စစ်ပွဲစတင်ခြင်း....
Vol. 61 Ch. 879
စစ်လက်နက်များက အဆင့်သုံးများဖြစ်လျှင်တောင် ရှေးဟောင်းနိုင်ငံ၏ လျို့ဝှက်ချက်များ ဖြစ်သည်။ စစ်ဖြစ်နေခြင်းကြောင့် မဟုတ်လျှင် ၎င်းတို့ကို အပြင်သို့ ထုတ်ပြမည်မဟုတ်ပေ။ စစ်ဖြစ်နေချိန်တွင်လည်း အပြင်လူများက စစ်လက်နက်များအနီးသို့ ကပ်ခွင့်ရှိမည်မဟုတ်ပေ။
ယခု လင်းယွမ်က ထိုစစ်မြေပြင်၏ တပ်မှူးဖြစ်သောကြောင့် စစ်ဆေးရန် အကြောင်းပြချက်ဖြင့် စစ်လက်နက်များကို အနီးကပ် လေ့လာခွင့်ရရှိခြင်းဖြစ်သည်။
" ကောင်းပြီ။ မင်းအခုသွားနားလို့ရပြီ။ " လင်းယွမ်က ဘေးတွင် ရပ်နေသော လျိုဖန်ကို ကြည့်ပြီး ပြောလိုက်သည်။ " ငါ ဒီမှာ ခဏလောက်နေခဲ့ဦးမယ်။ "
" ဟုတ်ကဲ့။ " လျိုဖန်က ထိုနေရာမှ ချက်ချင်း ထွက်ခွာသွားသည်။
လင်းယွမ်၏ ပုံရိပ်က လင်းလက်သွားပြီး စစ်လက်နက်၏ အတွင်းပိုင်းသို့ ဝင်ရောက်သွားသည်။ ထိုနေရာတွင် ဖရိုဖရဲသင်္ကေတများက ပိုမိုရှုပ်ထွေးပြီး နက်ရှိုင်းလှသည်။ ၎င်းတို့က လင်းယွမ်အတွက် ပိုမိုကြီးမားသော အထောက်အကူ ဖြစ်စေသည်။
ဇီမန်နယ်မြေတွင် စစ်လက်နက်များကလည်း တစ်ခုပြီးတစ်ခု လည်ပတ်နေပြီး မဟာအရှင်သခင်များကလည်း မတူညီသော စစ်မြေပြင်သို့ ဦးတည်သွားနေကြသည်။ သူတို့ထဲတွင် အသန်မာဆုံး မဟာအရှင်သခင်များက ဗဟိုစစ်မြေပြင်သို့ ဦးတည်သွားကြသည်။
စစ်ပွဲတွင် ဗဟိုစစ်မြေပြင်က သက်ရောက်မှုအရှိဆုံးဖြစ်ပြီး ၎င်းကို သိမ်းပိုက်နိုင်လျှင် စစ်ပွဲအခြေအနေကို အဆုံးအဖြတ် ပေးနိုင်သည်။
ကောင်းကင်ရှိ အချိန်လေဟာနယ်အလွှာ၏ အနက်ရှိုင်းဆုံးနေရာတွင် အပြာရောင်ချပ်ဝတ်နှင့် စိတ်ဝိညာဉ်ဘုရင်က ရပ်နေပြီး သူ၏ အော်ရာက ပတ်ဝန်းကျင်၏ အချိန်လေဟာနယ်အပေါ် ပုံပျက်သွားစေသည်။
" လီယန်ရှေးဟောင်းနိုင်ငံက ရှီစုန်ဘုရင်မှာ ရည်မှန်းချက်မရှိဘူး။ သူက ငါ့ကို မဆင်မခြင်နဲ့ တားဆီးရဲမှာမဟုတ်ဘူး။ " စိတ်ဝိညာဉ်ဘုရင်က စစ်မြေပြင်ကို စောင့်ကြည့်နေသည်။
သူက ချင်းဖန်နယ်မြေကို တိုက်ခိုက်ရန် ရွေးချယ်ခဲ့ခြင်းမှာ အနီးရှိ နယ်မြေများက သူ၏ လက်အောက်တွင် ရှိရုံသာမက သူ့ကို ခုခံရန် တာဝန်ရှိသူမှာ ရှီစုန်ဘုရင်ဖြစ်နိုင်သည်ဟု ခန့်မှန်းမိသောကြောင့်ဖြစ်သည်။
