← Chapters

အရှင်ကုမင်နှင့် တွေ့ဆုံခြင်း...

Vol. 61 Ch. 872

အရှင်ကုမင်နှင့် တွေ့ဆုံခြင်း...

Vol. 61 Ch. 872

အတွင်းစကြာဝဠာအတွင်း ကျောက်စိမ်းဘူးသီးခြောက်မှ အနည်းငယ် တုန်ခါသွားပြီး အနီရောင်ဝတ်စုံနှင့် မိန်းကလေး ပေါ်လာကာ ပတ်ဝန်းကျင်ကို အံ့ဩစွာ ကြည့်လိုက်သည်။ အလွှာဆယ့်သုံး အမွေအနှစ် အဆုံးမဲ့ဟင်းလင်းပြင်က လူတစ်ယောက်၏ အတွင်းစကြာဝဠာကို များစွာ မြှင့်တင်ပေးနိုင်သော်လည်း.လင်းယွမ်က သူမ၏ မျှော်လင့်ချက်များထက် ကျော်လွန်နေခဲ့သည်။

လင်းယွမ်၏ အတွင်းစကြာဝဠာက ယခုအဆင့်သို့ ရောက်ရှိနေခြင်းမှာ အဓိကအားဖြင့် အဆုံးမဲ့ဟင်းလင်းပြင်ကြောင့် ဖြစ်သော်လည်း ထိုအမွေအနှစ်အပြင် အခြားအကြောင်းရင်းများလည်း ပါဝင်နေသည်။

" သတ္တမအဆင့်ထိ ကျင့်ကြံနိုင်မလားဆိုတာ ဘယ်သူသိနိုင်မလဲ။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက စိတ်ထဲမှ ရေရွတ်လိုက်သည်။

အဆုံးမဲ့ဟင်းလင်းပြင်တွင် စုစုပေါင်း အဆင့်ခုနှစ်ဆင့်ရှိပြီး သတ္တမမြောက်အဆင့်က သီအိုရီအရသာ ရှိသည်။ ၎င်းကို အောင်မြင်လျှင် အတွင်းစကြာဝဠာက ဖရိုဖရဲဟင်းလင်းပြင်တစ်ခုလုံးနှင့် နှိုင်းယှဉ်နိုင်ပေလိမ့်မည်။

ကုမင်ဖရိုဖရဲကုန်းမြေ၏ အနက်ရှိုင်းဆုံးနေရာတွင် အရှင်ကုမင်က မျက်မှောင်ကြုတ်၍ စဉ်းစားနေသည်။

" ကုမင် ဘာဖြစ်လို့လဲ။ " အနက်ရောင်ဝတ်စုံနှင့် လူငယ်က ဘေးမှထွက်လာပြီး နားမလည်နိုင်စွာ မေးလိုက်သည်။

အရှင်ကုမင်၏ အဖေယ်ဖြစ်သော ဖရိုဖရဲနဂါးသားရဲက ကုမင်ကို ထိုသို့သော အမူအရာနှင့် တွေ့ရခဲသည်ကို သိထားသည်။

" အစောက..." အရှင်ကုမင်က အဖြစ်အပျက်များကို ပြောပြလိုက်သည်။

ဖရိုဖရဲအဆင့် အထွတ်အထိပ် သို့မဟုတ် အထူးသက်ရှိဟု ယူဆရသော တည်ရှိမှတြစ်ခုက အလင်းနှစ် သန်းပေါင်းများစွာအတွင်းမှ ဖရိုဖရဲစွမ်းအားများကို စုပ်ယူဝါးမြိုသွားခဲ့သည်။

" ဒီလောက် ကျယ်ပြန့်တဲ့နေရာက ဖရိုဖရဲစွမ်းအားတွေကို စုပ်ယူဖို့ဆိုရင် ဖရိုဖရဲအဆင့် အထွတ်အထိပ် ဒါမှမဟုတ် အထူးသက်ရှိဖြစ်ရမယ်။ " အနက်ရောင်ဝတ်စုံနှင့်လူငယ်ကလည်း ထိုသို့ပင် သုံးသပ်မိသည်။

" ဒါပေမယ့် အဲ့ဒါက ငါတို့နဲ့ မဆိုင်တဲ့ ကိစ္စပဲ။ နောက်ပြီး ဒီရက်ပိုင်း ငါ ဘယ်လိုအန္တရာယ်မှ မမြင်မိပါဘူး။ " အနက်ရောင်ဝတ်စုံနှင့်လူငယ်က နားမလည်နိုင်စွာ ပြောလိုက်သည်။

" ငါ ခန့်မှန်းကြည့်ရသလောက် အဲ့ဒီကျယ်ပြန့်တဲ့ ဖရိုဖရဲစွမ်းအားတွေကို စုပ်ယူသွားခဲ့တဲ့သူက...." အရှင်ကုမင်က အသက်ပြင်းပြင်းရှူလိုက်သည်။ " အဲ့ဒါ နဂါးငွေ့တန်းပဲ ဖြစ်ရမယ်။ "

" နဂါးငွေ့တန်းလား။ " အနက်ရောင်ဝတ်စုံနှင့် လူငယ်က မယုံကြည်နိုင်ဖြစ်သွားသည်။

သူနှင့် အရှင်ကုမင်က ထိုနဂါးငွေ့တန်းအပေါ် ခန့်မှန်းချက်များ ရှိခဲ့ပြီး သူက မဟာသူတော်စင် ပြန်လည်မွေးဖွားသည်ဟု ကောက်ချက်ချခဲ့ကြသည်။ သို့သော် မဟာသူတော်စင်တစ်ပါး ပြန်လည်ဝင်စားခြင်းဖြစ်သောကြောင့် အတားအဆီးမရှိ ကျင့်ကြံနိုင်သော်လည်း လွန်ခဲ့သော နှစ်တစ်ထောင်အတွင်း နဂါးငွေ့တန်းက ဖရိုဖရဲအဆင့်သို့ မရောက်သေးပေ။ သူက နှစ်တစ်ထောင်အတွင်း ဖရိုဖရဲအဆင့် အထွတ်အထိပ်ကို ပြန်ရောက်သွားတာလား။

" ငါ ဖရိုဖရဲစွမ်းအားတွေကို ဝါးမြိုနေတဲ့ အဲ့ဒီတည်ရှိမှုကို ရင်းနှီးနေတယ်လို့ ခံစားခဲ့ရတယ်။ အဲ့ဒါက ဒီနားက ဟင်းလင်းပြင်နယ်မြေမှာ ဖြစ်ခဲ့တာပဲ။ " အရှင်ကုမင်က ပြောလိုက်သည်။

ဖရိုဖရဲအဆင့် အထွတ်အထိပ်များက ဟင်းလင်းပြင်နယ်မြေတစ်ခုအတွင်း တစ်ယောက်နှစ်ယောက်သာ ရှိကြပြီး အထူးသက်ရှိများက ပို၍ပင် ရှားသည်။ ဖရိုဖရဲအဆင့် အထွတ်အထိပ် အင်အားကြီးသူတစ်ယောက်က အနီးရှိ ဟင်းလင်းပြင်နယ်မြေတွင် ဖရိုဖရဲစွမ်းအားများကို တိုက်တိုက်ဆိုင်ဆိုင် ဝါးမြိုနေလိမ့်မည်ဟု အရှင်ကုမင်က မထင်မိပေ။ ထို့အပြင် ထိုတည်ရှိမှုက သူ့ကို ရင်းနှီးသော ခံစားချက်ကို ပေးနေသည်။

"သေချာစဉ်းစားကြည့်ရင်တော့ ဖြစ်နိုင်ခြေများတယ်။ " အနက်ရောင်ဝတ်စုံနှင့် လူငယ်က ခဏစဉ်းစားပြီးနောက် ထိုအချက်ကို လက်ခံလိုက်သည်။

နှစ်ပေါင်းတစ်ထောင်အတွင်း ဖရိုဖရဲအဆင့် အထွတ်အထိပ်သို့ ရောက်သွားခြင်းက မယုံကြည်နိုင်စရာကောင်းသော်လည်း မဟာသူတော်စင်တစ်ပါးအတွက် ကျိုးကြောင်းဆီလျော်မှုဖြင့် တိုင်းတာ၍ မရပေ။ ထို့အပြင် သူတို့၏ အမြင်တွင် နဂါးငွေ့တနခးက သာမန်မဟာသူတော်စင်မဟုတ်ဘဲ ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ပါးဖြစ်နိုင်သည်။

" မဟာသူတော်စင်တစ်ပါး ပြန်လည်ဝင်စားရင် မယုံကြည်နိုင်စရာကောင်းတဲ့ အရှိန်နဲ့ ကျင့်ကြံနိုင်တယ်လို့ ပြောကြတယ်။ ဒါပေမယ့် ကြည့်ရတာ အဲ့ဒီထက် ပိုနေပုံပဲ။ " အရှင်ကုမင်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

သူကိုယ်တိုင် ဖရိုဖရဲအဆင့်သို့ ရောက်ရှိရန် မည်မျှ ကြိုးစားအားထုတ်ခဲ့ရပြီး မည်မျှကံကောင်းခဲ့သည်ကို သူသာလျှင် သိနိုင်ပေသည်။ ထို့အပြင် သူက ဖရိုဖရဲအဆင့် အထွတ်အထိပ်သို့ ရောက်ရန် အလှမ်းဝေးနေဆဲ ဖြစ်သည်။ ထိုကွာဟချက်ကို ဖြတ်ကျော်ရန် မည်သည့် အတားအဆီးမှ မရှိလျှင်တောင် စကြာဝဠာခေတ်များစွာ ကြာမြင့်ပေလိမ့်မည်။

" အခု ငါတို့ ဘာလုပ်ကြမလဲ။ " အနက်ရောင်ဝတ်စုံနှင့် လူငယ်က ခဏစဉ်းစားပြီး မေးလိုက်သည်။

" ငါတို့မသိရင် ထားလိုက်လို့ရပေမယ့် အခု သိသွားပြီဆိုတော့ သွားပြီး ဂါရဝပြုသင့်တယ်ထင်တယ်။ " အရှင်ကုမင်က ပြောလိုက်သည်။

ဖရိုဖရဲဟင်းလင်းပြင်တွင် လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ်မှ ဖရိုဖရဲအဆင့်သို့ တက်လှမ်းခြင်းက ခမ်းနားစွာ ကျင်းပရသော အဖြစ်အပျက်တစ်ခုဖြစ်ပြီး အခြားဖရိုဖရဲအရှင်သခင်များနှင့် ဆက်ဆံရေးတည်ဆောက်ရန် အခွင့်အရေးကောင်းတစ်ခုဖြစ်သည်။

လင်းယွမ်က ဖရိုဖရဲအဆင့် စွမ်းအားကို ပြန်လည်ရရှိထားပြီးဖြစ်ရာ အခြားသူများမသိသော်လည်း အရှင်ကုမင်က တစ်စုံတစ်ခု ဖော်ပြသင့်သည်ဟု ခံစာစမိသည်။ ယခင် သူ၏ အစွမ်းဖြင့် လင်းယွမ်ကို ခြိမ်းခြောက်နိုင်ခြေရှိသောကြောင့် သွားရောက်နှုတ်ဆက်ခြင်းမရှိခဲ့ပေ။

သူကိုယ်တိုင် ထိုသို့သော ရည်ရွယ်ချက်မရှိသော်လည်း တစ်ဖက်က အထင်လွဲသွားမည်ကို သူထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ ယခုမူ သူ၏ စိတ်ထဲတွင် ထိုစိုးရိမ်မှုမရှိတော့ပေ။ ဖရိုဖရဲအဆင့် အထွတ်အထိပ် လင်းယွမ်၏ စွမ်းအားနှင့် မဟာသူတော်စင်၏ နည်းစနစ်များ ပေါင်းစပ်လိုက်လျှင် အရှင်ကုမင်က သူ့အတွက် ခြိမ်းခြောက်မှုမဖြစ်နိုင်ပေ။

" အခုသွားကြတာပေါ့။ " အရှင်ကုမင်က တုန့်ဆိုင်းခြင်းမရှိဘဲ ဆုံးဖြတ်ချက်ချလိုက်သည်။

ကြယ်မျက်ရည်အစိတ်အပိုင်းကမ္ဘာတွင် လင်းယွမ်က အဆုံးမဲ့ဟင်းလင်းပြင် ဒုတိယအဆင့်ဖြင့် သူ၏ အတွင်းစကြာဝဠာကို တည်ဆောက်နေသည်။ အဆုံးမဲ့ဟင်းလင်းပြင်အမွေအနှစ်က အတွင်းစကြာဝဠာကို ပိုမိုတည်ငြိမ်စေပြီး ပိုမိုပြည့်စုံစေသည်။

"တကယ်အံ့ဩစရာကောင်းတယ်။ ဒီတည်ဆောင်ပုံကို ပြောင်းလိုက်ရုံနဲ့ အတွင်းစကြာဝဠာရဲ့ တည်ငြိမ်မှုကို ၆၀ ရာခိုင်နှုန်းအထိ တိုးလာစေနိုင်တာလား။ ပြီးတော့ ဒီတည်ဆောက်ပုံအစိတ်အပိုင်းကို အစားထိုးလိုက်ရဲ့ အတွင်းစကြာဝဠာထဲက နိယာမတွေက ပိုပြီး ချောချောမွေ့မွေ့ လည်ပတ်နိုင်မှာပဲ။ " လင်းယွမ်က အဆုံးမဲ့ဟင်းလင်းပြင် အမွေအနှစ်ကို ကျင့်ကြံရာတွင် နစ်မြှုပ်နေခဲ့သည်။

" ဒီအမွေအနှစ်ကို ဖန်တီးခဲ့တဲ့သူက တကယ်အလွှာဆယ့်သုံး ဖြစ်ထိုက်ပါတယ်။ " လင်းယွမ်က ပိုမိုနက်ရှိုင်စွာ နားလည်လာသည်နှင့် ပို၍ အံ့ဩနေရသည်။

ရင်းမြစ်ကမ္ဘာတွင် လင်းယွမ်က အလွှာဆယ့်သုံး အချိန်သက်ရှိ လီယန်ဘိုးဘေးကို မြင်တွေ့ခဲ့ဖူးသည်။ သို့သော် သူက အဝေးမှ လှမ်းကြည့်ခဲ့ရခြင်းဖြစ်ပြီး တစ်ဖက်လူ၏ တာအိုနှင့် နည်းစနစ်များကို မြင်တွေ့ခဲ့ခြင်းမရှိပေ။ ရင်းမြစ်ကမ္ဘာရှိ ကျင့်ကြံသူများက သွေးမျိုးဆက်အပေါ် မှီခိုကြသည်။

" အဆုံးမဲ့ဟင်းလင်းပြင်ရဲ့ ဒုတိယအဆင့်ကို ကျွမ်းကျင်သွားရင် ငါ့ရဲ့ အတွင်းစကြာဝဠာတစ်ခုတည်းနဲ့ ဖရိုဖရဲအဆင့် အထွတ်အထိပ်တွေကို ဖိနှိပ်နိုင်လိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။

ထိုအချိန်တွင် လင်းယွမ်က ရုတ်တရက် မျက်ခုံးများပင့်သွားသည်။ " အရှင်ကုမင်က ငါ့ကို ဂါရဝပြုချင်လို့လား။ "

အရှင်ကုမင်က သူ့ကို လာရောက်တွေ့ဆုံလိုကြောင်း ရွှမ်ယွမ်က သတင်းပို့ခဲ့သည်။

" သူ တစ်ခုခုသတိပြုမိသွားပြီထင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။

သူက လွှမ်းမိုးခြင်းအဆင့်သို့ တက်လှမ်းချိန်တွင် ဖရိုဖရဲစွမ်းအားများစွာကို ဝါးမြိုခဲ့ပြီး ဖရိုဖရဲအရှင်သခင်များက ၎င်းကို သတိပြုမိခဲ့ကြသည်။ ထိုအချိန်က ဖရိုဖရဲအရှင်သခင်များထဲတွင် အရှင်ကုမင်လည်း ပါဝင်ည်ကို လင်းယွမ်က သိထားသည်။

အရှင်ကုမင်က လင်းယွမ်နှင့် အနည်းငယ် ပက်သက်ဖူးသောကြောင့် ကြောင်းကျိုးဆက်နွယ်မှုက မှေးမှိန်နေလျှင်တောင် ရင်းနှီးမှုကိုတော့ ခံစားရပေလိမ့်မည်။

" သူ့ကို ဝင်ခိုင်းလိုက်ပါ။ " လင်းယွမ်က ငြင်းဆန်ခြင်းမပြုခဲ့ပေ။

လွှမ်းမိုးခြင်းအဆင့်သို့ တက်လှမ်းပြီးချိန်တွင် သူ၏ စွမ်းအားက ဖရိုဖရဲအဆင့် အထွတ်အထိပ်နှင့် ယှဉ်နိုင်ပြီး မဟာသူတော်စင်တစ်ယောက်ကို ရင်ဆိုင်ရလျှင်တောင် သူက လွတ်မြောက်နိုင်လေသည်။ အရှင်ကုမင်နှင့် တွေ့ဆုံခြင်းက သူ့အတွက် ပြဿနာမရှိပေ။

ထို့အပြင် အရှင်ကုမင်က အဘယ်ကြောင့် သူ၏ လိုအပ်ချက်များအား အမြဲတမ်း လိုက်လျောနေသည်ကို လင်းယွမ်က သိချက်နေသည်။ လင်းယွမ်က ကြယ်မျက်ရည်အစိတ်အပိုင်းကမ္ဘာကို ရရှိခဲ့ချိန်မှစ၍ ဝမ်ချူနှင့် ကုန်သွယ်မှုများပြုလုပ်ခဲ့ပြီး အကျိုးကျေးဇူးများစွာ ရရှိခြင်းက အရှင်ကုမင်၏ ထောက်ပံ့မှုပါဝင်နေသည်မှာ ထင်ရှားသည်။

ကြယ်မျက်ရည်အစိတ်အပိုင်းကမ္ဘာတွင် ရွှမ်ယွမ်နှင့် အခြားသူများက ဘာလုပ်ရမှန်းမသိဖြစ်နေကြသည်။ ဖရိုဖရဲကုန်မြေ၏ အရှင်သခင်ကုမင်က လင်းယွမ်အား ဂါရဝပြုရန် ရောက်ရှိလာခဲ့သည်။

လင်းယွမ်ကို ဂါရဝပြုမယ်။ ဂါရဝပြုသည်ဟူသော စကားက အဆင့်အတန်းနိမ့်သူက အဆင့်အတန်းမြင့်သူကို သို့မဟုတ် အဆင့်အတန်းတူညီသူများကို တွေ့ခွင့်တောင်းရာတွင် အသုံးပြုလေ့ရှိသည်။ လင်းယွမ်၏ စွမ်းအားက ဖရိုဖရဲအဆင့်နှင့် ညီမျှသည်ဟု ဆိုသေယကြောင့် ရွှမ်ယွမ်နှင့် အခြားသူများက သူ့ကို ဖရိုဖရဲအဆင့်သို့ အသစ်တက်လှမ်းလာသူအဖြစ်သာ ရှုမြင်ကြသည်။

သို့သော် အရှင်ကုမင်က အတွေ့အကြုံရင်းကျက်သော ဖရိုဖရဲအရှင်သခင်တစ်ယောက်ဖြစ်သည်။ သူ၏ အဆင့်အတန်းနှင့် လင်းယွမ်ကို တွေ့ဆုံလိုလျှင်တောင် ဂါရဝပြုမည်ဟူသော စကားကို အသုံးပြုစရာမလိုပေ။ ထို့ကြောင့် ရွှမ်ယွမ်နှင့် အခြားသူများက အနည်းငယ် စိုးရိမ်နေကြသည်။

လက်ရှိလူသားမျိုးနွယ်က ကုမင်ဖရိုဖရဲကုန်းမြေ၏ အစိတ်အပိုင်းကမ္ဘာတွင် နေထိုင်နေကြခြင်းဖြစ်သည်။ သူတို့က အရှင်ကုမင်၏ အရိပ်အောက်တွင် ခိုလှုံနေကြခြင်းဖြစ်သည်။ မကြာမီ ရွှမ်ယွမ်က လင်းယွမ်ထံမှ အကြောင်းပြန်ချက်ကို ရရှိလိုက်သည်။

All Chapters