လေထဲမြောက်နေပြီ! ၃
Vol. 81 Ch. 1214
(အထူးယွီဖေးဆေး: အရည်အသွေး ၃)
(သီးသန့်ဖော်ထားသောယွီဖေးဆေးဖြစ်သည်။ တော်ဝင်ကြင်ရာတော်ရန်သုံးခဲ့သောဆေးဟုဒဏ္ဍာရီရှိသည်။ ဒေါက်တာ Dott ပြင်ဆင်ပြီးနောက် အာနိသင်ပိုထက်လာသည်:
အမာရွတ်ပြန်ကောင်းခြင်း +၃၊ ဒဏ်ရာပြန်ကောင်းခြင်း +၃၊ အမာရွတ်ဟောင်းဖယ်ရှားပေးခြင်း +၃၊ တစ်ရှူးပြန်ကောင်းစေခြင်း +၃!)
ယွီဖေးဆေးမှတ်ချက်ဖတ်ပြီး ချင်လင်ပြုံးလိုက်သည်။ အောင်မြင်ပြီ။
နောက်တစ်ဆင့်က ဒီအရည်အသွေး ၃ ယွီဖေးဆေး၏အာနိသင်ကိုစမ်းသပ်ရမည်။
အရည်အသွေး ၂ အာနိသင်ကို ဟွားဆေးရုံမှာစမ်းသပ်ပြီးပြီ။ လျိုကျန်းသုန့်ကိုတောင်ကုနိုင်သည်။ ဒီတော့ ဒီတစ်ခါခြေကျိုးလက်ကျိုးရှာရမည်။ နောက်ပြီး နှစ်ပိုင်းပြတ်တဲ့အကျိုးမျိုးဖြစ်ရမည်။
သို့ရာတွင် ယွမ်ရှန်၏အဖြေကိုစောင့်ရဦးမည်။
ချင်လင်အားနေသောကြောင့် ယွီဖေးဆေးထပ်ဖော်သည်။
အရင်က အရည်အသွေး ၂ ပါဝင်ပစ္စည်းများသုံးပြီး တော်ဝင်ဆေးစွပ်ပြုတ်လုပ်ဖူးသော်လည်း အရည်အသွေး ၃ သာရသည်။
သူတစ်ကြိမ်တည်းလုပ်ဖူးသောအရာမှာ စားသောက်ပွဲတွင်ချက်သောအမဲသားဖြစ်သည်။
အခု ဒီအရည်အသွေး ၂ ပါဝင်ပစ္စည်းတွေသုံးပြီး ယွီဖေးဆေးထပ်ဖော်မည်။ အရည်အသွေး ၄ ရနိုင်မရနိုင်စမ်းကြည့်ချင်သည်။
ချင်လင်က ယွီဖေးဆေး ၄ ဖုံဆက်တိုက်ဖော်သည်။ ထိုဆေးများကို ဂိမ်းထဲယူကြည့်ရာ အရည်အသွေး ၃ သာရှိကြောင်းတွေ့ရသည်။
ထို့ကြောင့် ပါဝင်ပစ္စည်းအားလုံးအရည်အသွေး ၂ သုံးရင်တောင် အရည်အသွေး ၃ ဆေးသာရမည်။ အရည်အသွေး ၄ မရ။
ထို့နောက် ချင်လင်က သူ့စိတ်ထဲမှဂိမ်းကိုကြည့်ပြီး ဂိမ်းဇာတ်ကောင်အား သတ္တုမြို့တော်သွားစေသည်။
အရည်အသွေး ၄ ရချင်ရင် သူ့မှာဆေးဖော်သည့်အတတ်ပညာရှိရမည်။
မဟုတ်ရင် မျိုးစေ့တွေဖြုန်းရာကျမည်။
သတ္တုမြို့တော်တွင် မျိုးစေ့ထုတ်စက်ရှိသည်။
မျိုးစေ့ထုတ်စက်နှင့်ထုတ်ပြီး အံ့ဩစရာရှိမရှိကြည့်ရမည်။
ချင်လင်ကဂိမ်းဇာတ်ကောင်အား သတ္တုမြို့တော်စမ်းသပ်ခန်းမသွားစေသည်။ မကြာမီ မျိုးစေ့ထုတ်စက်ရှေ့ရောက်ပြီး ကျောပိုးအိတ်ထဲမှဆေးမျိုးစေ့တချို့ထုတ်ကာ စက်ထဲထည့်စေသည်။
(မျိုးစေ့ထုတ်ချင်ပါသလား?)
သူက 'ထုတ်မည်'ကိုတန်းရွေးလိုက်သည်!