ရှီစုန်ဘုရင်က ပုံမှန်အားဖြင့် အေးအေးဆေးဆေး နေတတ်သူဖြစ်ပြီး မြို့တော်မှ ထွက်ခွာပြီး သူ၏ ပိုင်နက်နယ်မြေတွင် သာမန်အတိုင်း နေထိုင်လိုခြင်းက သူ၏ ဆန္ဒသာ ဖြစ်သည်။ ရည်မှန်းချက်အနည်းငယ်ရှိသော တော်ဝင်မျိုးနွယ်တိုင်းက မြို့တော်ကို ဆန္ဒအလျောက် စွန့်ခွာမည်မဟုတ်ပေ။
" ရှီစုန်က သူ့ရဲ့ ဆဋ္ဌမအကိုကို ဝင်ပါပေးဖို့ တောင်းဆိုလောက်တယ်။ " စိတ်ဝိညာဉ်ဘုရင်က ဖြစ်နိုင်ခြေများကို ထည့်သွင်းစဉ်းစားနေသည်။
" နှမြောစရာပဲ။ အဲ့ဒီနဂါးငွေ့တန်းသာ မရှိရင် ချင်းဖန်နယ်မြေကို သိမ်းဖို့ ဒီထက် အများကြီး ပိုလွယ်ကူသွားမှာပဲ။ " စိတ်ဝိညာဉ်ဘုရင်က သက်ပြင်းချလိုက်သည်။
သူက အစစအရာရာ အသေးစိတ် စီစဉ်ထားသော်လည်း အရှင်ချင်းဖန်က မဟာအရှင်သခင်အဆင့် တပည့်တစ်ယောက်ကို တိတ်တဆိတ် မွေးမြူထားလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့မိပေ။
မဟာအရှင်သခင်တစ်ယောက်က ချင်းဖန်မြို့ထဲမှာ ပုန်းအောင်းနေတာလား။ သူ၏ အစီအစဉ်သာ ပေါက်ကြားမည်မဟုတ်ကြောင်း မသေချာခဲ့လျှင် စိတ်ဝိညာဉ်ဘုရင်က သူ့ဘက်မှ သစ္စာဖောက်တစ်ယောက်က အရှင်ချင်းဖန်ကို သတင်းပေးခဲ့သည်ဟု သံသယဝင်မိပေလိမ့်မည်။
" အဲ့ဒါလည်း ကောင်းပါတယ်။ စစ်ပွဲကနေတစ်ဆင့် ချင်းဖန်နယ်မြေနဲ့ ပတ်ဝန်းကျင်က နယ်မြေတွေကို သိမ်းပိုက်နိုင်မှ ငါ့ရဲ့ ဂုဏ်သတင်းက ပိုပြီး ကျော်ကြားသွားလိမ့်မယ်။ " စိတ်ဝိညာဉ်ဘုရင်၏ အကြည့်က အေးစက်နေသည်။
စစ်ပွဲဆိုသည်မှာ အနိုင်အရှုံးသာ ရှိသော်လည်း စွမ်းအားအပြည့်ဖြင့် ချေမှုန်းပြနိုင်ခြင်းက မြို့တော်ရှိ အထက်လူကြီးများ၏ အထင်ကြီးမှုကို ပိုမိုရရှိပေလိမ့်မည်။ ၎င်းက သူ ဧကရာဇ်လောင်းအဖြစ် ရွေးချယ်ခံရရန်အတွက်လည်း များစွာ အထောက်အကူဖြစ်ပေလိမ့်မည်။
စစ်မြေပြင်ခုနှစ်တွင် လင်းယွမ်က စစ်လက်နက်အတွင်း ထိုင်နေပြီး သူက ဖရိုဖရဲလျို့ဝှက်သင်္ကေတများကို လေ့လာနေသည်။
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အမည်မသိသင်္ကေတများကို လေ့လာပြီး ဖရိုဖရဲနိယာမအပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းလာပါပြီ။ ]
