စစ်လက်နက်ကို ပစ်မှတ်ထားခြင်း....
Vol. 61 Ch. 880
" မကောင်းတော့ဘူး။ " လျိုဖန်က မျက်နှာပျက်သွားသည်။ သူက အဆင့်နှစ် အလယ်အလတ်အဆင့် စစ်လက်နက်ကို ထိန်းချုပ်နေသော လွှမ်းမိုးခြင်းအဆင့် အင်အားကြီးသူများထဲမှ တစ်ယောက်ဖြစ်သည်။
အဆင့်နှစ် အလယ်အလတ်အဆင့် စစ်လက်နက်တွင် လွှမ်းမိုးခြင်းအဆင့် သုံးထောင်ကျော်ပါဝင်သော်လည်း လူအနည်းငယ်ကသာ ထိုစစ်လက်နက်ကို အမှန်တကယ် ထိန်းချုပ်နိုင်စွမ်းရှိသည်။
" ဆုတ်လိုက်။ " ထိုအချိန်တွင် လျိုဖန်၏ နားထဲတွင် အသံတစ်ခု ထွက်ပေါ်လာသည်။
" ဒါမဟာအရှင်သခင်ပဲ။ " ထိုအသံက လင်းယွမ်၏ အသံဖြစ်သည်ကို လျိုဖန်က ချက်ချင်း သိလိုက်သည်။
ထိုအသံက လွှမ်းခြုံလာသော ခရမ်းရောင်သံကြိုးများအား မည်သို့တုန့်ပြန်ရမည်ကို လမ်းညွှန်ထားခြင်းဖြစ်သည်။ လင်းယွမ်က အဆင့်နှစ် အလယ်အလတ်အဆင့် စစ်လက်နက်ကို မလေ့လာရသေးသော်လည်း သူနားလည်ထားသော စစ်လက်နက်များမှတစ်ဆင့် ၎င်းကို အနည်းငယ် နားလည်ထားပြီးဖြစ်သည်။
ထို့ကြောင့် ဇီမန်နယ်မြေ၏ စစ်လက်နက်က ခရမ်းရောင်သံကြိုးများကို ထုတ်လွှတ်လိုက်သည်နှင့် လင်းယွမ်က ၎င်းတို့အား မည်သို့ပိတ်ဆို့ရမည်ကို ချက်ချင်း သိရှိသွားခဲ့သည်။
ဝုန်း....
ကြီးမားသော မီးလုံးကြီးနှင့် မရေတွက်နိုင်သော ခရမ်းရောင်သံကြိုးများ ရုတ်တရက် ရင်ဆိုင်မိချိန်တွင် မီးတောက်များက အရပ်မျက်နှာအနှံ့သို့ ပွင့်ထွက်သွားပြီး သံကြိုးများကလည်း တစ်ခုပြီးတစ်ခု ကျိုးပြတ်သွားကာ နောက်ဆုံးတွင် ဇီမန်နယ်မြေမှ စစ်လက်နက်က နောက်ဆုတ်သွားရသည်။
" ကျေးဇူးတင်ပါတယ် မဟာအရှင်သခင်။ " လျိုဖန်က လင်းယွမ်ကို ချက်ချင်း ကျေးဇူးတင်စကား ပြောလိုက်သည်။
အကယ်၍ လင်းယွမ်၏ ညွှန်ကြားမှုသာ မရှိလျှင် သူက မရေတွက်နိုင်သော သံကြိုးများကြားတွင် စစ်လက်နက်ကို အသုံးပြု၍ ရုန်းထွက်နိုင်ခဲ့လျှင်တောင် အချိန်အတော်ကြာထိ တားဆီးခံထားရပေလိမ့်မည်။
" ခုခံလိုက်တာလား။ " အရှင်သခင် မိုးကြိုးလှံကလည်း စစ်မြေပြင်ကို စောင့်ကြည့်နေပြီး ခရမ်းရောင်စစ်လက်နက် နောက်ဆုတ်သွားသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်သွားသည်။
ခရမ်းရောင်စစ်လက်နက်၏ တိုက်ခိုက်မှုက သူ၏ အမိန့်အရဖြစ်သည်။ မိုးကြိုးလှံက အခြေအနေကို ထိန်းချုပ်ရန် ရည်ရွယ်ပြီး ချင်းဖန်နယ်မြေ၏ စစ်လက်က လီယန်နေမင်းနယ်ပယ်ကို ဖန်တီးလိုက်သည့်အချိန်ကို ရွေးချယ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုနည်းဖြင့် သူ၏ ဘက်မှ အနိုင်ရရှိနိုင်ခြေ အမြင့်ဆုံးအထိ ရောက်ရှိသွားပေလိမ့်မည်။
" အခြေအနေက ပိတ်ဆို့သွားပြီပဲ။ " မိုးကြိုးလှံက စစ်ပွဲ၏ အခြေအနေကို ကြည့်ပြီး စစ်လက်နက်များ၏ တိုက်ပွဲကို မြင်သောအခါ အနည်းငယ် စိတ်မရှည်ဖြစ်လာသည်။
သူက ယခုတစ်ကြိမ် စစ်မြေပြင်တွင် ကြီးမားသော အရာများကို လုပ်ဆောင်ပြီး စိတ်ဝိညာဉ်ဘုရင်၏ အထင်ကြီးမှုကို ရယူရန် ရည်ရွယ်ထားသည်။ သို့သော် လက်ရှိအခြေအနေအရ သူသာ ချက်ချင်း မလှုပ်ရှားလျှင် ရန်သူ၏ ခံစစ်ကို ထိုးဖောက်ရန် အခွင့်အရေး ရှိတော့မည်မဟုတ်ပေ။
" ထားလိုက်တော့။ " အရှင်သခင်မိုးကြိုးလှံက စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ အစတွင် သူက လင်းယွမ်ကို အရင်လှုပ်ရှားစေပြီးမှ သူကိုယ်တိုင် လှုပ်ရှားရန် ရည်ရွယ်ထားသည်။
ယခု သူအရင်ဆုံး လှုပ်ရှားရမည့်ပုံ ပေါ်နေသည်။ သို့သော် ၎င်းက ပြဿနာမရှိပေ။ သတင်းအချက်အလက်များ မှန်ကန်နေသရွေ့ အဆင့်တက်ခါစ အရှင်သခင်နဂါးငွေ့တန်းက သူ့အတွက် ခြိမ်းခြောက်မှုမဖြစ်စေပေ။
ဝုန်း ဝုန်း....
အရှင်သခင်မိုးကြိုးလှံ၏ ပုံရိပ်က ပျောက်ကွယ်သွားပြီး ထိုနေရာတွင် အဆုံးမရှိသော မိုးကြိုးများက အစားထိုး ဝင်ရောက်လာသည်။ အရှင်သခင်မိုးကြိုးလှံ၏ လမ်းစဉ်က ဖရိုဖရဲမိုးကြိုးဖြစ်ပြီး သတ်ဖြတ်ခြင်းနှင့် ဖျက်ဆီးခြင်းကို ကိုယ်စားပြုသည်။
" အရှင်သခင်မိုးကြိုးလှံ..." လင်းယွမ်က တိတ်ဆိတ်စွာ ပေါ်လာပြီး အရှင်သခင်မိုးကြိုးလှံကို တားဆီးလိုက်သည်။ " မင်းရဲ့ ပြိုင်ဘက်က ငါပဲ။ "
" အရှင်ချင်းဖန်ရဲ့ တပည့်က ဘယ်လောက်သန်မာလဲဆိုတာ ငါကြည့်ချင်သေးတယ်။ " အရှင်သခင်မိုးကြိုးလှံက စကားများရန် စိတ်မဝင်စားပေ။
စစ်မြေပြင်၏ အစွန်အဖျားနေရာဖြစ်လျှင်တောင် သူ အမြန်ဆုံး ထိုးဖောက်နိုင်လျှင် စိတ်ဝိညာဉ်ဘုရင်၏ အလေးထားမှုကို ခံရပေလိမ့်မည်။ ထိုအချိန်တွင် လင်းယွမ်နှင့် မိုးကြိုးလှံတို့က စတင်တိုက်ခိုက်ကြတော့သည်။
