လေထဲမြောက်နေပြီ! ၂
Vol. 81 Ch. 1213
ထို့ကြောင့် ရုံချန်းဆေးရုံတွင် ကင်ဆာအတွက်လက်ဖက်ခြောက်လက်တွေ့စမ်းသပ်ရန် ကင်ဆာနောက်ဆုံးအဆင့်လူနာများကို ဝန်ကြီးလုကရှာပေးထားသည်။
အခုအချိန်တစ်ခုကြာပြီဖြစ်၍ +၂ အာနိသင်ကြောင့် လူနာများသက်သာလောက်ပြီ။
"သူဌေးချင်.. အပြင်သွားမလို့လား?''
ယွမ်ရှန်ကရှင်းပြပြီးနောက် စပ်စုသည်။
"ဟုတ်တယ်''
ချင်လင်၏သရုပ်ဆောင်စွမ်းရည်က ထုံးစံအတိုင်းထွက်လာပြီး လျှောက်ပြောသည်_
"အခုယွီဖေးဆေးက ကမ္ဘာ့အကောင်းဆုံးဖြစ်နေတာမလား? ယွီဖေးဆေးကို ကျွန်တော်သုတေသနလုပ်ထားတယ်... သက်တမ်းရင့်ဆေးပင်တွေမှာပြီးတော့ အာနိသင်ပိုထက်တဲ့ယွီဖေးဆေးဖော်နိုင်မလား စမ်းကြည့်မလို့''
"အာနိသင်ပိုထက်တဲ့ယွီဖေးဆေး?''
ယွမ်ရှန် အံ့ဩသွားသည်။
သူကိုယ်တိုင် ယွီဖေးဆေးကိုစမ်းသပ်ထား၍ ယွီဖေးဆေးအာနိသင်ဘယ်လောက်ကောင်းမှန်းသိသည်။ နှစ်ပေါင်းများစွာခေတ်ရှေ့ပြေးနေသောထုတ်ကုန်ပင်။
အခုသူဌေးချင် ဘာပြောလိုက်တာလဲ?
ယွီဖေးဆေးအာနိသင်ပိုထက်လာမလားလို့တဲ့?
"သူဌေးချင်.. ဝယ်ထားတဲ့ဆေးပင်တွေပြန်ယူလာရင် ငါလည်းပါမယ်နော်''
ယွမ်ရှန်က ချက်ချင်းပြောလိုက်သည်။
ယွီဖေးဆေးက ကမ္ဘာ့ဆေးသုတေသနမှာအံ့ဖွယ်တစ်ပါးဖြစ်နေပြီ။
အာနိသင်ပိုထက်တဲ့ယွီဖေးဆေးဖော်တဲ့အခါဝင်ပါပြီး အောင်မြင်သွားရင် သေချာပေါက်ဂုဏ်ယူစရာဖြစ်မည်။
"ဟုတ်ကဲ့.. တော်ဝင်ပညာရှင်ယွမ်ပါနိုင်ပါတယ်''
ချင်လင်ကပြုံးပြုံးနှင့်ပြောသည်။
တော်ဝင်ပညာရှင်ယွမ်က အကောင်းဆုံးသက်သေပဲမလား?
ဒီဆေးပင်တွေကိုအပြင်ကရတာဖြစ်ကြောင်း သူစကားထည့်ထားသည်။
သူများမရနိုင်တာ သူရနိုင်သည်။
ဒီတော့ ရှေ့လျှောက် အရည်အသွေး ၃ က သူ့အတွက်သာဖြစ်မည်။
ချင်လင်က စံအိမ်မှမောင်းထွက်လာပြီး အကြာကြီးအချိန်ဖြုန်းပြီးမှဂိုဒေါင်သွားသည်။ ထို့နောက် ဂိမ်းထဲမှဆေးပင်များထုတ်သည်။
ပြီးလျှင် ချင်းလင်အပန်းဖြေစံအိမ်ပြန်မောင်းလာသည်။
ကားပါကင်ထိုးပြီးနောက် ဧည့်ခန်းထဲဆေးပင်များယူသွားသောအခါ ယွမ်ရှန်စောင့်နေဆဲဖြစ်ကြောင်းတွေ့ရသည်။
"သူဌေးချင်.. အဲဒါမင်းသွားယူတဲ့ဆေးပင်တွေလား?''
