← Chapters

အခန်း (၁၇၆)

Vol. 17 Ch. 176

အခန်း (၁၇၆)

Vol. 17 Ch. 176

တရားဝင်ကိစ္စရပ်များကို ဆွေးနွေးပြီးနောက် ရှန်းယွီသည် သူ၏ စီးပွါးရေးသမားပုံစံသို့ ချက်ချင်းကူးပြောင်းလိုက်သည်။ ယခင်ဘဝက အရောင်းဝန်ထမ်းတစ်ဦးအဖြစ် ကျင်လည်ခဲ့သော အအသိစိတ်များမှာ သဘာဝအလျောက် ပြန်လည်နိုးထလာပြီး သူ၏ အရောင်းစကားကို စတင်ပြောဆိုတော့သည်။

"ကျွန်တော်တို့ နှစ်ဖက်လုံးအတွက် အကျိုးရှိမည့် အစီအစဉ်တစ်ခုကို အဆိုပြုချင်ပါတယ်"

ရှန်းယွီက တည်ငြိမ်စွာ ပြောလိုက်သည်။

"မိုးပြာရောင်တိမ်တိုက်ဂိုဏ်းကနေ ခင်ဗျားတို့ဆီကို ဝိညာဉ်လက်နက်တွေ၊ အဆောင်စာရွက်တွေနဲ့ ဆေးလုံးတွေကို အထူးသက်သာတဲ့နှုန်းထားတွေနဲ့ ပုံမှန်တင်ပို့ပေးသွားပါ့မယ်။ အထူးသဖြင့် ရှို့ယင်းရဲ့ အခြေအနေအတွက် လိုအပ်တဲ့ ချီစွမ်းအင်စုပ်ယူမှုဆေးလုံးတွေကို ဦးစားပေး ပို့ပေးမှာပါ"

သူသည် စကားကို ခေတ္တရပ်ကာ ဝမ်ကျန့်၏ မျက်လုံးများတွင် စိတ်ဝင်စားမှု အရိပ်အယောင်များ ပေါ်ထွန်းလာသည်ကို အကဲခတ်လိုက်သည်။ ငါးစာကိုတော့ သူ ဟပ်သွားပြီအခုတော့ မိမိအတွက် အကျိုးအမြတ်ကို စပြောရတော့မည်။

"အပြန်အလှန်အနေနဲ့ ရွှေအနားသတ်ဂိုဏ်းကနေ ကျွန်တော်တို့ဆီကို အဆင့်မြင့်ကျင့်ကြံရေးပစ္စည်းတွေ၊ ရှားပါးဆေးဖက်ဝင်အပင်တွေနဲ့ ခင်ဗျားတို့နယ်မြေမှာ ပေါပေါများများရနိုင်တဲ့ အစီအရင်ဆိုင်ရာ အစိတ်အပိုင်းတွေကို ပြန်လည်ပံ့ပိုးပေးရပါမယ်"

ရှန်းယွီသည် သူ၏လက်ဖက်ရည်ခွက်နှုတ်ခမ်းကို လက်ချောင်းဖြင့် ပွတ်သပ်ရင်း ဆက်

ပြောသည်။

"ဒီသဘောတူညီချက်က အခြားသူတွေနဲ့ ကုန်သွယ်မှုကို ကန့်သတ်ထားတာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ ပစ္စည်းအသစ်တွေ ထွက်လာတိုင်း ပြင်ပဈေးကွက်ထဲ မရောက်ခင်မှာ ခင်ဗျားတို့ဂိုဏ်းက ဦးစားပေး ဝယ်ယူခွင့်ရမှာ ဖြစ်ပါတယ်"

"ဒါ့အပြင် ပစ္စည်းအရေအတွက် အများအပြား ဝယ်ယူမယ်ဆိုရင် ပိုပြီး သက်သာတဲ့နှုန်းထားတွေ ရရှိမယ့် အဆင့်လိုက် ဈေးနှုန်းသတ်မှတ်ချက်မျိုးကိုလည်း ထည့်သွင်းထားမှာပါ"

