← Chapters

ဒီကပျောက်ပြီ!

Vol. 81 Ch. 1206

ဒီကပျောက်ပြီ!

Vol. 81 Ch. 1206

လျင်မြန်စွာ အချိန်ကုန်သွားသည်။

ဟွားဆေးရုံ_

လျိုကျန်းသုန့်မှာ ဆေးကုသခန်းထဲဝင်ပြီး ၆ ကြိမ်မြောက်ယွီဖေးဆေးလိမ်းရန်ပြင်ဆင်နေသည်။

ဆရာဝန်က မျက်နှာပေါ်မှပတ်တီးဖြည်ပေးသည်။ ထို့နောက် အရက်ပြန်ဂွမ်းနှင့် လျိုကျန်းသုန့်မျက်နှာကိုသန့်ရှင်းရေးလုပ်ပေးသည်။

လျိုကျန်းသုန့်မျက်နှာမှာ အသားဆွေးသိပ်မရှိတော့။ တကယ်တော့ သူ့မျက်နှာမှာ အကြွင်းအကျန်မျှသာကျန်သည်။

မီးလောင်ထားသော အသားဆွေး၊အရေပြားတစ်လွှာကွာပြီး အသားအသစ်၊အရေပြားအလွှာသစ်ပေါ်လာသည်။

ဆရာဝန်က အသားဆွေးများကိုဖယ်ရှားပေးပြီးနောက် အံ့ဩပုံပေါက်နေသည်။

အသားဆွေးများကိုသန့်လိုက်သောအခါ လျိုကျန်းသုန့်၏မီးလောင်ဒဏ်ရာပြန်ကောင်းနေသောကြောင့်ပင်။ နောက်ပြီး သူကငယ်ငယ်ချောချောဖြစ်နေသည်။

ကြည့်ကောင်းသောလူငယ်ပင်။

ဆရာဝန် သက်ပြင်းချလိုက်သည်။

လျိုကျန်းသုန့်မှာ မီးလောင်ဒဏ်ရာမရှိတော့။ ခန့်ချောလူငယ်ဖြစ်သွားသည်။

သူ့မျက်နှာမီးလောင်ဒဏ်ရာက လုံးဝပြန်ကောင်းသွားပြီ။

ဆရာဝန်က စကားပြောစက်အမြန်ထုတ်ပြီး_

"ဒေါက်တာ Vimis ကိုခေါ်လိုက်ပါ... လူနာပြန်ကောင်းသွားပြီ''

Vimis မှာ နိုင်ငံတကာကြက်ခြေနီအဖွဲ့အစည်းမှနယ်စည်းမခြားဆရာဝန်ဖြစ်သည်။

ဆေးသုတေသနအတွက်သက်သေလုပ်ပေးရန်ဆန္ဒရှိသော်လည်း ကူလိမ်ပေးမည်မဟုတ်။

ထို့ကြောင့် ယွီဖေးဆေးသုတေသနတိုးတက်မှုကိုသက်သေခံပေးရသည်။

Vimis မှာ ဆံပင်ဖြူဖြူ၊မျက်လုံးပြာပြာနှင့်အမျိုးသမီးဖြစ်သည်။

သူမက အခန်းထဲဝင်ဝင်ချင်း လျိုကျန်းသုန့်ကိုကြည့်လိုက်သည်။ ချောမောသောသူ့မျက်နှာမှာ နှစ်ခါပြန်ကြည့်ရ၏။

အပြင်အဆင်ဖြစ်စေ၊ အနုပညာဖြစ်စေ၊ လူဖြစ်စေ ကြည့်ကောင်းတဲ့အရာမှန်သမျှ နှစ်ခါပြန်ကြည့်ရသည်။

သို့ရာတွင် ဘေးနားမှဆေးမှတ်တမ်းယူပြီး လျိုကျန်းသုန့်မီးလောင်ဒဏ်ရာဓာတ်ပုံနှင့်ယှဉ်ကြည့်ရာ အံ့ဩသွားသည်_

"အိုးမိုင်ဂေါ့.. သူကမီးလောင်ထားတဲ့တစ်ယောက်လား?''

Vimis အံ့အားသင့်သွား၏။

ရက် ၂၀ ကျော်နဲ့ ဒီအရှေ့တိုင်းယွီဖေးဆေးက ဆိုးဆိုးဝါးဝါးမီးလောင်ထားတဲ့လူနာကို ဒီလောက်ကောင်းစေတာလား?

