← Chapters

လင်းယွမ်၏ အစစ်အမှန်စွမ်းအား...

Vol. 61 Ch. 881

လင်းယွမ်၏ အစစ်အမှန်စွမ်းအား...

Vol. 61 Ch. 881

" ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ " မိုးကြိုးလှံ၏ စိတ်ထဲတွင် ပထမဆုံး ပေါ်လာသည့် အတွေးမှာ မယုံကြည်နိုင်ခြင်းဖြစ်သည်။

သူ၏ မူလမိုးကြိုးကို ထိုမျှလွယ်ကူစွာ ဖျက်ဆီးပစ်ရန် မဟာအရှင်သခင်အဆင့် အထွတ်အထိပ် သို့မဟုတ် ၎င်းနှင့် သိပ်မဝေးသော စွမ်းအားရှိရန် လိုအပ်သည်။ နဂါးငွေ့တန်းက လွန်ခဲ့သော နှစ်တစ်ထောင်ကမှ မဟာအရှင်သခင်အဆင့်သို့တက်လှမ်းခဲ့ခြင်းဖြစ်သည်။

သို့သော် မိုးကြိုးလှံက သူရရှိထားသော သတင်းအချက်အလက်များတွင် ပြဿနာရှိနေကြောင်း ချက်ချင်း နားလည်သွားသည်။ နဂါးငွေ့တန်းက မဟာအရှင်သခင်အဆင့်သို့ တက်လှမ်းခါစဟူသည်မှာ အရှင်ချင်းဖန်၏ စကားသာဖြစ်ပြီး သက်သေအထောက်အထားမရှိပေ။

" မကောင်းတော့ဘူး။ အရှင်သခင်မိုးကြိုးလှံက တကယ်အရှက်မရှိတဲ့လူပဲ။ " စစ်လက်နက်အတွင်းမှ လျိုဖန်က သူတို့ကို လွှမ်းခြုံလာသော မိုးကြိုးများကို အာရုံခံမိလိုက်သည်။

" ခုခံဖို့ အရမ်းခက်ခဲတယ်။ " အဆင့်နှစ် စစ်လက်နက်မှာ အပြည့်အဝ ပျက်စီးသွားမည်မဟုတ်သော်လည်း စစ်လက်နက်အတွင်းမှ လွှမ်းမိုးခြင်းအဆင့် အင်အားကြီးသူများက စိမ့်ဝင်လာသော မိုးကြိုးများကို ခုခံနိုင်စွမ်မရှိဘဲ အနည်းငယ်မျှနှင့်ပင် လူများစွာ သေဆုံးရပေလိမ့်မည်။

စစ်လက်နက်က လွှမ်းမိုးခြင်းအဆင့် အင်အားကြီးသူများကို ဆုံးရှုံးလိုက်ရလျှင် ၎င်းက အသုံးဝင်တော့မည်မဟုတ်ပေ။

" တတ်နိုင်သလောက်တော့ တောင့်ခံရမှာပဲ။ " လျိုဖန်က မျှော်လင့်ချက် ကင်းမဲ့နေသော်လည်း လက်လျှော့ခြင်းမရှိဘဲ အရှင်သခင် နဂါးငွေ့တန်း တုန့်ပြန်ရန်အတွက် အချိန်ဆွဲထားရန် ကြိုးစားလိုက်သည်။

သို့သော် ထိုအချိန်တွင် လျိုဖန်က တစ်သက်လုံးမေ့နိုင်မည်မဟုတ်သော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။ အဆုံးမရှိ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးများကြားသို့ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်နိုင်သော လက်ကြီးတစ်ဖက်က ဝင်ရောက်လာသည်။ မိုးကြိုးများက လက်ကြီးရှေ့တွင် အလွန်အားနည်းနေပြီး အနည်းငယ်မျှပင် တားဆီးထားနိုင်စွမ်းမရှိပေ။

ဝုန်း...

ကြီးမားသော လက်ကြီးက စစ်လက်နက်ကို လက်ဝါးအတွင်းသို့ ထည့်ပြီး ကာကွယ်ပေးလိုက်သည်။

" အရှင်သခင်နဂါးငွေ့တန်း လှုပ်ရှားလိုက်တာလား။ " လျိူဖန်က ခဏမှင်သက်သွားသည်။

ထိုလက်ဝါးမှ ထွက်ပေါ်လာသော အော်ရာအရ ၎င်းက အရှင်သခင်နဂါးငွေ့တန်းဖြစ်သည်ကို သူသေချာသိလိုက်သည်။ သို့သော် အရှင်သခင်နဂါးငွေ့တန်းက အဲ့လောက်တောင် အစွမ်းထက်တာလား။

လျိုဖန်က လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ်ဖြစ်ပြီး စစ်လက်နက်ကို ထိန်းချုပ်သူဖြစ်ရာ သူက သာမန်လူတစ်ယောက်မဟုတ်ပေ။ မဟာအရှင်သခင်များကြားတွင် စွမ်းအားကွာခြားမှုကြောင်း သူသိထားသည်။ သို့သော် အရှင်သခင်နဂါးငွေ့တန်း၏ စွမ်းအားက အမှန်တကယ်ပင် ကြောက်စရာကောင်းလှသည်။

" စစ်လက်နက်ဘာမှမဖြစ်တော့ဘူး။ " အဝေးမှ လင်းယွမ်က အဆင့်နှစ် စစ်လက်နက်ကို လှမ်းကြည့်လိုက်သည်။ ထိုစစ်လက်န်အတွင်းရှိ ဖရိုဖရဲလျို့ဝှက်သင်္ကေတများကို သူနားမလည်သေးပေ။ ထိုစစ်လက်နက်က လင်းယွမ်အတွက် ဖရိုဖရဲနိယာမ ဒုတိယအဆင့် အထွတ်အထိပ်နှင့် တတိယအဆင့်သို့ အမြန်ဆုံး ရောက်ရှိနိုင်မည့် မျှော်လင့်ချက်ဖြစ်သည်။

" အစက ငါက ဟန်ဆောင်ပြီးပဲ နေချင်တာပါ။ ဒီစစ်မြေပြင်ကို ထိန်းထားနိုင်ရင် အဆင်ပြေပြီပဲ။ အဓိကက ဗဟိုစစ်မြေပြင်ပေါ်မှာပဲ မူတည်တယ်။ " လင်းယွမ်က စိတ်ထဲတွင် အလိုမကျဖြစ်နေသည်။

လက်ရှိ သူ၏ စွမ်းအားက မဟာအရှင်သခင် အထွတ်အထိပ်နှင့် နီးကပ်နေပြီဖြစ်သည်။ စစ်ပွဲတစ်ခုလုံး၏ အခြေအနေကို ပြောင်းလဲရန် မလုံလောက်သဖြင့် သူက မိုးကြိုးလှံ၏ တိုက်ခိုက်မှုကို ခုခံရန်သာ ရည်ရွယ်ခဲ့သည်။

ရှီစုန်ဘုရင်၏ မဟာဗျူဟာက ခံစစ်ကို အဓိကထားခြင်းဖြစ်ပြီး သူက အနိုင်ယူနိုင်လျှင်တေုင် ဇီမန်နယ်မြေထဲထိ ဝင်ရောက်တိုက်ခိုက်နိုင်မည်မဟုတ်ပေ။ ထို့အပြင် ထိုနေရာက အစွန်အဖျားဒေသဖြစ်ပြီး အထဲသို့ ဝင်ရောက်တိုက်ခိုက်လျှင်တောင် သက်ရောက်မှုသိပ်မရှိပေ။

သို့သော မိုးကြိုးလှံက အစွမ်းကုန်တိုက်ခိုက်ရန် ဆုံးဖြတ်ထားပုံရပြီး ဇီမန်နယ်မြေအတွက် ချင်းဖန်နယ်မြေ၏ စစ်လက်နက်များကိုပင် အရင်ဖျက်စီးရန် စီစဉ်ထားသည်။

၎င်းကို နားလည်သွားချိန်တွင် လင်းယွမ်က သူ၏ စစ်မှန်သော စွမ်းအားကို ထုတ်ဖော်ရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။ အကယ်၍ ထိုအခိုက်အတန့်တွင် သူ၏ စစ်မှန်သော စွမ်းအားကို ထုတ်ဖော်ခြင်းမရှိလျှင် စစ်လက်နက်ကို ကာကွယ်ရန် ခက်ခဲသွားပေလိမ့်မည်။

လင်းယွမ်အနေဖြင့် စစ်လက်နက်တစ်ခု ပျက်စီးသွားသည်ကို သည်းခံနိုင်လျှင်တောင် အဆင့်နှစ် စစ်လက်နက်တစ်ခုကို ဆုံးရှုံးသွားခြင်းက ချင်းဖန်နယ်မြေကို အရေးနိမ့်သွားစေပေလိမ့်မည်။ လင်းယွမ်အနေဖြင့် ထိုစစ်မြေပြင်ကို ထိန်းသိမ်းထားလိုလျှင် သူ၏ စွမ်းအားကို ထုတ်ဖော်ရမည်ဖြစ်သည်။

" ဒါပေမယ့် မဟာအရှင်သခင်အဆင့် အထွတ်အထိပ်နဲ့ နီးစပ်သွားတာ သိပ်တော့ သံသယဝင်စရာမရှိပါဘူး။ " လင်းယွမ်က တွေးလိုက်သည်။