သူက ထပ်လောင်းပြောကြားလိုက်သည်။

"ပွင့်လင်းမြင်သာမှု ရှိဖို့အတွက် သုံးလတစ်ကြိမ် အခြေအနေတွေကို ပြန်လည်သုံးသပ်ပြီး နှစ်ဖက်စလုံးအတွက် မျှတတဲ့ အလဲအလှယ်ဖြစ်နေဖို့ သေချာအောင် လုပ်ဆောင်သွားပါ့မယ်"

ရှန်းယွီက နိဂုံးချုပ်လိုက်သည်။

ဝမ်ကျန့်သည် မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း ဤအဆိုပြုချက်ကို အလေးအနက် စဉ်းစားကာ ခေါင်းညိတ်ပြသည်။ ရှန်းယွီ၏ အပေးအယူလုပ်ပုံမှာ အလျှော့အတင်း မျှတလွန်းလှသဖြင့် သူ အတော်လေး အထင်ကြီးသွားရသည်။ ဤလူငယ်လေး ဂုဏ်ထူးဆောင်အကြီးအကဲမှာ သာမန်ကျင့်ကြံသူတစ်ဦး မဟုတ်သည်မှာ ထင်ရှားလှသည်။ မိုးပြာရောင်တိမ်တိုက်ဂိုဏ်းသည် သူ့ကို တစ်ဆင့်ပြီးတစ်ဆင့် အံ့ဩစေနေဆဲပင်။

အသေးစိတ်အချက်အလက်များကို အတည်ပြုပြီးနောက် ရှန်းယွီ၏ ရင်ထဲ၌ ကျေနပ်ပီတိများ လွှမ်းမိုးသွားသည်။ ထိုအရင်းအမြစ်များကို လက်ဝယ်ရရှိရန် သူ မစောင့်နိုင်တော့ပေ။ ထိုကဲ့သို့သော ပစ္စည်းများသာ ရရှိပါက သူ၏ ကျင့်ကြံမှုနှင့် ထုတ်လုပ်နိုင်စွမ်းမှာ အဆမတန် မြင့်တက်လာတော့မည်ဖြစ်သည်။

စီးပွားရေးကိစ္စများ အခြေကျသွားပြီးနောက် လီယောင်း၏ မျက်နှာမှာ တည်ကြည်သွားကာ ပိုမိုအရေးကြီးသည့် အကြောင်းအရာကို စတင်ပြောဆိုတော့သည်။ ယခုအခါ သူတို့ဂိုဏ်းနှစ်ခုမှာ မဟာမိတ်ရော ကုန်သွယ်ဖက်ပါ ဖြစ်သွားပြီဖြစ်ရာ ဝူမင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်နှင့် တွေ့ဆုံခဲ့သည့် အဖြစ်အပျက်ကို ဝေမျှရန် သူမ ဆုံးဖြတ်လိုက်သည်။

သူမက ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်ပြောပြနေစဉ် အခန်းတွင်းရှိ လေထုမှာ တဖြည်းဖြည်း တင်းမာလာသည်။ သူမ ပြောအပြီးတွင်မူ ဓာတ်ဝိညာဉ်များမှလွဲ၍ ကျန်ရှိသူအားလုံးမှာ အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြတော့သည်။

အခြေခံသတင်းအချက်အလက်အချို့ကို သိရှိထားသော ရှန်းယွီပင်လျှင် အဖြစ်အပျက်အပြည့်အစုံကို ကြားလိုက်ရချိန်တွင် မှင်တက်သွားရသည်။ လာမည့်ရက်အနည်းငယ်အတွင်း သူတို့ဂိုဏ်းမှာ ကမ္ဘာမြေပေါ်တွင် ဆက်လက် တည်ရှိနိုင်ပါဦးမည်လောဟူသော ထိတ်လန့်မှုက သူ၏ရင်ထဲ၌ ဝင်ရောက်လာသည်။ သူမသည် ဒေသတွင်း အင်အားအကြီးဆုံး ပညာရှင်ကြီးကို ဤမျှအထိ ပြောင်ပြောင်တင်းတင်း ဘယ်လိုများ ရန်စရဲရတာလဲ။

