← Chapters

နည်းနည်းရင်နာစရာအကွက်!

Vol. 81 Ch. 1209

နည်းနည်းရင်နာစရာအကွက်!

Vol. 81 Ch. 1209

Adoxi ကဖြစ်နိုင်ခြေအားလုံးစဉ်းစားနေစဉ် လိုင်းပေါ်ပွက်လောရိုက်နေပြီ။

ထိုရလဒ်က အင်တာနက်တစ်ခုလုံးအမြန်နှုန်းနှင့်ပြန့်သွားသည်။

ပြည်တွင်းမီဒီယာတင်မဟုတ်။ ဒီကိစ္စကိုအာရုံစိုက်နေသောပြည်ပမီဒီယာများလည်းမယုံနိုင်။

သတင်းက တောမီးလိုပြန့်သွားသည်။

အမေရိကန်သိပ္ပံမီဒီယာတစ်ခုက_

"ဒါမဖြစ်နိုင်ဘူး... သိပ္ပံနည်းမကျဘူး.. HKR ဆေးက နည်းပညာအမြင့်ဆုံးဆေးပဲ!''

အနောက်တိုင်းမီဒီယာတစ်ခုက_

"ဒါအရယ်ရဆုံးမြင်ကွင်းပဲ.. ဒီလိုသုတေသနရလဒ်မျိုးကိုဘယ်သူယုံမှာလဲ? တစ်ကမ္ဘာလုံးကိုအရူးတွေထင်နေတာ''

နောက်ထပ်မြို့တော်သိပ္ပံမီဒီယာတစ်ခုက_

"သိပ္ပံမီဒီယာတစ်ခုအနေနဲ့ ဒီရလဒ်က လက်ရှိဆေးပညာအခြေအနေနဲ့မကိုက်ညီဘူးထင်ပါတယ်''

နိုင်ငံတကာတွင်သံသယများမြင့်တက်နေစဉ် ပြည်တွင်းလူထုမှာ ယွီဖေးဆေးကိုဂုဏ်ယူရမည်လား၊မယုံနိုင်ဖြစ်ရမည်လားမသိသော်လည်း လောလောဆယ်အောင်ပွဲခံနေကြသည်။

ထိုသံသယများက ပြည်တွင်းအင်တာနက်မှာအမြန်ပြန့်လာသည်။

ချင်းလင်အပန်းဖြေစံအိမ်_

ချင်လင်လည်း သတင်းတွေ့သည်။

ယွီဖေးဆေးအာနိသင်က သူထင်ထားသည်ထက်ကောင်းနေသည်။ ၁၀ ရက်ကျော်နှင့် ပြင်းပြင်းထန်ထန်မီးလောင်ပြီးတစ်ရှူးပျက်စီးနေသော လျိုကျန်းသုန့်ကိုလုံးဝသက်သာစေသည်။

ထို့ကြောင့် အရည်အသွေး ၃ ယွီဖေးဆေးကိုစမ်းကြည့်ချင်လာသည်။

ဆေးနည်းအရ သိပ္ပံနည်းကျဖော်ရင် အရည်အသွေး ၃ ဆေးကိုမရနိုင်။

သို့သော် ဂိမ်းထုတ်ကုန်ဆေးပင်များသုံးရင်ဖြစ်နိုင်သည်။

နောက်ပြီး ဂိမ်းနည်းစဉ်တချို့ကိုဖြတ်နိုင်ရင် အရည်အသွေး ၄ ယွီဖေးဆေးဖြစ်နိုင်သည်။

ယွီဖေးဆေးသာ အဲဒီအဆင့်ရောက်ရင် အာနိသင်ကဘယ်လိုများနေမလဲ?

TV ထဲက မဟူရာဆေးလိုမျိုးလား?

လက်ကျိုးရင် တန်းပြန်ဆက်နိုင်မှာလား?

ဒါတွေက နတ်ဆေးအဆင့်ရောက်နေပြီ။

ဒါပေမဲ့ သူအခုသက်သေမပြနိုင်။

သူမှာထားသောမျိုးစေ့က မရောက်သေး။ ဘာပဲဖြစ်ဖြစ် မျိုးစေ့နှင့်အပြီးသတ်ထုတ်ကုန်က မတူ။ မျိုးစေ့အားလုံးရမှ ရုံချန်းဆေးဆိုင်သို့ရောက်လာမည်။

"တကယ်ခေါင်းမာလိုက်တာ!''

