ရှီစုန်ဘုရင်၏ ဆဋ္ဌမအကို...
Vol. 61 Ch. 875
လင်းယွမ်က ဖရိုဖရဲအဆင့်တွင် ရှိလျှင် မဟာသူတော်စင်များပင် သူ၏ တိုက်ခိုက်မှုအောက်တွင် ထွက်ပြေးသွားရပေလိမ့်မည်။ ရင်းမြစ်ကမ္ဘာ၏ မဟာအရှင်သခင်က ဖရိုဖရဲဟင်းလင်းပြင်တွင် ဖရိုဖရဲအရှင်သခင်နှင့် ညီမျှသည်။
ထိုရုပ်ခန္ဓာနတ်စွမ်းရည်က အားနည်းချက် မရှိသည်တော့မဟုတ်ဘဲ ၎င်းက စွမ်းအား သုံးစွဲမှု အလွန်ကြီးမားလှသည်။ လင်းယွမ်အတွက် ၎င်းကို အပြည့်အဝ ထိန်းချုပ်ရန် ခက်ခဲနေဆဲ ဖြစ်သည်။
တစ်ယောက်ချင်း သို့မဟုတ် အများနှင့် တိုက်ခိုက်ရသော အခြေအနေတွင် လင်းယွမ်က မကြောက်သော်လည်း တစ်ယောက်ပြီး တစ်ယောက် တိုက်ခိုက်သော အခြေအနေတွင် လင်းယွမ်က ထိုစွမ်းရည်ကို ထုတ်ဖော်ရန် ခက်ခဲလေသည်။
" ဘာပဲဖြစ်ဖြစ် ဒီနတ်စွမ်းရည်က ငါ့ရဲ့ ဝှက်ဖဲတွေထဲမှာ အသန်မာဆုံးပဲ။ ကောင်းကင်ဆုတ်ဖြဲခြင်း နတ်စွမ်းရည်တောင် ဒါကို မယှဉ်နိုင်ဘူး။ "
ကောင်းကင်ဆုတ်ဖြဲခြင်း နတ်စွမ်းရည်က တစ်ချက်တည်းတိုက်ခိုက်ခြင်းဖြစ်သော်လည်း လီယန်နေမင်းဖွင့်လှစ်ခြင်း နတ်စွမ်းရည်က အချိန်တစ်ခုထိ ထိန်းသိမ်းထားနိုင်ပြီး ကမ္ဘာနတ်စွမ်းရည်ထက် ပိုမိုအဆင့်မြင့်သည်။
ယခုအချိန်တွင် လင်းယွမ်က ထိုနတ်စွမ်းရည်၏ ဖန်တီးခြင်းနှင့် ပုံဖော်ခြင်းကို အာရုံစိုက်နေသည်။ ဖျက်ဆီးခြင်းဆိုသည်မှာ ၎င်း၏ ကဏ္ဍတစ်ခုမျှသာ ဖြစ်သည်။
နာမည် - လင်းယွမ်
အဆင့်အတန်း - အနန္တကမ္ဘာများ၏ ဂိတ်တံခါး အရှင်သခင်။
စွမ်းရည် - ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်း။
ရုပ်ခန္ဓာနတ်စွမ်းရည် - သွေးပြန်လည်မွေးဖွားခြင်း၊ တောင်ရွှေ့လျားခြင်း၊ အားဖြည့်ခြင်း၊ ဒြပ်စင်ခန္ဓာ၊ ကမ္ဘာ၊ ကောင်းကင်ဆုတ်ဖြဲခြင်း၊ လီယန်နေမင်းဖွင့်လှစ်ခြင်း။
လက်ရှိအခြေအနေ - စိတ်အသိဆင်းသက်ခြင်း။
လက်ကျန်အချိန် - မရှိ။
" အခု အရေးကြီးဆုံးက အခု ဒီနတ်စွမ်းရည်အမှတ်အသားကို နားလည်ဖို့ပဲ။ " လင်းယွမ်က သူ၏ စိတ်ကို ထိန်းချုပ်လိုက်သည်။
