ဘွဲ့နာမည် နဂါးငွေ့တန်း....
Vol. 61 Ch. 876
ချင်းဖန်မြို့တွင်း လင်းယွမ်၏ မူလခန္ဓာကိုယ်က ကောင်းကင်လောင်ကျွမ်းခြင်းခန်းထဲတွင် ကျင့်ကြံခြင်းနှင့် နိယာမနားလည်မှုများတွင် နစ်မြှုပ်နေပြီး အပြင်ဘက်တွင်မူ အခြားသူများနှင့် ဆက်သွယ်နိုင်ရန် ကိုယ်ပွားတစ်ခုချန်ထားခဲ့သည်။
မဟာအရှင်သခင်များက ဖရိုဖရဲနိယာမမှတစ်ဆင့် ကိုယ်ပိုင်လမ်းစဉ်စွမ်းအားများကို ထုတ်ဖော်ထားသူများဖြစ်ပြီး လင်းယွမ်အတွက် တန်ဖိုးရှိသော အသိအမြင်များကို ရရှိနိုင်သည်။ သာမန်အခြေအနေများတွင် မဟာအရှင်သခင်များက သူတို့၏ နယ်မြေများတွင်သာ နေကြသဖြင့် လင်းယွမ်အနေဖြင့် သူတို့နှင့် ဆက်သွယ်လိုလျှင်တောင် အခွင့်အရေးရှိမည်မဟုတ်ပေ။
သို့သော် ယခု ဇီမန်နယ်မြေ၏ ကျူးကျော်မှုကြောင့် မဟာအရှင်သခင် နှစ်ဆယ်နီးပါးက ချင်းဖန်မြို့သို့ ရောက်ရှိနေကြသောကြောင့် လင်းယွမ်က သူတို့နှင့် အချိန်မရွေး ဆွေးနွေးနိုင်လေသည်။ အမှန်တကယ်တော့ လင်းယွမ် တစ်ယောက်တည်း ဆွေးနွေးခြင်းမဟုတ်ဘဲ မဟာအရှင်သခင် အချင်းချင်း အပြန်အလှန် ဆွေးနွေးခြင်းနှင့် စမ်းသပ်တိုက်ခိုက်ခြင်းများ ပြုလုပ်နေကြပြီး လင်းယွမ်က ဘေးမှနေ၍ စောင့်ကြည့်နေခြင်းဖြစ်သည်။
ဝုန်း....
ဖရိုဖရဲမီးတောက်နှစ်ခုက အဆက်မပြတ် ရင်ဆိုင်နေကြသည်။ တစ်ခုက အနီရောင်နှင့် အစိမ်းရောင် နှစ်မျိုးရှိပြီး အခြားတစ်ခုက ထက်ရှသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
၎င်းက အရာအားလုံးကို ပိုင်းဖြတ်ပစ်နေသော မီးတောက်ပုဆိန်ကြီးကဲ့သို့ ဖြစ်သော်လည်း မကြာမီ ထိုမီးတောက်က နောက်ဆုတ်သွားခဲ့သည်။
" ညီအကိုဟုန်ယဲရဲ့ ဖရိုဖရဲမီးတောက်နဲ့ ဖရိုဖရဲအသက်စွမ်းအားကို ပေါင်းစပ်တဲ့လမ်းစဉ်က နတ်ဘုရားအရှင်သခင်အဆင့်ရောက်ဖို့ အတော်လေး နီးစပ်နေပြီပဲ။ " မီးတောက်ပုဆိန်အရှင်သခင်က အရှင်သခင်ဟုန်ယဲကို ချီးကျူးလိုက်သည်။
သူကလည်း မဟာအရှင်သခင်အဆင့် အထွတ်အထိပ်တစ်ယောက်ဖြစ်ပြီး ဖရိုဖရဲမီးတောက်ကို ထက်ရှသော ပုဆိန်တစ်ခုကဲ့သို့ အသုံးပြုသူဖြစ်သည်။ မီးတောက်ပုဆိန်အရှင်သခင်က မဟာအရှင်သခင်အဆင့် အထွတ်အထိပ်များထဲတွင် ဖျက်ဆီးသတ်ဖြတ်နိုင်သော နည်းစနစ်များထဲတွင် ထိပ်တန်းက ပါဝင်သည်။
သို့သော် အရှင်သခင်ဟုန်ယဲနှင့် ရင်ဆိုင်ရာတွင် ဟုန်ယဲ၏ မီးတောက်နှင့် အသက်စွမ်းအား ပေါင်းစပ်မှုကို သူက ခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရသည်။ နောက်ဆုံးတွင် သူအရှုံးပေးလိုက်ရသည်။
" ဟားဟား ညီအကိုမီးတောက်ပုဆိန် ကျုပ်ကို မနောက်ပါနဲ့။ နတ်ဘုရားအရှင်သခင်လား။ ကျုပ် အဲ့ဒီလမ်းကို အခုထိ မမြင်ရသေးပါဘူး။ " ဟုန်ယဲက ခေါင်းခါလိုက်သည်။ " ပြီးတော့ ကျုပ်တို့က သေစေနိုင်တဲ့ နည်းစနစ်တွေ အသုံးမပြုခဲ့ဘူးလေ။ အဲ့ဒါက ညီအကိုမီးတောက်ပုဆိန်အတွက် မမျှတဘူးပေါ့။ "
အရှင်သခင်ဟုန်ယဲ၏ စကားကို ကြားသောအခါ မီးတောက်ပုဆိန်အရှင်သခင်၏ အမူအရာက အနည်းငယ် ပြေလျော့သွာယသည်။
" ငါက သေစေနိုင်တဲ့ နည်းစနစ်တွေ မသုံးခဲ့ဘူးဆိုပေမယ့် မင်းလည်းမသုံးခဲ့ဘူးလေ။ ဘာပဲဖြစ်ဖြစ် ရှုံးတာက ရှုံးတာပဲ။ "
အခြားအရှင်သခင်များက ဆွေးနွေးမှုများ ပြုလုပ်နေကြသောလည်း အများစု၏ အာရုံက ဟုန်ယဲနှင့် မီးတောက်ပုဆိန်တို့အပေါ်တွင်သာ ရှိနေကြသည်။ နှစ်ယောက်လုံးက မဟာအရှင်သခင်အဆင့် အထွတ်အထိပ်များ ဖြစ်ကြသည်။
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဖရိုဖရဲမီးတောက်များ၏ အပြောင်းအလဲများကို လေ့လာပြီး ဖရိုဖရဲမီးတောက်လမ်းစဉ်အပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းသွားပါပြီ။ ]
မဟာအရှင်သခင်အများစုက ဖရိုဖရဲမီးတောက်လမ်းစဉ်ကို လျှောက်လှမ်းကြသူများဖြစ်သည်။ အခြားလမ်းစဉ်များရှိသော်လည်း လင်းယွမ်က ဖရိုဖရဲမီးတောက်လမ်းစဉ်ကို နားလည်ရန်သာ အဓိကအာရုံစိုက်ထားသည်။
ထိုအချိန်တွင် မီးတောက်ပုဆိန်အရှင်သခင်နှင့်တိုက်ခိုက်ပြီးသော အရှင်သခင်ဟုန်ယဲက လင်းယွမ်ကို ကြည့်လိုက်သည်။
" ယုရန်..." ဟုန်ယဲ၏ လေသံက ညင်သာလှသည်။ အခြားအရှင်သခင်များကလည်း လှည့်ကြည့်လိုက်ကြသည်။
" အရှင်သခင်ဟုန်ယဲ " လင်းယွမ်က ချက်ချင်း တုန့်ပြန်လိုက်သည်။
" မင်း မဟာအရှင်သခင်အဆင့်ကို ရောက်တာ ကြာပြီ။ မင်းအတွက် ဘွဲ့နာမည် စဉ်းစားထားပြီးပြီလား။ " ဟုန်ယဲက စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
ယေဘုယျအားဖြင့် မဟာအရှင်သခင်များက ဘွဲ့အမည်တစ်ခုကို ရွေးချယ်လေ့ရှိကြသည်။ ဥပမာ မီးတောက်ပုဆိန်အရှင်သခင်၏ နာမည်အရင်းက မီးတောက်ပုဆိန်မဟုတ်သည်မှာ သေချာသည်။ အရှင်ချင်းဖန်ကလည်း ထို့အတူပင် ဖြစ်သည်။
" ဘွဲ့နာမည်လား။ " လင်းယွမ်က ခဏစဉ်းစားပြီး ပြောလိုက်သည်။ " နဂါးငွေ့တန်းပါ။ "
" နဂါးငွေ့တန်း...." ခန်းမထဲတွင် ရှိနေသော မဟာအရှင်သခင်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
မဟာအရှင်သခင်များ၏ ဘွဲ့အမည်များက သီးခြားအဓိပ္ပါယ်များ ရှိကြသည်။ ဥပမာ အရှင်သခင်ဟုန်ယဲ၏ ဟုန်ယဲမှာ အနီရောင်သစ်ရွက်ဟု အဓိပ္ပါယ်ရပြီး ဖရိုဖရဲမီးတောက်နှင့် ဖရိုဖရဲအသက်စွမ်းအားတို့ ပေါင်းစည်းခြင်းကို ရည်ညွှန်းသည်။
" အရှင်သခင်နဂါးငွေ့တန်း..." အရှင်သခင်ဟုန်ယဲက ပြုံးလိုက်သည်။
လင်းယွမ်က ဘာကြောင့် ထိုနာမည်အား ရွေးချယ်သည်ကို သူမမေးခဲ့ပေ။ မဟာအရှင်သခင်တိုင်းတွင် ကိုယ်ပိုင်လျို့ဝှက်ချက်များ ရှိကြသည်။
" ဟုတ်ပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်ပြလိုက်သည်။
နဂါးငွေ့တန်းဟူသော ဘွဲ့အမည်ကို အသုံးပြုရခြင်း၏ ရည်ရွယ်ချက်မှာ ကမ္ဘာကူးပြောင်းခြင်းမပြာမီ ကမ္ဘာမြေပေါ်ရှိ သူ၏ ဘဝကို အောက်မေ့သတိရသောကြောင့် ဖြစ်သည်။
ဖရိုဖရဲဟင်းလင်းပြင်ရှိ မူလခန္ဓာကိုယ်က နဂါးငွေ့တန်းကြယ်သခင်၊ ကြီးမြတ်သူနဂါးငွေ့တန်းနှင့် အခြားနာမည်များကလည်း ထိုအကြောင်းပြချက်ကြောင့်သာ ဖြစ်သည်။
" နောက်တစ်ချိန် အရှင်သခင်နဂါးငွေ့တန်းဆိုတဲ့ နာမည်က ပတ်ဝန်းကျင်က ရှေးဟောင်းနိုင်ငံတွေမှာ ကျော်ကြားလာလိမ့်မယ်လို့ ငါယုံကြည်တယ်။ " အရှင်သခင်ဟုန်ယဲက ပြုံး၍ ပြောလိုက်သည်။
အခြားအရှင်သခင်များက ထိုစကားကို ကြားသောအခါ အနည်းငယ် အံ့အားသင့်သွားကြသည်။ အရှင်သခင်ဟုန်ယဲက လင်းယွမ်ကို အလွန်အလေးထားကြောင်း သူတို့သိလိုက်သည်။ ပတ်ဝန်းကျင်ရှိ ရှေးဟောင်းနိုင်ငံများထိ ကျော်ကြားရန် အနည်းဆုံး မဟာအရှင်သခင်အဆင့် အထွတ်အထိပ်စွမ်းအားကို လိုအပ်သည်။ မဟာအရှင်သခင်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိရန် မလွယ်ကူပေ။
အချိန်များကုန်လွန်လာပြီး လအနည်းငယ် ကြာသွားခဲ့သည်။ မဟာအရှင်သခင်များ၏ ဆွေးနွေးမှုများကြောင့် လင်းယွမ်၏ အရှင်သခင်နဂါးငွေ့တန်းဟူသော နာမည်ကလည်း ပျံ့နှံ့လာခဲ့သည်။ ထိုစစ်ပွဲကြောင့် လင်းယွမ်ကလည်း နာမည်တစ်ခုရလာခဲ့သည်။
အရှင်သခင်ဟုန်ယဲနှင့် အရှင်သခင်ချင်းဖန်တို့၏ မျက်နှာသာပေးမှုကြောင့် အခြားမဟာအရှင်သခင်များကလည်း လင်းယွမ်ကို ကူညီထောက်ပံ့ပေးကြသည်။
လင်းယွမ်က လီယန်နေမင်းဖွင့်လှစ်ခြင်းနတ်စွမ်းရည်ကို ထည့်မတွက်လျှင်တောင် သူ၏ စစ်မှန်သော တိုက်ခိုက်ရေးစွမ်းအားက မဟာအရှင်သခင် အထွတ်အထိပ်နှင့် နီးစပ်နေပေလိမ့်မည်။ ထို့အပြင် လင်းယွမ်၏ တိုက်ခိုက်ရေးစွမ်းအားက အချိန်တိုင်း တိုးတက်နေခြင်းဖြစ်သည်။
သို့သော် လင်းယွမ်က သူ၏ စစ်မှန်သော တိုက်ခိုက်ရေးစွမ်းအားကို ထုတ်ပြရန် ရည်ရွယ်ချက်မရှိပေ။ လီယန်နေမင်းဖွင့်လှစ်ခြင်း နတ်စွမ်းရည်ကို နားမလည်မီ သိုသိုသိပ်သိပ် နေခြင်းက အကောင်းဆုံးဖြစ်သည်။
မြို့စားစံအိမ်တွင် အရှင်ချင်းဖန်က လေးနက်သော အမူအရာနှင့် ရှိနေပြီး လင်းယွမ်အပါအဝင် အရှင်သခင်အားလုံးက စုဝေးနေကြသည်။
" အရှင်ဇီမန်က တိုက်ခိုက်ဖို့ ပြင်ဆင်နေပြီ။ " အရှင်ချင်းဖန်က ပြောလိုက်သည်။
သူက နယ်စပ်ဒေသကို အမြဲတမ်း စောင့်ကြည့်နေခဲ့ပြီး ဇီမန်နယ်မြေမှ စစ်လက်နက်များ၏ လှုပ်ရှားမှုကို အာရုံခံမိခဲ့သည်။
" ဒါက အနှေးနဲ့အမြန် ဖြစ်လာမှာပဲ။ "
" ဘယ်သူထိုးဖောက်နိုင်မလဲ ကြည့်ရတာပေါ့။ "
မဟာအရှင်သခင်များက အံ့ဩခြင်းမရှိကြပေ။ ဇီမန်နယ်မြေက နယ်စပ်ဒေသတွင် စစ်အင်အားစုဆောင်းထားပြီးဖြစ်ပြီး ယခုအချိန်တိုက်ခိုက်ခြင်းက သာမန်သာဖြစ်သည်။
" ဟုန်ယဲနဲ့ မီးတောက်ပုဆိန် မင်းတို့နှစ်ယောက်က အသန်မာဆုံးပဲ။ အချိန်ကျရင် မန်ရွှယ်နဲ့ နတ်ဖီးနစ်တို့ကို မင်းတို့ပဲ တာဝန်ယူပေးကြပါ။ " အရှင်ချင်းဖန်က ပြောလိုက်သည်။
" စိတ်ချပါ။ " ဟုန်ယဲနှင့် မီးတောက်ပုဆိန်တို့က ခေါင်းညိမ့်လိုက်ကြသည်။
