ကျွန်တော် အဆင့်တက်ဖို့သွားခဲ့တာ...
Vol. 61 Ch. 871
ဖရိုဖရဲဟင်းလင်းပြင်တွင် သဘာဝအလျောက် မွေးဖွားလာသော စကြာဝဠာများက အလင်းနှစ် တစ်ထရီလီယံရှိသည်။ လင်းယွမ်က ဖရိုဖရဲအဆင့်သို့ တက်လှမ်းနိုင်လျှင် သူ၏ အတွင်းစကြာဝဠာက သဘာဝစကြာဝဠာထက်ပင် ပိုမိုကြီးမားသွားနိုင်သည်။
လင်းယွမ်က အဆုံးမဲ့ဟင်းလင်းပြင် အမွေအနှစ်အကြောင်း တွေးလိုက်မိသည်။ သူ၏ အတွင်းစကြာဝဠာက ယခုထိ မြင့်မားလာသည့်အကြောင်းရင်းမှာ ကျောက်စိမ်ဘူးသီးခြောက်မှ ရရှိသော အလွှာဆယ့်သုံး အမွေအနှစ်ကြောင့်ဖြစ်သည်။ ၎င်းက အလွှာဆယ့်သုံး အချိန်သက်ရှိက သက်ရှိများ၏ အခြေခံအုတ်မြစ်ကို မြှင့်တင်ပေးရန် သီးသန့် ဖန်တီးခဲ့သော အမွေအနှစ်တစ်ခုဖြစ်သည်။
" ကျောက်စိမ်းဘူးသီးခြောက်ကို ဖန်တီးခဲ့တဲ့ အလွှာဆယ့်သုံးအချိန်သက်ရှို အဆုံးမဲ့ဟင်းလင်းပြင်လို ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်နဲ့ စိတ်စွမ်းအားတွေပါ မြှင့်တင်ပေးနိုင်တဲ့ အမွေအနှစ်တွေကိုပါ ချန်ထားခဲ့တာပဲ။ " လင်းယွမ်က အနီရောင်ဝတ်စုံနှင့် မိန်းကလေး၏ စကားများကို သတိရသွားသည်။
အခြေခံအုတ်မြစ်ကိုသာ ဦးတည်သည့် အဆုံးမဲ့ဟင်းလင်းပြင်ကပင် သူ့ကို ထိုမျှအထိ မြှင့်တင်ပေးနိုင်ခဲ့သည်။ အကယ်၍ ထိုအလွှာဆယ့်သုံး အချိန်သက်ရှိ ချန်ထားခဲ့သော အမွေအနှစ်အားလုံးကို ကျင့်ကြံနိုင်ခဲ့လျှင် ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခု ဖြစ်လာပေလိမ့်မည်။
" အဆုံးမဲ့ဟင်းလင်းပြင်ကို ရတာတင် တော်တော်ကံကောင်းနေပြီ။ အခြားအမွေအနှစ်တွေပါ လိုချင်ရင်တော့ နည်းနည်းလောဘကြီးရာ ကျသွားလိမ့်မယ်။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။
" ဒါပေမယ့် ငါ့ရဲ့ လက်ရှိစွမ်းအားကတော့..." လင်းယွမ်က သူ့ကိုသူ စစ်ဆေးကြည့်လိုက်သည်။
လွှမ်းမိုးခြင်းအဆင့်သို့ တက်လှမ်းပြီးချိန်တွင် သူ၏ အသက်အနှစ်သာရကလည်း မြင့်တက်လာပြီး အတွင်းစကြာဝဠာ၊ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်တို့ကလည်း အရှိန်အဟုန်ဖြင့် တိုးတက်သွားခဲ့သည်။ ထိုအချက်က လင်းယွမ်၏ စွမ်းအားကို ဖရိုဖရဲအဆင့် အထွတ်အထိပ်နီးပါး ရောက်ရှိစေခဲ့သည်။
" လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ်ရောက်ရင် ငါက ဖရိုဖရဲအရှင်သခင်တွေကြားမှာ ပြိုင်ဘက်ကင်းပေမယ့် ဖရိုဖရဲမဟာသူတော်စင်တွေနဲ့ ယှဉ်နိုင်မလား သိချင်မိတယ်။ " လင်းယွမ်က တွေးလိုက်သည်။
ဖရိုဖရဲအရှင်သခင်နှင့် မဟာသူတော်စင်များမှာ ဖရိုဖရဲအဆင့်သာ ရှိကြသော်လည်း တိုက်ခိုက်ရေးစွမ်းအားက များစွာ ကွာခြားလှသည်။ အရိပ်နတ်ဆိုးမဟာသူတော်စင်နှင့် နဝမဖီးနစ်မဟာသူတော်စင်တို့၏ တိုက်ပွဲမှ သက်ရောက်မှုကပင် အရှင်ကုမင်အား ကုမင်ဖရိုဖရဲကုန်းမြေကို ပြောင်းရွှေ့စေခဲ့သည်။ ထိုအချက်ကို ကြည့်ခြင်းဖြင့် ကွာခြားချက်ကို သိနိုင်သည်။
သို့သော် လင်းယွမ်၏ အခြေခံအုတ်မြစ်နှင့် လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ်သို့ တက်လှမ်းနိုင်ခဲ့လျှင် အဆုံးမဲ့ဟင်းလင်းပြင်က ဒုတိယအဆင့် သို့မဟုတ် တတိယအဆင့်ထိ ရောက်ခဲ့လျှင် မဟာသူတော်စင်တစ်ပါးကို မယှဉ်နိုင်လျှင်တောင် ကွာခြားချက်က ကြီမည်မဟုတ်ပေ။
" ထွက်သွားရမယ့် အချိန်ရောက်ပြီ။ " လင်းယွမ်၏ ခန္ဓာကိုယ်က လျင်မြန်စွာ ကျုံ့ဝင်သွားပြီး သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
သူအဆင့်တက်နေချိန်တွင် အရပ်မျက်နှာအနှံ့မှ ဖရိုဖရဲစွမ်းအားများကို စုပ်ယူခဲ့ခြင်းက အတော်လေး လှုပ်ခတ်သွားခဲ့ပြီး အချို့ဖရိုဖရဲအရှင်သခင်များ၏ အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။ ထိုဖရိုဖရဲအရှင်သခင်က လင်းယွမ်မှာ မည်သည့်အဆင့်ရှိသည်ကို မသေချာသောကြောင့် စူးစမ်းခြင်းမပြုဘဲ အဝေးမှ စောင့်ကြည့်နေကြခြင်းဖြစ်သည်။
လင်းယွမ်က အခြားဖရိုဖရဲအရှင်သခင်များနှင့် ဆက်သွယ်ရန် ဆန္ဒမရှိဘဲ တိုက်ရိုက်ပျောက်ကွယ်သွားခဲ့သည်။
" ထွက်သွားပြီလား။ "
" သူက ဘယ်သူလဲ။ "
" အထူးသက်ရှိတစ်ယောက်လား။ ဒါမှမဟုတ် ဖရိုဖရဲအဆင့် အထွတ်အထိပ်တစ်ယောက်လား။ "
ဖရိုဖရဲအရှင်သခင်များက တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်လိုက်ကြသည်။ ပတ်ဝန်းကျင်ရှိ ဖရိုဖရဲစွမ်းအားများကို အလုံးအရင်း စုပ်ယူခဲ့သည့် မြင်ကွင်းက ဟင်းလင်းပြင်နယ်မြေမှ ဖရိုဖရဲအရှင်သခင်များကို တုန်လှုပ်စေခဲ့သည်။
" သူက ငါတို့နဲ့ မဆက်သွယ်ချင်ဘူးထင်တယ်။ "
" ထားလိုက်တော့။ ငါတို့လည်း ပြန်ကြစို့။ " ဖရိုဖရဲအရှင်သခင်များက အနည်းငယ် နှမြောမိကြသည်။ ဖရိုဖရဲအဆင့်ထိ ကျင့်ကြံနိုင်ခဲ့သူများက တိုက်ခိုက်သတ်ဖြတ်သည့်အဆင့်ကို ကျော်လွန်လာခဲ့ပြီဖြစ်သည်။
ဖရိုဖရဲအရှင်သခင်တစ်ယောက်အတွက် အစွမ်းထက် ဖရိုဖရဲအရှင်သခင်တစ်ယောက်နှင့် မိတ်ဆွေဖြစ်ရခြင်းက အန္တရာယ်မရှိဘဲ အကျိုးကျေးဇူးသာ ရှိပေလိမ့်မည်။ ကြီးမားသော ဖရိုဖရဲစွမ်းအားကို စုပ်ယူသွားခဲ့သည့် ထိုတည်ရှိမှုက အစွမ်းထက်သော ဖရိုဖရဲအရှင်သခင်တစ်ယောက်ဖြစ်သည်မှာ ဖရိုဖရဲအရှင်သခင်တစ်ယောက်ဖြစ်သည်မှာ ထင်ရှားသည်။
" ငါဘာလို့ ရင်းနှီးတယ်လို့ ခံစားနေရတာလဲ။ " အရှင်ကုမင်က သူ၏ စိတ်အသိပုံရိပ်ကို စေလွှတ်လိုက်သည်။
ဖရိုဖရဲစွမ်းအားများစွာကို ဝါးမျိုသွားသည့် ထိုတည်ရှိမှုက မည်သည့်အော်ရာကိုမှ ထုတ်ပြခြင်မရှိသကဲ့သို့ သူ၏ ကြောင်းကျိုးဆက်နွယ်မှုများကိုပင် ဖုံးကွယ်ထားခဲ့သည်။ သို့သော်လည်း အရှင်ကုမင်က ရင်းနှီးနေသည်ဟု ခံစားနေရဆဲ ဖြစ်သည်။
ကြယ်မျက်ရည်အစိတ်အပိုင်းကမ္ဘာတွင် ရွှမ်ယွမ်၊ ရှချင်နှင့် အခြားသူများက လေးနက်သော အမူအရာများဖြင့် ရှိနေကြသည်။ အစောပိုင်းက လင်းယွမ်နှင့် စကားပြောနေစဉ် လင်းယွမ်၏ ကိုယ်ပွားက အရေးကြီးကိစ္စရှိသည်ဟူ၍ ပြောပြီး ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
ထိုအချက်က သူတို့ကို အနည်းငယ် စိုးရိမ်သွားစေသည်။ ထိုအချိန်တွင် ကြယ်မျက်ရည်အစိတ်အပိုင်းကမ္ဘာက အနည်းငယ် တုန်ခါသွားပြီး လင်းယွမ်၏ ပုံရိပ်က အခြားသူများ၏ ရှေ့တွင် ပေါ်လာသည်။
" လင်းယွမ် မင်းအဆင့်ပြေရဲ့လား။ " ရွှမ်ယွမ်က စိုးရိမ်စွာ မေးလိုက်သည်။
" ဘာမှမဖြစ်ပါဘူး။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။ လမ်းစဉ်ခွဲထွက်ခြင်းအဆင့်မှ လွှမ်းမိုးခြင်းအဆင့်သို့ တက်လှမ်းခြင်းဖြစ်သောကြောင့် သူက ကိုယ်ပွားအားလုံးကို ရုတ်သိမ်းခဲ့ခြင်းဖြစ်သည်။
" လင်းယွမ် မင်းရဲ့အော်ရာက... " ရွှမ်ယွမ်က လင်းယွမ်ကို အံ့ဩစွာ ကြည့်လိုက်သည်။
လင်းယွမ်က သူ၏ အော်ရာကို အစွမ်းကုန် ဖိနှိပ်ထားသော်လည်း ရွှမ်ယွမ်က ယခင်နှင့်မတူသည်ကို ခံစားမိနေသည်။ အသက်အနှစ်သာရ မြင့်တက်သွားခြင်းနှင့် စွမ်းအား ပြောင်းလဲသွားခြင်းတို့ကြောင့် ထွက်ပေါ်လာသော ဖိအားက ရွှမ်ယွမ်ကို တုန်လှုပ်စေခဲ့သည်။
