← Chapters

နည်းနည်းရင်နာစရာအကွက်! ၂

Vol. 81 Ch. 1210

နည်းနည်းရင်နာစရာအကွက်! ၂

Vol. 81 Ch. 1210

နှစ်ဦးလုံးမှာ ယုံကြည်မှုရှိကြသည်။

ယွီဖေးဆေးကိုဓာတ်ခွဲမလားဟုတောင် စိုးရိမ်ခြင်းမရှိ။

တရုတ်သိပ္ပံအကယ်ဒမီက စမ်းသပ်ချက်လုပ်ထားသည်။ တချို့ပါဝင်ပစ္စည်းများမှာ အပူချိန်မြင့်သွေးခဲပလိပ်ရောဂါဆေးလိုဓာတ်ခွဲရခက်သောအထူးဒြပ်ပေါင်းများဖြစ်ကြောင်းတွေ့ရသောကြောင့်ပင်။

အမေ့ခံတရုတ်တိုင်းရင်းဆေးဟုသာဆိုရတော့မည်။ ရှေးလူတွေက တကယ်အံ့ဩစရာ။

မကြာမီ Vimis နှင့် Baruth က ပြည်တွင်းမှထွက်ပြီး ကြက်ခြေနီရုံးချုပ်ပြန်သွားသည်။ သူတို့ကိုပေးထားသောဆေးတစ်သုတ်ပါယူသွားသည်။

Adoxi ခံရခက်နေသည်။

ဘာပဲဖြစ်ဖြစ် ဒီရလဒ်က သူ့မျက်နှာကိုဖြတ်ရိုက်ခံရသလိုပင်။ အရင်တစ်ခါလို အရူးလုပ်ခံရပြီ။

သို့ရာတွင် HKR ဆေးလက်တွေ့စမ်းသပ်ချက်ကမပြီးသေး။ သူသည်းခံရရင်တောင် Live ဆက်လွှင့်ရဦးမည်။

သို့သော် ဒီ Live က လှောင်စရာဖြစ်လာတော့မည်။

တဖက်က စမ်းသပ်ပြီးအိမ်ပြန်ကြချိန် သူတို့ကရှက်စရာကောင်းလွန်းသည်။

Adoxi မခံမရပ်နိုင်ဖြစ်နေစဉ် ယွီဖေးဆေးပေးသည်ဆိုသောဗီဒီယိုကိုလည်းတွေ့သည်။

သူကချက်ချင်းဖုန်းကိုင်ပြီး အမေရိကမှတစ်ယောက်ကိုဖုန်းဆက်သည်။

ဖုန်းဝင်ဝင်ချင်း_

"မစ္စတာ Hort.. အားနာပါတယ်... ဒီအချိန်နားနေမှာပေါ့''

"အားနာနေပြန်ပြီ Adoxi''

Hort က ဖုန်းထဲမှ_

"ဒီလောက်နောက်ကျမှဖုန်းဆက်တာ အရေးကြီးကိစ္စရှိတယ်မလား?''

"မစ္စတာ Hort.. နိုင်ငံတကာကြက်ခြေနီအဖွဲ့ကို ယွီဖေးဆေးပို့မှာ''

Adoxi ကချက်ချင်းပင်_

"မကြာခင် ခင်ဗျားဆီရောက်လိမ့်မယ်... လက်တွေ့စမ်းသပ်ကြည့်ဖို့ နည်းနည်းလောက်ရချင်လို့... ကျုပ်လူလွှတ်လိုက်မယ်''

"ကောင်းပြီ မစ္စတာ Adoxi''

Hort က_

"ဒါပမွှားလေးပါ''

ဖုန်းချပြီးနောက် Adoxi က ဖုန်းထပ်ဆက်သည်။ ယွီဖေးဆေးယူရန် ဆေးသုတေသနသမားတစ်ယောက်ကိုသွားခိုင်းမည်။

အားလုံးစီစဉ်ပြီးနောက် Adoxi နည်းနည်းစိတ်လောပြီး စိတ်ဓာတ်လည်းကျနေသည်။

ဒါမျိုးတွေဖြစ်လာမည်ဟု သူလုံးဝမထင်မိ။

HKR ဆေးနဲ့အူလမ်းကြောင်းဆေးမှုန့်ရအောင်လုပ်ဖို့စဉ်းစားထားပေမဲ့ ဒီလိုရှုံးနိမ့်သွားမယ်လို့ဘယ်ထင်မလဲ?

ယွီဖေးဆေးအာနိသင်နှင့်စမ်းသပ်ချက်ကို သူအမြန်ဆုံးသိချင်သည်။

အချိန်ကုန်လွန်သွားသည်။

နိုင်ငံအသီးသီးမှဓာတ်ခွဲခန်းများကလည်း သူတို့အဆက်အသွယ်နှင့်ယွီဖေးဆေးရအောင်လုပ်ပြီး သုတေသနစလုပ်ကြသည်။

တချိန်တည်းမှာ သုတေသနမီဒီယာကလည်း ဒီကိစ္စကိုအာရုံစိုက်နေသည်။

မကြာမီ Adoxi ဖုန်းလက်ခံရသည်။ ဖုန်းထဲမှသတင်းကြားပြီး ချက်ချင်းပင်_

"အမြန်ဆုံးစမ်းသပ်ရအောင်''