ထိုနတ်စွမ်းရည်အမှတ်အသားကို နားလည်မှသာလျှင် ဖရိုဖရဲဟင်းလင်းပြင်ရှိ မူလခန္ဓာကိုယ်နှင့် မူလစိတ်ဝိညာဉ်များက အသုံးပြုနိုင်ပေလိမ့်မည်။ သို့သော် နားလည်ခြင်းဆိုသည်မှာ လီယန်နေမင်းဖွင့်လှစ်ခြင်း၏ အနှစ်သာရကို နားလည်ခြင်းမဟုတ်ပေ။ ထိုသို့လုပ်ရန် လင်းယွမ်အတွက် ခက်ခဲလွန်းလှသည်။ ၎င်းက ထိုနတ်စွမ်းရည်အမှတ်အသားကို နားလည်ခြင်းသာ ဖြစ်သည်။
" ဒါကို နားမလည်ခင် ငါ သေလို့မဖြစ်သေးဘူး။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။
လက်ရှိ ခန္ဓာကိုယ်က လီယန်နေမင်းဖွင့်လှစ်ခြင်းနတ်စွမ်းရည်ကို သယ်ဆောင်ထားခြင်းဖြစ်သည်။ အကယ်၍ သူသေဆုံးသွားလျှင် ထိုနတ်စွမ်းရည်က ပျောက်ကွယ်သွားမည်ဖြစ်ပြီး ၎င်းကို နားမလည်လျှင် ထိုစွမ်းရည်ကို လုံးဝ ဆုံးရှုံးသွားမည်ဖြစ်သည်။ ၎င်းကို လင်းယွမ်က လက်မခံနိုင်ပေ။
နောက်တစ်ကြိမ် ဆင်းသက်ခြင်းကလည်း တူညီသော ဘဝနှစ်ခု ထပ်တူကျမည်မဟုတ်ပေ။ အကယ်၍ သူက နောက်တစ်ကြိမ် ဆင်းသက်ရန် ရွေးချယ်ခဲ့လျှင် လီယန်နေမင်းဖွင့်လှစ်ခြင်းနတ်စွမ်းရည်ကို ဆက်လက်နိုးထနိုင်မလား မသေချာပေ။
ထို့အပြင် လင်းယွမ်က နောက်တစ်ကြိမ် ဆင်းသက်လျှင် အစမှပြန်၍ စတင်ရမည်ဖြစ်သည်။ ယခင်က ပေးဆပ်ခဲ့ရသော အချိန်နှင့်ကြိုးစားအားထုတ်မှုများက အလဟဿ ဖြစ်သွားပေလိမ့်မည်။
" ဒါပေမယ့် ငါ့ရဲ့ လက်ရှိစွမ်းအားနဲ့ဆိုရင် သေဖို့ အတော်လေး ခက်ခဲလိမ့်မယ်။ " လင်းယွမ်က ယုံကြည်မှုရှိစွာ ရေရွတ်လိုက်သည်။
နှစ်ပေါင်းတစ်ထောင်ကျော်အတွင်း သူ၏ မူလခန္ဓာကိုယ်က ကျင့်ကြံရန်အတွက် ပုန်းအောင်းနေခဲ့ပြီး သူ၏ မူလစိတ်ဝိညာဉ်နှစ်ခုကလည်း အသက်ဘေးမှ လွတ်မြောက်ရန် နည်းလမ်းများကို ကြိုတင်စီစဉ်ထားခဲ့ပြီးဖြစ်သည်။
ရှေးဟောင်းနိုင်ငံများမှ အလွှာဆယ့်သုံး အချိန်သက်ရှိများကိုယ်တိုင် လှုပ်ရှားခြင်းမရှိလျှင် လင်းယွမ်ကို အပြီးတိုင်သတ်ဖြတ်ပစ်ရန် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
လီယန်ရှေးဟောင်းနိုင်ငံ ရှီစုန်နယ်မြေ။ ထိုနယ်မြေက တောင်ဝင်ဘုရင်ရှီစုန်၏ နယ်မြေဖြစ်သည်။ ရှီစုန်ဘုရင်က လီယန်ရှေးဟောင်းနိုင်ငံဘက်မှ နေ၍ စိတ်ဝိညာဉ်ကို ခုခံရန် တာဝန်ပေးခြင်းခံရသော ဘုရင်တစ်ယောက်ဖြစ်သည်။
ရှီစုန်ဘုရင်က စိတ်ဝိညာဉ်ဘုရင်ကဲ့သို့ တော်ဝင်မျိုးနွယ်နောက်ခံမှ ဘုရင်ဖြစ်လာခြင်းဖြစ်ပြီး မဟာအရှင်သခင်အဆင့် အထွတ်အထိပ်ရှိသူတစ်ယောက်ဖြစ်သည်။ သို့သော် စိတ်ဝိညာဉ်ဘုရင်နှင့် မတူသည်မှာ ရှီစုန်ဘုရင်က ရည်မှန်းချက်ကြီးမားခြင်းမရှိဘဲ ရှေးဟောင်းနိုင်ငံ၏ ဧကရာဇ်ဖြစ်လာရန် ဆန္ဒမရှိပေ။
မြို့အတွင်း၌ အရှင်ချင်းဖန်၏ ကိုယ်ပွားက ပျင်းရိသော အမူအရာနှင့် ရှိနေသည့် လူတစ်ယောက်ရှေ့တွင် ရပ်နေသည်။
" အရှင်မင်းသား စိတ်ဝိညာဉ်ဘုရင်က သူ့ရဲ့အကိုဆီက အကူအညီတောင်းမှာကို ကျွန်တော် စိုးရိမ်မိပါတယ်။ " အရှင်ချင်းဖန်က စိုးရိမ်းစွာ ပြောလိုက်သည်။
စိတ်ဝိညာဉ်ဘုရင်၏ အကိုက ပင်မတော်ဝင်သွေးမျိုးဆက်ရှိသော မဟာအရှင်သခင်တစ်ယောက်ဖြစ်သည်။ ထိုသို့သော ပုဂ္ဂိုလ်တစ်ယောက်က စစ်မြေပြင်သို့ ဝင်ရောက်လာလျှင် လီယန်ရှေးဟောင်းနိုင်ငံဘက်က ဘယ်သူမှခုခံနိုင်မည်မဟုတ်ပေ။
ပင်မတော်ဝင်သွေးမျိုးဆက်ရှိသူများက အဆင့်တူများကို အလွယ်တကူ ချေမှုန်းနိုင်ကြပြီး မဟာအရှင်သခင်အဆင့်နှင့် နတ်ဘုရားအရှင်သခင်အဆင့်ကို ရင်ဆိုင်နိုင်သည်။ သူတို့က နတ်ဘုရားအရှင်သခင်များမဟုတ်ဘဲ မဟာအရှင်သခင်များသာ ဖြစ်သောကြောင့် စစ်ပွဲစည်းမျဉ်းများကိုလည်း ချိုးဖောက်ခြင်းမရှိပေ။
" စိတ်ဝိညာဉ်ဘုရင်က ဧကရာဇ် ဖြစ်ချင်တဲ့အတွက် အဲ့လို တက်လုပ်နိုင်တယ်။ " ရှီစုန်ဘုရင်က ပျင်းရိစွာ ပြောလိုက်သော်လည်း သူ၏ လေသံက လေးနက်နေသည်။ အကယ်၍ အရှင်ချင်းဖန်၏ နယ်မြေ ချိုးဖောက်ခံရလျှင် စစ်ပွဲကို ကွပ်ကဲနေသော ဘုရင်ကလည်း တာဝန်ရှိလေသည်။
" အဲ့ဒီကိစ္စကို ငါ့တာဝန်ထားလိုက်ပါ။ " ရှီစုန်ဘုရင်က အရှင်ချင်းဖန်ကို ကြည့်ပြီး ပြောလိုက်သည်။
" ဟုတ်ကဲ့ပါ။ " အရှင်ချင်းဖန်က သက်ပြင်းချလိုက်သည်။
ရှီစုန်ဘုရင်ပါဝင်လာလျှင် စိတ်ဝိညာဉ်ဘုရင်၏ အကိုကို ပြန်လည်ရင်ဆိုင်ရန်အတွက် တော်ဝင်မျိုးနွယ်တစ်ယောက်ကို ဖိတ်ခေါ်နိုင်ရန် အခွင့်အရေးများသည်။
" ငါစီစဉ်ကြည့်လိုက်ဦးမယ်။ " ရှီစုန်ဘုရင်က ကိုယ်ပွားတစ်ခုကို ချက်ချင်း စုစည်းလိုက်သည်။
ရှေးဟောင်းနိုင်ငံ၏ တော်ဝင်မျိုးနွယ်တစ်ယောက်အနေဖြင့် မိမိ၏ ပိုင်နက်နယ်မြေအတွင်းသာ နေထိုင်ရသော်လည်း မြို့တော်သို့ အချိန်မရွေး ပြန်နိုင်စွမ်းရှိသည်။ မကြာမီ ရှီစုန်ဘုရင်က ကျယ်ဝန်းသော စံအိမ်ကြီးတစ်ခုသို့ ရောက်သွားသည်။
" ဆဋ္ဌမအကို..." ရှီစုန်ဘုရင်က အပြင်တွင် စောင့်နေသည်။
သူ၏ ဆဋ္ဌမအကိုက ပင်မတော်ဝင်သွေးမျိုးဆက်ဖြစ်ပြီး ပုံမှန်အားဖြင့် သွေးမျိုးဆက်နှင့် နိယာမများကို လေ့လာရာတွင် အာရုံစိုက်ထားလေ့ရှိသည်။ ဘိုးဘေးသွေးမျိုးဆက် အထွတ်အထိပ်နီးပါး ရောက်နေသူများက ပလ္လင်အပေါ် စိတ်ဝင်စားမှုအနည်းငယ်သာ ရှိကြသည်။ အကြောင်းမှာ ဧကရာဇ်ဖြစ်လာခြင်းက သူတို့၏ ကျင့်ကြံမှုအပေါ် သက်ရောက်မှုများစွာမရှိသောကြောင့်ဖြစ်သည်။
ဧကရာဇ်ဖြစ်လာခြင်းက အခွင့်အာဏာများစွာကို ရရှိစေသည် မှန်သော်လည်း အရေးမပါသော ကိစ္စများကို တာဝန်ယူရသည့် ဝန်ထုပ်ဝန်ပိုးတစ်ခုလည်း ဖြစ်သည်။
တံခါးပွင့်သွားပြီးနောက် အစေခံအိုကြီးတစ်ယောက် ထွက်လာပြီး ရှီစုန်ဘုရင်ကို ဦးညွှတ်လိုက်သည်။ " အရှင်မင်းသား အထဲကို ကြွပါ။ "
ရှီစုန်ဘုရင်က အထဲသို့ ဝင်ရောက်သွားပြီး ခန်းထဲတွင် သူ၏ ဆဋ္ဌမအကိုနှင့် တွေ့ဆုံခဲ့သည်။ ရှီစုန်ဘုရင်၏ ဆဋ္ဌမအကိုက အရပ်ရှည်ရှည်နှင့် အမျိုးသားတစ်ဦး ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်အတွင်း အရှိန်အဝါတစ်ခု စီးဆင်းနေသည်။
" ဆဋ္ဌမအကိုက ပိုပြီး အစွမ်းထက်လာတာပဲ။ အကိုက နတ်ဘုရားအရှင်သခင်အဆင့်ကို ရောက်တော့မယ်ထင်တယ်။ " ရှီစုန်ဘုရင်က မြှောက်ပင့် ပြောဆိုလိုက်သည်။ သူက အကိုဖြစ်သူထံမှ အကူအညီတောင်းရန် ရောက်လာခြင်းဖြစ်သောကြောင့် စကားလုံးများကို သတိထားပြီး ပြောဆိုနေရသည်။
" နတ်ဘုရားအရှင်သခင်..." ဆဋ္ဌမအကိုက ခေါင်းခါလိုက်သည်။ " ငါတို့လို တော်ဝင်မျိုးနွယ်တွေအတွက် အောင်မြင်မှုနဲ့ ကျရှုံးမှုက သွေးမျိုးဆက်အပေါ် မူတည်နေတယ်။ ဒါကြောင့် နတ်ဘုရားအရှင်သခင်အဆင့်ကို တက်လှမ်းဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ "
သို့သော် မဟာအရှင်သခင်အဆင့် အထွတ်အထိပ်သို့ ရောက်နေသော တော်ဝင်မျိုးဆက်များက နတ်ဘုရားအရှင်သခင်များကို မကြောက်ပေ။ အမှန်တော့ ရှေးဟောင်းနိုင်ငံ၏ ကြွယ်ဝသော အရင်းအမြစ်များကြောင့် နတ်ဘုရားအရှင်သခင်များကပင် သူတို့ကို ပြန်လည်ကြောက်ရွံ့နေရသည်။
" ဒါနဲ့ မင်းငါ့ဆီကို ဘာလို့လာတာလဲ။ " သူ၏ ညီဖြစ်သူက တစ်ခုခုအလိုရှိမှ သူ့အား ထိုကဲ့သို့ စကားပြောတတ်သည်ကို သူကောင်းကောင်းသိထားသည်။
" ဆဋ္ဌမအကိုလည်း သိတဲ့အတိုင်းပဲ ကျွန်တော် မြို့တော်မှာ နေရတာ ပျင်းလို့ ဘုရင်ဘွဲ့ကို ခံယူခဲ့တာ။ အစပိုင်းတော့ အပြင်မှာ အေးအေးဆေးဆေး နေရပေမယ့် အဲ့ဒီစိတ်ဝိညာဉ်ဘုရင်က ဧကရာဇ်ဖြစ်ချင်တာနဲ့ ကျွန်တော်တို့ ရှေးဟောင်းနိုင်ငံရဲ့ နယ်မြေတွေကို ကျူးကျော်ခဲ့တယ်။ "
ရှီစုန်ဘုရင်က ဆက်ပြောသည်။ " တိုက်တိုက်ဆိုင်ဆိုင်ပဲ။ ကျွန်တော်က စိတ်ဝိညာဉ်ဘုရင်ရဲ့ ကျူးကျော်မှုကို ခုခံဖို့ တာဝန်ရှိတဲ့သူဖြစ်လာတယ်။ စိတ်ဝိညာဉ်ဘုရင်တစ်ယောက်တည်းဆို ကျွန်တော် မကြောက်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ အကိုကို ကျွန်တော် မယှဉ်နိုင်ဘူး။ "
" ငါနားလည်ပြီ။ " ဆဋ္ဌမအကိုက ခေါင်းညိမ့်လိုက်သည်။ " ဆိုတော့ ငါမင်းကို ကူညီရမယ်ပေါ့။ "
" ဟုတ်ပါတယ်။ " ရှီစုန်ဘုရင်က ပြောလိုက်သည်။ " ကျွန်တော်အကူအညီတောင်းလို့ရတာ အကိုတစ်ယောက်ပဲရှိတယ်။ အခြားသူတွေဆိုရင် ကူညီချင်ရင်တောင် ကျွန်တော်ဆီက အများကြီး တောင်းကြဦးမှာ။ "
ရန်သူရှေးဟောင်းနိုင်ငံ၏ ကျူးကျော်မှုကို ခုခံရန် အကြောင်းပြချက်ဖြင့် ရှီစုန်ဘုရင်က တော်ဝင်မိသားစုကို အကူအညီတောင်းနိုင်သည်။ သို့သော် အကူအညီဆိုသော်လည်း ပေးဆပ်မှုတော့ ရှိနေသည်။ တော်ဝင်မိသားစုမှ မဟာအရှင်သခင်များက အမြဲတမ်း အကျိုးအမြတ်တစ်ခုခုကို ပြန်လည်တောင်းဆိုကြသည်။ ဤသည်မှာ တော်ဝင်မိသားစုအတွင်း မရေးသားထားသော စည်းမျဉ်းတစ်ခုပင်ဖြစ်သည်။
" မင်းက အဲ့လိုပြောမှတော့ လိုအပ်ရင် ငါကူညီပေးပါမယ်။ " ဆဋ္ဌမအကိုက သက်ပြင်းချပြီး မတတ်သာသည့်အမူအရာဖြင့် ပြောလိုက်သည်။ " ဒါပေမယ့် စိတ်ဝိညာဉ်ဘုရင်ရဲ့ အကိုပါလာမှ ငါဝင်ပါမယ်။ မဟုတ်ရင်တော့ ငါလည်း ဝင်ပါမှာမဟုတ်ဘူး။ "
" သေချာတာပေါ့။ စိတ်ဝိညာဉ်ဘုရင်က သူ့အကိုမပါရင် သူက ဘာမှမဟုတ်ပါဘူး။ " ရှီစုန်ဘုရင်က ချက်ချင်း ပြန်ပြောလိုက်သည်။