ချင်လင်လက်ထဲမှအိတ်ကြီးနှစ်အိတ်ကိုကြည့်ရင်း ယွမ်ရှန်ကမေးသည်။
"ဟုတ်တယ်!''
ချင်လင်ကခေါင်းညိမ့်ပြီး အိတ်ကိုယွမ်ရှန်ဆီလှမ်းပေးကာ ပြုံးပြုံးနှင့်_
"တော်ဝင်ပညာရှင်ယွမ်.. ဒီဆေးပင်တွေကိုတစ်ချက်ကြည့်ပါဦး.. အားလုံးသက်တမ်းရင့်တွေလို့ပြောတယ်.. ကျွန်တော်အလိမ်မခံရပါဘူးနော်?''
ယွမ်ရှန်ကချက်ချင်းအိတ်ယူပြီး ပြုံးလိုက်ကာ_
"ငါတို့အလိမ်ခံရရင်တောင် မင်းကအလိမ်ခံရမှာမဟုတ်ဘူး''
ဟာသပြောနေတာမလား?
သူဌေးချင်ရဲ့တိုင်းရင်းဆေးပညာကို ပြည်တွင်းတရုတ်တိုင်းရင်းဆေးစီနီယာကြီးတွေတောင်မယှဉ်နိုင်တဲ့အကြောင်း တရုတ်သိပ္ပံအကယ်ဒမီကအသိအမှတ်ပြုထားသည်။
ဥပမာ ချူချင်းဖုန်းတို့တရုတ်တိုင်းရင်းဆေးစီနီယာကြီးများက ယွီဖေးဆေးမဖော်နိုင်သော်လည်း သူဌေးချင်ကတစ်ယောက်တည်းဖော်နိုင်သည်။
ယွမ်ရှန်ကစဉ်းစားကြည့်ပြီး အိတ်ဖွင့်ကာတစ်ချက်ကြည့်လိုက်သည်။ အထဲမှဆေးပင်များမြင်ပြီး သူ့မျက်လုံးများဝင်းလက်သွား၏။
ဆေးသုတေသနပါမောက္ခတစ်ဦးဖြစ်၍ ယွီဖေးဆေးနှင့်အဆက်အစပ်မရှိခင်ကတည်းက ကုန်ကြမ်းများကိုလေ့လာဖူးသည်။ သက်တမ်းရင့်ဆေးပစ္စည်းဟုတ်မဟုတ် သူသိနိုင်သည်။
ဒီသက်တမ်းရင့်ဆေးပင်တွေကို အပြင်မှာပေါပေါလောလောဝယ်ရတဲ့ဆေးပင်တွေမယှဉ်နိုင်။
ဒီဆေးပင်တွေနဲ့ဖော်တဲ့ယွီဖေးဆေးက သေချာပေါက်အာနိသင်ပိုကောင်းမည်။
"သူဌေးချင်.. မင်းနဲ့အတူတူ ယွီဖေးဆေးဖော်လို့ရလား?''
ယွမ်ရှန်ကမျှော်လင့်ပုံနှင့်မေးသည်။
"ရတာပေါ့''
ချင်လင်ကပြုံးပြုံးနှင့်ခေါင်းညိမ့်ပြသည်။
ဒီတော်ဝင်ပညာရှင်က တစ်ဦးတည်းသောသက်သေပဲမလား?