လျူဖုန်းသည် လီယောင်းကို အတိုင်းသားပေါ်လွင်နေသော ထိတ်လန့်မှုများဖြင့် စိုက်ကြည့်နေမိသည်။ ဤအမျိုးသမီး၏ ရဲတင်းမှုမှာ ရူးသွပ်မှုအဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။

ခန်းမတစ်ခုလုံး တစ်မိနစ်ခန့်ကြာအောင် တိတ်ဆိတ်သွားပြီးနောက်တွင်မူ ဝမ်ကျန့်က အလေးအနက်ထားသော လေသံဖြင့် စတင်စကားပြောလာသည်။

"မင်းပြောတာသာ အမှန်ဆိုရင်တော့ ငါတို့မှာ အချိန်အများကြီး မကျန်တော့ဘူး။ အခုချက်ချင်းပဲ ပြင်ဆင်မှုတွေ စလုပ်ရမယ်"

သူသည် သူ၏ဝတ်ရုံလက်အင်္ကျီအတွင်းသို့ လက်နှိုက်ကာ ရှုပ်ထွေးသော အင်းကွက်များဖြင့် တန်ဆာဆင်ထားသည့် အဆောင်စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်သည်။

ရှန်းယွီသည် ၎င်းကို မြင်မြင်ချင်းမှာပင် အဆင့် ၅ ဆက်သွယ်ရေးအင်းဖြစ်ကြောင်း သိလိုက်သည်။ ၎င်းမှာ တစ်ိုက်ကြီးလုံးနီးပါးကို သတင်းစကားများ ပေးပို့နိုင်လောက်အောင် အစွမ်းထက်လှသည်။

ဝမ်ကျန့်သည် သူ၏ ချီစွမ်းအင်များကို ထိုအင်းအတွင်းသို့ ထည့်သွင်းလိုက်ရာ အဆောင်စာရွက်မှာ တောက်ပစွာ လင်းလက်လာပြီးနောက် အရပ်မျက်နှာအနှံ့သို့ လွင့်ပျံ့သွားသော အလင်းမှုန်များအဖြစ် ပျော်ဝင်သွားတော့သည်။

"သူ့အကြောင်း ငါသိသလောက်ဆိုရင်တော့ သူ မနက်ဖြန်လောက်မှာ တိုက်ခိုက်လာဖို့ များတယ်"

ဝမ်ကျန့်က တည်ကြည်သော မျက်နှာပေးဖြင့် ဆက်ပြောသည်။

"ဒါပေမဲ့ အချိန်အတိအကျကိုတော့ ငါတို့ အတပ်မပြောနိုင်ဘူး။ ဒါကြောင့် တစ်ခုခုဖြစ်လာရင် အဆင်သင့်ဖြစ်အောင် ငါ ဒီမှာပဲ ခဏနေခဲ့မယ်"

သူသည် လက်နှစ်ဖက်ကို ပိုက်လိုက်ရင်း သူ၏မျက်လုံးများတွင် တွက်ချက်ထားဟန်ရှိသော အရောင်အဝါများ ပေါ်ထွက်လာသည်။

"ကျန်တဲ့ မဟာမိတ်အဖွဲ့ဝင်တွေကိုလည်း ငါ အကြောင်းကြားပြီးပြီ။ သူတို့ မနက်ဖြန်မနက်လောက်မှာ ရောက်လာကြလိမ့်မယ်"

တည်ငြိမ်နေသော အပေါ်ယံအမူအရာနောက်ကွယ်တွင် ဝမ်ကျန့်၏ အတွေးများမှာ အပြင်းအထန် လည်ပတ်နေသည်။ တကယ်တော့ ဤအခြေအနေမှာ အဆိုးကြီးတော့ မဟုတ်လှပေ။ သူတို့အနေဖြင့် ဤကဲ့သို့ တိကျသော ဖြစ်ရပ်မျိုးအတွက် ကြိုတင်မစီစဉ်ထားသော်လည်း အခြေအနေများမှာ သူတို့ ချမှတ်ထားသော ဗျူဟာအတိုင်းပင် ဖြစ်ပျက်နေသည်။ သူတို့သည် ဝူမင်ဂိုဏ်းချုပ်ကို အမှောင်ထဲမှနေ၍ အလင်းထဲသို့ အောင်မြင်စွာ ဆွဲထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။

သူတို့သာ အကွက်ချစီမံမှု မှန်ကန်ပါက အောင်ပွဲမှာ လက်တစ်ကမ်းအကွာတွင် ရှိနေပေလိမ့်မည်။ ထိုအခါမှသာ အရှေ့ဘက်တိုက်ကြီးသည် ဤသုတ်သင်ရှင်းလင်းမှုဘေးမှ လွတ်မြောက်နိုင်ပေမည်...