သူက လီယန်နေမင်းဖွင့်လှစ်ခြင်း နတ်စွမ်းရည်ကို အသုံးမပြုသရွေ့ ၎င်းက ပြဿနာမရှိပေ။ မဟာအရှင်သခင် အထွတ်အထိပ်များက နယ်မြေတစ်ခုတွင် ရှားပါးလျှင်တောင် နယ်မြေများစုပေါင်းလျှင် မနည်းလှပေ။ ဥပမာ ယခုစစ်ပွဲမှာပင် မဟာအရှင်သခင် အထွတ်အထိပ် ဆယ်ယောက်ထက်မနည်း ပါဝင်နေသည်။

" ငါ့ရဲ့ စွမ်းအားကို ထုတ်ဖော်ပြီးသွားပြီဆိုတော့လည်း..." လင်းယွမ်က မိုးကြိုးလှံကို အေးစက်စွာ ကြည့်လိုက်သည်။

" နဂါးငွေ့တန်း မင်းရဲ့ စစ်မှန်တဲ့စွမ်းအားက ဘာလဲ။ " မိုးကြိုးလှံက စိတ်ပြန်လည်တည်ငြိမ်လာသည်။

" ငါ့ရဲ့ စွမ်းအားက..." လင်းယွမ်က သူ၏ ညာလက်ကို မြှောက်ပြီး ညင်သာစွာ ဖိချလိုက်သည်။ " မင်းကိုယ်တိုင် စမ်းကြည့်လိုက်ပေါ့။ "

ဝုန်း...

ကြောက်စရာကောင်းသော အနီရောင်အလင်းတန်းများက တစ်ကမ္ဘာလုံး လွှမ်းခြုံသွားပြီး လင်းယွမ်ကို ဗဟိုပြု၍ လီယန်နေမင်းများဖြင့် ပြည့်နေသော ကမ္ဘာတစ်အခုအဖြစ် ပြောင်းလဲသွားသည်။

" လီယန်နတ်ခန္ဓာလား။ " မိုးကြိုးလှံ၏ အမူအရာက လေးနက်သွားပြီး သူ၏ ပတ်ဝန်းကျင်တွင် မိုးကြိုးလျှပ်စီးများ အဆက်မပြတ် ထွက်ပေါ်လာသည်။

လီယန်ရှေးဟောင်းနိုင်ငံတွင် လီယန်နတ်ခန္ဓာက သံသယဝင်စရာမလိုပဲ နံပါတ်တစ် ခန္ဓာပင်ဖြစ်သည်။ အနီရောင်မီးတောက်များက ပြင်းထန်စွာ လောင်ကျွမ်းနေပြီး အချိန်နှင့် လေဟာနယ်ကိုပင် လောင်စာအဖြစ် ပြောင်းလဲပစ်နေသည်။

မိုးကြိုးလှံက သူ၏ ဖရိုဖရဲမိုးကြိုးများ လျင်မြန်စွာ လောင်ကျွမ်းပျက်စီးနေသည်ကို ခံစားမိပြီး မျက်နှာပျက်သွားခဲ့သည်။

" ဒီနဂါးငွေ့တန်းက တကယ် မဟာအရှင်သခင် အထွတ်အထိပ်နဲ့ နီးစပ်နေတာပဲ။ " မိုးကြိုးလှံ၏ စိတ်ထဲတွင် သံသယများ မရှိတော့ပေ။

" ဆုတ်မယ်။ " မိုးကြိုးလှံရ တွန့်ဆုတ်ခြင်းမရှိဘဲ ပြတ်သားစွာဖြင့် နောက်သို့ ဆုတ်ခွာသွားသည်။

သူ၏ အဆင့်နှင့် မဟာအရှင်သခင် အထွတ်အထိပ်တစ်ယောက်ကို ရင်ဆိုင်ရန်မှာ ခုခံရန်မပြောနှင့် တားဆီးရန်ပင် မဖြစ်နိုင်ပေ။ အကယ်၍ သူသာဆက်နေလျှင် တစ်ဖက်လူ၏ လီယန်နေမင်းကမ္ဘာ အပြည့်အဝ ဖြစ်တည်လာသောအခါ သူ လုံးဝ ပိတ်မိသွားပေလိမ့်မည်။

မိုးကြိုးလှံအနေဖြင့် အသက်ကယ်နည်းလမ်းများကို ပြင်ဆင်ထားသောကြောင့် အမှန်တကယ် သေဆုံးနိုင်မည်မဟုတ်သော်လည်း သူ၏ မူလခန္ဓာကိုယ်ပျက်စီးသွားလျှင် ကြီးမားသော ဆုံးရှုံးမှု ဖြစ်ပေလိမ့်မည်။ ထို့အပြင် သူက အခြားအရှင်သခင်များ၏ လှောင်ပြောင်မှုကိုလည်း ခံရပေလိမ့်မည်။

