← Chapters

လေထဲမြောက်နေပြီ!

Vol. 81 Ch. 1212

လေထဲမြောက်နေပြီ!

Vol. 81 Ch. 1212

တစ်ကမ္ဘာလုံး ယွီဖေးဆေးကိုချီးကျူးနေသောသတင်းက ရေပန်းစားလာသည်။

ယွီဖေးဆေးနာမည်ဆက်ကြီးနေသောကြောင့် ထိုချီးကျူးသတင်းများက ပြည်တွင်းမီဒီယာရောက်လာသည်။

Adoxi ၏စီစဉ်မှုကြောင့် သုတေသနမီဒီယာမှာ အထင်ရှားဆုံးဖြစ်လာသည်။

အမေရိကန်တွေ အကောင်းမြင်ခံရအောင်ကြိုးစားနေကြောင်း လူတိုင်းသိနိုင်သည်။

ဉာဏ်ကောင်းရင် အမေရိကန်တွေ ယွီဖေးဆေးကိုယ်စားလှယ်လုပ်ခွင့်ရချင်ကြောင်းပါမြင်နိုင်သည်။

အမေရိကန်တွေမှာလည်း ဒီလိုအခိုက်အတန့်တွေရှိသည်။

သို့သော် ထိုအချိန်တွင် ဟွားဆေးရုံမှစိတ်ဝင်စားစရာကောင်းသောသတင်းထွက်လာသည်။

"ယွီဖေးဆေးကုန်ကြမ်းပြတ်လပ်မှုကြောင့် ယွီဖေးဆေးကိုအကန့်အသတ်နဲ့ထုတ်ပါမယ်... ရှေ့လျှောက် ပြည်တွင်းမှာမလုံလောက်ရင် ပြည်ပကိုမရောင်းပါဘူး... ပြည်တွင်းမှာလုံလောက်ရင်တော့ အခြေအနေအရအပြင်ကိုထုတ်ရောင်းပေးပါမယ်!''

ဒါ...

သတင်းဖတ်ပြီး ဒေါသထွက်ထွက်နှင့် ဖုန်းကိုပေါက်ခွဲပစ်လိုက်သည်။

"သေ*စမ်း!''

ဒီလိုရလဒ်မျိုး Adoxi တွေးထားသော်လည်း တကယ်ဖြစ်လာသောအခါ သူ့ဒေါသကိုမထိန်းနိုင်။

Adoxi တင်မဟုတ်။ အနောက်တိုင်းမှယွီဖေးဆေးကိုယ်စားလှယ်လုပ်ချင်သူအားလုံး သတင်းဖတ်ပြီးဆဲကြသည်။

ဒီတော့မှ နိုင်ငံတကာကြက်ခြေနီအဖွဲ့ကိုယွီဖေးဆေးပေးရသည့်အကြောင်းရင်းသိတော့သည်။ သူတို့ကယွီဖေးဆေးရအောင်လုပ်ပေး၊ အာနိသင်ကိုသိစေပြီးမှ ယွီဖေးဆေးကိုယ်စားလှယ်လုပ်ချင်အောင်၊ ချီးကျူးအောင်၊ ဖားအောင် လမ်းကြောင်းသည်။

သူတို့တွေးကြည့်နိုင်သော်လည်း ယွီဖေးဆေး၏အံ့ဖွယ်အာနိသင်ကိုမက်ပြီး လောဘတက်ကာ မစဉ်းစားမိခဲ့။

ဟွားဆေးရုံမှတင်သောသတင်းကို လိုင်းပေါ်တွင်တွေ့လာကြသည်။ ဉာဏ်ပြေးသူများက ဘာဖြစ်နေလဲတန်းသိပြီး လိုင်းပေါ်သတင်းဖြန့်ကြသည်။

ဒီတစ်ခါ အားလုံးတုံ့ပြန်ကြ၏။

ယွီဖေးဆေးနှင့်အမျှားခံရကြောင်းပေါ်လာသည်။ ငါးက ငါးစာဟပ်လိုက်သောအခါ၊ ယွီဖေးဆေးအကြောင်း ကမ္ဘာသိအောင်ကြော်ငြာပေးသူများ တစ်ချက်တည်းရိုက်သ*တ်ခံရသည်။