...

အစည်းအဝေး ပြီးဆုံးသွားပြီးနောက် ရှန်းယွီသည် နေ့လယ်စာချက်ရန် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီး သူ၏ ဝိညာဉ်ကြောဆီသို့ တိုက်ရိုက်ပြန်လာခဲ့သည်။ သူ၏ ဆရာဖြစ်သူ၊ အဒေါ်ဆရာမဖြစ်သူ အကြီးအကဲဟွမ်နှင့် လီယောင်းတို့မှာ ဖြစ်ပွားတော့မည့် ပဋိပက္ခအတွက် ပြင်ဆင်မှုများဖြင့် အလုပ်ရှုပ်နေကြသည်။ မနက်ဖြန်တွင် စစ်ပွဲစတင်နိုင်သည့် အခြေအနေဖြစ်သောကြောင့် လူတိုင်းမှာ ဂိုဏ်း၏ ကာကွယ်ရေးများကို ပြင်ဆင်ရန်သာ အာရုံစိုက်နေကြသည်။

ထို့ကြောင့် သူစီစဉ်ထားသလို ဆေးပညာ လေ့ကျင့်ခွင့် ရတော့မည်မဟုတ်သော်လည်း ရှန်းယွီမှာ ဤအပြောင်းအလဲအတွက် စိတ်အနှောင့်အယှက် မဖြစ်ပေ။ ထိုအစား သူသည် တစ်ညနေလုံးကို အစီအရင် ဖန်တီးခြင်းအတွက်သာ အချိန်ပေးရန် ဆုံးဖြတ်လိုက်သည်။ ဤကဲ့သို့သော အသက်အန္တရာယ်နှင့် နီးကပ်နေသည့် အချိန်မျိုးတွင် ၎င်းမှာ အလိုအပ်ဆုံး အရာပင်။

ဝိညာဉ်ကြောအတွင်းရှိ သူ၏ အလုပ်ခွင်တွင် နေရာယူရင်း ရှန်းယွီသည် လက်ရှိအခြေအနေကို သုံးသပ်နေမိသည်။ ရန်သူမှာ ဤဒေသ၏ အင်အားအကြီးဆုံး ပညာရှင်ကြီး ဖြစ်နေသောကြောင့် သီးသန့်ကာကွယ်ရေး အစီအရင်များ ဖန်တီးနေခြင်းမှာ အချည်းနှီးသာ ဖြစ်မည်ကို သူသိသည်။ သူ၏ လက်ရှိ အစီအရင်ပညာပညာ အဆင့်အရ သူဖန်တီးနိုင်သမျှ အတောင့်တင်းဆုံးသော အကာအကွယ်များသည်ပင် ဝူမင်ဂိုဏ်းချုပ်၏ လက်ဖျောက်တစ်ချက်တီးသံကိုပင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

သို့သော် သူသည် ယင်းကြောင့် စိတ်ဓာတ်မကျသွားပေ။ နောက်တစ်ကြိမ် ပြန်လည်သတ်မှတ်ပြီးနောက် သူ၏ အတွေ့အကြုံများ နှစ်ဆတက်လာပါက အဆင့် ၅ အစီအရင်က အနည်းဆုံးတော့ ရန်သူကို အရှိန်သတ်နိုင်မည့် အရာမျိုးကို ဖန်တီးနိုင်တော့မည်ဖြစ်ကြောင်း တွေးကာ မိမိကိုယ်ကိုယ် ဖြေသိမ့်လိုက်သည်။ သို့သော် ၎င်းမှာ နောက်မှစဉ်းစားရမည့် ကိစ္စဖြစ်သည်။

