← Chapters

အရှင်သခင်မိုးကြိုးလှံ၏ အကြံအစည်...

Vol. 61 Ch. 877

အရှင်သခင်မိုးကြိုးလှံ၏ အကြံအစည်...

Vol. 61 Ch. 877

" ဒီစစ်ပွဲကို ငါတို့နိုင်မှာရမယ်။ " အရှင်ချင်းဖန်က မဟာအရှင်သခင်အားလုံးကို ကြည့်ပြီး လေးနက်စွာ ပြောလိုက်သည်။ " စစ်နိုင်ရင်တော့ ငါက မင်းတို့အားလုံးကို ထိုက်ထိုက်တန်တန် ဆုချပါမယ်။ "

အကယ်၍ ချင်းဖန်နယ်မြေသာ ကျရှုံးသွားလျှင် အကြီးမားဆုံး တာဝန်ရှိသူမှာ ရှီစုန်ဘုရင်ဖြစ်သော်လည်း အကြီးမားဆုံး ဆုံးရှုံးသူမှာ အရှင်ချင်းဖန်သာဖြစ်သည်။ ချင်းဖန်နယ်မြေက သူ၏ ပိုင်နက်ဖြစ်ပြီး ကျရှုံးသွားလျှင် အရှင်ချင်းဖန်နှစ်ပေါင်းများစွာ စုဆောင်းထားမှုများက ခဏအတွင်း ပျက်ဆီးသွားပေလိမ့်မည်။

ထို့ကြောင့် စစ်ပွဲအတွက် ပြင်ဆင်နေချိန်တွင် အရှင်ချင်းဖန်က သူ၏ အဆက်အသွယ်များကို အသုံးပြုပြီး ဟုန်ယဲနှင့် မီးတောက်ပုဆိန်ကဲ့သို့ မဟာအရှင်သခင် အထွတ်အထိပ်များကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

ဖရိုဖရဲဟင်းလင်းပြင်တွင် လင်းယွမ်က ခြေချိတ်ထိုင်နေပြီး စိတ်အသိကိုယ်ပွားက အတွင်းစကြာဝဠာထဲသို့ ဆင်းသက်သွားသည်။ အတွင်းစကြာဝဠာက အချိန်တိုင်းလိုလို ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။ အဆုံးမဲ့ဟင်းလင်းပြင်၏ ဒုတိယအဆင့်က အတွင်းစကြာဝဠာကို တည်ဆောက်နေခြင်းဖြစ်သည်။

ဖရိုဖရဲအရှင်သခင်များ၏ အတွင်းစကြာဝဠာက အလင်းနှစ်ဘီလီယံချီကျယ်ဝန်းပြီး လမ်းစဉ်ခွဲထွက်ခြင်းအဆင့်တွင် လင်းယွမ်၏ အတွင်းစကြာဝဠာက အလင်းနှစ် သန်းဆယ်ဂဏန်းသာရှိခဲ့သည်။ အရွယ်အစားအရ မယှဉ်နိုင်သော်လည်း စွမ်းအားအရ ထိုနှစ်ခုက တူညီလုနီးပါး ရှိနေသည်။

၎င်းက အဆုံးမဲ့ဟင်းလင်းပြင်၏ အတွင်းစကြာဝဠာအပေါ် ပြုပြင်ပြောင်းလဲမှုများကြောင့် ဖြစ်သည်။ အမှန်တကယ် လင်းယွမ်က အဆုံးမဲ့ဟင်းလင်းပြင်ကို ကျင့်ကြံနေချိန်အတွင်း အတွင်းစကြာဝဠာက သိပ်သည်းပြီး ကျုံ့ဝင်နေခဲ့ခြင်းဖြစ်သည်။ သို့သော် ကျုံ့ဝင်မှုနှုန်းက ကျယ်ပြန့်မှုနှုန်းက ပိုများသောကြောင့် ခြုံငုံကြည့်လျှင် အတွင်းစကြာဝဠာက ကျယ်ပြန့်နေဆဲ ဖြစ်သည်။

ယခုအခါ လင်းယွမ်၏ အတွင်းစကြာဝဠာက အလင်းနှစ်ဘီလီယံဆယ်ချီရှိနေပြီး ၎င်း၏ စွမ်းအားက သာမန်ဖရိုဖရဲအရှင်သခင်များကို အလွယ်တကူ ချေမှုန်းနိုင်သည်။

အဆုံးမဲ့ဟင်းလင်းပြင်ကို ကျင့်ကြံနေစဉ် လင်းယွမ်က တစ်စုံတစ်ခုကို သတိပြုမိသွားပြီး ရပ်တန့်လိုက်သည်။

" လီယန်နေမင်းဖွင့်လှစ်ခြင်း..." လင်းယွမ်က အတွေးတစ်ချက်နှင့် သူ၏ရှေ့တွင် မီးတောက်တစ်ခု ရုတ်တရက် ပေါ်လာသည်။

လက်ရှိအချိန်တွင် ရင်းမြစ်ကမ္ဘာမှ ခန္ဓာကိုယ်က လီယန်နေမင်းဖွင့်လှစ်ခြင်း နတ်စွမ်းရည်ကို နားလည်ရန် ကြိုးစားနေပြီး အပြည့်အဝ နားမလည်သေးသော်လည်း လင်းယွမ်အနေဖြင့် ၎င်းကို တစ်စိတ်တစ်ပိုင်း အသုံးပြုနိုင်ပြီဖြစ်သည်။

" တကယ်လို့ ငါသာ ဒီနတ်စွမ်းရည်ကို သုံးပြီး အတွင်းစကြာဝဠာကို စွမ်းအားမြှင့်တင်ပေးမယ်ဆိုရင်.." လင်းယွမ်၏ မျက်လုံးများက တောက်ပသွားသည်။

လီယန်နေမင်းဖွင့်လှစ်ခြင်းနတ်စွမ်းရည်က ဖျက်ဆီးခြင်းထက် ကောင်းကင်ကို ဖွင့်လှစ်ခြင်းအပေါ်တွင အဓိက အာရုံစိုက်ထားသည်။ ကောင်းကင်ကိုဖွင့်လှစ်ခြင်းဆိုသည်မှာ ကောင်းကင်နှင့်မြေကြီးကို ဖန်တီးခြင်းဖြစ်သည်။

အကယ်၍ အတွင်းစကြာဝဠာထဲတွင် လီယန်နေမင်းတစ်စင်းကို စုစည်းပြီး စကြာဝဠာတစ်ခုလုံးကို အလင်းရောင်ပေးနိုင်လျှင် ဘယ်လိုသက်ရောက်မှုမျိုး ဖြစ်လာမှာလဲ။ လင်းယွမ်က အဆုံးမဲ့ဟင်းလင်းပြင်ကို ကျင့်ကြံထားပြီး လီယန်နေမင်းကိုသာ ဖန်တီးနိုင်ခဲ့လျှင် အလွှာဆယ့်သုံး အမွေအနှစ်နှစ်ခုကို ပေါင်းစည်းခြင်းဖြစ်ပေလိမ့်မည်။

လင်းယွမ်က စိတ်လှုပ်ရှားစွာဖြင့် စတင်စမ်းသပ်လိုက်သည်။ လီယန်နေမင်းဖွင့်လှစ်ခြင်း နတ်စွမ်းရည်ကို အပြည့်အဝ နားမလည်သေးသဖြင့် လင်းယွမ် စုစည်းလိုက်သော မီးတောက်က ကြာရှည်မခံဘဲ မကြာမီ ငြိမ်းသွားခဲ့သည်။ သို့သော် လီယန်နေမင်း၏ အလင်းရောင်က အတွင်းစကြာဝဠာအပေါ် သက်ရောက်မှုရှိမည်ကို လင်းယွမ်က အာရုံခံနိုင်ဆဲ ဖြစ်သည်။

ကျောက်စိမ်းဘူးသီးခြောက်၏ ဘေးတွင် အနီရောင်ဝတ်စုံနှင့် မိန်းကလေးကလည်း အတွင်းစကြာဝဠာ၏ အပြောင်းအလဲများကို အာရုံစိုက်နေသည်။

" ဟင် " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက တစ်စုံတစ်ခုကို သတိပြုမိသွားပြီး အံ့ဩသော အမူအရာ ပေါ်လာသည်။

