နည်းနည်းရင်နာစရာအကွက်! ၃
Vol. 81 Ch. 1211
ဒါတွေနဲ့ကြုံမှ သိပ္ပံသုတေသနကိုလေ့လာခါစ ဘာမှမသိတဲ့ကျောင်းသားလေးလိုဖြစ်သွားသည်။ အပေါ်ယံအကြမ်းဖျင်းသာမြင်ပြီး ဘာမှန်းလုံးဝမသိ။
လုံးဝဖွဲ့စည်းပုံအသစ်လိုဖြစ်နေသည်။
ဒါကိုဘယ်လိုလုပ်ဓာတ်ခွဲနိုင်မှာလဲ?
၁၀ နှစ်၊ နှစ် ၂၀ လောက်ကြာမှ ဖြေရှင်းနိုင်လိမ့်မည်။
Belly တင်မဟုတ်။
ဂျာမနီသုတေသနဓာတ်ခွဲခန်းတစ်ခုတွင် သုတေသနအဖွဲ့တစ်ဖွဲ့က ယွီဖေးဆေးစမ်းသပ်ချက်ရလဒ်ကိုမှတ်တမ်းတင်နေကြသည်။
အရှေ့တိုင်းမှယွီဖေးဆေးလက်တွေ့စမ်းသပ်ချက်ကြောင့် အားလုံးအံ့အားသင့်ရသည်။
ဘယ်ဆေးမှာမှမရှိနိုင်သောအာနိသင်မျိုးပင်။
သုတေသနဓာတ်ခွဲခန်းပါမောက္ခတစ်ဦးက ယွီဖေးဆေးဖွဲ့စည်းထားပုံကိုဓာတ်ခွဲနေသည်။
ဒီဖွဲ့စည်းမှုကိုဓာတ်ခွဲနိုင်ရင် ယွီဖေးဆေးကိုရမည်။
ထိုပါမောက္ခမှာ ဂျာမနီတွင်အတော်ဆုံးသုတေသနပါမောက္ခ Bobida ဖြစ်သည်။ ကမ္ဘာ့အတော်ဆုံးပညာရှင်တစ်ဦးလည်းဖြစ်သည်။
သူ့ဘေးတွင် သက်လတ်ပိုင်းလူတစ်ယောက်ရှိသည်။ ဂျာမနီမှာဩဇာကြီးသော Liszt ဆိုသူပင်။
ယွီဖေးဆေးကိုဓာတ်ခွဲရန် Liszt က Bobida ကိုဖိတ်ထားခြင်းဖြစ်သည်။
လက်အောက်ခံသုတေသနမီဒီယာအဖွဲ့အစည်းတစ်ခုမှ ယွီဖေးဆေးအာနိသင်ကို Liszt သိပြီးနောက် Bobida ကိုချက်ချင်းဖိတ်ကာ ယွီဖေးဆေးကိုဓာတ်ခွဲစေသည်။
ယွီဖေးဆေးကိုဓာတ်ခွဲပြီးရလာမည့်အကျိုးအမြတ်ကို သူစိတ်ကူးကြည့်သည်။
အစပိုင်းတွင် Bobida က ယုံကြည်ချက်အပြည့်ပင်။
ဘာပဲဖြစ်ဖြစ် သူကကမ္ဘာ့အတော်ဆုံးသုတေသနပါမောက္ခတစ်ဦး။
သို့ရာတွင် ဖွဲ့စည်းမှုကိုဓာတ်ခွဲကြည့်သောအခါ လက်ရှိသိပ္ပံသုတေသနနည်းအရ လုံးဝနားမလည်နိုင်သောကြောင့် အံ့ဩသွားသည်။ သဲလွန်စတစ်ခုမှမတွေ့။
"ဒါ...''
Bobida သုံးလေးကြိမ်စမ်းကြည့်သော်လည်း မရချေ။ သူ့ယုံကြည်မှုများ တမဟုတ်ချင်းကွဲကြေသွားသည်။
"ပါမောက္ခ Bobida.. ဘယ်လိုထင်လဲ?''
ဘေးမှ Liszt က လောလောနှင့်မေးသည်။
"မစ္စတာ Liszt.. ဒီဓာတ်တွေ ကျုပ်အရင်ကမမြင်ဖူးဘူး... ဒါတွေနဲ့တွေ့မှ ဆေးသုတေသနမှာ ပညာသင်ဘဝရောက်သွားသလိုပဲ''
Liszt က ဘာဖြစ်နေလဲသဘောပေါက်သည်_
"တနည်းပြောရရင် ခင်ဗျားဓာတ်မခွဲနိုင်ဘူးပေါ့?''