" အစောက ကျွန်တော် အဆင့်တက်ဖို့သွားခဲ့တာ။ " လင်းယွမ်က ဖုံးကွယ်ထားခြင်းမရှိဘဲ ပြောလိုက်သည်။
" အဆင့်တက်တာလား။ "
" လင်းယွမ် မင်းအဆင့်တက်သွားပြီလား။ " ရှချင်က အလွန်ဝမ်းသာသွားသည်။
လင်းယွမ်က ယခု လူသားမျိုးနွယ်၏ အဓိက ထောက်တိုင်တစ်ခုဖြစ်ပြီး သူ၏ အဆင့်အတန်းက အလွှာဆယ့်နှစ် ကြီးမြတ်သူကိုးယောက်ထက်ပင် ကျော်လွန်နေပြီဖြစ်သည်။
" အဆင့်တက်တယ်။ မင်း လွှမ်းမိုးခြင်းအဆင့်ကို ရောက်သွားပြီလား။ " ရွှမ်ယွမ်က မေးလိုက်သည်။
သူတို့က လင်းယွမ်ထက် နှစ်ပေါင်းများစွာ စော၍ အလွှာဆယ့်နှစ်သို့ ရောက်ခဲ့ကြသော်လည်း ယခုမူ လင်းယွမ်က သူတို့ကို ကျော်လွန်သွားခဲ့ပြီး လွှမ်းမိုးခြင်းအဆင့်သို့ ရောက်သွားခဲ့သည်။ ၎င်းက အဆင့်ကျော်လွန်ခြင်းသာဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းအားအရ သူက အလွှာဆယ့်နှစ်သို့ မရောက်ခင်ကတည်းက အချို့ကြီးမြတ်သူများထက် ကျော်လွန်နေခဲ့သည်။
" လင်းယွမ် မင်းအခု ဘယ်လောက်ထိသန်မာနေပြီလဲ။ " ယုတိုင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
ပင်မစကြာဝဠာတွင် လင်းယွမ်က အလွှာဆယ့်နှစ်သို့ စတင်ဝင်ရောက်ခဲ့စဉ်ကလည်း သူတို့က ထိုမေးခွန်းကို မေးခဲ့ကြဖူးသည်။ ထိုစဉ်က လင်းယွမ်မှာ စကြာဝဠာအတွင်း လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်နှင့် အပြင်ဘက်တွင် လွှမ်းမိုးခြင်းအဆင့်နှင့် တူညီသည်ဟု ဖြေခဲ့သည်။
ယခု လင်းယွမ်က လွှမ်းမိုးခြင်းအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ရာ သူ၏ လက်ရှိစွမ်းအားက ဘယ်အဆင့်သို့ ရောက်သွားပြီလဲ။
" ဖရိုဖရဲအဆင့်နဲ့ ညီမယ်လို့ ထင်တာပဲ။ " လင်းယွမ်က ဖြေလိုက်သည်။
" ဖရိုဖရဲအဆင့်လား။ " အားလုံးက အသက်ပြင်းပြင်းရှူလိုက်ကြသည်။ သူတို့က အစကတည်းက ကြိုတင်ခန့်မှန်းခဲ့ကြသော်လည်း လင်းယွမ်၏ အဖြေကို ကြားရသောအခါ သူတို့က တုန်လှုပ်နေရဆဲ ဖြစ်သည်။
ဖရိုဖရဲဟင်းလင်းပြင်တွင် ဖရိုဖရဲအရှင်သခင်များက မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ကြသည်။ ဥပမာ ယခု သူတို့နေထိုင်နေသော ကြယ်မျက်ရည်အစိတ်အပိုင်းကမ္ဘာက အရှင်ကုမင်၏ ဖရိုဖရဲကုန်းမြေမှ အစိတ်အပိုင်းကမ္ဘာတစ်ခု ဖြစ်သည်။
