အာနိသင်ပိုထက်တဲ့ဆေး!
Vol. 81 Ch. 1215
တော်ဝင်ပညာရှင်သုန့်စကားနားထောင်ရင်း ဝန်ကြီးလုကခေါင်းညိမ့်သည်။
သူတို့မှဓာတ်မခွဲနိုင်ရင် ဘယ်သူမှဓာတ်မခွဲနိုင်တော့။
နောက်ပြီး ယွီဖေးဆေးက အနည်းဆုံးနှစ် ၂၀ လောက် ကမ္ဘာမှာရှေ့ပြေးနေသည်။ ဆေးဘက်ဆိုင်ရာသာမက အဘက်ဘက်မှာအသုံးချနိုင်သည်။
ဝန်ကြီးလုတွေးတောနေစဉ် ရုတ်တရက်ဖုန်းဝင်လာသည်။ ယွမ်ရှန်ပင်။
သူဝမ်းသာသွားပြီး ချက်ချင်းဖုန်းကိုင်၍မေးလိုက်သည်_
"တော်ဝင်ပညာယွမ်.. ကင်ဆာလက်ဖက်ခြောက်က အဖြေထွက်ပြီလား?''
သူ့ခေါင်းထဲမှာ ဒီကိစ္စအမြဲရှိသည်။
သူဌေးချင်ရဲ့လက်ဖက်ပင်ကို တရုတ်သိပ္ပံအကယ်ဒမီက မျက်စိကျနေသည်။
ကင်ဆာကုနိုင်တဲ့လက်ဖက်ခြောက်က ယွီဖေးဆေးထက်တောင် အုတ်အော်သောင်းတင်းဖြစ်ဦးမည်။
ဒီလက်ဖက်ပင်နှစ်ပင်ကြောင့်သာမဟုတ်ရင် လက်ဖက်ပင်မှာဒီလိုအံ့ဖွယ်အာနိသင်မျိုးရှိတာ ဘယ်သူသိမလဲ?
အခု ချင်းလင်ဓာတ်ခွဲခန်းထဲရွှေ့ပြီးပျိုးထောင်ထားတဲ့လက်ဖက်ပင်တွေမှာ ကင်ဆာဆန့်ကျင်တဲ့အာနိသင်ရှိမရှိကြည့်ရမည်။
ချင်းလင်ဓာတ်ခွဲခန်းမှာရွှေ့စိုက်တာအောင်မြင်ရင် ဒီထုတ်ကုန်ရပြီ။ နူကလီးယားအဆင့်နည်းပညာပစ္စည်းနှင့်တောင်တန်းတူညီနိုင်သည်။
"ဝန်ကြီးလု.. လက်ဖက်ခြောက်အကြောင်းမဟုတ်ဘူး... ယွီဖေးဆေးအကြောင်းပါ''
ယွမ်ရှန်က ချက်ချင်းပြောပြသည်။
ဝန်ကြီးလု ခဏကြောင်သွားသည်။ စောစောကပဲ တော်ဝင်ပညာရှင်သုန့်နှင့်ယွီဖေးဆေးအကြောင်း သူပြောနေသည်။
ထို့ကြောင့် သူကချက်ချင်းပင်_
"တော်ဝင်ပညာရှင်ယွမ်.. ယွီဖေးဆေးဘာဖြစ်လို့လဲ?''
ယွမ်ရှန်ကရှင်းပြသည်_
"ဝန်ကြီးလု.. သူဌေးချင်က သက်တမ်းရင့်ဆေးပင်တွေနဲ့ အာနိသင်ပိုထက်တဲ့ယွီဖေးဆေးဖော်ထားတယ်... ဒီယွီဖေးဆေးအာနိသင်က အရင်ထက်ပိုကောင်းတယ်လို့ပြောရမယ်''
"အဲဒါ သူဌေးချင်နဲ့ကျုပ်က ယွီဖေးဆေးအသစ်အာနိသင်ကိုစမ်းကြည့်ချင်တာ.. အမာရွတ်ပျောက်မပျောက်စမ်းဖို့မလိုဘူး... အဲဒီအာနိသင်က အရင်ဆေးမှာရှိပြီးသား''
"အခု ပျက်စီးသွားတဲ့တစ်ရှူးတွေပြန်ကောင်းတဲ့အာနိသင်ကိုစမ်းချင်တာ... အကောင်းဆုံးက လုံးဝခြေကျိုးလက်ကျိုးဖြစ်သွားတဲ့လူနာမျိုးလိုချင်တယ်.. ရုံချန်းကဆေးရုံသုံးရုံမှာ အဲလိုလူနာမျိုးမရှိလို့ ဝန်ကြီးလုစီစဉ်ပေးနိုင်မလား?'''
