← Chapters

မွေးရာပါနယ်ပယ် သိုင်းပညာရှင်။ ဝိညာဉ်စွမ်းအင် စိမ့်ဝင်ခြင်း။ ထိပ်တွင် ပန်းသုံးပွင့် စုဝေးခြင်း။ (၂)

Vol. 26 Ch. 378

မွေးရာပါနယ်ပယ် သိုင်းပညာရှင်။ ဝိညာဉ်စွမ်းအင် စိမ့်ဝင်ခြင်း။ ထိပ်တွင် ပန်းသုံးပွင့် စုဝေးခြင်း။ (၂)

Vol. 26 Ch. 378

ဒါက အတော်လေး ချဲ့ကားပြောဆိုတာဖြစ်သည်။ သို့ပေမယ့် လိပ်အသက်ရှူနည်းကို ကျင့်ကြံထားတဲ့ စူးချန်ခုန်းဟာ ရှည်လျားတဲ့ အသက်ရှူရှိုက်နည်းကို ထိန်းထားနိုင်ပါသည်။ ချီသွေးနယ်ပယ်ထဲက တခြားသိုင်းပညာရှင်တစ်ယောက်သာ ဒီလို သွားလိုက်လာလိုက်နှင့် တိုက်ခိုက်နေမယ်ဆိုရင် ပင်ပန်းနွမ်းနယ်မှုကြောင့် မောပန်းလာမှာဖြစ်သည်။ ဒါပေမယ့် စူးချန်ခုန်းကတော့ မောပန်းနွမ်းနယ်မှု အနည်းငယ်သာ ခံစားရသည်။

“ဝူး ဝူး ဝူး”

နောက်ဆုံးတော့ တပ်ဆုတ်ခွာဖို့ ဟွန်းသံဟာ ဝံပုလွေနက်တပ်မတော်ရဲ့ နောက်ဘက်ကနေ ပဲ့တင်ထပ်သွားလေ၏။

ဝံပုလွေနက်တပ်မတော်ရဲ့ ခေါင်းဆောင်တွေက မိုက်မဲတဲ့သူတွေ မဟုတ်ကြပါ။ ဒီတိုက်ပွဲရဲ့ ပြိုလဲနေတဲ့ အရှိန်အဟုန်ကို သဘောပေါက်ပါသည်။ ဆက်လက်တိုက်ခိုက်နေရင် ပိုကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာနိုင်သည်။ ဒီလိုဆုတ်ခွာမှုက သူတို့ရဲ့ စစ်သားတွေကို စိတ်ဓာတ်ကျစေပြီး နောက်လာမယ့် သွေးချောင်းစီးတိုက်ပွဲတွေမှာ ဦးဆောင်မည့် အခြေအနေကို ဆုံးရှုံးစေနိုင်ပေမယ့် တစ်ခုတည်းသော ရွေးချယ်စရာကတော့ ဆုတ်ခွာဖိုသာဖြစ်သည်။ ဆုတ်ခွာမှရပေတော့မည်။

“လိုက်ကြ။ ဒီအရိုင်းစိုင်းတွေအားလုံးကို သတ်ပစ်။”

တာ့ဖုန်းသံမဏိမြင်းတပ်က လိုက်လံသတ်ဖြတ်နေချိန်မှာ ဝံပုလွေနက်တပ်မတော်က စစ်သားအများအပြား ဆုတ်ခွာရင်း အလောင်းတွေကို ကျန်ရစ်ခဲ့သည်။

“ဒုန်း ဒုန်း ဒုန်း”

သူတို့ မိုင်တစ်ရာနီးပါး လိုက်လံဖမ်းဆီးပြီး ကျယ်ပြန့်တဲ့ မြက်ခင်းပြင်ကို ဖြတ်ကျော်ခါနီးမှာ တာ့ဖုန်းသံမဏိမြင်းတပ် ဆုတ်ခွာဖို့ အချက်ပြမှုကို စစ်တပ်အတွင်းမှ ထုတ်လွှင့်လိုက်သည်။

အရှုံးပေးနေတဲ့ ရန်သူကို ထပ်လိုက်ကြတော့မည် မဟုတ်ပေ။ လိုက်လံသတ်ဖြတ်နေကြတဲ့ မြင်းတပ်သားအားလုံးဟာ တိုက်ပွဲအပြီးမှာ တော်တော်လေး ပင်ပန်းနွမ်းနယ်နေကြလေပြီ။ ရန်သူကို သူတို့ရဲ့နယ်မြေထဲ လိုက်တိုက်တာက တန်ပြန်တိုက်ခိုက်မှုတစ်ခု ဖြစ်ပေါ်စေနိုင်ပါသည်။ သူတို့ရဲ့အောင်မြင်မှုရဲ့ အကျိုးအမြတ်တွေကို ရိတ်သိမ်းပြီး ဆုတ်ခွာရမယ့်အချိန်ရောက်ပြီဖြစ်သည်။

“ဒီတိုက်ပွဲ… ငါတို့ နိုင်ပြီကွ။”

“စစ်သူကြီးဟုန်.. စစ်သူကြီးဟုန်က ဝံပုလွေနက်တပ်မတော်ရဲ့ မဟာစစ်သည်တော်ကို သတ်ဖြတ်ပြီး တိုက်ပွဲအလံသုံးခုအထိ သိမ်းပိုက်လိုက်တာ။”

တာ့ဖုန်းသံမဏိမြင်းတပ်က အောင်ပွဲခံကာ ပြန်လာခဲ့ပြီး ဒီတိုက်ပွဲရဲ့ အဓိကအချက်က ‘ဟုန်ကျန်းရှန့်’ ပဲ ဖြစ်သည်။

‘ဟုန်ကျန်းရှန့်’ သည် သက်တမ်းမရင့်သေးသော ဓားတစ်ချောင်းဖြင့် ဤတိုက်ပွဲတွင် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ရှေ့ပြန်နောက်ပြန် တိုက်ခိုက်ကာ ရန်သူစစ်သူကြီးများနှင့် စစ်သားများစွာကို သတ်ဖြတ်ခဲ့ပြီး ရန်သူ၏ တိုက်ပွဲအလံများစွာကို သိမ်းပိုက်ခဲ့သည်။ ဤအရာက တာ့ဖုန်းသံမဏိမြင်းတပ်တစ်ခုလုံးကို သွေးပွက်ပွက်ဆူစေခဲ့သည်။

ဒါဟာ စစ်မှန်တဲ့ သူရဲကောင်းတစ်ယောက်ရဲ့ လုပ်ရပ်ပင်။

“နံလိုက်တာ…”

စူးချန်ခုန်း ကိုယ်တိုင်ကတော့ သတ်ဖြတ်မှုတစ်ခုအပြီးတွင် သူ၏ကြယ်ပုံစံ ရွှေရောင်သံချပ်ကာသည် သွေးခြောက်များဖြင့် ပေကျံပြီး ပေပွနေလေ၏။ သံချပ်ကာ၏ ဟရာများတွင် လက်ချောင်းများပင် ညှပ်နေပြီး သူက သားသတ်ရုံမှ ထွက်လာသည့်ပုံပေါက်နေသည်။

“လူအများကြီးကို သတ်ရတာ ငါလည်း ငြီးငွေ့လာပြီ။” စူးချန်ခုန်းသည် သူ၏ အဆက်မပြတ်တုန်ခါနေသော မိစ္ဆာငိုကြွေးဓားကို ဓားအိမ်ထဲထည့်ကာ တိတ်တဆိတ် တွေးနေမိသည်။

ကိုယ်တိုင် စစ်မြေပြင်သို့ ဝင်ရောက်ပြီး ဝံပုလွေနက်တပ်မတော်ကို အပြတ်အသတ် အနိုင်ယူပြီးနောက် စူးချန်ခုန်းသည် ပျော်ရွှင်မှု သို့မဟုတ် စိတ်လှုပ်ရှားမှုကို သိပ်မခံစားရပေ။ တန်ဖိုးနည်းလှသည့် လူ့အသက်တို့အတွက် ဝမ်းနည်းမှုဖြင့် ပြည့်နှက်နေသည်။

“ကျန်းရှန့် တော်တယ်။”

မြို့တံခါးဝတွင် ဖေယန်သည် ရယ်မောပျော်ရွှင်စွာဖြင့် သူတို့ကို ကိုယ်တိုင် စောင့်ကြိုနေလေ၏။

တိုက်ပွဲတွင် ဤအပြီးသတ်အောင်ပွဲက သွေးချောင်းစီးမည့်စစ်ပွဲအခြေအနေကို အဆုံးအဖြတ်ပေးဖို့ သေချာသလောက်ရှိသည်။ သူတို့၏စိတ်ဓာတ်များ မိုးထိ မြင့်တက်နေချိန်တွင် ဝံပုလွေနက်တပ်မတော်သည် အကြီးအကျယ်ရှုံးနိမ့်ခဲ့ပြီးနောက် စိတ်ဓာတ်ကျနေမည်မှာ သေချာသည်။ ယခုအခါ သူတို့က ဦးဆောင်သည့် အနေအထားတွင် ရှိနေသောကြောင့် တိုက်ပွဲကို ထိန်းချုပ်နိုင်ပြီး သူတို့၏ဆုံးရှုံးမှုမှာ အနည်းဆုံးသာ ဖြစ်လိမ့်မည်။

ဖြန်း…

စူးချန်ခုန်း၏ဘေးတွင် ရေပုံးများသယ်ဆောင်လာသော စစ်သားများသည် သူ၏ သံချပ်ကာမှ သွေးစွန်းများကို ဆေးကြောရန် ကူညီပေးခဲ့ကြသည်။ သွေးခြောက်များသည် ရေနှင့်ရောပြီး မြေပြင်ပေါ်သို့ ကျဆင်းကာ မှုန်ဝါးပြီး ညစ်ပတ်နေ၏။

ညဘက်တွင် ဖေယန်သည် စစ်သားများကို ဆုချီးမြှင့်ရန်နှင့် စိတ်ဓာတ်မြှင့်တင်ရန် အောင်ပွဲခံပွဲတစ်ခု ကျင်းပခဲ့သည်။

သို့သော် ဒီနေ့တိုက်ပွဲက သူ့ကို အလွန်ပင်ပန်းနွမ်းနယ်စေသည်ဟူသော ဆင်ခြေကို အသုံးပြု၍ စူးချန်ခုန်း ငြင်းဆိုခဲ့သည်။ ဒုတိယအချက်ကတော့ သူဟာ ဟုန်ကျန်းရှန့်အစစ် မဟုတ်ဘဲ စားပွဲသောက်ပွဲမှာ စကားမှားပြောမိတာက ရှက်စရာကောင်းသော အခြေအနေများကို ဖြစ်စေနိုင်သည်။

"ကောင်းကင်တာအိုလမ်းစဉ်က ရက်စက်တာပဲ။ သက်ရှိသတ္တဝါအားလုံးဟာ ကောက်ရိုးမျှင်တွေလို အရေးမပါကြဘူး။ အမြောက်စာလို ဖုန်မှုန့်လို အရေးမပါတာမျိုး မဖြစ်ချင်ရင် ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် ကြိုးစားရမယ်" စူးချန်ခုန်းက သူ့နေအိမ်မှာ လေ့ကျင့်ရင်း တွေးနေမိသည်။ သူ့ရဲ့ ဝိညာဉ်စွမ်းအင်အပေါ် အမြင်က ပိုရှင်းလင်းလာပြီး တောက်ယင်နည်းပညာမှာ သူ့ရဲ့တိုးတက်မှုက မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့သည်။

ဖေယန် ပြောသလိုပင် တာ့ဖုန်းသံမဏိမြင်းတပ်က စူးချန်ခုန်းရဲ့ တစ်ကိုယ်တော်အောင်ပွဲအပြီးမှာ တပ်ဖွဲ့တွေ စေလွှတ်ပြီး ဝံပုလွေနက်ခံတပ်တွေကို စိန်ခေါ်ဖို့ ဦးဆောင်ခဲ့သည်။ နှစ်ဖက်စလုံးက ကြီးမားတဲ့တိုက်ပွဲတွေမှာ ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့ပေမယ့် တာ့ဖုန်းသံမဏိမြင်းတပ်ကတော့ အမြဲတမ်း အနည်းငယ်သာ ဆုံးရှုံးခဲ့ရသည်။

အရာအားလုံးက ကောင်းမွန်တဲ့ လမ်းကြောင်းပေါ် တိုးတက်လာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ စူးချန်ခုန်းဟာ နေဝင်ခံတပ်ကို ရောက်တာ နှစ်လရှိသွားလေပြီ။ ဒီနှစ်လအတွင်း သူ သုံးကြိမ်ပဲ တိုက်ခိုက်ခဲ့ပြီး သူ စစ်မြေပြင်ကို ထွက်သွားတိုင်း ဝံပုလွေနက်တပ်မတော်က ချက်ချင်းပဲ ပြိုကွဲကာ တပ်ဆုတ်ဖို့ အရင်ကြေညာခဲ့ကြသည်။

နှစ်လအတွင်း တာ့ဖုန်းသံမဏိမြင်းတပ်သည် လူ ၁၀၀၀၀ မှ ၂၀၀၀၀ အထိ ဆုံးရှုံးခဲ့ပြီး ဝံပုလွေနက်တပ်မတော်သည် ၅၀၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဤသည်မှာ အားသာချက် တစ်ခုဖြစ်သည်။

“ပြီးတော့မယ်” ဖေယန် စိတ်သက်သာရာရသွားသည်။ ဤသွေးချောင်းစီးတိုက်ပွဲက အဆုံးသတ်တော့မည်ဖြစ်သည်။ သူ့ဘက်က အနည်းငယ်မျှသာ စွန့်လွှတ်အနစ်နာခံခြင်းဖြင့် ကြီးကြီးမားမား အားသာနေသောကြောင့် သူသည် ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ဆက်လက်ရပ်တည်နိုင်မှာပင်။