မန်ရွှယ်နှင့် နတ်ဖီးနစ်တို့က ဇီမန်နယ်မြေဘက်မှ မဟာအရှင်သခင် အထွတ်အထိပ်ရှိသူများဖြစ်ပြီး သူတို့၏ စွမ်းအားက ကြောက်စရာကောင်းလှသည်။ ထိုနေရာတွင် ဟုန်ယဲ၊ မီးတောက်ပုဆိန်နှင့် အရှင်ချင်းဖန်တို့သာလျှင် သူတို့ကို ခုခံနိုင်ရန် ယုံကြည်မှုရှိသည်။ သို့သော် အရှင်ချင်းဖန်က စစ်ပွဲကို ကြီးကြပ်ရမည်ဖြစ်သောကြောင့် ဟုန်ယဲနှင့် မီးတောက်ပုဆိန်တို့ကိုသာ အားကိုးနိုင်လေသည်။
" ကျန်တဲ့သူတွေကလည်း ရန်သူကို အကောင်းဆုံး ခုခံပေးကြပါ။ မမျှော်လင့်ထားတာ တစ်ခုခုဖြစ်ခဲ့ရင် ငါ့ကို ချက်ချင်းအကြောင်းကြားပေးပါ။ " အရှင်ချင်းဖန်က အခြားသူများကို မှာကြားလိုက်သည်။ သူတို့အားလုံးက မည်သူက မည်သူအား ရင်ဆိုင်ရမည်ကို သတ်မှတ်ထားခဲ့ပြီးဖြစ်သည်။
" နဂါးငွေ့တန်း မင်းရဲ့ ပြိုင်ဘက်က အရှင်သခင်မိုးကြိုးလှံပဲ။ မင်း ယုံကြည်မှုရှိရဲ့လား။ " အရှင်ချင်းဖန်က လင်းယွမ်ကို ကြည့်ပြီး မေးလိုက်သည်။
အရှင်သခင်မိုးကြိုးလှံက အဆင့်တက်ခါစ မဟာအရှင်သခင်တစ်ယောက်ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းနှစ်သောင်းကမှ အဆင့်တက်ခဲ့ခြင်းဖြစ်သည်။ နှစ်ပေါင်းနှစ်သောင်းက မဟာအရှင်သခင်တစ်ယောက်အတွက် ခဏသာ ဖြစ်သောကြောင့် အရှင်သခင်မိုးကြိုးလှံကို အဆင့်တက်ခါစဟုသာ သတ်မှတ်သည်။
အရှင်ချင်းဖန်က လင်းယွမ်အတွက် ရင်ဆိုင်ရန် ရန်သူဘက်မှ အားနည်းသောသူကို ရွေးချယ်ပေးထားခြင်းဖြစ်သည်။ အကြောင်းမှာ လင်းယွမ်က မဟာအရှင်သခင်အဆင့်သို့ မရောက်သေးသည်ကို အရှင်ချင်းဖန်တစ်ယောက်သာ သိသောကြောင့်ဖြစ်သည်။
" ကျွန်တော်ယုံကြည်မှုရှိပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
" ဒါဆိုကောင်းပြီ။ " အရှင်ချင်းဖန်က လင်းယွမ်ကို ယုံကြည်မှုရှိသည်။
သူ၏ အမြင်တွင် လင်းယွမ်က တော်ဝင်သွေးမျိုးဆက်ရှိသဖြင့် လွှမ်းမိုးခြင်းအဆင့်သာ ရှိသော်လည်း မဟာအရှင်သခင်တစ်ယောက်ကို ယှဉ်နိုင်ပေလိမ့်မည်။ ထို့အပြင် အရှင်ချင်းဖန်က လင်းယွမ်ကို အမြဲတမ်း စောင့်ကြည့်နေပြီး မမျှော်လင့်ထားသော ကိစ္စများ ဖြစ်ပျက်လာလျှင် ကူညီရန် အဆင်သင့်ရှိနေသည်။