တဖက်တွင်_

အမေရိက_

လူတစ်ယောက်ဖုန်းချပြီးနောက် ကားထဲဝင်ကာ Darris ဆိုသောသုတေသနဓာတ်ခွဲခန်းဆီထွက်လာသည်။

ထိုသူမှာ Billy ဖြစ်ပြီး သုတေသနဓာတ်ခွဲခန်းတစ်ခုတွင်ပါမောက္ခဖြစ်သည်။ သူက Adoxi နှင့်ရင်းနှီးသည်။

ဓာတ်ခွဲခန်းထဲဝင်ပြီးနောက် ယွီဖေးဆေးထုတ်ကာ စစမ်းသပ်သည်။

Adoxi ထံမှညွှန်ကြားချက်ရပြီးနောက် ယွီဖေးဆေးစမ်းသပ်ချက်ဗီဒီယိုကို Belly ကြည့်ထားသည်။

သူ့အဖို့တော့ အာနိသင်ကလန့်လောက်စရာပင်။

ဒီလိုဖြစ်လာမည်ဟု သူလုံးဝမထင်မိ။

ဆေးပညာပါမောက္ခဖြစ်၍ လက်ရှိဆေးသုတေသနအခြေအနေကိုထဲထဲဝင်ဝင်သိသည်။ အဆင့်အမြင့်ဆုံးနည်းပညာနှင့်တောင် HKR ဆေးပဲထုတ်နိုင်သည်။

ယွီဖေးဆေးမှာ တကယ်ဒီလိုအာနိသင်မျိုးရှိရင် ဓာတ်ခွဲကြည့်ပြီး ကံကြမ္မာအလှည့်အပြောင်းတောင်လုပ်နိုင်သည်။

ထိုအတွေးနှင့် Belly က ယွီဖေးဆေးစမ်းသပ်ချက်ကိုချက်ချင်းစသည်။

သို့သော် အချိန်လွန်သည်နှင့်အမျှ ယွီဖေးဆေးကိုစမ်းသပ်လေလေ အံ့ဩရလေလေပင်။

ယွီဖေးဆေးရဲ့အချက်အလက်တွေက လန့်စရာကောင်းသည်။

အမာရွတ်ပျောက်ခြင်း၊ ဒဏ်ရာပြန်ကောင်းခြင်းနှင့် ပျက်စီးနေသောတစ်ရှူးပြန်ကောင်းခြင်းက ခေတ်လွန်နေသည်။

ထိုအချိန်တွင် ယွီဖေးဆေးစမ်းသပ်ချက်က အမှန်ဖြစ်ကြောင်းသူသိသွားသည်။

ဒီလောက်ကြောက်စရာကောင်းတဲ့အချက်အလက်တွေပါမှတော့ အာနိသင်ကကြောက်စရာကောင်းပြီပေါ့။

Billy က ချက်ချင်း သူ့ဘေးမှသုတေသနသမားကိုညွှန်ကြားလိုက်သည်_

"မြန်မြန်လေး ဒဏ်ရာပေါ်စမ်းကြည့်... ပြီးရင် ယွီဖေးဆေးပါဝင်ပစ္စည်းတွေနဲ့အချက်အလက်ကိုစမ်းကြည့်မယ်''

ထို့နောက် အပြင်တန်းထွက်ပြီး Adoxi ကိုဖုန်းဆက်သည်။

တဖက်တွင်_

Billy ဆီမှဖုန်းလာသောကြောင့် Adoxi က ချက်ချင်းဖုန်းကိုင်ပြီးမေးသည်_

"ဘာထူးလဲ Billy?''

"မစ္စတာ Adoxi.. ဒီဆေးက မယုံနိုင်စရာကောင်းတယ်''

Belly ပြန်ဖြေသည်_

"သူတို့လက်တွေ့စမ်းသပ်ချက်က အမှန်ပဲ... ဆေးရုံမှာပဲအာနိသင်ရှိတာမဟုတ်ဘူး... တ*ပ်ထဲမှာလည်း အရမ်းသုံးတည့်တယ်''

"တကယ်ဟုတ်လား''

သူစိတ်ထင်နေသော်လည်း သတင်းကြားပြီးမျက်စိမျက်နှာပျက်သွားသည်။

တနည်းပြောရရင် HKR ဆေးနဲ့အူလမ်းကြောင်းဆေးမှုန့် လဲမရတော့။

တဖက်၌_

Adoxi ဖုန်းချပြီးနောက် Billy က ဓာတ်ခွဲခန်းပြန်ဝင်သည်။

ယွီဖေးဆေးကိုဓာတ်ခွဲမည်။

"ဒီအတောအတွင်း လူတိုင်းအချိန်ပိုဆင်းရမယ်... ယွီဖေးဆေးပါဝင်ပစ္စည်းတွေကိုဓာတ်ခွဲရမယ်''

Billy က သုတေသနသမားများကိုပြောသည်။

နောက်ရက်များတွင် Billy တို့က ယွီဖေးဆေးကိုဓာတ်ခွဲပြီး ပါဝင်ပစ္စည်းများကိုတစ်ခုချင်းစမ်းသပ်သည်။

သို့သော် ထိုပါဝင်ပစ္စည်းများကိုဓာတ်ခွဲမည်အပြုတွင် အချက်အလက်များကြည့်ပြီးအံ့အားသင့်ရသည်။

အရင်က ဒီလိုအချက်အလက်မျိုးမရဖူး။ ပါဝင်ပစ္စည်းများ၏ရှုပ်ထွေးသောဖွဲ့စည်းပုံကို သူတို့နားမလည်နိုင်။

All Chapters