မွေးရာပါနယ်ပယ် သိုင်းပညာရှင်အချင်းချင်း။ ဝိညာဉ်စွမ်းအင်ဝဲဂယက်။ (၂)
Vol. 26 Ch. 384
“ငါတို့တွေ… ဘေးဖယ်ထားကြရအောင်”
အဝေးမှ တာ့ဖုန်းသံမဏိမြင်းတပ်ဖြစ်စေ၊ အနက်ရောင်ဝံပုလွေ တပ်မတော်ဖြစ်စေ သူတို့ရဲ့ အရှိန်အဝါတွေက အချင်းချင်း ချိတ်ဆက်နေကြပြီး ဆည်းဆာလွင်ပြင်မှာ မွေးရာပါနယ်ပယ်သိုင်းပညာရှင်အဆင့် တိုက်ပွဲတစ်ခု ပေါက်ကွဲတော့မယ်ဆိုတာ သူတို့အားလုံး နားလည်သဘောပေါက်လာကြသည်။
“ဟုန်ကျန်းရှန့် မင်းက ငါ့မျှော်လင့်ချက်ထက်ကို ကျော်လွန်နေတာပဲ။ ဒီလိုလျှို့ဝှက်နည်းစနစ်ကိုတောင် ပိုင်ဆိုင်ထားတယ်” ချီးခါထူက မျက်လုံးတွေကို မှေးပြီး အန္တရာယ်ရှိတဲ့ အရိပ်အယောင်တို့ လက်ကနဲ ပေါ်လာ၏။ မူလက ဟုန်ကျန်းရှန့်ကို သတ်ဖို့ လွယ်ကူလိမ့်မယ်လို့ သူထင်ခဲ့ပေမယ့် မမျှော်လင့်ထားတာ ဖြစ်လာခဲ့သည်။
သို့ပေမယ့် အဆင်ပြေပါသည်။ စိန်ခေါ်မှုနည်းတဲ့ အလုပ်က ပျော်ဖို့မကောင်းပါ။ လေ့ကျင့်ခန်းလုပ်ဖို့လည်း အခွင့်အရေးကောင်းတစ်ခုဖြစ်သည်။
“မင်းရဲ့ လက်ရှိ အလွန်အကျွံ ပင်ပန်းနွမ်းနယ်နေတဲ့ အခြေအနေမှာ ငါ့ကို အနိုင်ယူနိုင်မယ်လို့ ထင်နေလား။ မင်းက မြင်းရထားကို ရပ်တန့်ဖို့ ကြိုးစားနေတဲ့ ရှိခိုးကောင်လိုပဲ။”
ချီးခါထူသည် သူ့ခန္ဓာကိုယ်ကို သွေးပူအောင်လုပ်ပြီး သူ၏ အရောင်အဝါ မြင့်တက်လာသည်နှင့်အမျှ အရိုးများ တကျွတ်ကျွတ် မြည်လာသည်။ သူ့နှုတ်ခမ်းတွင် အပြုံးတစ်ခု ကွေးညွတ်သွားလေ၏။ သူသည် မွေးရာပါနယ်ပယ် သိုင်းပညာရှင်တစ်ဦးဖြစ်ပြီး ကောင်းကင်ဘုံ၏ သွေးကြောတစ်ခုကိုသာ ဖွင့်နိုင်ခဲ့လျှင်ပင် လျှို့ဝှက်နည်းစနစ်တစ်ခုနှင့် မွေးရာပါနယ်ပယ်သို့ အတင်းဝင်ရောက်လာသူနှင့် အကွာကြီးပင်။
“မင်းကိုသတ်ဖို့တော့… လုံလောက်တယ်”
အသစ်တွေ့ရှိထားသော လွှမ်းမိုးနိုင်သော စွမ်းအားကို လိုက်လျောညီထွေဖြစ်အောင် စူးချန်ခုန်းက အသံနက်ကြီးဖြင့် ပြောလိုက်ပြီး အနည်းငယ်မျှပင် တွန့်ဆုတ်ခြင်းမရှိဘဲ ရှေ့သို့တစ်လှမ်း လှမ်းလိုက်သည်။
ဘုန်း
