Chapters

ဒီကပျောက်ပြီ! ၃

Vol. 81 Ch. 1208

ဒီကပျောက်ပြီ! ၃

Vol. 81 Ch. 1208

နောက်နေတာလား? ဘာတွေလုပ်နေတာလဲ? တစ်ရှူးပျက်စီးတာပြန်ကောင်းမယ်ဆို။ တစ်ရှူးပြန်ကောင်းပြီးတော့ မီးလောင်ထားတဲ့အမာရွတ်ပါသက်သာတာလား?

ဒါ HKR ဆေးမှာမရှိတဲ့အာနိသင်။

ပြောချင်တာက ဖြစ်ရောဖြစ်နိုင်လို့လား?

မဖြစ်နိုင်။

ကမ္ဘာ့အဆင့်အမြင့်ဆုံး ဆေးဘက်ဆိုင်ရာနည်းပညာ၊ကူသမှုတောင် ဒီလိုဆိုးဆိုးဝါးဝါးမီးလောင်ထားတဲ့လူကိုကုဖို့မဖြစ်နိုင်သေး။

သို့သော် ဒီတစ်ခါ နိုင်ငံတကာကြက်ခြေနီမှနယ်စည်းမခြားဆရာဝန်များဖြစ်သော Vimis နှင့် Baruth လည်းထွက်လာသည်။

သူတို့မျက်နှာမှာ အံ့ဩပုံ၊မယုံနိုင်ပုံက အတိုင်းသား။

သူတို့ခံစားချက်ကို ဘယ်လိုပြောပြရမည်မသိ။ အရှေ့တိုင်းက နှစ် ၁၀၀၀ ကျော်တရုတ်တိုင်းရင်းဆေးက ထူးဆန်းလှချည့်။

ထိုရုတ်တရက်အပြောင်းအလဲကြောင့် တရုတ်တိုင်းရင်းဆေးကို အလွန်စိတ်ဝင်စားမိသည်။

ပြန်ရင် တရုတ်တိုင်းရင်ဆေးစာအုပ်နှစ်အုပ်လောက်ပြန်ယူသွားရမည်ဟုတွေးမိသည်။

နှစ် ၁၀၀၀ ကျော်အံ့ဖွယ်ဆေးမျိုးရှိတဲ့တရုတ်တိုင်းရင်းဆေးက အလိမ်လုပ်ငန်းလား?

အလိမ်လုပ်ငန်းမှာ ဒီလိုအံ့ဖွယ်ဆေးမျိုးရှိရင် ကမ္ဘာ့အဆင့်အမြင့်ဆုံးဓာတ်ခွဲခန်းတွေကရော?

Vimis ကလည်းမိုက်ကိုင်ပြီး အံ့ဩသံနှင့်_

"ဒီတစ်ခါဒီလာတာ ဘဝမှာအံ့ဩစရာအကောင်းဆုံးအတွေ့အကြုံရလိုက်တာပဲ... ကမ္ဘာမှာဒီလိုဆေးမျိုးထွက်လာမယ်မထင်မိဘူး''

"ဒီဆေးက ဘုရားပေးတဲ့ဆေးဖြစ်မယ်''

Baruth က တအံ့တဩပြောသည်_

"အနာကျက်နိုင်စွမ်းကတော့ အံ့ဖွယ်ပဲ''

နယ်စည်းမခြားဆရာဝန်နှစ်ဦးမှာ သက်ပြင်းချပြီး အံ့အားသင့်နေပုံက မဖုံးနိုင်မဖိနိုင်။

ထို့နောက် Vimis က ကိရိယာတစ်ခုထုတ်ပြီး Live ဖန်သားပြင်နှင့်ချိတ်လိုက်သည်။

ဒီလိုလူနာကုသမှုကိုကြည့်သောကိရိယာမျိုးက ကုသသောလူနာကိုအစားထိုးခြင်းမရှိကြောင်းအတည်ပြုရန်ဖြစ်သည်။

အခု ဒီခန့်ချောလျိုကျန်းသုန့်က မီးသွေးတုံးလိုမီးလောင်ထားသောလျိုကျန်းသုန့်နှင့်အတူတူဖြစ်ကြောင်းသက်သေပြချိန်တန်ပြီ။