ထို့နောက် ချင်လင်ကဆေးပင်များသယ်ပြီး ယွမ်ရှန်နှင့်အတူ စံအိမ်အတွင်းဘက်ဝင်လာသည်။
စံအိမ်အတွင်းဘက်ထဲ ယွမ်ရှန်ပထမဆုံးဝင်ဖူးခြင်းဖြစ်ပြီး ချင်လင်၏အလုပ်ခန်းကိုမြင်သောအခါ သူနည်းနည်းအံ့ဩသွားသည်။
သူဌေးချင်က ကုမ္ပဏီမှာကိုယ်ပိုင်ဓာတ်ခွဲခန်းရှိမည်ဟုသူထင်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူဌေးချင်ကအများကြီးဖန်တီးခဲ့ဖူးသည်။
အခုမြင်လိုက်ရမှ သူဌေးချင်အလုပ်ခန်းက နည်းနည်းရိုးရှင်းသလိုခံစားမိသည်။ ကိရိယာတန်ဆာပလာတချို့မှလွဲ၍ သိပ္ပံသုတေသနအပြင်အဆင်မျိုးလုံးဝမရှိ။
ထို့အပြင် သီးသန့်ဓာတ်ခွဲခန်းနှင့်လုံးဝမတူပေ။
"တော်ဝင်ပညာရှင်ယွမ်.. စလိုက်ရအောင်!''
ချင်လင်ကဆေးပင်များကိုတစ်မျိုးချင်းခွဲရင်းပြောသည်။
ဒစ်ဂျစ်တယ်ချိန်စက်နှစ်ခုယူပြီး ယွမ်ရှန်ကိုတစ်ခုပေးလိုက်သည်။
ယွမ်ရှန်ကဆေးနည်းအတိအကျမသိသောကြောင့် ချင်လင်ကိုဆေးချိန်မေးကာ လိုအပ်သောပမာဏကိုတစ်မျိုးချင်းချိန်ပေးသည်။
နောက်တစ်ဆင့်က ဆေးမှုန့်ကြိတ်ရမည်။ ဘာမှအာရုံစိုက်စရာမလို။ ဒီအတိုင်းကြိတ်ရုံသာ။
ဒီကိစ္စ ယွမ်ရှန်လက်ထဲအပ်လိုက်မည်။
ချင်လင်က ဆေးပင်များစီစဉ်ပြီးပေးဖို့သာလိုသည်။
ဒီတော့ ယွမ်ရှန်က ဆေးပင်များကိုအစဉ်လိုက်အမှုန့်ကြိတ်၊ သူက ဆေးမှုန့်ကိုအချိုးအစားအတိုင်းထည့်ရမည်။
ချင်လင်ကမြေအိုးယူပြီး ဆေးပြင်ဆင်သည်။
တစ်နာရီအကြာ_
ချင်လင်ရှေ့မှမြေအိုးကို ယွမ်ရှန်ကစိုက်ကြည့်နေသည်။ ချင်လင် အိုးအဖုံးဖွင့်လိုက်သောအခါ ဆေးနံ့ကိုသူရသည်။
ချင်လင်မှာအတွေ့အကြုံရှိသောကြောင့် အနံ့ရသည်နှင့်ယွီဖေးဆေးအောင်မြင်သွားပြီမှန်း သူသိသည်။
"သူဌေးချင်.. ဆေးရပြီလား?''
ယွမ်ရှန်ကတန်းမေးသည်။
"အင်း.. ရပြီထင်တယ်''
ချင်လင်ကခေါင်းညိမ့်ပြီး ဆေးကိုနှစ်ပုံခွဲလိုက်သည်။ ယွမ်ရှန်ကိုတစ်ပုံပေးကာ_
"ဒါပေမဲ့ တော်ဝင်ပညာရှင်ယွမ်.. ဆေးအခြေအနေကိုစမ်းသပ်ပေးပါဦး... သက်တမ်းရင့်ဆေးပင်တွေက ဆေးအပေါ်သက်ရောက်မှုရှိမရှိပေါ့''
"ကောင်းပြီ.. ငါ့တာဝန်ထား''
ယွမ်ရှန် ခေါင်းညိမ့်လိုက်သည်။ စကားတောင်ဆက်မပြောနိုင်တော့။ ယွီဖေးဆေးယူပြီး စံအိမ်အတွင်းဘက်မှတန်းထွက်လာသည်။ ထို့နောက် အပန်းဖြေစံအိမ်မှထွက်ကာ ရုံချန်းဆေးရုံတွင်သွားစမ်းသပ်သည်။
ချင်လင်လည်း ကျန်ဆေးတဝက်ယူပြီး အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။ သူဖော်ထားသောယွီဖေးဆေးမှတ်ချက်ကိုတန်းဖတ်ကြည့်သည်: