← Chapters

မဟာသူတော်စင် ပြန်ဝင်စားခြင်းလား...

Vol. 61 Ch. 873

မဟာသူတော်စင် ပြန်ဝင်စားခြင်းလား...

Vol. 61 Ch. 873

" နဂါးငွေ့တန်းက အရှင်ကုမင်ကို ဝင်ခဲ့ဖို့ ပြောပါတယ်။ " ရွှမ်ယွမ်က သူ၏ စိတ်ကို ထိန်းချုပ်ပြီး အရှင်ကုမင်ကို သတိထားပြီး ပြောလိုက်သည်။

" ကောင်းပါပြီ။ " အရှင်ကုမင်ကလည်း ခေါင်းညိမ့်လိုက်သည်။

အရှင်ကုမင်က ကြယ်မျက်ရည်အစိတ်အပိုင်းကမ္ဘာထဲသို့ ဝင်ရောက်လာပြီး လူသားမျိုးနွယ်၏ ဧည့်ခန်းမသို့ ရောက်လာသည်။ ထိုအချိန်တွင် လင်းယွမ်၏ ပုံရိပ်က ပေါ်လာသည်။

ခန်းမထဲတွင် လင်းယွမ်နှင့် အရှင်ကုမင်တို့ နှစ်ယောက်သာ ရှိသည်။ ရွှမ်ယွမ်က ယခင်ကတည်းက ထွက်ခွာသွားခဲ့ပြီဖြစ်သည်။ အရှင်ကုမင်ကိုယ်တိုင် ရောက်လာခြင်းကြောင့် လင်းယွမ်နှင့် အရေးကြီးကိစ္စများ ရှိမည်ကို သိသောကြောင့် သူက ထွက်ခွာသွားပြီဖြစ်သည်။

" နှုတ်ဆက်ပါတယ် စီနီယာ။ " အရှင်ကုမင်က အနည်းငယ် ဦးညွှတ်လိုက်သည်။

ဖရိုဖရဲမဟာသူတော်စင်တစ်ယောက်အတွက် ဖရိုဖရဲအရှင်သခင်တစ်ယောက်ကို သတ်ရန် ခက်ခဲသော်လည်း ထိုအချက်ကို ယုံကြည်ပြီး ဖရိုဖရဲအရှင်သခင်များက မဟာသူတော်စင်များကို ရန်စခြင်းမရှိကြပေ။ သာမန်အခြေအနေတွင် ဖရိုဖရဲအရှင်သခင်တစ်ယောက်က ဖရိုဖရဲမဟာသူတော်စင်နှင့် ရင်ဆိုင်ရလျှင် လုံလောက်သော ယုံကြည်မှုကို ပြကြရသည်။

ရန်ငြိုးများရှိနေမှသာ ထိုအစဉ်အလာကို လျစ်လျူရှုကြပေလိမ့်မည်။ သို့သော် ထိုအခြေအနေမျိုးက ရှားပါးလှသည်။ ယခုအချိန် အရှင်ကုမင်၏ အမြင်တွင် လင်းယွမ်က မဟာသူတော်စင်တစ်ပါးဖြစ်သည်။ သူတို့ကြားတွင် ရန်ငြိုးများမရှိသောကြောင့် လင်းယွမ်နှင့် မိတ်ဆွေဖြစ်လိုသော အရှင်ကုမင်က စည်းကျော်ရန် စိတ်ကူးမရှိပေ။

" စီနီယာ..." လင်းယွမ်၏ အမူအရာက ပြောင်းလဲခြင်းမရှိသော်လည်း အရှင်ကုမင်က တစ်စုံတစ်ခု အထင်လွဲနေသည်ကို ချက်ချင်း သိလိုက်သည်။

"သူက ငါ့ကို မဟာသူတော်စင် ပြန်ဝင်စားတာလို့ ထင်နေတာပဲ။ " အရှင်ကုမင် ဘာတွေးနေသည်ကို လင်းယွမ်က ခန့်မှန်းမိလိုက်သည်။

မဟာသူတော်စင် ပြန်လည်ဝင်စားသည့်အကြောင်းကို ဧကရာဇ်ရွှမ်ဟွမ်နှင့် နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်တို့လည်း ဖော်ပြခဲ့ဖူးသည်။ ပင်မစကြာဝဠာမပျက်စီးမီကလည်း ကပ်ဘေးမျိုးနွယ်မှ အလွှာဆယ့်နှစ် ကြီးမြတ်သူနှစ်ယောက်က သူ့ကို မဟာသူတော်စင် ပြန်လည်ဝင်စားလာသည်ဟု ယုံကြည်နေကြသည်ကို သိခဲ့ရသည်။

သို့သော် ကပ်ဘေးမျိုးနွယ်၏ ယုံကြည်မှုမှာ ထိုစကြာဝဠာအတွင်း ကြောက်စရာကောင်းသော တိုးတက်မှုကြောင့် ဖြစ်သည်။ လင်းယွမ်က နှစ်တစ်ထောင်အတွင်း စကြာဝဠာကို လွှမ်းမိုးနိုင်သည်အထိ တိုးတက်ခဲ့သည်။ သို့သော် အရှငကုမင်က သူ့ကို မဟာသူတော်စင်တစ်ပါးဝင်စားသည်ဟု ဘာကြောင့်ထင်နေတာလဲ။

" မင်းက ငါ့ကို ဘယ်လိုလုပ်မှတ်မိတာလဲ။ " လင်းယွမ်က သာမန်အတိုင်း မေးလိုက်သည်။

ထိုစကားကို ကြားသောအခါ အရှင်ကုမင်က ချက်ချင်း ပြန်ဖြေလိုက်သည်။

" စီနီယာ ကျွန်တော်မှာ အဖော်တစ်ယောက် ရှိပါတယ်။ သူက အထူးသက်ရှိပါ။ သူမှာ.." အရှင်ကုမင်က ဖရိုဖရဲနဂါးသားရဲ၏ ကြိုတင်သိမြင်နိုင်စွမ်းအကြောင်းကို ပြောပြလိုက်သည်။

" အော် အဲ့ဒါကြောင့်ကိုး။ " လင်းယွမ်က နားလည်သွားသည်။ တသ်ချိန်တည်းတွင် အချိန်သွေးမျိုးဆက်ရှိသော အထူးသက်ရှိများအပေါ် သူ၏ အမြင်မှာ မြင့်တက်လာခဲ့သည်။ ထိုသို့သိမြင်နိုင်စွမ်းက ကျိုးကြောင်းဆီလျော်မှုကို လုံးဝ ဆန့်ကျင်နေသည်။

" နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်နဲ့ အခြားပြိုင်ဘက်ကင်းမဟာသူတော်စင်တွေက အချိန်သွေးမျိုးဆက် ကြွယ်ဝတဲ့ အထူးသက်ရှိကို ဖမ်းဖို့ ကြိုးစားခဲ့တာ အံ့ဩစရာမရှိပါဘူး။ "

ထိုသို့ အမဲလိုက်မှုက ပေးဆပ်မှု မည်မျှကြီးမားသည်ကို လင်းယွမ် သိထားသည်။ ဖရိုဖရဲမဟာသူတော်စင်အဆင့် အထူးသက်ရှိများက တိုက်ခိုက်ရေးစွမ်းရည်အရ ပြိုင်ဘက်ကင်းမဟာသူတော်စင်များနှင့် ယှဉ်နိုင်ပြီး သူတို့ကို ဖမ်းဆီးရန်မှာ ပြိုင်ဘက်ကင်းမဟာသူတော်စင်ကို သတ်ရသည်ထက် အဆပေါင်းများစွာ ပို၍ ခက်ခဲလှသည်။ သူတို့၏ ကြိုတင်သိမြင်နိုင်စွမ်ကိုလည်း ထည့်တွက်ရမည်ဖြစ်သည်။

" ကျွန်တော် စီနီယာကို ဂါရဝပြုတာက စီနီယာရဲ့ ဖရိုဖရဲစွမ်းအားတွေကို ပြန်လည်ရရှိသွားတဲ့အတွက် ဂုဏ်ပြုချင်လို့ပါ။ "

အရှင်ကုမင်က သူ၏ ရည်ရွယ်ချက်ကို ပြောလိုက်ပြီး ကျောက်စိမ်းပုလင်းတစ်ခုကို ထုတ်ယူလိုက်သည်။ " ဒါက ဂုဏ်ပြုလက်ဆောင်ပါ။ "

ဂုဏ်ပြုရန် လာရောက်ခြင်းဖြစ်သောကြောင့် အရှင်ကုမင်က လက်ဗလာနှင့်လာသည်မဟုတ်ဘဲ သူ၏ ရိုးသားမှုကို ပြသရန် လက်ဆောင်တစ်ခုကိုလည်း ပြင်ဆင်ထားခဲ့သည်။ အထူးသဖြင့် လင်းယွမ် မည်သူဖြစ်သည်ကို သူမှလွဲ၍ ဘယ်သူမှမသိသေးသဖြင့် ထိုအခွင့်အရေးကို အသုံးချရန် လိုအပ်သည်။

မဟာသူတော်စင်ပြန်လည်ဝင်စားလာသူမှာ သူ၏ အထွတ်အထိပ်သို့ ပြန်မရောမီ မိတ်ဆွေဖွဲ့ထားခြင်းက အထွတ်အထိပ်သို့ ပြန်ရောက်သောအခါ မည်သည့်အကျိုးအမြတ်မှ မရလျှင်တောင် ထိုက်တန်ပေသည်။ ထိုသတင်းသာ ပျံ့နှံ့သွားလျှင် ဘယ်သူမှသူ့ကို ရန်စရဲမည်မဟုတ်တော့ပေ။

" အင်း " လင်းယွမ်က ကျောက်စိမ်းပုလင်းကို လက်ခံလိုက်သည်။

သူက ယခု လွှမ်းမိုးခြင်းအဆင့်သို့ ဝင်ရောက်လာစဖြစ်ပြီး သူစုဆောင်းထားသော အရင်းအမြစ်များ ကုန်သွားပြီဖြစ်ရာ အလကားရသော အရင်းအမြစ်များကို သူက ငြင်းပယ်မည်မဟုတ်ပေ။

" ငါ ဖရိုဖရဲအဆင့် တိုက်ခိုက်ရေးစွမ်းအားကို ပြန်ရပြီလို့ ကြေညာပြီး ဂုဏ်ပြုပွဲကျင်းပလိုက်ရင် လက်ဆောင်တွေအများကြီး ရလိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။

ဖရိုဖရဲအရှင်သခင်တစ်ယောက် ဂုဏ်ပြုပွဲကျင်းပလျှင် အင်အားစုများစွာ တက်ရောက်ကြမည်ဖြစ်ပြီး တက်ရောက်လာသူတိုင်းကလည်း ဂုဏ်ပြုလက်ဆောင်များ ယူလာကြပေလိမ့်မည်။ ထိုကိစ္စမျိုးကို လင်းယွမ်က အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ပြီး အကြိမ်တိုင်းတွင် အကျိုးအမြတ်များစွာ ရရှိခဲ့သည်။

" စီနီယာ.... အခုစီနီယာက ဖရိုဖရဲအဆင့် စွမ်းအားကို ပြန်ရပြီဆိုတော့ ကိုယ်ပိုင်ဖရိုဖရဲကုန်းမြေတစ်ခု တည်ထောင်ဖို့ အစီအစဉ်ရှိလား။ " အရှင်ကုမင်က မေးလိုက်သည်။

ကြယ်မျက်ရည်အစိတ်အပိုင်းကမ္ဘာတွင် လူသားမျိုးနွယ်တစ်ခုလုံး နေထိုင်ကြသည်ကို အရှင်ကုမင်က သိထားသည်။ လူသားမျိုးနွယ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြင်ပအင်အားစုများနှင့် ကုန်သွယ်မှုများ ပြုလုပ်ရန် လိုအပ်သည်။

" ဖရိုဖရဲကုန်းမြေကို တည်ထောင်ဖို့လား။ " လင်းယွမ်က ခဏစဉ်းစားပြီးနောက် ခေါင်းခါလိုက်သည်။ " လောလောဆယ် အဲ့ဒီကိစ္စကို မစဉ်စားသေးဘူး။ "

ဖရိုဖရဲကုန်းမြေကို ဖွင့်လှစ်ခြင်းက အနီးရှိ ဒေသများတွင် ကုန်သွယ်ရေးဗဟိုချက်ဖြစ်လာပြီး အကျိုးအမြတ်များစွာ ရရှိမည်ဖြစ်သည်။ သို့သော် ထိုကိစ္စမျိုးက ရေတိုတွင် အကျိုးသက်ရောက်မှုရှိမည်မဟုတ်ပေ။ ထိုအပြင် ဖရိုဖရဲကုန်းမြေတစ်ခုကို တည်ထောင်ရန် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုကို လိုအပ်သည်။

လင်းယွမ်က ယခုအချိန်တွင် သူ၏ စွမ်းအားကို မြှင့်တင်ရန် အာရုံစိုက်ထားသည်။ သူ၏ တိုးတက်မှု ရပ်တန့်သွားချိန် သို့မဟုတ် အတားအဆီးတစ်ခု ကြုံတွေ့မှ ဖရိုဖရဲကုန်းမြေကို ဖန်တီးခြင်းက နောက်မကျပေ။

လက်ရှိအခြေအနေအရ ကြယ်မျက်ရည်အစိတ်အပိုင်းကမ္ဘာက လူသားမျိုးနွယ်အတွက် ထောက်ပံ့ပေးရန် လုံလောက်ပြီး ဖရိုဖရဲကုန်းမြေတစ်ခု ဖွင့်လှစ်ရန် မလိုအပ်သေးပေ။

လင်းယွမ်က မေးခွန်းများ မေးပြီး အရှင်ကုမင်က ပြန်လည်ဖြေကြားပြီးနောက် အရှင်ကုမင်က နှုတ်ဆက်ထွက်ခွာသွားခဲ့သည်။ အရှင်ကုမင်ထွက်သွားသောအခါ လင်းယွမ်က လက်ဆောင်ကို ထုတ်ကြည့်လိုက်သည်။

" အတော်လေးဂရုစိုက်တာပဲ။ " လင်းယွမ်က သေချာစစ်ဆေးပြီးနောက် ပြုံးလိုက်သည်။

အရှင်ကုမင်ပေးခဲ့သော ကျောက်စိမ်းပုလင်းထဲတွင် အရင်းအမြစ်များစွာဖြင့် ပြည့်နှက်နေသည်။ အရှင်ကုမင်၏ အမြင်တွင် လင်းယွမ်က မဟာသူတော်စင်တစ်ပါး ပြန်လည်ဝင်စားခြင်းဖြစ်သောကြောင့် ရှေ့တက်ရမည့်လမ်းမှာ စွမ်းအားစုဆောင်းရန် လိုအပ်သောကြောင့် အရင်းအမြစ်များစွာကို လက်ဆောင်ပေးခြင်းဖြစ်သည်။

ဖရိုဖရဲဟင်းလင်းပြင်တွင် တန်ဖိုးအရှိဆုံးရတနာများမှာ အတားအဆီးများကို ဖြတ်ကျော်ရာတွင် အထောက်အကူပြုသော ရတနာများဖြစ်သည်။ သို့သော် လင်းယွမ်က စွမ်းအားစုဆောင်းရန်သာ လိုအပ်သည်ဟု အရှင်ကုမင်က တွေးထားခဲ့သည်။

အမှန်တကယ်လည်း ထိုသို့ပင်ဖြစ်သည်။ လင်းယွမ်၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် မည်သည့်အရာမှ သူ့ကို တားဆီးထားနိုင်မည်မဟုတ်ပေ။