" အစကတော့ စိတ်ဝိညာဉ်ဘုရင်ရှေ့မှာ ငါ့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ပြသဖို့ စီစဉ်ထားတာပဲ။ " မိုးကြိုးလှံက သက်ပြင်းချလိုက်သည်။

နဂါးငွေ့တန်း၏ စွမ်းအားက သူမျှော်လင့်ထားသည်ထက် သာလွန်နေသဖြင့် ရှုံးနိမ့်ခြင်းမှာ နောင်တရစရာမရှိသော်လည်း စိတ်ဝိညာဉ်ဘုရင်၏ အထင်ကြီးမှုကို ရရှိတော့မည်မဟုတ်ပေ။

အောက်တွင် ဇီမန်နယ်မြေမှ စစ်လက်နက်များနှင့် ချင်းဖန်နယ်မြေမှ စစ်လက်နက်များက ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။ ထိုအချိန်တွင် ဇီမန်နယ်မြေ၏ စစ်လက်နက်များအတွင်းရှိ အင််အားကြီးသူများက အမိန့်တစ်ခု ရရှိလိုက်သည်။

" အားလုံး ဆုတ်ခွာကြ။ "

ထိုအမိန့်ကြောင့် အားလုံးက နားမလည်နိုင် ဖြစ်သွားကြသည်။ သူတို့က ကောင်းကောင်းတိုက်ခိုက်နေကြပြီး အရေးနိမ့်မည့် အသွင်လည်း မရှိသေးပေ။ သို့သော် စစ်မြေပြင်တွင် အမိန့်ကို နာခံရမည်ဖြစ်သည်။ ဇီမန်နယ်မြေမှ စစ်လက်နက်များက အမိန့်ရသည်နှင့် လျင်မြန်စွာ ဆုတ်ခွာသွားကြသည်။

" ထွက်ပြေးတာလား။ " လင်းယွမ်က လေဟာနယ်အတွင်း ဝင်ရောက်ကာ ပျောက်ကွယ်သွားသော မိုးကြိုးလှံကို လှမ်းကြည့်လိုက်သည်။

သူက လီယန်နတ်ခန္ဓာမှ ဖြစ်ပေါ်လာသော လီယန်နေမင်းကမ္ဘာ၏ ဖိနှိပ်မှုမှာ မိုးကြိုးလှံ၏ ဆုတ်ခွာမှုကို တားဆီးနိုင်ခြင်းမရှိပေ။

" စစ်လက်နက်တွေလည်း ဆုတ်ခွာနေကြပြီ။ " လင်းယွမ်က အောက်သို့ ငုံ့ကြည့်လိုက်ပြီး ဇီမန်နယ်မြေမှ စစ်လက်နက်များ ဆုတ်ခွာနေကြသည်ကို မြင်လိုက်ရသည်။

သူ၏ စိတ်အသိကို လှုပ်ရှားလိုက်ရုံနှင့် လီယန်နတ်ခန္ဓာမှ ဖြစ်ပေါ်လာသော လီယန်နေမင်းကမ္ဘာက ထိုစစ်လက်နက်များအပေါ်သို့ ပျံ့နှံ့သွားသည်။ ၎င်းက ဇီမန်နယ်မြေမှ စစ်လက်နက်များကို ပိတ်မိသွားစေခဲ့သည်။

" စစ်လက်နက်တွေ..." လင်းယွမ်က အနည်းငယ် တက်ကြွလာသည်။

ဇီမန်နယ်မြေမှ စစ်လက်နက်များပေါ်ရှိ ဖရိုဖရဲလျို့ဝှက်သင်္ကေတများက ချင်းဖန်နယ်မြေမှ စစ်လက်နက်များနှင့် ကွာခြားနေသည်။ အကယ်၍ လင်းယွမ်က ထိုစစ်လက်နက်များကို ဖမ်းဆီးပြီး လေ့လာနိုင်လျှင် သူ့အတွက် များစွာ အကျိုးရှိပေလိမ့်မည်။

သူက မဖမ်းဆီးနိုင်လျှင်တောင် ရန်သူစစ်လက်နက်များကို ဖျက်ဆီးနိုင်လျှင် သူ့အတွက် အကျိုးအမြတ်များ ရရှိနိုင်သည်။ ယခုတစ်ကြိမ်တွင် ရှီစုန်ဘုရင်က မဟာအရှင်သခင်များကို အစွမ်းကုန်တိုက်ခိုက်စေရန် သူ၏ ရတနာတိုက်ကို ဖွင့်လှစ်ပေးထားခဲ့သည်။ ထိုအတွင်းရှိ ရတနာများကို စစ်မြေပြင်ရှိ စွမ်းဆောင်မှုမှတ်တမ်းများနှင့် လဲလှယ်နိုင်သည်။

All Chapters