အချိန်များ မည်မျှကြာသွားသည်မသိ လင်းယွမ်၏ စိတ်ထဲတွင် အသိအမြင်များက လျော့နည်းလာသည်။
" ငါ ဒါတွေကို နားလည်သလောက်ဖြစ်သွားပြီ။ " လင်းယွမ်က မျက်လုံးများ ဖွင့်လိုက်သည်။
စစ်လက်နက်တစ်ခုတည်းပေါ်တွင် ရေးထွင်းထားသော ဖရိုဖရဲလျို့ဝှက်သင်္ကေတများက အကန့်အသတ်ရှိနေဆဲ ဖြစ်သည်။ အဆင့်သုံး စစ်လက်နက်တစ်ခုတည်းနှင့် ဖရိုဖရဲလျို့ဝှက်သင်္ကေတ များစွာ မရှိနိုင်ပေ။
" နောက်တစ်ခုကိုသွားမယ်။ " လင်းယွမ်က အပြင်သို့ ထွက်လာပြီး နောက်ထပ် စစ်လက်နက်တစ်ခုဆီသို့ ဦးတည်သွားသည်။
အဆင့်နှစ် စစ်လက်နက်အတွင်း လင်းယွမ်က ဖရိုဖရဲလျို့ဝှက်သင်္ကေတများကို နားလည်ရန် အာရုံစိုက်နေပြီး ဖရိုဖရဲနိယာမအပေါ် သူ၏ နားလည်မှုက အချိန်တိုင်းလိုလို မြင့်တက်နေသည်။
" ဒါက ပြည့်စုံလွန်းတယ်။ " လင်းယွမ်က အလွန်စိတ်လှုပ်ရှားနေသည်။
အဆင့်နှစ် စစ်လက်နက်အတွင်း ဖရိုဖရဲလျို့ဝှက်သင်္ကေတများက ဒုတိယအဆင့်၏ နက်ရှိုင်းသော အနှစ်သာရများနှင့် သက်ဆိုင်နေသည်။
" ဒီလိုနားလည်မှုနှုန်းကိုသာ ဆက်ထိန်းထားနိုင်ရင် နှစ်တစ်ထောင်အတွင်း ငါ ဒုတိယအဆင့် အထွတ်အထိပ်ကို ရောက်နိုင်လောက်တယ်။ " လင်းယွမ်က တွေးလိုက်သည်။
လက်ရှိ အဆင့်နှစ် စစ်လက်နက်များထဲတွင် ဖရိုဖရဲနိယာမ တတိယအဆင့်ကို လွှမ်းခြုံထားနိုင်သော သင်္ကေတများ မရှိပေ။ အဆင့်တစ် စစ်လက်နက်များရှိ ဖရိုဖရဲလျို့ဝှက်သင်္ကေတများကပင် တတိယအဆင့်ကို ထိတွေ့နိုင်ဖွယ်မရှိပေ။
တတိယအဆင့်က ဖရိုဖရဲနိယာမ နားလည်မှု၏ နောက်ဆုံးပန်းတိုင်ဖြစ်ပြီး ဖရိုဖရဲမဟာသူတော်စင်များပင် ထိုအဆင့်ကို မရောက်ရှိသေးပေ။
" ဖြည်းဖြည်းပေါ့။ အရင်ဆုံး ဒုတိယအဆင့် အထွတ်အထိပ်ကို ရောက်အောင် သွားရမယ်။ " လင်းယွမ်က ဖရိုဖရဲနိယာမ တတိယအဆင့်ကို ဘေးဖယ်ထားသည်။
"ဟင် " လင်းယွမ်က လျို့ဝှက်သင်္ကေတများ လေ့လာခြင်းကို ရပ်တန့်ပြီး ဦးတည်ချက်တစ်ခုသို့ ကြည့်လိုက်သည်။
" စစ်ပွဲက စတော့မှာလား။ " လင်းယွမ်က စစ်လက်နက်အတွင်းမှ တိုက်ရိုက်ထွက်လာခဲ့သည်။