လောလောဆယ်တွင်မူ သူသည် တိုက်စစ်ဖွင့် အစီအရင်များ ဖန်တီးရန်သာ အာရုံစိုက်ရမည်။ ယခင်က အချို့ကို ဖန်တီးဖူးသဖြင့် လုပ်ငန်းစဉ်မှာ သူ့အတွက် ရင်းနှီးပြီးသား ဖြစ်နေသည်။ သူ၏ လက်ချောင်းများသည် အစီအရင်ဗန်းများပေါ်တွင် ရှုပ်ထွေးသော အင်းကွက်များကို ကျွမ်းကျင်စွာ ရေးထွင်းနေပြီး သူ၏ ဝိညာဉ်ပင်လယ်မှ စီးဆင်းလာသော စွမ်းအင်များကို ထည့်သွင်းပေးနေသည်။

မနားတမ်း အလုပ်လုပ်နေရင်း နာရီပေါင်းများစွာ ကုန်ဆုံးသွားသည်။ နေဝင်ချိန်ရောက်သောအခါ သူသည် အဆင့် ၆ တိုက်စစ်ဖွင့် အစီအရင် သုံးခုကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည်။ ၎င်းတို့တစ်ခုချင်းစီမှာ အသက်ဝင်လာပါက အခြေတည်ဝိညာဉ်အထွက်အထိပ်အဆင့်၏ တိုက်ခိုက်မှုမျိုး ၁၀ ကြိမ်စီ ပြုလုပ်နိုင်စွမ်း ရှိသည်။ သူ၏ လက်ရာကို ပြန်ကြည့်ရင်း ရှန်းယွီ ကျေနပ်ပီတိ ဖြစ်သွားရသည်။

အစီအရင်များ ပြုလုပ်ပြီးနောက် ရှန်းယွီသည် ဝိညာဉ်ကြောအတွင်းရှိ ဝိညာဉ်စမ်းရေတွင်းဆီသို့ ဦးတည်လိုက်သည်။ လူတိုင်းမှာ ပြင်ဆင်မှုများဖြင့် အလုပ်ရှုပ်နေကြသဖြင့် ညစာချက်ပေးရန်လည်း မလိုအပ်ပေ။ သူသည် ဝတ်ရုံကို ချွတ်လိုက်ပြီး တောက်ပနေသော စမ်းရေထဲသို့ ကိုယ်ကို လျှောချလိုက်သည်။

နွေးထွေးကာ ချီစွမ်းအင်များ ပြည့်နှက်နေသော အရည်များက သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားစဉ် စစ်ပွဲနီးကပ်နေချိန်တွင် သွေးမျိုးဆက် လှုံ့ဆော်မှုကို စတင်ရန် သင့်မသင့် စိုးရိမ်စိတ် အနည်းငယ် ဝင်လာသည်။ သို့သော် သူတို့တွင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ပညာရှင်တစ်ဦး ရှိနေသည်ကို သတိရကာ ထိုစိုးရိမ်စိတ်ကို ဖယ်ထုတ်လိုက်သည်။ ဝမ်ကျန့် ရှိနေခြင်းကပင် လက်ငင်းအန္တရာယ်များအတွက် ကြီးမားသော အကာအကွယ်တစ်ခု ဖြစ်သည်။

ထို့နောက် ကျန်ရှိသော စိုးရိမ်စရာမှာ သွေးမျိုးဆက်များမှာ အလွန်အမင်း တိုးတက်လာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် နဂါးနှင့် ဖီးနစ် အဆီအနှစ်များဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။ လှုံ့ဆော်မှု ပြုလုပ်စဉ် မိမိကိုယ်ကိုယ် ထိခိုက်မိနိုင်ခြေမှာလည်း အချိုးကျ မြင့်တက်လာသည်။ ကံကောင်းသည်မှာ သူသည် ယင်းအတွက် ဖြေရှင်းချက်တစ်ခုကို ကြိုတင်စဉ်းစားထားပြီး ဖြစ်သည်။