သတင်းကြားပြီး ဝန်ကြီးလုအံ့ဩသွားသည်_
"ကျုပ်အမြန်ဆုံးစီစဉ်ပေးမယ်''
သူကဖုန်းချပြီးနောက် တော်ဝင်ပညာရှင်သုန့်အား_
"ကြည့်ရတာ ယွီဖေးဆေးကအကန့်အသတ်မရှိဘူးထင်တယ်... သူဌေးချင်က သက်တမ်းရင့်ဆေးပင်တွေနဲ့ ပိုကောင်းတဲ့ယွီဖေးဆေးဖော်ထားတယ်... အခုလက်တွေ့စမ်းသပ်ကြည့်ရမှာ''
တော်ဝင်ပညာရှင်သုန့်မျက်လုံးကျယ်သွားပြီး_
"ဝန်ကြီးလု.. ဖြစ်နိုင်တယ်.. ဆေးပင်တွေအာနိသင်ပြည့်ဝရင် ဆေးအာနိသင်ပိုကောင်းမှာ''
သီအိုရီအရ ဆေးပင်အာနိသင်အကန့်အသတ်မရှိရင် ယွီဖေးဆေးအာနိသင်လည်း အကန့်အသတ်မရှိနိုင်။ ခါးကဖြတ်လိုက်ရင်တောင် ဆေးအာနိသင်လုံလောက်သရွေ့ မူလအခြေအနေပြန်ရောက်နိုင်သည်။
ဒါက သီအိုရီပိုင်းအရသာဖြစ်ပြီး ဒီလောက်အာနိသင်ရှိတဲ့သက်တမ်းရင့်ဆေးပင်မျိုးရဖို့မဖြစ်နိုင်။
"ဒီယွီဖေးဆေးဖွဲ့စည်းပုံကိုဓာတ်ခွဲပြီး သုတေသနပြန်လုပ်ရင် တစ်ဆင့်တိုးတက်နိုင်တယ်''
"ဒါစိတ်ကူးယဉ်သိပ္ပံအာနိသင်ရနိုင်တဲ့တစ်ခုတည်းသောနည်းပဲ... နှစ် ၂၀ လောက်ကြာသွားမှာစိုးရတယ်... အဲဒီကျရင် ငါတို့ကိုလူကြီးတွေအနားယူပြီ... အလုပ်ဆက်မလုပ်နိုင်တော့ဘူး... တချို့ငယ်ငယ်ရွယ်ရွယ်တွေလုပ်နိုင်ဖို့ပဲမျှော်လင့်ရမယ်''
ဝန်ကြီးလုကခေါင်းညိမ့်ပြီး_
"အခု သူဌေးချင်နဲ့တော်ဝင်ပညာရှင်ယွမ်အတွက်လူနာစီစဉ်ပေးရဦးမယ်... သူဌေးချင်ရဲ့ယွီဖေးဆေးအသစ်က အရင်ဟာထက်ပိုကောင်းတယ်လို့ တော်ဝင်ပညာရှင်ယွမ်ကပြောတော့ ဘယ်လောက်ကောင်းလဲသိချင်နေပြီ''
"လုပ်ကြတာပေါ့''
တော်ဝင်ပညာသုန့် စူးစမ်းချင်လာသည်။
မော်ဒန်ခေတ်တွင် ခြေကျိုးလက်ကျိုးအတွေ့ရများသည်။ စက်မှုလုပ်ငန်းတိုးတက်မှုအလွန်မြန်ဆန်ပြီး စက်ပိုင်းလည်ပတ်မှုအတွက် လူလုပ်ဆောင်ချက်လိုအပ်သည်။
လူနှင့်စက်လည်ပတ်မှုအလိုက်သင့်မဖြစ်လျှင် ခြေကျိုးလက်ကျိုးဖြစ်လွယ်သည်။
မတော်တဆကြောင့်လည်း ခြေကျိုးလက်ကျိုးဖြစ်တတ်သည်။ လက်ရှိဆေးပညာအရ တချို့ခြေကျိုးလက်ကျိုးများပြန်ကောင်းနိုင်သည်။