ယခုအချိန် ရန်သူဘက်တွင် စစ်လက်နက်များ စုစည်းနေကြပြီး မဟာအရှင်သခင်တစ်ယောက်၏ အော်ရာပင် ဖုံးကွယ်နေသည်။
" အဲ့ဒါက အရှင်သခင်မိုးကြိုးလှံဆိုတာလား။ " လင်းယွမ်က ဆန့်ကျင်ဘက်မှ မဟာအရှင်သခင်မှာ မိုးကြိုးလှံဖြစ်သည်ကို သတိပြုမိလိုက်သည်။
" မိုးကြိုးလှံက အဆင့်တက်ခါစ မဟာသူတော်စင်တော့ မဟုတ်လောက်ဘူး။ " လင်းယွမ်က မိုးကြိုးလှံ၏ အော်ရာမှာ ပုံမှန်မဟာသူတော်စင်များထက် ပိုမိုနက်ရှိုင်းနေသည်ကို ခံစားမိလိုက်သည်။
" သူ့ရဲ့ စွမ်းအားကို ဖုံးကွယ်ထားတာထင်တယ်။ " လင်းယွမ်က တွေးလိုက်သော်လည်း သိပ်ဂရုမစိုက်ပေ။
မိုးကြိုးလှံက စွမ်းအားကို ဖုံးကွယ်ထားလျှင် သူက သူ၏ စွမ်းအားကို ထုတ်ဖော်ခြင်းပင် မပြုခဲ့ပေ။ လင်းယွမ်ဖုံးကွယ်ထားသော စွမ်းအားက မိုးကြိုးလှံထက် အဆပေါင်းများစွာ သာလွန်သည်။ လီယန်နေမင်းဖွင့်လှစ်ခြင်း နတ်စွမ်းရည်ကို အသုံးမပြုလျှင်တောင် သူက မဟာအရှင်သခင်အဆင့်၏ အမြင့်ဆုံး တိုက်ခိုက်ရေးစွမ်းအားကို ထုတ်ဖော်နိုင်သည်။
လင်းယွမ်က စစ်မြေပြင်ကို ကြည့်နေစဉ် လွှမ်းမိုးခြင်းအဆင့် အင်မားကြီးသူများက တစ်ယောက်ပြီးတစ်ယောက် စစ်လက်နက်များထဲသို့ ဝင်ရောက်သွားကြပြီး ကြီးမားသော စစ်လက်နက်ကြီးများက ဖြည်းညင်းစွာ လည်ပတ်လာကြသည်။
" နှမြောစရာပဲ။ လေ့လာဖို့ စစ်လက်နက်တစ်ခုတောင် မကျန်တော့ဘူး။ " လင်းယွမ်က စစ်ပွဲအတွက် အဆင်သင့်ဖြစ်နေသော စစ်လက်နက်များကို ကြည့်ပြီး အနည်းငယ် စိတ်ပျက်မိသွားသည်။
စစ်မြေပြင်တစ်ခုစီတွင် စစ်လက်နက်အရေအတွက်မှာ သတ်မှတ်ထားပြီးသားဖြစ်သည်။ စစ်ပွဲမစတင်မီ လင်းယွမ်က စစ်လက်နက်အတွင်း ပုန်းအောင်းနေလျှင် ပြဿနာမရှိပေ။ သို့သော် စစ်ပွဲစတင်သည်နှင့် လင်းယွမ်က စစ်လက်နက်တစ်ခုကို သိမ်းဆည်းထားလျှင် အလွန်သိသာထင်ရှားသွားပေလိမ့်မည်။
" ဒါပေမယ့် စစ်ပွဲဆိုတာ နှစ်ပေါင်းထောင်ချီ သောင်းချီ ကြာတတ်တာပဲ။ ထိပ်တိုက်တွေ့ဆုံချိန်ထက် အင်အားပြန်စုတဲ့ အချိန်က ပိုများတယ်။ " လင်းယွမ်က တွေးလိုက်သည်။
အင်အားပြန်စုသည့်အချိန်က နှစ်ဖက်လုံး ပြင်းထန်စွာ တိုက်ခိုက်ပြီးနောက် ရပ်တန့်သည့်ကာလကို ဆိုလိုခြင်းဖြစ်သည်။ ထိုကာလအတွင်း လင်းယွမ်က စစ်လက်နက်တစ်ခုချင်းစီကို အေးအေးဆေးဆေး လေ့လာနိုင်သည်။