" ခံစစ်ကိုပဲ အာရုံစိုက်တော့မယ်။ " လင်းယွမ်က မိုးကြိုးလှံနှင့် တူညီသော စွမ်းအားကို ထုတ်ပြလိုက်သည်။
၎င်းက ရှီစုန်ဘုရင်၏ မဟာဗျူဟာလည်း ဖြစ်သည်။ လင်းယွမ်ရှိနေသည့် အစွန်အဖျားဖြစ်စေ ဗဟိုစစ်မြေပြင်ဖြစ်စေ မဟာဗျူဟာမှာ ခံစစ်ကို အဓိကထားခြင်းဖြစ်ပြီး ဇီမန်နယ်မြေ၏ တိုက်ခိုက်မှုများကို ခုခံနိုင်လျှင် လုံလောက်ပြီဖြစ်သည်။
" ဟမ် " လင်းယွမ်နှင့် အတန်ကြာ တိုက်ခိုက်ပြီးနောက် မိုးကြိုးလှံက အံ့ဩလာသည်။ သူက သူ၏ စွမ်းအား အားလုံးနီးပါးကို အသုံးပြုသော်လည်း လင်းယွမ်ကို နောက်ဆုတ်အောင် လုပ်နိုင်ခြင်းမရှိပေ။
" နဂါးငွေ့တန်း မင်းလည်း မင်းရဲ့ စွမ်းအားကို ဖုံးကွယ်ထားတာလား။ " မိုးကြိုးလှံ၏ အမူအရာက မကောင်းတော့ပေ။ လက်ရှိအခြေအနေကို ထိုအကြောင်းပြချက်တစ်ခုကသာ ရှင်းပြနိုင်သည်။
လင်းယွမ်က ပြန်မဖြေပေ။ သူ၏ အာရုံက ဗဟိုစစ်မြေပြင်တွင် စတင်တိုက်ခိုက်ကြပြီဖြစ်သော မဟာအရှင်သခင်များဆီသို့ ရောက်နေခဲ့သည်။
" အခုတော့ ပြဿနာပဲ။ " မိုးကြိုးလှံ၏ အမူအရာက လေးနက်နေသည်။
အစတွင် သူက လင်းယွမ်ကို လျင်မြန်စွာ နိုင်ယူပြီး ခံစစ်ကို ဖောက်ထွက်၍ စိတ်ဝိညာဉ်ဘုရင်ထံတွင် အထင်ကြီးမှုရယူရန် စီစဉ်ထားခြင်းဖြစ်သည်။ စိတ်ဝိညာဉ်ဘုရင်က တော်ဝင်ဘုရင်ဖြစ်ပြီး နောက်တစ်ချိန်တွင် ဧကရာဇ်မဖြစ်လာလျှင်တောင် သူ၏ အဆင့်အတန်းက မြင့်မားနေဆဲ ဖြစိသည်။ သို့သော် ယခု မိုးကြိုးလှံ၏ စိတ်ထဲမှ အစီအစဉ်များက ပျက်စီးသွယးခဲ့သည်။
" ခံစစ်လိုင်းကို ဖောက်ထွက်ဖို့တော့ မျှော်လင့်ချက်ရှိသေးတယ်။ " မိုးကြိုးလှံက သူ၏ ရွေးချယ်စရာများကို လျင်မြန်စွာ စဉ်းစားလိုက်သည်။
" နဂါးငွေ့တန်းက သူ့ရဲ့ စွမ်းအားကို ဖုံးကွယ်ထားပေမယ့် သူက ငါနဲ့ အဆင့်တူလောက်ပါပဲ။ " မိုးကြိုးလှံက အောက်ငုံ့ပြီး ချင်းဖန်နယ်မြေနှင့် ဇီမန်နယ်မြေတို့၏ စစ်လက်နက်များ တိုက်ခိုက်နေကြသည်ကို ကြည့်လိုက်သည်။
" ငါသာ အဆင့်နှစ် အလယ်အလတ်အဆင့် စစ်လက်နက်ကို ဖျက်ဆီးနိုင်ရင် အောက်က စစ်မြေပြင်က အသာစီးရသွားလိမ့်မယ်။ ပြီးရင်နဂါးငွေ့တန်းကို တားဆီးထားရင် ခံစစ်ကို ဖောက်ထွက်နိုင်လိမ့်မယ်။ " မိုးကြိုးလှံက စဉ်းစားလိုက်သည်။