မေးခွန်းထုတ်နေသောနိုင်ငံခြားမီဒီယာသတင်းကိုကြည့်ပြီး ချင်လင်သက်ပြင်းချလိုက်သည်။

သို့ရာတွင် ဆက်တိုက်မေးခွန်းထုတ်လာသောကြောင့် နိုင်ငံတကာယုံကြည်လက်ခံနိုင်စွမ်းအပေါ်လည်းသက်ရောက်မှုရှိလာသည်။ မကြာမီ အထက်လူများက တုံ့ပြန်လိမ့်မည်။

ချင်လင်ကတွေးကြည့်ပြီး သတင်းဆက်ကြည့်သည်။ သတင်းနှစ်ပုဒ်ဖတ်ပြီးနောက် တရုတ်သိပ္ပံအကယ်ဒမီမှကြေညာချက်ကိုတွေ့ရသည်:

"အရင်ဆုံး ယွီဖေးဆေးလက်တွေ့စမ်းသပ်ချက်အောင်မြင်တဲ့အတွက် ဂုဏ်ပြုလိုက်ရအောင်... အားလုံးကိုသတင်းကောင်းပြောပါရစေ... ယွီဖေးဆေးရောင်းစျေးက ယွမ် ၁၀၀၀ ကျော်မှာမဟုတ်ပါဘူး''

"နောက်တစ်ခုက နိုင်ငံတကာကြက်ခြေနီအဖွဲ့အစည်းဆရာဝန်တွေဖြစ်တဲ့ Vimis နဲ့ Baruth ကိုကြီးကြပ်ပေးတဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့ နိုင်ငံတကာကြက်ခြေနီအဖွဲ့ကို ယွီဖေးဆေးတစ်သုတ်ပေးအပ်သွားမှာပါ''

ကြေညာချက်ထွက်ထွက်ချင်း Like နှင့်မှတ်ချက်များပြည့်သွားသည်။

ချင်လင်ဗီဒီယိုတွေ့သောအခါ Like တစ်သန်းကျော်နေပြီ။

ယွီဖေးဆေးအာနိသင်ကိုသိပြီးနောက် စျေးကိုသိချင်လာကြမည်။

ဘာပဲဖြစ်ဖြစ် လျိုကျန်းသုန့်မီးလောင်ဒဏ်ရာက မကုနိုင်၊ အရေပြားအစားထိုးမှုလည်းမလုပ်နိုင်။ အစားထိုးနိုင်ရင်တောင် ငွေကုန်ကြေးကျများပြီး အာနိသင်က ယွီဖေးဆေးလောက်ကောင်းမည်မဟုတ်။

အခုယွီဖေးဆေးမှာ ဒီလိုအာနိသင်ရှိပြီး ကုန်ကျစရိတ်က ယွမ် ၁၀၀၀ သာကျမည်။ ဒီထက်သက်သာတာမရှိနိုင်ပေ။

ထို့ကြောင့် ပြည်သူများစိတ်လှုပ်ရှားလာသည်။

"စျေးကြီးမယ်ထင်နေတာ... ဒီလောက်က ငါတတ်နိုင်တယ် ဟား ဟား!''

"ဘယ်တော့ထွက်မှာလဲ? ငါ့လစာက ယွမ် ၂၀၀၀ ဆိုတော့ ငါလည်းတတ်နိုင်တယ်!''

"ဒီစျေးနဲ့ဆို လက်ကိုအပူလောင်အောင်လုပ်လိုက် ဆေးလိမ်းလိုက်တောင်လုပ်လို့ရတယ်!''