ယွီဖေးဆေးက အံ့ဩစရာပဲ။

ပျက်စီးနေတဲ့တစ်ရှူးပြန်ကောင်းစေရုံမက အမာရွတ်လည်းပျောက်စေသည်။ သူ့မီးလောင်ထားတဲ့အမာရွတ်တွေက လုံးဝပြန်ကောင်းသွားပြီ။

ဒီလိုအံ့ဖွယ်ဆေးမျိုး ကမ္ဘာမှာမရှိ။

အမေရိကန် HKR ဆေးက ဒီဆေးကိုမယှဉ်နိုင်။

"ဒေါက်တာ Vimis.. သူပဲ''

ဘေးမှဆရာဝန်ကပြောသည်။

Vimis က အတည်ပြုပြီးသော်လည်း ဘေးမှကင်မရာဆီပြေးသွားလိုက်သေးသည်။

လူနာများဆေးကုသမှုကို ဒီကင်မရာနှင့်စောင့်ကြည့်သည်။ လူနာသွားရာ ကင်မရာပါသည်။

သူတစ်ယောက်တည်းသာ ကင်မရာကြည့်ခွင့်ရှိသည်။

ဒါကလည်း မူလလူကိုအစားမထိုးအောင်အတည်ပြုရန်ဖြစ်သည်။

Vimis က ကင်မရာကြည့်ပြီး ပိုအံ့ဩသွားသည်။

ဒီလူက လူစားထိုးထားခြင်းမဟုတ်။ တကယ်မီးလောင်ထားသောလူနာဖြစ်သည်။

"မြန်မြန်.. တခြားနေရာတွေကြည့်ပါဦး''

Vimis က လောလောနှင့်ပြောသည်။

ဆရာဝန်ကခေါင်းညိမ့်ပြီး လျိုကျန်းသုန့်ကိုယ်ပေါ်မှပတ်တီးများကိုတန်းဖြည်သည်။

လျိုကျန်းသုန့်ကိုယ်ပေါ်မှအနာဆွေးများ၊အဖတ်များကို ဆရာဝန်ကသန့်ရှင်းရေးလုပ်ပြီးနောက် Vimis ထပ်တိုးအံ့ဩရပြန်သည်။

လျိုကျန်းသုန့်ကိုယ်ပေါ်ကမီးလောင်ဒဏ်ရာတွေ လုံးဝသက်သာသွားပြီ။

ဆရာဝန်ကကြည့်ရင်း မှင်တက်နေသည်။

မီးလောင်ဒဏ်ရာရော ပျက်စီးနေတဲ့တစ်ရှူးများပါ ထူးထူးခြားခြားကောင်းသွားပြီ။

ဆေးပတ်တီးကို ၆ ကြိမ်သာလဲခဲ့သည်။

တရုတ်သိပ္ပံအကယ်ဒမီ၊ဆေးသုတေသနမှဆရာဝန်ဖြစ်၍ ဆေးကုန်ကျစရိတ်ကိုသူသိသည်။

ယွမ် ၃၀၀၀ ထက်မပို။

ယွမ် ၃၀၀၀ က ဒီလိုအာနိသင်မျိုးရှိသည်။ နောက်ပြီး ရက် ၂၀ မပြည့်ခင် လျိုကျန်းသုန့်၏ဆိုးဆိုးဝါးဝါးအခြေအနေက ပြန်ကောင်းလုနီးနီးဖြစ်နေပြီ။

ယွီဖေးဆေးအာနိသင်ကိုအပြင်လူတွေသိရင် အံ့ဩတုန်လှုပ်သွားမည်။

ဆရာဝန်ကချက်ချင်းကင်မရာထုတ်ပြီး လျိုကျန်းသုန့်ခန္ဓာကိုယ်ကိုလိုက်ရိုက်သည်။ ထို့နောက် အဖွဲ့ထဲဓာတ်ပုံများပို့လိုက်သည်။ အထူးသဖြင့် လျိုကျန်းသုန့်၏မျက်နှာအနီးကပ်ပုံများပင်။

တခြားဆေးကုခန်းတစ်ခန်းတွင် ဆရာဝန်တစ်ယောက်ကလည်း လူတစ်ယောက်လက်မောင်းမှပတ်တီးကိုဖြည်ရင်းအံ့ဩနေသည်။