သူ၏ မူလအစီအစဉ်က လင်းယွမ်ကို အရင်ချေမှုန်းပြီးမှ အောက်မှ စစ်လက်နက်များ၏ တိုက်ပွဲကို သွားရောက်ကူညီရန် ဖြစ်သည်။ ယခု လင်းယွမ်ကို အနိုင်မယူနိုင်သဖြင့် အောက်မှ စစ်လက်နက်များမှတစ်ဆင့် အခြေအနေကို အသာစီးယူရန် ဆုံးဖြတ်လိုက်သည်။
" အဲ့လိုပဲ လုပ်လိုက်တော့မယ်။ " မိုးကြိုးလှံ၏ မျက်ခုံးနှစ်ခုအလယ်တွင် တောက်ပသော မိုးကြိုးတစ်ခု ပေါ်လာသည်။
ထို့နောက် ထိုမိုးကြိုးက အချိန်လေဟာနယ်ကို ထိုးဖောက်ပြီး အောက်ရှိ စစ်မြေပြင်မှ အဆင့်နှစ် အလယ်အလတ်အဆင့် စစ်လက်နက်ဆီသို့ ဦးတည်သွားသည်။ မိုးကြိုးက ရုတ်တရက် ကြီးထွားလာပြီး ၎င်း၏ ကြောက်စရာကောင်းသော အော်ရာက အချိန်လေဟာနယ်အလွှာများအတွင်း ပျံ့နှံ့နေသည်။
" အဲ့ဒါ ငါနှစ်ပေါင်းများစွာ မွေးမြူထားတဲ့ မူလမိုးကြိုးပဲ။ " မိုးကြိုးလှံ၏ အော်ရာက အနည်းငယ် အားနည်းသွားသည်။ .
မူလမိုးကြိုးက မိုးကြိုးလှံ၏ အစွမ်းထက်ဆုံး တိုက်ခိုက်မှုဖြစ်ပြီး လင်းယွမ်အပေါ် အသုံးပြုလျှင် ခဏဖိနှိပ်ထားနိုင်ရုံသာ ဖြစ်ပြီး တိုက်ရိုက်ချေမှုန်းနိုင်ရန် ခက်ခဲပေလိမ့်မည်။
သို့သော် အဆင့်နှစ် အလယ်အလတ်အဆင့် စစ်လက်နက်ကိုတော့ သေချာပေါက် ဖျက်ဆီးနိုင်ပေလိမ့်မည်။ ထိုအစွမ်းထက်ဆုံး စစ်လက်နက်ကို ဖျက်ဆီးနိုင်သည်နှင့် စစ်မြေပြင်တွင် ဇီမန်နယ်မြေက လုံးဝ အသာစီး ရသွားပေလိမ့်မည်။ ထိုအချိန်တွင် သူက လင်းယွမ်ကို တားဆီးထားနိုင်လျှင် စစ်ပွဲအခြေအနေကို ထိန်းချုပ်နိုင်ပေလိမ့်မည်။
ကြောက်စရာကောင်းသော မူလမိုးကြိုးက ခဏအတွင်း အဆင့်နှစ် စစ်လက်နက်ပေါ်သို့ ရောက်ရှိသွားသည်။ အဆင့်နှစ် အလယ်အလတ်အဆင့် စစ်လက်နက်က မဟာအရှင်သခင်တစ်ယောက်ကို ခြိမ်းခြောက်နိုင်သော်လည်း မဟာအရှင်သခင်တစ်ယောက်၏ အစွမ်းထက်ဆုံး တိုက်ခိုက်မှုကို ရင်ဆိုင်ရလျှင် ခုခံရန် အလွန်ခက်ခဲပေလိမ့်မည်။
အထူးသဖြင့် မိုးကြိုးလှံက အချိန်ကိုက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အဆင့်နှစ် အလယ်အလတ်အဆင့် စစ်လက်နက်က ရှောင်တိမ်းရန် အခွင့်အရေးမရှိတော့ပေ။