“စူးထိုက်လိုင်… လူသားတွေထဲက အာဂလူပဲ။ သူက ကျန်းရှန့်ထက်တောင် ပိုကြောက်စရာကောင်းတယ်… နှမြောစရာပဲ။ သူက တာ့ဖုန်းပြည်နယ်မြို့တော်မှာ မနေဘူး” ဖေယန်က စိတ်ထဲ သက်ပြင်းချလိုက်သည်။ ဤတိုက်ပွဲတွင် သူတို့၏ ချောမွေ့စွာ တိုးတက်မှုသည် စူးချန်ခုန်း၏ အကူအညီနှင့် မခွဲခြားနိုင်ကြောင်း သူသိသည်။ သူက စစ်သူကြီးဟုန် အယောင်ဆောင်သော တစ်ဦးတည်းသောလူဖြစ်သော်လည်း သူ၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများသည် တာ့ဖုန်းသံမဏိမြင်းတပ်၏ စိတ်ဓာတ်ကို သိသိသာသာ မြှင့်တင်ရန် လုံလောက်သည်။

စိတ်ဓာတ်မြင့်မားသော တပ်မတော်နှင့် စိတ်ဓာတ်နိမ့်ကျသော တပ်မတော်သည် လုံးဝကွဲပြားသော တိုက်ခိုက်ရေးအစွမ်းသတ္တိကို ပြသသည်။

ဒါပေမယ့် ဖေယန်သည်လည်း စူးချန်ခုန်းရဲ့ စရိုက်နဲ့ဆိုရင် ဟုန်ကျန်းရှန့်လို တာ့ဖုန်းပြည်နယ်မြို့မှာ မနေနိုင်ဘူးဆိုတာ နားလည်ပါသည်။ ဒီတိုက်ပွဲမှာ သူ့ရဲ့ကြိုးပမ်းအားထုတ်မှုတွေက သူတို့နှစ်ယောက်ကြား သဘောတူညီချက်တစ်ခုကြောင့်သာ ဖြစ်သည်။

ညဘက်မှာ ဝူချင်းရှီကို ခဏလေ့ကျင့်ပြီးတဲ့နောက် စူးချန်ခုန်းဟာ တောက်ယင်နည်းပညာကို စတင်လေ့ကျင့်လိုက်သည်။ တောက်ယင်နည်းပညာကို အာရုံစိုက်ပြီး ထိုးထွင်းသိမြင်မှုရရှိခဲ့တာကြောင့် သူ့မျက်လုံးတွေမှာ စိတ်လှုပ်ရှားမှုတွေ ထင်ဟပ်နေလျက်။ အခုဆိုရင် သူဟာ အဆင့်ရှစ်ရဲ့ တံခါးဝကို ချဉ်းကပ်နေပြီဖြစ်သည်။

မမျှော်လင့်ထားတဲ့ ဘာမှမဖြစ်ခဲ့ဘူးဆိုရင် ဒီညမှာ သူအဆင့်တက်နိုင်သည်။

ဝှစ် ဝှစ် ဝှစ်

အတွေးတွေကို စုစည်းပြီး စူးချန်ခုန်းဟာ တောက်ယင်နည်းပညာကို လေ့ကျင့်ခဲ့ပြီး စည်းချက်ညီညီ အသက်ရှူကာ ဦးနှောက်ကို ရှင်း၍ သူ့စိတ်ဝိညာဉ်ကို သူ့ဘာသာသူ ရွေ့လျားစေကာ အလွန်တရာ နူးညံ့သိမ်မွေ့သည့် အခြေအနေမှာ နှစ်မြှုပ်လိုက်လေတော့သည်။

စူးချန်ခုန်းဟာ ကောင်းကင်နဲ့ မြေကြီးကြားက ဝိညာဉ်စွမ်းအင်စီးဆင်းမှုကို ခံစားမိနိုင်ပြီး အဲဒါက နူးညံ့တယ်လို့ ထင်ရပေမယ့် တကယ်တော့ အတော်လေး ရှုပ်ထွေးနေသည်။

“ဟူး”

စူးချန်ခုန်း ထိုအခြေအနေထဲသို့ ဝင်ရောက်လာသည်နှင့် သူ့ခန္ဓာကိုယ် အနည်းငယ် ပူလာပြီး တောက်ယင်နည်းပညာ ကျင့်ကြံမှု အထွတ်အထိပ်သို့ ရောက်ရှိလာသည်။ သူ့ပတ်လည်တွင် ကြီးမားသော ဝိညာဉ်စွမ်းအင်များ စုပုံလာသည်ကို ခံစားလိုက်ရသည်။

All Chapters