တစ်ယောက်အခန်းထဲလျှောက်လာပြီး လျိုကျန်းသုန့်တို့အား_

"အားလုံးအသင့်ပြင်ထားပါ... အနာသန့်ပြီး ဆေးစစ်မယ်''

ထိုအသံကြားပြီး လျိုကျန်းသုန့်ကချက်ချင်းထသည်။ လူတန်းနောက်လိုက်ပြီး လူနာဆောင်အပြင်ထွက်လာ၏။ တဖက်ကုသခန်းထဲသွားရသည်။

အထဲမှာ ဆရာဝန်စောင့်နေသည်။

လျိုကျန်းသုန့်ထိုင်ပြီးနောက် ဆရာဝန်က သူ့မျက်နှာပေါ်မှပတ်တီးများကိုဖြည်သည်။ သူ့မျက်နှာပေါ်ဆေးလိမ်းမည်အပြုတွင် ဆရာဝန်ခဏကြောင်သွားသည်။

လျိုကျန်းသုန့်ကိုကြည့်ရင်း သူအံ့ဩနေသည်။ သူ့မျက်နှာမှာ အသားပုပ်တစ်လွှာဖုံးထားသလို မြင်ရတာရွံစရာကောင်းသည်။ မျက်နှာပုပ်သွားသလိုပင်။

ဆရာဝန်လန့်သွားသည်။

ဒါယွီဖေးဆေးလိမ်းပြီးဖြစ်သွားတာလား?

ဒီလိုဆို ပြဿနာတက်တော့မည်။

ဆရာဝန်ကတံတွေးမြိုချပြီး တုန်တုန်ယင်ယင်နှင့်အရက်ပြန်ဂွမ်းစယူကာ လျိုကျန်းသုန့်မျက်နှာကိုသုတ်ပေးသည်။

သုတ်ပြီး ဆရာဝန်အံ့ဩရပြန်သည်။

သူမယုံနိုင်ပုံပေါက်သွား၏။

ပုပ်နေသောအလွှာကတစ်လွှာသာရှိပြီး သုတ်လိုက်သောအခါ အောက်ခံအရေပြားပေါ်လာသည်။

မီးလောင်ဒဏ်ရာရှိသေးသော်လည်း အမာရွတ်ပါးသွားသည်။

နဂိုပျက်စီးနေသောမျက်နှာကြွက်သားများမှာ အရင်လိုမာတောင့်တောင့်၊ဖောင်းကြွကြွမဟုတ်တော့ဘဲ နူးညံ့လာသည်။

မီးလောင်ဒဏ်ရာရော ပျက်စီးနေတဲ့တစ်ရှူးပါ ပြန်ကောင်းလာတာလား?

မယုံနိုင်စရာပဲ။ အာနိသင်က လုံးဝမယုံနိုင်စရာ။

ဆရာဝန် အံ့အားသင့်နေသည်။ တစ်ကြိမ်ဆေးလိမ်းရုံနဲ့ လျိုကျန်းသုန့်မပျောက်နိုင်ပေမဲ့ ဒီလိုအာနိသင်မျိုးနဲ့ဆို နောက်နှစ်ကြိမ်လောက်လိမ်းရင် လျိုကျန်းသုန့်ပြန်ကောင်းလာနိုင်သည်။

ဒီလိုအပြင်းအထန်မီးလောင်ဒဏ်ရာမျိုးကပြန်ကောင်းဖို့မဖြစ်နိုင်သော်လည်း ယွီဖေးဆေးကပြန်ကောင်းအောင်လုပ်နိုင်သည်။

ဆရာဝန်က တုံ့ဆိုင်းမနေ။ ချက်ချင်းဖုန်းထုတ်ပြီး လျိုကျန်းသုန့်မျက်နှာကိုဗီဒီယိုမှတ်တမ်းတင်ထားသည်။ ထို့နောက် အဖွဲ့တစ်ဖွဲ့ထဲပို့လိုက်၏။

လက်တွေ့စမ်းသပ်သည့်အဖွဲ့ဖြစ်ပြီး ထိုအဖွဲ့ထဲတွင် လူနာအခြေအနေအကြောင်းဆက်စပ်ရာများပြောဆိုနိုင်သည်။ အဖွဲ့တွင်းအချက်အလက်မှတဆင့် ဝန်ကြီးလုတို့လည်းနောက်ဆုံးအခြေအနေကိုသိနိုင်သည်။

လျိုကျန်းသုန့် မပြုံးဘဲမနေနိုင်တော့။ ဆရာဝန်ဖြစ်နေပုံကိုကြည့်ပြီး ဘာဖြစ်နေလဲသူခန့်မှန်းမိသည်။

ယွီဖေးဆေးက သူ့ဒဏ်ရာကိုတကယ်ကုနိုင်သည်။

ရုံးခန်းထဲ၌_

အဖွဲ့ထဲဆက်တိုက်တက်နေသောစာများကြောင့် ဝန်ကြီးလုတန်းဝင်ကြည့်လိုက်သည်။ ထို့နောက် သူစိတ်ရှားသွား၏။

အဖွဲ့ထဲ ဆရာဝန်များပို့ထားသောဗီဒီယိုများကိုသူလိုက်ကြည့်သည်။ ဗီဒီယိုအဆုံးတွင် ယွီဖေးဆေးအာနိသင်ထက်လွန်းသောကြောင့် ဆရာဝန်တိုင်းအံ့အားသင့်နေကြသည်။

လက်တွေ့စမ်းသပ်သောလူနာတိုင်း တိုးတက်မှုရှိသည်။

ဒီလိုပျက်စီးနေတဲ့တစ်ရှူးတွေ၊မီးလောင်ဒဏ်ရာတွေကိုကုဖို့မဖြစ်နိုင်မှန်း ဆေးရုံကသိထားသော်လည်း ယွီဖေးဆေးတစ်ကြိမ်လိမ်းရုံနှင့်ဒီလိုဖြစ်လာသည်။

အချိန်ကုန်လွန်သွားပြီး သုံးရက်မြောက်နေ့တွင် ယွီဖေးဆေးတတိယအကြိမ်လိမ်းပြီးသောလျိုကျန်းသုန့်တို့မှာ ပြောင်းလဲနေပြီ။

သုံးရက်အကြာတွင် ယွီဖေးဆေးစတုတ္ထအကြိမ်မြောက်လိမ်းသည်။

တချိန်တည်းမှာ အမေရိကန်မြို့တော်ဆေးရုံတွင် Adoxi လည်း ဆံပင်ရွှေအိုရောင်အမျိုးသမီးထံမှသတင်းကောင်းကြားရသည်_

"မစ္စတာ Adoxi.. သတင်းကောင်းပဲ... HKR ဆေးက အာနိသင်ပြနေပြီ... ပျက်စီးနေတဲ့တစ်ရှူးတွေအလုပ်စလုပ်နေပြီ''

"ဟား ဟား.. ကောင်းလိုက်တာ!''

သတင်းကြားပြီး Adoxi စိတ်လှုပ်ရှားကာ မျက်နှာဝင်းထိန်သွားသည်။ သူက ဆံပင်ရွှေအိုရောင်အမျိုးသမီးကိုချက်ချင်းညွှန်ကြားလိုက်သည်_

"အသင့်ပြင်ထားပါ... ပြီးရင် သတင်းလွှင့်မယ်... HKR ဆေးက ၁၀ ရက်ထက်မကျော်ဘဲ ဒီလိုလူနာတွေကိုအာနိသင်ပြမယ်လို့''

All Chapters