ရှန်းယွီသည် စိတ်အာရုံဖြင့် အနက်ရှိုင်းဆုံး ဟင်းလင်းပြင် မီးလျှံကို ဆင့်ခေါ်လိုက်သည်။ အမည်းရောင် မီးတောက်မှာ စမ်းရေမျက်နှာပြင် အထက်၌ ပေါ်ထွက်လာသည်။ သူသည် ထိုမီးလျှံကို ထိန်းချုပ်ကာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်စေလိုက်သည်။ ထို့နောက် စိတ်ကို အတွင်းသို့ လှည့်ကာ မိမိကိုယ်တွင်း၌ မျောလွင့်နေသော မီးလျှံကို ကြည့်လိုက်သည်။

သူသည် မီးလျှံကို အစိတ်အပိုင်းများစွာ ခွဲလိုက်ပြီး နှလုံးနှင့် ဦးခေါင်းကဲ့သို့သော အသက်တမျှ အရေးကြီးသည့် အင်္ဂါများကို ဝန်းရံကာကွယ်စေလိုက်သည်။ ဤအင်္ဂါအစိတ်အပိုင်းများ မထိခိုက်သရွေ့ ကျန်ရှိသော နေရာများကို သူ အလွယ်တကူ ပြန်လည် ကုသနိုင်သည်။

အကာအကွယ် မီးလျှံများ နေရာတကျ ရှိသွားသောအခါ သူသည် သွေးမျိုးဆက်များအပေါ် ချုပ်တည်းထားမှုကို လွှတ်ပေးလိုက်သည်။ ချက်ချင်းပင် နဂါးနှင့် ဖီးနစ် အဆီအနှစ်များမှာ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်အတွင်း အပြင်းအထန် ပဋိပက္ခဖြစ်ကြတော့သည်။ သူ တွက်ဆထားသည့်အတိုင်းပင် ထိုစွမ်းအင်များသည် ဟင်းလင်းပြင်မီးလျှံ ကာကွယ်ထားသော နေရာများကို ရှောင်ကွင်းသွားကြပြီး ဖျက်ဆီးအားပြင်းသော စွမ်းအင်များမှာ အရေးမကြီးသော ခန္ဓာကိုယ် အစိတ်အပိုင်းများဆီသို့သာ ဦးတည်သွားကြသည်။

သူ၏ နည်းဗျူဟာ အောင်မြင်သွားသဖြင့် စိတ်သက်သာရာရသွားသည်။ ဤနည်းလမ်းသာ မရှိပါက သူသည် သွေးမျိုးဆက် လှုံ့ဆော်မှုကို စွန့်လွှတ်ရပေလိမ့်မည်။

ရှန်းယွီသည် ပြန်လည်သတ်မှတ်မည့်အချိန် ရောက်လာသည်အထိ လှုံ့ဆော်မှုကို မှန်မှန်လေး ဆက်လုပ်နေခဲ့သည်။ သွေးမျိုးဆက်များကို ပြန်လည် ငြိမ်သက်စေလိုက်သောအခါ သူ၏ ခန္ဓာကိုယ်မှာ ယခင်အကြိမ်များကဲ့သို့ ဆိုးဆိုးရွားရွား ပျက်စီးမနေသည်ကို ကျေနပ်စွာ တွေ့လိုက်ရသည်။ သူ ပြင်ဆင်ထားသော ကုသရေးဆေးလုံးများ၏ လေးပုံတစ်ပုံကိုပင် အသုံးမပြုလိုက်ရပေ။

သူ၏ ခန္ဓာကိုယ်၏ သဘာဝအလျောက် ပြန်လည်ကုသနိုင်စွမ်းမှာလည်း သိသိသာသာ တိုးတက်လာခဲ့သည်။ အမှန်တကယ်တော့ သူသည် ဟင်းလင်းပြင်မီးလျှံဖြင့် ကာကွယ်ရာတွင် အလွန်အမင်း ဂရုစိုက်လွန်းခဲ့သည်ဟုပင် ယူဆမိသည်။ သို့သော်လည်း မမျှော်လင့်ထားသော မတော်တဆမှုများ မဖြစ်စေရန် နောင်တွင်လည်း ဤကဲ့သို့ ကာကွယ်မှုမျိုးကို ဆက်လက် အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။

All Chapters