အနောက်မှာ အရိပ်တန်းတွေ ကျန်ရစ်ခဲ့ပြီး စူးချန်ခုန်း၏ ပုံရိပ်သည် အမြန်နှုန်းကြောင့် ပြိုကွဲသွားကာ လေပြင်းများကြောင့် နောက်ဆက်တွဲပုံရိပ်များက ဝိုးတာဝါးနှင့်။ သူဟာ လှောင်အိမ်ထဲမှ လွတ်မြောက်လာသော ကျားတစ်ကောင်အလား ရှေ့သို့ ခုန်အုပ်လာသည်။ သူ၏ မိစ္ဆာငိုကြွေးဓားက စိတ်လှုပ်ရှားစွာ အော်ဟစ်နေ၏။ လေညင်းတစ်ချက်က စူးချန်ခုန်း၏ ခုတ်ချက်ကို သယ်ဆောင်လာပြီး လေ၏စွမ်းအားသည် သူ၏ဓားစွမ်းအားနှင့် ပေါင်းစပ်လျက် ပြင်းထန်သော ဟာရီကိန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားကာ မိုးကြိုးပစ်သံကဲ့သို့ မြည်ဟီးနေလျက်။
“ဟမ်”
ဒီခုတ်ချက်ရဲ့ ထိတ်လန့်စရာကောင်းမှုက ချီးခါထူကို အလေးအနက်ထားတိုက်စေဖို့ လုံလောက်ပါသည်။ အော်သံနှင့်အတူ လူတစ်ယောက်၏ခါးထက်ကြီးသည့် ပုဆိန်ဟာ လေထဲကို ထိုးဖောက်ဝင်ရောက်ပြီး စူးချန်ခုန်းရဲ့ မိစ္ဆာငိုကြွေးဓားနဲ့ ရင်ဆိုင်ဖို့ ဒေါသတကြီး ခုတ်ချလိုက်လေတော့သည်။
“ချွမ်း”
ဓားနဲ့ ပုဆိန်ရဲ့ ထိပ်တိုက်တွေ့မှုဟာ စူးရှစွာ ပဲ့တင်ထပ်သွားပြီး နားကွဲမတတ် သတ္တုတိုက်မိသံဟာ ဆူညံလှတဲ့ သောင်းနဲ့ချီတဲ့ တိုက်ပွဲကွင်းပြင်အလယ်မှာတောင် မိုင်ဆယ်ဂဏန်းအထိ ပျံ့နှံ့သွားပြီး နားစည်တွေ နာကျင်စေပြီး သွားတွေ တဆတ်ဆတ်တုန်စေသည်။
“ဂျိမ်း ဒုန်း”
သူတို့ရဲ့ခြေထောက်အောက်က မြေကြီးဟာ အားနှင့်ပေါက်ကွဲထွက်လာပြီး လက်မောင်းတစ်ချောင်းစာ ကျယ်တဲ့ အက်ကွဲကြောင်းတွေ ကိုက်ဆယ်ကျော်အထိ ပြန့်သွားလေ၏။
“ဒီဟုန်ကျန်းရှန့်က… တကယ်ကို မွေးရာပါနယ်ပယ်ထဲကို ဝင်ခါစလူတစ်ယောက်ရဲ့ အဆင့်ပဲ”
သူ့လက်မောင်းကနေ ကြီးမားလှတဲ့ အင်အားတစ်ခုကို ခံစားလိုက်ရတဲ့အခါ ချီးခါထူဟာ စိုးရိမ်သွားလေ၏။ ‘ဟုန်ကျန်းရှန့်’ ဟာ လျှို့ဝှက်နည်းစနစ်တစ်ခုနဲ့ သဘာဝတရားရဲ့ ဝိညာဉ်စွမ်းအင်ကို သူ့ခန္ဓာကိုယ်ထဲသို့ အတင်းအကျပ် စုပ်ယူခဲ့ပြီး မွေးရာပါနယ်ပယ်အဆင့်ရှိတဲ့ တိုက်ခိုက်ရေးစွမ်းအားကို ထုတ်လွှတ်နေသည်။
ချီးခါထူသည် မွေးရာပါနယ်ပယ်၏ အစောပိုင်းအဆင့်များတွင်လည်း ကြာနက်ဂိုဏ်း၏ ဂိုဏ်းခွဲ၏ ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဂိုဏ်းအပေါ် သူ၏ မယိမ်းယိုင်သော သစ္စာရှိမှုအတွက် မွေးရာပါချီစွမ်းအင်ဖြင့် ဆုချီးမြှင့်ခံခဲ့ရသည်။
“တောင်ဖွင့်ပုဆိန် ၃၆ ခု။ သတ်ပစ်”