ထို့ကြောင့် အတော်များများက ငါးမျှားခံရသောပေမျိုးရိုးမိန်းမကြီးဖြစ်ရပ်ကို ပြန်သတိရကြသည်။

အခု ငါးမျှားရတာမပျော်တော့။

ချင်းလင်အပန်းဖြေစံအိမ်_

တရုတ်သိပ္ပံအကယ်ဒမီမှနောက်ဆုံးထွက်သောသတင်းကြည့်ပြီး ချင်လင်မပြုံးဘဲမနေနိုင်။

သူ့စိတ်ကူးအတိုင်းပင်။

အကျိုးအမြတ်မက်လုံးကြောင့်ဖြစ်ရသည်။ ယွီဖေးဆေးမက်လုံးက ကြီးသည်။ မဟုတ်ရင် အကွက်မြင်ပြီး တစ်ယောက်ပြီးတစ်ယောက်အရူးလုပ်ခံရမှာမဟုတ်။

ချင်လင်ဖုန်းချမြည်အပြုတွင် ဖုန်းမြည်လာသည်။ သူကနံပါတ်ကြည့်ပြီး ချက်ချင်းကောက်ကိုင်လိုက်သည်။

ရုံချန်းဆေးဆိုင်မှဖြစ်သည်။

တဖက်က မျိုးစေ့များရောက်ပြီဖြစ်ကြောင်းအသိပေးသည်။

ချင်လင်ကဖုန်းချပြီး ချင်းလင်အပန်းဖြေစံအိမ်မှထွက်ကာ ရုံချန်းထဲမျိုးစေ့သွားယူပြီးပြန်လာသည်။

ရုံးခန်းထဲပြန်ရောက်ရောက်ချင်း တံခါးလော့ချပြီး ဂိမ်းထဲဝင်သည်။

ယွီဖေးဆေးတွင် ဆေးပင် ၁၄ မျိုးပါသည်။

မျိုးစေ့ ၁၄ မျိုးလုံး ဂိမ်းထဲထည့်ပြီးနောက် ပြန်ထွက်လာ၏။

ဒီဆေးပင် ၁၄ ပင်လုံး အဆင့် ၂ ဆေးဥယျာဉ်မှာစိုက်ရမရ အရင်သေချာအောင်လုပ်ရမည်။

တစ်ခုချင်းအတည်ပြုပြီးနောက် သူထင်ထားသည့်အတိုင်းပင်။ တကယ်တော့ ဒီဆေးပင်များက အဆင့် ၂ ဆေးဥယျာဉ်မှာသာ စိုက်နိုင်သည်။

သို့ရာတွင် ဆေးဥယျာဉ်တစ်ခုသာရှိသောကြောင့် ဆေးပင်အားလုံးစိုက်ရန်အချိန်ယူရမည်။

နောက်ပြီး အပြင်ကသာမန်မျိုးစေ့က အဆင့် ၂ ဆေးဥယျာဉ်မှာ အရည်အသွေး ၂ ဆေးပင်ဖြစ်နိုင်မဖြစ်နိုင် အတည်ပြုရမည်။

ချင်လင်က ဂိမ်းဇာတ်ကောင်အား မြက်မုန်ညင်းမျိုးစေ့ကိုအရင်စိုက်စေသည်။

တစ်ရက်ပြည့်မှ မြက်မုန်ညင်းရသည်။

လူပုလေးက မြက်မုန်ညင်းကိုခူးပြီးနောက် ဂိမ်းဇာတ်ကောင်အား ဒုတိယမြောက်အပင်ကိုဆေးဥယျာဉ်ထဲစိုက်စေသည်။

ချင်လင်ကအတွေးနှင့်ဂိမ်းထဲဝင်ပြီး သိုလှောင်ခန်းထဲသွားကြည့်ရာ လူပုလေးများခူးထားသောမြက်မုန်ညင်းကိုတွေ့ရသည်။