(မြက်မုန်ညင်းမျိုးစေ့ထုတ်ပြီးပါပြီ။ ထုတ်လုပ်မှု ၂၀% တိုးပါသည်။)
(မြက်မုန်ညင်းထုတ်ပြီးပါပြီ။ ထုတ်လုပ်မှု ၂၀% တိုးပါသည်။)
ချင်လင်ကမျိုးစေ့များဆက်ထုတ်ကြည့်ရာ အထွက်နှုန်းသာတိုးလာသည်။ သူမအံ့ဩမိ။
တနည်းဆိုသော် လောလောဆယ်အရည်အသွေး ၃ ယွီဖေးဆေးသာဖော်နိုင်သည်။ အရည်အသွေး ၄ ရချင်ရင် ရှေ့လျှောက်အခွင့်အရေးရှိမရှိစောင့်ကြည့်ရမည်။
အချိန်ကုန်လွန်သွားသည်။
ဟွားဆေးရုံတွင် ယွမ်ရှန်မှာယွီဖေးဆေးစမ်းသပ်ရင်း စိတ်လှုပ်ရှားနေသည်။ တစ်ကြိမ်စမ်းသပ်ရုံနှင့် အသစ်ဖော်ထားသောယွီဖေးဆေး၏ကြောက်စရာအာနိသင်ကိုတွေ့ရသည်။
ယွမ်ရှန်မှာယွီဖေးဆေးစမ်းသပ်ပြီး အံ့ဩမှုကိုမထိန်းနိုင်။
အရင်ယွီဖေးဆေးက HKR ထက်သာတယ်ဆိုရင် ဒီအသစ်ဖော်ထားတဲ့ယွီဖေးဆေးကပိုသာသည်။
ထို့နောက် ချင်းလင်အပန်းဖြေစံအိမ်ပြန်ပြီး ချင်လင်ကိုသွားရှာသည်_
"သူဌေးချင်.. မင်းကတော့ အံ့ဩစရာပဲ... ဒီယွီဖေးဆေးက အရင်ထက်ပိုစွမ်းတယ်... အရင်တစ်ခုကပဲကောင်းလှပြီ... ဒီတစ်ခုက လေထဲတန်းရောက်သွားသလိုပဲ''
"အဲလောက်တောင်လား?''
ချင်လင်ကစိတ်ထဲမှသိပြီးဖြစ်သော်လည်း အံ့ဩဟန်ဆောင်လိုက်သည်။
ယွမ်ရှန်ကသံသယမရှိဘဲ အလေးအနက်ခေါင်းညိမ့်ကာ_
"ဟုတ်တယ် သူဌေးချင်.. ဒီယွီဖေးဆေးအာနိသင်ကိုစမ်းသပ်ဖို့ လူနာနှစ်ယောက်ထပ်ရှာရမယ်.. ပြီးတော့ ပြင်းပြင်းထန်ထန်ထိခိုက်ထားတဲ့သူရှာရမှာ''
"အင်း.. အဲဒါပြဿနာ''
ချင်လင် ခေါင်းညိမ့်လိုက်သည်။
"ငါ့တာဝန်ထား! ရုံချန်းဆေးရုံမှာ သင့်တော်တဲ့သူရှိလိမ့်မယ်''
ယွမ်ရှန်က ချက်ချင်းပြောသည်_
"မရရင် ဝန်ကြီးလုကိုအကူအညီတောင်းလို့ရတယ်''
တရုတ်သိပ္ပံအကယ်ဒမီ_
ဝန်ကြီးလု ဓာတ်ခွဲခန်းထဲရောက်နေသည်။
အထဲရှိသုတေသနသမားအားလုံး ဆေးနှင့်အလုပ်ရှုပ်နေကြသည်။ ယွီဖေးဆေးကိုဓာတ်ခွဲရန်ကြိုးစားနေကြ၏။
ဆေးနည်းရှိသော်လည်း ဓာတ်ခွဲနိုင်ရင် တခြားဆေးသုတေသနအတွက်အကျိုးရှိမည်။
ဝန်ကြီးလုက လူကြီးတစ်ယောက်ကိုလှမ်းမေးသည်_
"တော်ဝင်ပညာရှင်သုန့်.. ဓာတ်ခွဲတာဘယ်လိုလဲ?''
တော်ဝင်ပညာရှင်သုန့်မှာ ယွမ်ရှန်လိုဆေးဘက်ဆိုင်ရာတော်ဝင်ပညာရှင်ဖြစ်သည်။ ဒီတစ်ခါ ယွီဖေးဆေးဓာတ်ခွဲမည့်အဖွဲ့ကိုဦးဆောင်ရန်တာဝန်ယူထားသည်။
တော်ဝင်ပညာရှင်သုန့်က သက်ပြင်းချပြီး_
"ဝန်ကြီးလု.. ရှေးကလူတွေ အသိပညာကောင်းလွန်းတယ်လို့ပဲပြောရတော့မယ်... ဆေးနည်းသိတာတောင်မှ ဓာတ်ခွဲချင်သလိုခွဲမရဘူး''
"ဒီထဲပါတဲ့အချက်အလက်တွေကို လက်ရှိဆေးပညာနဲ့ဓာတ်ခွဲမရဘူးပြောရမယ်... ငါတို့မတတ်နိုင်ဘူး... နိုင်ငံခြားကလူတွေပိုဆိုးမယ်''
"ငါတို့ယွီဖေးဆေးအာနိသင်ကို နောက်နှစ် ၂၀ လောက်ကျော်နိုင်ဦးမှာမဟုတ်ဘူး''