စူးချန်ခုန်းရဲ့ ထိုးနှက်ချက်ကို ခုခံဖို့ ဟုန်ကျန်းရှန့်ဟာ အော်ဟစ်ရင်းနှင့် ငါးပါးသော ဝိညာဉ်စွမ်းအင်တွေက သူ့ပတ်ပတ်လည်မှာ ပြင်းထန်စွာ ပျံ့နှံ့နေလျက် သူ့ရဲ့ ဧရာမပုဆိန်ကို ဝှေ့ယမ်းလိုက်သည်။ သူဟာ ရိုးရှင်းပုံရပေမယ့် စူးချန်ခုန်းရဲ့ အရှိန်အဝါကို ဖမ်းယူနိုင်တဲ့ ခုတ်ချက်ကို ခုတ်ချလိုက်သည်။ ထိုခုတ်ချက်ဟာ ဘယ်လောက်ပဲ ရှောင်တိမ်းဖို့ ကြိုးစားပါစေ လွတ်မြောက်ဖို့ မဖြစ်နိုင်ဘူးလို့ ထင်ရသည်။
အပေါ်သို့ ခုတ်ချက်။
စူးချန်ခုန်းက သူ့ရဲ့ ဓားစွမ်းအားကို စုစည်းလိုက်ပြီး မိစ္ဆာငိုကြွေးဓားဟာ အောက်ကနေ အပေါ်ကို မြင့်တက်သွားလေ၏။ ယခင်တိုက်ပွဲတွေမှာ သွေးတွေ အများကြီး စုပ်ယူခဲ့ပြီးနောက် ဓားဟာ စူးရှစွာ အော်ဟစ်လိုက်သည်။
“ချွမ်း”
ဓားနဲ့ ပုဆိန်တို့ တစ်ဖန် ပြန်လည် ထိပ်တိုက်တွေ့ပြီး မီးပွားတွေ လွင့်စင်သွားလေ၏။ စူးချန်ခုန်းရဲ့ ခြေထောက်အောက်မှာ ပြင်းထန်တဲ့ အားတစ်ခုဟာ အောက်ကို တွန်းပို့လိုက်ပြီး မြေပြင်ကို ရှည်လျားပြီး ကျယ်ပြန့်တဲ့ ချောက်ကြီးတစ်ခုအဖြစ် ပိုင်းခြားလိုက်သည်။
မွေးရာပါနယ်ပယ်သိုင်းပညာရှင်ရဲ့ ပေါ့ပေါ့ပါးပါး ခုတ်ချက်တွေတောင် ချီသွေးနယ်ပယ် အထွတ်အထိပ်မှာ ရှိနေတဲ့ သိုင်းပညာရှင်တွေထက် အများကြီး ပိုကြောက်စရာကောင်းပါသည်။
“ခုတ်”
ပုဆိန်တစ်ချက် ခုတ်လိုက်တိုင်း ဟုန်ကျန်းရှန့်ရဲ့ လက်မောင်းက သွေးကြောတွေ ဖောင်းကားလာ၏။ သူ့ရဲ့ တောင်ဖွင့်ပုဆိန် ၃၆ ချပ် ပုဆိန်နည်းစနစ်ဟာ နောက်ဆုံးတစ်ခေါက်ကထက် ပိုပို ရက်စက်လာပြီး ရန်သူကို မခုတ်မိခင်အထိ ရပ်တန့်မသွားခဲ့ပါ။
“ငါ သူ့ရဲ့ စည်းချက်ထဲကို ကျလို့ မဖြစ်ဘူး။”
စူးချန်ခုန်းဟာ သူ့ရဲ့ ကြွက်သားတွေနဲ့ သွေးကြောတွေမှာ ဝိညာဉ်စွမ်းအင်တွေ မြင့်တက်လာတာကို ကောင်းကောင်း သတိထားမိလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲမှ အလွန်တရာခိုင်မာလှသည့် မူလဓားချီစွမ်းအင်ဟာ တုန်ခါနေပြီး စူးချန်ခုန်းကိုင်ထားတဲ့ ဓားတစ်လျှောက်မှာ စုဝေးလာ၏။ သူဟာ အလျားလိုက်ခုတ်ပြီး ကျရောက်လာတဲ့ ဧရာမပုဆိန်ကို ပစ်မှတ်ထားလိုက်သည်။
ရွှီး