" အရင်းအမြစ်တွေနဲ့ ရတနာတွေအားလုံးပေါင်းလိုက်ရင် ဖရိုဖရဲသလင်းကျောက် သန်း၉၀ နဲ့ သန်း၁၀၀ လောက် ရှိလောက်တယ်။ " လင်းယွမ်က တန်ဖိုးကို တွက်ချက်ပြီးနောက် အတော်လေး ကျေနပ်သွားသည်။

ထိုမျှများပြားသော အရင်းအမြစ်များနှင့် ရတနာများက သူ၏ ကျင့်ကြံမှုအတွက် အချိန်အတော်ကြာထိ လုံလောက်မည်ဖြစ်ပြီး အနည်းဆုံး အဆုံးမဲ့ဟင်းလင်းပြင် ဒုတိယအဆင့်သို့ ရောက်ရှိနိုင်သည်။

" အရှင်ကုမင်..." အရှင်ကုမင်၏ လုပ်ရပ်များက လင်းယွမ်၏ စိတ်ထဲတွင် ပေါ်လာသည်။

အရှင်ကုမင်က သူ့ကို မိတ်ဆွေဖြစ်ရန် ကြိုးစားနေခြင်းမှာ သိသာလှသည်။ ထိုသို့ပြုမူခြင်းက ရည်ရွယ်ချက်တစ်ခုသာ ရှိသော်လည်း တစ်ဖက်က သူ့ကို အကူအညီများစွာပေးခဲ့သည်။ နောက်တစ်ချိန် အရေးပါသော အခြေအနေတွင် လင်းယွမ်က ကျေးဇူးဆပ်ရန် ဝန်လေးမည်မဟုတ်ပေ။

" မဟာသူတော်စင် ပြန်ဝင်စားတယ်။ " လင်းယွမ်၏ မျက်နှာတွင် ထူးဆန်းသော အမူအရာပေါ်လာသည်။

ပင်မစကြာဝဠာအတွင်း ကပ်ဘေးမျိုးနွယ်နှင့် အရှင်ကုမင်တို့က လင်းယွမ်အကြောင်း ပို၍ သိလာလေ သူ့ကိုမဟာသူတော်စင် ပြန်လည်ဝင်စားခြင်းဖြစ်သည်ဟု ပို၍ ယုံကြည်လေဖြစ်သည်။

အကယ်၍ မဟာသူတော်စင်တစ်ပါးမဟုတ်လျှင် နှစ်တစ်ထောင်အတွင်း အလွှာတစ်မှ အလွှာဆယ့်နှစ်ထိ တက်လှမ်းပြီး စကြာဝဠာထက် ကျော်လွန်သော စွမ်းအားကို ထုတ်ပြနိုင်မှာလဲ။ ထို့အပြင် ဖရိုဖရဲဟင်းလင်းပြင်သို့ ရောက်ရှိပြီး ဖရဖရဲအထွတ်အထိပ်စွမ်းအားကို ဘယ်သူက ပိုင်ဆိုင်နိုင်မှာလဲ။

ထိုကိစ္စများကို သာမန်အကြောင်းပြချက်များဖြင့် ရှင်းပြ၍ မရပေ။ ကောင်းကင်ကိုဆန့်ကျင်သော ပါရမီရှင်များသာ ထိုသို့လုပ်ဆောင်နိုင်ပေလိမ့်မည်။ ထိုသို့သော် သက်ရှိများက အချိန်သွေးမျိုးဆက်များ ရှိကြသော်လည်း သူတို့ကိုယ်တိုင် ကျင့်ကြံရန် အချိန်ယူရသကဲ့သို့ အတားအဆီးများနှင့်လည်း ကြုံတွေ့ရသည်။ နောက်ဆုံး ရင်းမြစ်ကမ္ဘာမှာ အလွှာဆယ့်သုံး အချိန်သက်ရှိ၏ တော်ဝင်မျိုးဆက်များပင် လင်းယွမ်၏ ကျင့်ကြံခြင်းအရှိန်ကို မမှီကြပေ။

All Chapters