" ဟမ် " မိုးကြိုးလှံနှင့် ပေါ့ပေါ့ပါးပါး တိုက်ခိုက်နေသော လင်းယွမ်၏ အမူအရာက ပြောင်းလဲသွားပြီး ကြောက်စရာကောင်းသော မိုးကြိုးများ လွှမ်းခြုံတော့မည့် အဆင့်နှစ် အလယ်အလတ်အဆင့် စစ်လက်နက်ကို ကြည့်လိုက်သည်။
" ငါ့ရဲ့ ဖရိုဖရဲလျို့ဝှက်သင်္ကေတတွေ..." လင်းယွမ်က တိုက်ရိုက်လက်လှမ်းလိုက်ရာ သူ၏ လက်က အလွန်ကြီးမားလာပြီး အချိန်လေဟာနယ်ကို ထိုးဖောက်သွားသည်။
မိုးကြိုးလှံ၏ နှစ်ပေါင်းသန်းချီ မွေးမြူထားသော မူလမိုးကြိုးက လင်းယွမ်၏ လက်ထဲတွင် စက္ကူကဲ့သို့ အလွယ်တကူပင် ဆွဲဖြဲခံလိုက်ရသည်။ အလွန်ကြီးမားသော စစ်လက်နက်ကြီးက လင်းယွမ်၏ လက်အောက်တွင် သေးငယ်သည်ဟုပင် ထင်ရသည်။
" ဒါက " ထိုမြင်ကွင်းကို မြင်သောအခါ မိုးကြိုးလှံက ချက်ချင်း ဆွံ့အသွားခဲ့သည်။ သူ၏ ခွန်အားအပြည့်ဖြင့် ထုတ်လွှတ်လိုက်သော မူလမိုးကြိုးက ကောင်းကင်ကို ဖုံးလွှမ်းထားသော လင်းယွမ်၏ လက်ဝါးအောက်တွင် အလွယ်တကူ ဖျက်စီးခံလိုက်ရသည်ကို သူက ကြည့်နေခဲ့သည်။
အမှန်တော့ သူက နှစ်ပေါင်းသန်းချီ မွေးမြူလာသော သတ်ဖြတ်ခြင်းတိုက်ကွက်က မူလမိုးကြိုးအပေါ်တွင် သူက အလွန်ယုံကြည်မှုရှိခဲ့သည်။ ခံစစ်ကို ထိုးဖောက်ပြီး စိတ်ဝိညာဉ်ဘုရင်၏ အထင်ကြီးမှုကို ရယူရန်သာ မဟုတ်လျှင် သူက ထိုစွမ်းရည်ကို အသုံးပြုမည်မဟုတ်ပေ။
လင်းယွမ်ကို တိုက်ရိုက်မတိုက်ခိုက်ရခြင်းမှာ လင်းယွမ်ကလည်း သူ၏ စွမ်းအားကို ဖုံးကွယ်ထားသော မဟာအရှင်သခင်တစ်ယောက်ဖြစ်သည်။ လင်းယွမ်နှင့်ယှဉ်လျှင် အဆင့်နှစ် စစ်လက်နက်ကို ကိုင်တွယ်ရခြင်းက ပို၍ လွယ်ကူသည်။
အဆင့်နှစ့် စစ်လက်နက်များက လွှမ်းမိုးခြင်းအဆင့် အင်အားကြီးသူ ထောင်ချီပါဝင်နိုင်သဖြင့် မဟာအရှင်သခင်များကိုပင် ခြိမ်းခြောက်နိုင်သည်။ သို့သော် စစ်လက်နက်များက မဟာအရှင်သခင်တစ်ယောက်၏ တိုက်ခိုက်မှုအောက်တွင် ဘာမှမဟုတ်ပေ။
ထို့ကြောင့်ပင် မိုးကြိုးလှံက သေချာစဉ်းစားပြီးနောက် အဆင့်နှစ် စစ်လက်နက်ကို တိုက်ခိုက်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ၎င်းက အန္တရာယ်အကင်းဆုံးနည်းလမ်း ဖြစ်သည်။ သို့သော် သူမမျှော်လင့်ခဲ့သည်မှာ သူ၏အင်အားအပြည့် တိုက်ခိုက်မှုက လင်းယွမ်၏ ရှေ့တွင် အလွယ်တကူ ဖျက်ဆီးခံလိုက်ရခြင်းပင်ဖြစ်သည်။