"အချိန်တိုအတွင်းတော့ မဖြစ်နိုင်ဘူး''
Bobida ခေါင်းညိမ့်သည်။
Liszt က မျက်မှောင်ကြုတ်လိုက်သည်။
ဓာတ်ခွဲတဲ့နည်းအလုပ်မဖြစ်မှတော့ တခြားနည်းသုံးရုံပေါ့။
သူက မှတ်စုရေးနေသောသုတေသနသမားတစ်ယောက်ကိုလက်ယပ်ခေါ်လိုက်သည်။ ထိုလူရောက်လာသောအခါ_
"သုတေသနမီဒီယာတွေကိုဆက်သွယ်ပြီး ကြေညာချက်ထုတ်ခိုင်းပါ... ယွီဖေးဆေးအာနိသင်က စစ်မှန်တဲ့အကြောင်း.. ကမ္ဘာ့အကောင်းဆုံးဆေးဖြစ်တဲ့အကြောင်းပြောပြီး အကောင်းဆုံးအထောက်အပံ့ပေးပါ''
"ကောင်းပါပြီ မစ္စတာ Liszt''
သုတေသနသမား ချက်ချင်းထွက်သွားသည်။
Liszt က စိတ်ကောင်းနှင့်လုပ်ခြင်းမဟုတ်။ ဓာတ်မခွဲနိုင်မှတော့ ကိုယ်စားလှယ်လျှောက်မည်။ ဂျာမနီက ရေပူစမ်းဆေးမှုန့်ကိုကိုယ်စားလှယ်လုပ်ခွင့်ရထားကြောင်းလည်းသိကြသည်။
ယွီဖေးဆေးကိုယ်စားလှယ်လုပ်ခွင့်မရှိတာမဟုတ်။
ဒီတော့ ပထမအဆင့်အနေနှင့် စိတ်ကောင်းပြထားရမည်။
မကြာမီ ဂျာမနီမီဒီယာအသီးသီးက ယွီဖေးဆေး၏အံ့ဖွယ်အာနိသင်ကို အမွမ်းစတင်ကြသည်။ အချိန်တိုအတွင်း ဂျာမနီတစ်နိုင်ငံလုံး ယွီဖေးဆေးနှင့်အံ့ဖွယ်အာနိသင်အကြောင်းသိလာ၏။
အားလုံးအံ့ဩသွားသည်။
ဂျာမနီနောက် အင်္ဂလန်လိုက်သည်။ အင်္ဂလန်သုတေသနမီဒီယာကလည်း ယွီဖေးဆေးအာနိသင်အကြောင်းကို အမြန်ဆုံးကြေညာကြသည်။
တော်ဝင်မိသားစုလက်ချက်ပင်။
ဘာပဲဖြစ်ဖြစ် သူတို့က ရေပူစမ်းဆေးမှုန့်ကိုယ်စားလှယ်လုပ်ခွင့်ရထားသည်။ ယွီဖေးဆေးလိုအံ့ဖွယ်ဆေးကို ကိုယ်စားလှယ်လုပ်ခွင့်ရချင်သည်။
နောက်မကြာမီ အနောက်တိုင်းနိုင်ငံအသီးသီးမှသုတေသနမီဒီယာများက ယွီဖေးဆေးသတင်းကိုကြေညာကြသည်။
ဒီအခြေအနေကို Adoxi လည်းသတိထားမိသည်။ အနောက်နိုင်ငံအများစုက ယွီဖေးဆေးကိုအားပေးနေကြသည်။
ဒီနိုင်ငံတွေရဲ့ရည်ရွယ်ချက်ကိုလည်း သူသဘောပေါက်သည်။
ယွီဖေးဆေးကိုကိုယ်စားလှယ်လုပ်ခွင့်ရချင်သောကြောင့် ဒီလိုကြော်ငြာပေးပြီးစိတ်ကောင်းပြနေကြသည်။
ဒါပေမဲ့ ဘယ်အရှေ့တိုင်းနိုင်ငံက ယွီဖေးဆေးကိုယ်စားလှယ်လုပ်ခွင့်ရလဲ?
ထိုသို့တွေးမိသည်နှင့် ချက်ချင်းဖုန်းထုတ်ပြီးဆက်သွယ်လိုက်သည်။
ဒါကလည်း အခွင့်အရေးတစ်ခုပင်။ ဘာပဲဖြစ်ဖြစ် သူ့မှာဒီထက်ကောင်းတဲ့အကြံမရှိ။
ထို့ကြောင့် အမေရိကန်သုတေသနမီဒီယာကလည်း ယွီဖေးဆေးကိုစတင်ပြသည်။
အချိန်တစ်ခုအထိ ဒီအံ့ဖွယ်တရုတ်တိုင်းရင်းဆေးယွီဖေးကို တစ်ကမ္ဘာလုံးအာရုံစိုက်နေကြ၏။
အမေရိကန်သိပ္ပံသုတေသနမီဒီယာမှသတင်းတင်ပြီးနောက် အရှေ့တိုင်းအင်တာနက်တွင်သတင်းထွက်အောင်လုပ်ခိုင်းမည်။
သူတို့စိတ်ကောင်းရှိကြောင်း တဖက်ကသိရင်ပိုကောင်းမည်။ သူတို့အမေရိကန်ရဲ့စေတနာကို တဖက်ကသိသွားမည်။ ဒီတော့ တဖက်ကထည့်စဉ်းစားမှာပဲမလား?
အားလုံးတွေးပြီးနောက် Adoxi က ရွှေအိုရောင်ဆံပင်နှင့်အမျိုးသမီးအား ညွှန်ကြားရန်ခေါ်လိုက်သည်။
ရွှေအိုရောင်ဆံပင်နှင့်အမျိုးသမီးရောက်လာသောအခါ_
"မစ္စတာ Adoxi.. အခုအရှေ့တိုင်းကထွက်လာတဲ့သတင်းကိုတစ်ချက်ကြည့်လိုက်ပါဦး''
သူမကပြောရင်းဆိုရင်း Adoxi ကိုဖုန်းပြသည်။
“??”
Adoxi က ဇဝေဇဝါနှင့်ဖုန်းယူပြီး အရှေ့တိုင်းသတင်းကိုကြည့်လိုက်သည်။ သို့ရာတွင် သတင်းအကြောင်းအရာမြင်ပြီးနောက် ဒေါသထွက်လွန်း၍ ဖုန်းကိုပေါက်ခွဲပစ်လိုက်လေသည်။