လင်းယွမ်၏ အတွင်းစကြာဝဠာ ပြောင်းလဲမှုအရှိန်က နှေးကွေးသွားသည်ကို သူမက ရှင်းလင်းစွာ အာရုံခံမိလိုက်သည်။ ၎င်းမှာ လင်းယွမ်က အဆုံးမဲ့ဟင်းလင်းပြင်ကို ကျင့်ကြံရာတွင် သူ၏ တိုးတက်မှုနှုန်းကို လျှော့ချလိုက်သည်ဟု ဆိုလိုသည်။ အဆုံးမဲ့ဟင်းလင်းပြင်၏ သက်ရောက်မှုက ကြီးမားသောကြောင့် လင်းယွမ်ရပ်တန့်လိုက်သည့်အကြောင်းရင်းကို သူမ သိချင်နေမိသည်။

ဇီမန်နယ်မြေ။

အရှင်ဇီမန်ကလည်း အခြားမဟာအရှင်သခင်များနှင့် စစ်ပွဲအတွက် နောက်ဆုံး ပြင်ဆင်မှုများ ပြုလုပ်နေခဲ့သည်။

" အားလုံးပဲ ငါတို့သာ ချင်းဖန်နယ်မြေကို ထိုးဖောက်နိုင်ခဲ့ရင် စိတ်ဝိညာဉ်ဘုရင်က ဂုဏ်သတင်းကျော်ကြားလာပြီး ပလ္လင်အတွက် လျာထားခံရတဲ့သူ ဖြစ်လာလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ငါတို့ရမယ့် အကျိုးအမြတ်တွေက ပြောစရာတောင် မလိုဘူး။ " အရှင်ဇီမန်၏ စကားများက တိုတောင်းသော်လည်း မဟာအရှင်သခင်များ၏ စိတ်ဓာတ်ကို လှုံ့ဆော်ပေးနိုင်ခဲ့သည်။

မဟာအရှင်သခင်များအနေဖြင့် စိတ်ဝိညာဉ်ဘုရင်က စစ်ပွဲအား စတင်ရသည့် အကြောင်းရင်းကို နားလည်ထားကြသည်။ ၎င်းက ရှေးဟောင်းနိုင်ငံ၏ ဧကရာဇ်ဖြစ်ရန်ပင် ဖြစ်သည်။ ရှေးဟောင်းနိုင်ငံ၏ နယ်မြေကို ချဲ့ထွင်နိုင်မှသာ သူက လုံလောက်သော ဂုဏ်သတင်းကို ရရှိမည်ဖြစ်ပြီး ပလ္လင်အတွက် လျာထားခြင်းခံရသူဖြစ်လာပေလိမ့်မည်။

ပလ္လင်အတွက် လျာထားခြင်းခံရခြင်းက ရှေးဟောင်းနိုင်ငံ၏ ဧကရာဇ်နေရာအတွင် ယှဉ်ပြိုင်ခွင့်ရရှိခြင်းပင်ဖြစ်သည်။ အကယ်၍ စိတ်ဝိညာဉ်ဘုရင်သာ နောက်တက်မည့် ဧကရာဇ်ဖြစ်လာခဲ့လျှင် ထိုမဟာအရှင်သခင်များအားလုံးက ထိုက်တန်သော အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်သည်။

" အခုငါတို့ စစ်မြေပြင်ကို သွားကြစို့။ " အရှင်ဇီမန်က မဟာအရှင်သခင်များကို ဦးဆောင်ပြီး အချိန်လေဟာနယ်လမ်းကြောင်းမှ နယ်စပ်ဒေသသို့ ချက်ချင်း ရောက်ရှိသွားကြသည်။

" စိတ်ဝိညာဉ်ဘုရင်က ဒီစစ်ပွဲကို စောင့်ကြည့်နေတယ်။ ဒါကြောင့် မင်းတို့စွမ်းအားကို မချန်ထားကြနဲ့။ " အရှင်ဇီမန်က သတိပေးလိုက်သည်။

ချင်းဖန်နယ်မြေဖြစ်စေ ဇီမန်နယ်မြေဖြစ်စေ အစွမ်းထက်ဆုံး အင်အားကြီးသူများပ စစ်ပွဲထဲသို့ ချက်ချင်း မဝင်ရောက်သေးဘဲ စောင့်ကြည့်နေကြမည်ဖြစ်သည်။ စိတ်ဝိညာဉ်ဘုရင်က အခြေအနေပေါ်မူတည်ပြီး ဆုံးဖြတ်ချက်များကို ချမှတ်ရန် လိုအပ်သည်။