" ငါတို့လူသားမျိုးနွယ်မှာလည်း လွှမ်းမိုးခြင်းအဆင့် ရှိလာပြီပေါ့။ " ရွှမ်ယွမ်နှင့် အခြားသူများက ခံစားချက်များနှင့် ပြည့်နှက်နေသည်။
သို့သော် သူတို့မသိသည်မှာ လင်းယွမ်က ဖရိုဖရဲအဆင့်နှင့် ညီမျှသည်ဟု ဆိုခြင်းမှာ ဖရိုဖရဲအဆင့် အထွတ်အထိပ်ကို ဆိုလိုခြင်းပင်ဖြစ်သည်။ သာမန်ဖရိုဖရဲအဆင့်နှင့် ဖရိုဖရဲအဆင့် အထွတ်အထိပ်တို့ကြား ကွာခြားမှုက ကြီးမားလှသည်။
၎င်းက လင်းယွမ် လွှမ်းမိုးခြင်းအဆင့်သို့ ရောက်ခါစ စွမ်းအားသာဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ လင်းယွမ်၏ စွမ်းအားက ဆက်လက်တိုးတက်လာမည်ဖြစ်သည်။ ကြီးမြတ်သူများနှင့် စကားအနည်းငယ်ပြောပြီးနောက် လင်းယွမ်က သူ၏ ကျင့်ကြံခြင်းကို တစ်ဖန်စတင်လိုက်သည်။
" လွှမ်းမိုးခြင်းအဆင့်ကို ရောက်ပြီဆိုတော့ အခု အဆုံးမဲ့ဟင်းလင်းပြင် ဒုတိယအဆင့်ကို လေ့ကျင့်လို့ရပြီ။ " လင်းယွမ်က တွေးလိုက်သည်။
လမ်းစဉ်ခွဲထွက်ခြင်းအဆင့်တွင် အသက်အဆင့်နိမ့်သောကြောင့် လင်းယွမ်က ဖရိုဖရဲသစ်ပင်၏ အကူအညီဖြင့် ဒုတိယအဆင့်ကို ကျင့်ကြံရန် မဖြစ်နိုင်ခဲ့ပေ။ ယခု ထိုကန့်သတ်ချက်များ မရှိတော့ပေ။
" အဆုံးမဲ့ဟင်းလင်းပြင်။ " လင်းယွမ်၏ စိတ်ထဲတွင် အလွှာဆယ့်သုံး အမွေအနှစ် အဆုံးမဲ့ဟင်းလင်းပြင်၏ ဒုတိယအဆင့်နှင့် ပက်သက်သော အချက်အလက်များ ပေါ်လာသည်။
သူ၏ လက်ရှိအခြေခံအုတ်မြစ်အရ ဒုတိယအဆင့်ကို ကျွမ်းကျင်သွားလျှင် သူ၏ အတွင်းစကြာဝဠာက ဖရိုဖရဲမဟာသူတော်စင်၏ အတွင်းစကြာဝဠာနှင့် နီးစပ်သွားပေလိမ့်မည်။ ဖရိုဖရဲဟင်းလင်းပြင်ရှိ မဟာသူတော်စင်များက ဖရိုဖရဲနိယာမမှဘသူတို့၏ ကိုယ်ပိုင်လမ်းစဉ်စွမ်းအားကို ထုတ်ဖော်နိုင်ကြပြီး သူတို့၏ အတွင်းစကြာဝဠာကလည်း ကြောက်စရာကောင်းလှသည်။
ဖရိုဖရဲမဟာသူတော်စင်တစ်ပါး၏ သာမန်လှုပ်ရှားမှုတစ်ခုမှ ဘေးထွက်သက်ရောက်မှုတစ်ခုက သာမန်ဖရိုဖရဲအရှင်သခင်တစ်ယောက်ကို ဒဏ်ရာအပြင်းအထန် ရသွားစေနိုင်သည်။ ၎င်းတွင် ပါဝင်သော စွမ်းအားအနှစ်သာရက နိယာမများကို နားလည်မှုသာမက ဖရိုဖရဲအရှင်သခင်ထက် များစွာသာလွန်သော စွမ်းအားပမာဏ ပါဝင်နေသည်။