ထိုလူနာမည်က တုပင်း၊ စ*စ်အင်ဂျင်နီယာတစ်ဦးဖြစ်သည်။

အရင်ကအထူးတာဝန်ထမ်းဆောင်ရင်း လက်မောင်းကိုအပြင်းအထန်ထိခိုက်မိပြီး စ*စ်ဆေးရုံကဖြတ်ရမည်ဟုပြောသည်။

သို့ရာတွင် ပတ်တီးဖြည်လိုက်သောအခါ အတော်လေးပြန်ကောင်းနေသည်ကိုတွေ့ရသည်။ အရင်လိုအရည်အိုင်နေသောအခြေအနေမျိုးမဟုတ်တော့။

ကြက်ခြေနီအဖွဲ့မှနိုင်ငံတကာဆရာဝန်နောက်တစ်ဦးဖြစ်သော Baruth လည်း တုပင်းလက်ကိုတအံ့တဩကြည့်နေသည်။

ဖြတ်ရမည်ဆိုသောသူ့လက်က ယွီဖေးဆေးလိမ်းပြီး အတော်ပြန်ကောင်းလာသည်။ တခြားဆေးရုံတက်ရင် သေချာပေါက်ဖြတ်ရမည်။

အပြင်းအထန်ထိခိုက်ထား၍ပျက်စီးနေသောတစ်ရှူးများအပြည့်အဝပြန်မကောင်းနိုင်သော်လည်း ခွဲစိတ်ရင်ရနိုင်သည်။ ဖြတ်တောက်ရမည့်အဆင့်မှခွဲစိတ်မှု၊ တိုးတက်မှုကကြီးမားသည်။

"ယွီဖေးဆေးက အဲလောက်စွမ်းလား? အရှေ့တိုင်းကတရုတ်တိုင်းရင်းဆေးက ပိုဆန်းကြယ်လာပြီ''

Baruth က အံ့အားသင့်နေပုံနှင့်ပြောသည်။

ဘေးမှတာဝန်ခံဆရာဝန်က အချိန်မဆိုင်းဘဲ တုပင်းအခြေအနေကိုဓာတ်ပုံများရိုက်ကာ အဖွဲ့ထဲပို့သည်။

ရုံးခန်းထဲ၌_

ဖုန်းထဲဆက်တိုက်ဝင်နေသောစာများကြောင့် ဝန်ကြီးလုက ဖုန်းကောက်ကိုင်လိုက်သည်။

ဒီအဖွဲ့ကိုသူသေချာဖွဲ့ထားခြင်းပင်။

လက်တွေ့စမ်းသပ်ချက်နောက်ဆုံးအခြေအနေကို သူအရင်ဆုံးသိရသည်။

ဝန်ကြီးလုကဖုန်းကိုင်ပြီး အဖွဲ့ထဲဝင်ကြည့်လိုက်ရာ ဆရာဝန်များပို့ထားသောလူနာဗီဒီယိုများတွေ့ရသည်။

ထိုဗီဒီယိုများအောက်တွင် မှတ်ချက်လည်းပါသည်:

လူနာအကြမ်းဖျင်းကောင်းသွားပြီ။

ဝန်ကြီးလုကမှတ်ချက်ကြည့်ပြီး အံ့အားသင့်ကာမတ်တပ်ထရပ်လိုက်သည်။

ဒါလူနာအားလုံးကို ယွီဖေးဆေးနဲ့ကုနိုင်တဲ့သဘောလား?

ဒါပေမဲ့ ဒီလောက်အချိန်တိုလေးနဲ့ မယုံချင်စရာမကောင်းဘူးလား?

ဝန်ကြီးလုကိုယ်တိုင်တောင် မယုံချင်။

သူကလက်ထောက်ကိုတန်းခေါ်ပြီး ညွှန်ကြားလိုက်သည်_

"မြန်မြန်.. ဆရာဝန်တွေခေါ်ပြီး ကုသမှုအချက်အလက်တွေစုပေး... ပြီးရင် ယွီဖေးဆေးလက်တွေ့စမ်းသပ်ချက်အောင်မြင်တဲ့အကြောင်းကြေညာဖို့ပြင်ထားလို့ရပြီ''

All Chapters