ဓားစွမ်းအားရဲ့တွန်းပို့မှုနဲ့ မူလဓားချီစွမ်းအင်ဟာ ပတ်ဝန်းကျင်က ဝိညာဉ်စွမ်းအင်နှင့်အတူ ခုတ်ချက်ထဲကို ပေါင်းစည်းသွားခဲ့ပြီး လေဟာနယ်ကွဲကြောင်းတစ်ခုကို ဖြိုခွင်းနိုင်တဲ့ ရပ်တန့်လို့မရတဲ့ အင်အားတစ်ခု ဖြစ်လာစေခဲ့သည်။
“ချလွမ်းးးး”
သူတို့ရဲ့ တတိယအကြိမ် ထိပ်တိုက်တွေ့မှုမှာ လက်ရည်ညီနေတဲ့အဆင့်ကနေ စူးချန်ခုန်းရဲ့ မူလဓားချီစွမ်းအင် ပေါင်းစပ်ထားတဲ့ အားအပြည့် တိုက်ခိုက်မှုဟာ ချီးခါထူရဲ့ ဒုတိယ ပုဆိန်နည်းစနစ်ကို ဖြိုခွင်းရာမှာ အကူအညီ ဖြစ်သွားခဲ့သည်။
“ဒုန်း ဒုန်း ဒုန်း”
ချီးခါထူဟာ ထုတ်လွှင့်တဲ့ အားကြောင့် နောက်ပြန်ဆုတ်သွားလေ၏။
"သူ့ကို အချိန်တိုအတွင်း အမြန်ဆုံးသတ်ဖို့ အစွမ်းကုန်သုံးရမယ်။"
ချီးခါထူကို တစ်ချက်တည်းနှင့် နောက်ပြန်တွန်းပို့လိုက်တဲ့အခါ စူးချန်ခုန်းဟာ သူက တိုက်ပွဲအရှည်ကြီးကို မတိုက်နိုင်ဘူးဆိုတာ သိလိုက်သည်။ ချီးခါထူကို အနိုင်ယူဖို့ သူ့မှာရှိတဲ့ နည်းလမ်းအားလုံးကို အသုံးပြုဖို့ လိုသည်။
ဧရာမဝေလငါးနည်းစနစ်။ ဧရာမဝေလငါးရှည် ရေရှူသွင်းခြင်း။
စူးချန်ခုန်းဟာ အသက်ကို ပြင်းပြင်းရှူပြီး သူ့ပတ်ဝန်းကျင်က ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူလိုက်သည်။ သူ့ခန္ဓာကိုယ်က အရွယ်အစားတစ်ခု ကြီးထွားလာတာနဲ့အမျှ သူ့ကြွက်သားတွေ အက်ကွဲသွားပြီး ကြယ်ပုံစံ ရွှေချပ်ဝတ်တန်ဆာနဲ့ ကြွက်သားတွေက အကြားမရှိဘဲ တင်းတင်းကျပ်ကျပ် တွယ်ကပ်နေသည်။
သူ့ရဲ့ မြင့်မားပြီး သန်မာလှတဲ့ ခန္ဓာကိုယ်ဟာ မိုးကြိုးနဲ့ လျှပ်စီးကြောင်းတွေနဲ့ ရစ်ပတ်ထားသလို ခံစားရသည်။
"ရွှမ်း"
ထိုအရာနှင့်ပင် မပြီးသေးဘဲ စူးချန်ခုန်းဟာ သူ့ရဲ့မိစ္ဆာငိုကြွေးဓားတစ်လျှောက် ဘယ်ဘက်လက်ဖဝါးနဲ့ ပွတ်လိုက်တဲ့အခါ သွေးတွေ ချက်ချင်းစီးကျလာခဲ့သည်။ ဓားဟာ သူ့သွေးကို လောဘတကြီး စုပ်ယူပြီး သူ့ရဲ့ နီညိုရောင်ပုံစံတွေအားလုံး သွေးနီရောင်အဖြစ် ပြောင်းလဲသွားလေ၏။
စူးချန်ခုန်းရဲ့သွေးတွေကို အများကြီးစုပ်ယူပြီးနောက် မိစ္ဆာငိုကြွေးဓားဟာ စူးချန်ခုန်းရဲ့လက်မောင်းတစ်ဝိုက်မှာ ချည်မျှင်လိုအမျှင်တွေ အများကြီးကို ဖြန့်ကျက်ပြီး သွေးချင်းဆက်နွယ်နေသည့် ခံစားချက်ကို ပေးစွမ်းကာ ၎င်းက ဝေဒနာခံစားနေရသော်လည်း နာကျင်မှုကင်းမဲ့ပြီး ပျော်ရွှင်နေသကဲ့သို့ပင်။