" စီစဉ်ထားတဲ့အတိုင်း သတ်မှတ်ထားတဲ့ ပြိုင်ဘက်တွေကို ရင်ဆိုင်ကြပါ။ " အရှင်ဇီမန်က ပြောလိုက်သည်။

" ငါ့ရဲ့ ပြိုင်ဘက်က အရှင်သခင်နဂါးငွေ့တန်းပဲ။ လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်ကမှ အဆင့်တက်လာတဲ့ မဟာအရှင်သခင်တစ်ယောက်ပဲ။ " အဘိုးအိုတစ်ယောက်ဖြစ်သော အရှင်သခင်မိုးကြိုးလှံက တွေးလိုက်သည်။

အမှန်တော့ အရှင်သခင်မိုးကြိုးလှံက မဟာအရှင်သခင်အဆင့်သို့ တက်လှမ်းသည်မှာ နှစ်ပေါင်းတစ်သန်းကျော် ကြာနေပြီဖြစ်ပြီး သူက ထိုအချက်ကို ဖုံးကွယ်ထားခဲ့ခြင်းဖြစ်သည်။

" ငါ့ရဲ့ လက်ရှိစွမ်းအားနဲ့ဆို နဂါးငွေ့တန်းလို အဆင့်တက်ခါစ မဟာအရှင်သခင်တစ်ယောက်ကို ဖမ်းဆီးဖို့က လွယ်လွန်းတယ်။ အဲ့ဒီအချိန်ကျရင် စိတ်ဝိညာဉ်ဘုရင်ရှေ့မှာ ငါ့ရဲ့ စွမ်းရည်ကို ပြသခွင့်ရလိမ့်မယ်။ "

စိတ်ဝိညာဉ်ဘုရင်က စစ်ပွဲကို စောင့်ကြည့်နေခြင်းဖြစ်သည်။ အကယ်၍ သူက ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့လျှင် စိတ်ဝိညာဉ်ဘုရင်၏ ချီးကျူးမှုကို ခံရပေလိမ့်မည်။

စစ်မြေပြင်နံပါတ်ခုနှစ်တွင် လင်းယွမ်က သူစောင့်ကြည့်ရမည့် စစ်မြေပြင်ကို ရောက်ရှိလာခဲ့သည်။ ဇီမန်နယ်မြေနှင့် ချင်းဖန်နယ်မြေတို့ ထိစပ်နေသည့် စစ်မြေပြင်က အလွန်ရှည်လျားပြီး မဟာအရှင်သခင်တစ်ယောက်ချင်းစီက သက်ဆိုင်ရာစစ်မြေပြင်ဧရိယာကို စောင့်ကြည့်ရန် လိုအပ်သည်။

လင်းယွမ် တာဝန်ကျသော စစ်မြေပြင်က အစွန်အဖျားတွင် ရှိသောကြောင့် ဇီမန်နယ်မြေမှ မဟာအရှင်သခင်အထွတ်အထိပ်များက ပစ်မှတ်ထားမည်မဟုတ်ပေ။ သူတို့က အများအားဖြင့် ဗဟိုစစ်မြေပြင်ကိုသာ ရွေးချယ်တိုက်ခိုက်လေ့ ရှိကြသည်။

ထို့ကြောင့် လင်းယွမ် ရင်ဆိုင်ရမည့် ပြိုင်ဘက်က အရှင်သခင်မိုးကြိုးလှံ ဖြစ်လာခြင်းဖြစ်သည်။ ဇီမန်နယ်မြေမှ ဖော်ပြထားသော မဟာအရှင်သခင်များထဲတွင် အသစ်တက်လှမ်းလာသော မဟာအရှင်သခင် နှစ်ယောက်သုံးယောက်ရှိပြီး အရှင်သခင်မိုးကြိုးလှံက စစ်မြေပြင်ခုနှစ်ကို တိုက်ခိုက်ရန် အခွင့်အလမ်းအရှိဆုံး ဖြစ်သည်။