မြက်မုန်ညင်းကို အကြီးတစ်ပုံ၊အသေးတစ်ပုံခွဲထားသည်။

(ရှန်ပိုင်: အရည်အသွေး ၁)

(ရှန်ပိုင်: အရည်အသွေး ၂)

အမှန်ပင် သူထင်ထားသည့်အတိုင်း အပုံကြီးက အရည်အသွေး ၁၊ အပုံသေးက အရည်အသွေး ၂ ဖြစ်သည်။

အရည်အသွေး ၂ ရရင်ကောင်းမည်။

နောက်ပြီး ဂိမ်းမြက်မုန်ညင်းက သူအပြင်မှဝယ်သောသာမန်မြက်မုန်ညင်းထက်ပိုကြီးသည်။ အရည်အသွေး ၂ က အရည်အသွေး ၁ ထက်ပိုကြီးသေးသည်။

ဒီတော့ အရည်အသွေးမြင့်လေ၊ သက်တမ်းပိုရင့်လေ၊ အာနိသင်ပိုကောင်းလေပင်။

ချင်လင်ကဂိမ်းထဲမှထွက်ပြီး ကွန်ပျူတာကိုင်ကာမြက်မုန်ညင်းအကြောင်းရှာသည်။

အင်တာနက်မှတ်တမ်းများအရ အပြင်မှာအရည်အသွေး ၂ မြက်မုန်ညင်းထက်ပိုရှည်အောင်စိုက်ဖို့မဖြစ်နိုင်။

လဝက်အကြာတွင် ယွီဖေးဆေးဖော်ရန်လိုအပ်သောဆေးပင်အားလုံးကို အဆင့် ၂ ဆေးဥယျာဉ်ထဲတွင် ချင်လင်စိုက်ပြီးသွားသည်။

ဆေးပင်များက သာမန်အပင်ထက်ပိုရှည်သည်။ အားလုံးသက်တမ်းရင့်ဆေးပင်များဖြစ်ပြီး အရည်အသွေး ၂ ကသက်တမ်းပိုရင့်သည်။

လဝက်ကြာပြီး ယွီဖေးဆေးထဲမှနောက်ဆုံးဆေးပင်စိုက်ပြီးသောအခါ ချင်လင်ရုံးခန်းထဲမှတန်းထွက်လာသည်။

ဒီလိုသက်တမ်းရင့်ဆေးပင်မျိုးက ဘယ်ကမှန်းမသိရောက်လာလို့မဖြစ်။ သူအပြင်ထွက်ပြီး သရုပ်ဆောင်ရဦးမည်။

သူရုံးခန်းအပြင်ထွက်ပြီး ဧည့်ခန်းထဲရောက်သောအခါ စိတ်လှုပ်ရှားနေသောယွမ်ရှန်နှင့်တိုးသည်။

ယွမ်ရှန်မျက်နှာကြည်နေသောကြောင့် စိတ်ကြည်နေပုံရသည်။

"တော်ဝင်ပညာရှင်ယွမ်.. ကြည့်ရတာ သတင်းကောင်းရှိတယ်ထင်တယ်''

ချင်လင်ကပြုံးပြုံးနှင့်မေးသည်။

"ဟုတ်တယ် သူဌေးချင်''

ယွမ်ရှန်က ချက်ချင်းခေါင်းညိမ့်ပြီး_

"လက်တွေ့စမ်းသပ်တဲ့လူနာတွေ လုံးဝပြန်ကောင်းသွားပြီ''

ယွမ်ရှန်စကားအရ ဘာအကြောင်းမှန်းချင်လင်သိသည်။

ဂိမ်းထဲမှထုတ်လာသောလက်ဖက်ပင်ဖြစ်သည်။ လက်ဖက်ပင်မှာ အထူးမြေကြီးနှင့်မျိုးပြောင်းပြီး ကင်ဆာကာကွယ်သောအာနိသင် +၂ ရှိသည်။

All Chapters