" နဂါးငွေ့တန်းကို အရင်လှုပ်ရှားခိုင်းလိုက်မယ်။ " အရှင်သခင်မိုးကြိုးလှံကလည်း စစ်မြေပြင်ကို စောင့်ကြည့်နေပြီး စစ်လက်နက်များ လည်ပတ်နေသည်ကို မြင်သောအခါ အနည်းငယ်မှ အထင်မသေးဝံ့ပေ။
သတင်းအချက်အလက်များအရ နဂါးငွေ့တန်းက နှစ်တစ်ထောင်အတွင်း အဆင့်တက်ခဲ့သော မဟာအရှင်သခင်တစ်ယောက်ဖြစ်ပြီး မဟာအရှင်သခင်များထဲတွင် အသစ်တစ်ယောက်သာ ဖြစ်သည်။
သို့သော် မိုးကြိုးလှံက ယုံကြည်မှုလွန်ကဲသူတစ်ယောက်မဟုတ်ပေ။ သူ့ကိုသူ ယုံကြည်မှုရှိသော်လည်း နဂါးငွေ့တန်းကို အရင်ဆုံးလှုပ်ရှားခိုင်းပြီးမှ သူကိုယ်တိုင် ဝင်ပါရန် ဆုံးဖြတ်ထားသည်။ နဂါးငွေ့တန်းကို အရင်လှုပ်ရှားစေခြင်းက အခြေအနေကို အသာစီးရယူခြင်းဟု ဆိုနိုင်သည်။
မကြာမီ နှစ်ဖက်လုံးမှ စစ်လက်နက်များက ပြင်းထန်စွာ တိုက်ခိုက်လိုက်ကြသည်။ ပေါက်ကွဲသံများက ဆက်တိုက်ထွက်ပေါ်လာသည်။ ဖရိုဖရဲစွမ်းအားများ လွှမ်းခြုံထားသော မီးတောက်စစ်လက်နက်တစ်ခုက ရုတ်တရက် ကြီးမားသော မီးလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အဆုံးမရှိသော မီးတောက်များက အရပ်မျက်နှာအနှံ့သို့ ရူးသွပ်စွာ ပျံ့နှံ့သွားသည်။
" အဲ့ဒါက အဆင့်နှစ် အလယ်အလတ်အဆင့် စစ်လက်နက်ပဲ။ " လင်းယွမ်က ထိုစစ်လက်နက်ကို လှမ်းကြည့်လိုက်သည်။
ထိုစစ်လက်နက်က စစ်မြေပြင်ခုနှစ်တွင် အမြင့်ဆုံးအဆင့်ရှိသော စစ်လက်နက်တစ်ခုဖြစ်ပြီး လီယန်နေမင်းကို ဖန်တီးပြီး ရန်သူအားလုံးကို ဖိနှိပ်ခြင်းဖြစ်သည်။
ဝုန်း....
ဇီမန်နယ်မြေဘက်မှ စစ်လက်နက်များကလည်း တစ်ပြိုင်နက် လည်ပတ်လာပြီး ချင်းဖန်နယ်မြေထက် မနိမ့်သော စွမ်းအားကို ထုတ်ဖော်လိုက်သည်။
ခရမ်းရောင်စစ်လက်တစ်ခုက ရှေ့သို့ တိုးလာပြီး ခရမ်းရောင် သံကြိုးများက ဟင်းလင်းပြင်မှ ထွက်ပေါ်လာပြီး ချင်းဖန်နယ်မြေသို့ လွှမ်းခြုံသွားသည်။ မရေတွက်နိုင်သော ခရမ်းရောင်သံကြိုးများက ချင်းဖန်နယ်မြေဘက်မှ တစ်ခုတည်းသော အဆင့်နှစ် အလယ်အလတ်အဆင့် စစ်လက်နက်ကို ပစ်မှတ်ထားနေခြင်းဖြစ်သည်။