သို့သော် ၎င်းက ဖြစ်နိုင်ခြေအရှိဆုံးဖြစ်ပြီး မိုးကြိုးလှံဖြစ်လိမ့်မည်ဟုတော့ သေချာမပြောနိုင်ပေ။ မည်သို့ပင်ဖြစ်စေ မဟာအရှင်သခင် အထွတ်အထိပ်များက တိုက်ခိုက်မည်မဟုတ်ပေ။ သူတို့က အစွန်အဖျားဒေသကို ထိုးဖောက်နိုင်ခဲ့လျှင်တောင် စစ်ပွဲတစ်ခုလုံးအပေါ် သက်ရောက်မှုက အလွန်နည်းပေလိမ့်မည်။

သို့သော် ဗဟိုစစ်မြေပြင်က မတူညီပေ။ ချင်းဖန်နယ်မြေတည်ဆောက်ထားသော ဗဟိုစစ်မြေပြင်သာ ထိုးဖောက်ခြင်းခံရလျှင် စစ်ပွဲအခြေအနေက တစ်ဖက်သတ်ဖြစ်သွားပေလိမ့်မည်။

" ဒီစစ်ပွဲမှာ ချင်းဖန်နယ်မြေက ခံစစ်ကိုပဲ အဓိကထားလိမ့်မယ်။ ရှီစုန်ဘုရင်ကလည်း နည်းလမ်းဟောင်းနဲ့ပဲ တုန့်ပြန်လိမ့်မယ်။ " လင်းယွမ်က ပြင်ဆင်မှုများမှတစ်ဆင့် ရှီစုန်ဘုရင်၏ အတွေးကို ခန့်မှန်းနိုင်သည်။

သူကလည်း ထိုအချက်ကို လက်ခံပေသည်။ စိတ်ဝိညာဉ်ဘုရင်က ယခုအချိန်တွင် ကျော်ကြားနေပြီး သူတို့ကို ထိပ်တိုက်ရင်ဆိုင်ခြင်းက အကျိုးအမြတ်မရှိပေ။ ဇီမန်နယ်မြေ၏ ပထမအကြိမ် တိုက်ခိုက်မှုကိုသာ ခုခံနိုင်ခဲ့လျှင် အခြေအနေက ပြောင်းပြန်ဖြစ်သွားပြီး ဇီမန်နယ်မြေကို ပြန်လည်ကျူးကျော်ရန် ရှီစုန်ဘုရင်က ဆုံးဖြတ်ရပေလိမ့်မည်။

" မဟာအရှင်သခင်ကို ဂါရဝပြုပါတယ်။ " လင်းယွမ်က စစ်မြေပြင်ခုနှစ်သို့ ရောက်သောအခါ လူအချို့က လာရောက်နှုတ်ဆက်ကြသည်။ လင်းယွမ်က ထိုစစ်မြေပြင်ကို စောင့်ကြပ်ရန် တာဝန်ရှိသော်လည်း သဘာဝအတိုင်း သူတစ်ယောက်တည်းမဟုတ်ပေ။

လင်းယွမ် အချိန်မရွေး အသုံးပြုနိုင်ရန် စစ်လက်နက်များကို ပြင်ဆင်ပေးထားသည်။ နယ်မြေများကြား စစ်ပွဲများတွင် မဟာအရှင်သခင်များမဟုတ်လျှင် အခြားသူများက စစ်လက်နက်များကိုသာ မှီခိုကြသည်။ တာအိုရှာဖွေခြင်းအဆင့် သို့မဟုတ် လမ်းစဉ်ခွဲထွက်ခြင်းအဆင့်များက မဟာအရှင်သခင်များနှင့်ယှဉ်လျှင် စွမ်းအားက အလွန်ကွာခြားသောကြောင့် စစ်လက်နက်များကို အသုံးပြုမှသာလျှင် မဟာအရှင်သခင်များကို အနည်းငယ် ခြိမ်းခြောက်နိုင်မည်ဖြစ်သည်။

လွှမ်းမိုးခြင်းအဆင့် အင်အားကြီးသူ ထောင်ချီက စစ်လက်နက်များ၏ စွမ်းအားကို အသုံးပြုပြီး တိုက်ခိုက်လျှင် အရေအတွက်မှ အရည်အသွေးသို့ ပြောင်းလဲသွားပြီး မဟာအရှင်သခင်များပင် သတိထားရပေလိမ့်မည်။

All Chapters