မြန်မြန်ဆန်ဆန်ပင်_

ဗီဒီယိုအစပိုင်းတွင် လျိုကျန်းသုန့်၏ဆိုးဆိုးဝါးဝါးမီးလောင်ထားသောမျက်နှာပေါ်လာသည်။ ထို့နောက် ဆရာဝန်ကဆေးစလိမ်းပေးသည်။

ဗီဒီယိုကိုအမြန်နှုန်းနှင့်ပြပြီး ဗီဒီယိုထဲတွင်လျိုကျန်းသုန့်တချိန်လုံးရှိနေသည်ကိုသက်သေပြသည်။ ဗီဒီယိုမှာဖြတ်ဆက်ထားခြင်းမရှိ၍ အစားထိုးဖို့မဖြစ်နိုင်။

ထို့ကြောင့် ဗီဒီယိုထဲတွင် ပတ်တီးများစည်းထားသူက လျိုကျန်းသုန့်ဖြစ်သည်။

မကြာမီ လျိုကျန်းသုန့်ကိုဆေးလဲပေးချိန်ရောက်လာသည်။ ထိုအချိန်တွင် ဗီဒီယိုကိုပုံမှန်နှုန်းနှင့်ဖွင့်ပြသည်။

ဆရာဝန်တစ်ဦးဝင်လာပြီး လျိုကျန်းသုန့်ပတ်တီးများကိုဖြည်ပေးသည်။

ဒီတစ်ကြိမ် အသားဆွေး၊အစအနများသုတ်ပြီးနောက် လျိုကျန်းသုန့်မီးလောင်ဒဏ်ရာပိုကောင်းလာကြောင်းသေချာမြင်နိုင်သည်။

ထို့နောက် အမြန်နှုန်းနှင့်ပြန်ပြသည်။ ဒုတိယအကြိမ်၊တတိယအကြိမ်၊စတုတ္ထအကြိမ်ဆေးလဲခြင်းများ...

ဆေးလဲသည့်အချိန်တိုင်းလိုလို လျိုကျန်းသုန့်မီးလောင်ဒဏ်ရာက ပိုသက်သာလာ၊ပိုပါးလာသည်။

၆ ကြိမ်မြောက်တွင် ခန့်ချောလျိုကျန်းသုန့်ကို အားလုံးမြင်ရသည်။ သူလုံးဝပြန်ကောင်းသွားပြီ။

တနည်းပြောရရင် ဆိုးဆိုးဝါးဝါးမီးလောင်ထားသူက ဒီနေ့လိုလူချောဖြစ်လာတာ ယွီဖေးဆေးကြောင့်ပင်။

ဒီတစ်ခါ ယွီဖေးဆေးစွမ်းကြောင့် အားလုံးအံ့အားသင့်ရသည်။

ဒီလိုစွမ်းတဲ့ဆေးမျိုး ဘယ်သူမှမမြင်ဖူးဘူးမလား?

အမာရွတ်ဖယ်ရှားနိုင်စွမ်းရှိပြီး မီးသွေးတုံးကိုမင်းသားဖြစ်စေတာမျိုး HKR ဆေးမတတ်နိုင်။

ဗီဒီယိုအဆုံးတွင် Live ကြည့်နေသော Adoxi မှာမျက်စိမျက်နှာပျက်ပျက်နှင့်_

"သေ*စမ်း.. ဘာလို့ဒီလိုဖြစ်ရတာလဲ?''

အရှေ့တိုင်းက ဘာလို့သူတို့နဲ့ဆွေးနွေးဖို့ငြင်းလဲ အခုသူသိလိုက်ပြီ။ သူတို့မှာပိုကောင်းတာရှိနေသည်။

Adoxi စိတ်လှုပ်ရှားလာပြီး ခေါင်းခါပစ်လိုက်သည်။ ဒါအမှန်လို့ သူမယုံချင်။

သူတို့မှာ ဒီလိုထုတ်ကုန်မျိုးမရှိလို့ သူနဲ့ဆွေးနွေးနေခဲ့တာလေ။

ဒီတော့ ပြဿနာရှိရမည်။

ယွီဖေးဆေးမှာ ဒီလိုအာနိသင်မျိုးရှိတာ သူလုံးဝမယုံ။

Adoxi မှာ ထက်မြက်သောသူ့ဦးနှောက်ကိုသုံးပြီး ဖြစ်နိုင်ခြေကိုခေါင်းခြောက်အောင်စဉ်းစားနေရလေသည်။