ဥပမာ လက်ဖြတ်ရမည့်စ*စ်သားကို ယွီဖေးဆေးလိမ်းပြီးထိန်းထားနိုင်သည်။ ဖြတ်စရာမလိုတော့။
သို့သော် လုံးဝကျိုးသွားပါက ပြန်ဆက်ပြီးထိန်းထားရင်တောင် အခြေခံလိုအပ်ချက်လောက်သာလုပ်နိုင်မည်။ မူလအခြေအနေအတိုင်းပြန်ကောင်းဖို့မဖြစ်နိုင်။
လက်မောင်းအရိုး၊သွေးကြောနှင့်တခြားတစ်ရှူးများက ရှုပ်ထွေးလွန်းသည်။
အခု တော်ဝင်ပညာရှင်ယွမ်က သူဌေးချင်အသစ်ဖော်ထားသောယွီဖေးဆေးကိုစမ်းသပ်ရန် ခြေကျိုးလက်ကျိုးလူနာရှာနေသည်။ ဒါ ယွီဖေးဆေးအပေါ်ယုံကြည်မှုရှိကြောင်းပြနေခြင်းပင်။
ချင်းလင်အပန်းဖြေစံအိမ်_
ဝန်ကြီးလုထံမှဖုန်းလက်ခံရပြီးနောက် ယွမ်ရှန်က ချင်လင်ကိုချက်ချင်းသွားရှာကာ_
"သူဌေးချင်.. ဝန်ကြီးလုဆက်သွယ်လာပြီ... မင်မြို့တော်နဲ့စီရင်စုက ခြေကျိုးလက်ကျိုးလူနာနှစ်ယောက်ပို့လိုက်မယ်တဲ့... အခုငါတို့ဆေးပြင်ထားရတော့မှာ''
ချင်လင်က သူဖော်ထားသောယွီဖေးဆေးထုတ်ပြီး ယွမ်ရှန်ဆီပေးကာ_
"တော်ဝင်ပညာရှင်ယွမ်.. ဒီလောက်ဆိုလောက်မှာပါ''
"အရင်အချက်အလက်အရဆို လောက်တယ်''
ယွမ်ရှန်ခေါင်းညိမ့်ပြီး ယွီဖေးဆေးယူကာ ရုံချန်းဆေးရုံသွားသည်။ ထို့နောက် ဆေးရုံနှင့်ဆက်သွယ်သည်။
ဆေးရုံဒါရိုက်တာက မြို့ပေါ်အစည်းအဝေးသွားတက်သောကြောင့် လက်ထောက်ဒါရိုက်တာချန်ဖုန်းဆိုသူက လက်ခံကြိုဆိုသည်။
"တော်ဝင်ပညာရှင်ယွမ်.. ဘာလိုပါသလဲ?''
ချန်ဖုန်းကမေးသည်_
"ဒါရိုက်တာက မှာခဲ့တယ်... ခင်ဗျားတို့လိုအပ်ချက်ကိုအတတ်နိုင်ဆုံးဖြည့်ဆည်းပေးပါတဲ့''
ဆေးရုံသီးသန့်နေရာတွင် ယွမ်ရှန်လက်တွေ့စမ်းသပ်မှန်း ဆေးရုံလူကြီးများသိသောကြောင့် စိတ်ထဲမထားပေ။
ယွမ်ရှန်က လိုရင်းကိစ္စတန်းပြောပြီး ညွှန်ကြားသည်_
"ဆေးရုံမှာ လူနာလက်ခံဖို့ပြင်ထားပါ... ခွဲစိတ်ခန်းနဲ့လူနာဆောင်အသင့်ပြင်ထားပေးပါ''
"ကောင်းပါပြီ တော်ဝင်ပညာရှင်ယွမ်''
ချန်ဖုန်းက ချက်ချင်းစီစဉ်ပေးသည်။ တော်ဝင်ပညာရှင်ယွမ် ဘယ်လိုစမ်းသပ်ချက်မျိုးလုပ်မလဲ သူအရမ်းသိချင်နေပြီ။