ချင်လင်က သတင်းကြေညာချက်တွေ့သောအခါ ပြည်သူများတွေးသလိုမတွေး။

နိုင်ငံတကာမီဒီယာတွေမေးခွန်းထုတ်နေတဲ့အချိန်မှာ ဒီနည်းကသက်သေပြဖို့အကောင်းဆုံးပဲမလား? ဆရာဝန်နှစ်ဦးအတွက်လက်ဆောင်အပြင် နိုင်ငံတကာကြက်ခြေနီအဖွဲ့ကိုတစ်သုတ်ပို့လိုက်ခြင်းက သက်သေပင်။

နယ်စည်းမခြားဆရာဝန်များသာမက နိုင်ငံတကာကြက်ခြေနီအဖွဲ့လည်းသိသွားမည်။

ဒီတစ်သုတ်ပို့လိုက်ရင် မကြာမီနိုင်ငံအသီးသီးကတောင်းခံလာကြမည်။ အဲဒီကျအာနိသင်အတုမဟုတ်မှန်းသိလာမည်။

နောက်ပြီး ဆေးတန်ဖိုးက ယွမ် ၁၀၀၀ ကျော်မည်မဟုတ်ကြောင်း သေချာဖော်ပြထားသည်။ US ဒေါ်လာ ၃၀၀၀၀၀ တန် HKR ဆေးကို ဘေးဖယ်ထားနိုင်ပြီ။

ဟုတ်တယ်မလား?

ယွမ် ၁၀၀၀ တန်က ကောင်းလှပြီဟုတ်?

အဲဒီအချိန်ကျရင် ယွီဖေးဆေးကိုထုတ်ဖို့ သူတို့ကအရင်ကြေညာပေးနိုင်သည်။ ဒါအကောင်းဆုံးသက်သေဖြစ်မည်။

ယွီဖေးဆေးကို ဘယ်သူမှသံသယမရှိနိုင်တော့။ တစ်ကမ္ဘာလုံးက ယွီဖေးဆေးကိုနတ်ဆေးလိုသဘောထားလာမည်။

အဲဒီအချိန်ကျရင် ကုန်ကြမ်းအကြောင်းပြပြီး ယွီဖေးဆေးကိုအရောင်းကန့်သတ်မည်။

အားလုံးကြောင်သွားလိမ့်မည်။

ဒါသော*က်ရမ်းသ*တ်တဲ့အကွက်...

ချင်လင်က ဖြစ်နိုင်သည်ဟုတွေးမိသည်။ ဘာပဲဖြစ်ဖြစ် နန်ပိုင်ယောင်မှာလျှို့ဝှက်သဘောတူညီချက်ရှိသည်။

ဟွားဆေးရုံ_

ဝန်ကြီးလုက ဘူးထဲထည့်နေသောယွီဖေးဆေးအိတ်များကိုကြည့်ရင်း အစီအစဉ်ဆွဲနေသည်။

"ဝန်ကြီးလု''

သူ့ဘေးမှတစ်ယောက်က_

"ဒေါက်တာ Vimis က အမြန်ပြန်တော့မှာ... ကျွန်တော်တို့ဒါပဲရတယ်''

"အဲလောက်ဆိုရပါပြီ''

ဝန်ကြီးလုကပြုံးပြီး ခေါင်းညိမ့်လိုက်သည်။ ဆေးများမှာ နယ်စည်းမခြားဆရာဝန်နှစ်ဦးနှင့်နိုင်ငံတကာကြက်ခြေနီအဖွဲ့အစည်းအတွက်ဖြစ်သည်။

နိုင်ငံတကာကြက်ခြေနီအဖွဲ့အစည်းထံပေးသောဆေးများကို မကြာမီ နိုင်ငံအသီးသီးကတောင်းယူကြလိမ့်မည်။

အချိန်ကျရင် သူတို့ကအလကားကြော်ငြာပေးလိမ့်မည်။

ဒီလိုသံသယသံတွေကို တုံ့ပြန်စရာတောင်မလို။

ဆေးများထုပ်ပိုးပြီးနောက် ဝန်ကြီးလုက ခေါင်းဆောင်တစ်ဦးနှင့်အတူ ရုံးခန်းထဲမှထွက်လာသည်။

"စီစဉ်ပြီးပြီလား?''

ခေါင်းဆောင်ကမေးသည်။

“ပြီးပါပြီ”

ဝန်ကြီးလု ခေါင်းညိမ့်သည်။

"ဒါဆို အစီအစဉ်အတိုင်းဆက်လုပ်ပါ''

ခေါင်းဆောင်ကပြုံးပြီးပြောသည်။

All Chapters