← Chapters

ကမ္ဘာ့ပြိုင်ဘက်ကင်း။ သက်တန့်ရောင်ခြည်မြား။ (၂)

Vol. 26 Ch. 387

ကမ္ဘာ့ပြိုင်ဘက်ကင်း။ သက်တန့်ရောင်ခြည်မြား။ (၂)

Vol. 26 Ch. 387

ဒါက မယုံနိုင်စရာကောင်းလောက်အောင် ကြောက်စရာတဲ့ မိစ္ဆာတစ်ကောင်ပင်။

မွေးရာပါနယ်ပယ်က ပညာရှင်တစ်ယောက်ဖြစ်တဲ့ သူဟာ မွေးရာပါနယ်ပယ်ထဲကို မဝင်ရောက်ရသေးတဲ့ ချီသွေးနယ်ပယ် စစ်သည်တစ်ယောက်ကို တိုက်ခိုက်တာဟာ ဘယ်လိုပဲဖြစ်ဖြစ် အနိုင်ရဖို့ သေချာပေမယ့် ရလဒ်အနေနဲ့ ရှုံးနိမ့်ပြီး ထွက်ပြေးရမယ်လို့ ချီးခါထူ ဘယ်တုန်းကမှ မထင်ထားခဲ့ရိုးအမှန်ပါ။

“နောက်ဆုံးမြား”

ဆယ့်နှစ်ခုမြောက် ကြယ်ပုံစံရွှေမြားကို လေးပေါ်မှာ တင်ပြီး လေးကြိုးကို ဆွဲလိုက်သည်။ နောက်ဆုံး ကြယ်ပုံစံ ရွှေမြားကို ပစ်လွှတ်လိုက်ရာ ၎င်းက မြေပြင်အထက် လျှပ်ပြေးသွားလေ၏။

“ရွှီး”

မြားဟာ သက်တံ့အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ပျံသန်းနေစဉ်မှာ သဘာဝတရားရဲ့ ဝိညာဉ်စွမ်းအင်ကို အဆက်မပြတ် စုပ်ယူလျက် မြေပြင်တစ်လျှောက် ပန်းကန်လုံးတစ်လုံးစာ ထူတဲ့ လမ်းကြောင်းတစ်ခုကို ခြစ်ယူလျက် မီတာငါးရာအကွာမှာ ရှိနေတဲ့ ချီးခါထူဆီကို ပစ်ခတ်လိုက်သည်။

ဒီမြားဟာ လူအများအပြားကို ဖြတ်ကျော်သွားပြီး အောက်ကလေတွေက သူတို့ကို ဖရိုဖရဲနှင့် လွင့်ထွက်သွားစေကာ ကြောက်ရွံ့နေသည့် ချီးခါထူရဲ့ ပုံရိပ်ထံ ချက်ချင်း နီးကပ်သွားလေ၏။

“မဖြစ်ဘူး”

သက်တံရောင်စဉ်တန်းဟာ ရှောင်လွှဲဖို့ မြန်လွန်းပြီး လက်ကျိုးနေတဲ့ ချီးခါထူဟာ ခုခံဖို့ အင်အားမရှိတော့။ ဆည်းဆာလွင်ပြင်တစ်လျှောက် ပဲ့တင်ထပ်သွားတဲ့ မလိုလားမှုနဲ့ ကြောက်ရွံ့မှုတို့၏ အော်သံကြီးကိုသာ ထုတ်လွှတ်နိုင်ခဲ့သည်။

“ဒုန်း”

မြားဟာ ချီးခါထူရဲ့ နောက်ကျောကို ထိမှန်သွားခဲ့ပြီး ပေါက်ကွဲမှုနဲ့အတူ သူ့ခန္ဓာကိုယ်ဟာ စက္ကူစလို စုတ်ပြဲလျက် ရင်ဘတ်ကနေ ကွဲထွက်ကာ ကိုယ်ထည်နဲ့ ဦးခေါင်းကို လွင့်စင်သွားစေခဲ့သည်။ မိုးသည်းထန်စွာ ရွာသွန်းသလို ပက်ဖျန်းလိုက်တဲ့ သွေးတွေနဲ့ ရောနှောလျက် မြေပြင်ပေါ်ကို ပြင်းပြင်းထန်ထန် ပြုတ်ကျသွားပြီး အစိမ်းရောင် မြက်ခင်းပြင်ကို သွေးနီရောင် သုတ်လိမ်းလိုက်သည်။

“ဖောက် ဖန်း”

စူးချန်ခုန်းဟာ ကြယ်ပုံစံရွှေလေးရှည်ကို လက်ထဲမှာ ကိုင်ထားရင်း သူ့ခေါင်းပေါ်က စိမ်းပြာရောင် လူသားပန်းက ကွဲအက်သွားလေ၏။ သူ့ရဲ့ လွှမ်းမိုးနေတဲ့ တည်ရှိမှုဟာ ဒီရေလို ပျောက်ကွယ်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ စုတ်ပြဲသံများနှင့်အတူ စူးချန်ခုန်းသည် ပြိုလဲတော့မည့်အလား ခံစားနေရသည်။ သူ့သွေးကြောများ မခံနိုင်တော့ဘဲ ကွဲကြေနေလေပြီ။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများသည် ကြောက်မက်ဖွယ်ဒဏ်ရာများဖြင့် ကွဲအက်နေပြီး သွေးများ ပန်းထွက်လာသည်။

စူးချန်ခုန်းသည် သံချပ်ကာအပြည့်အစုံဝတ်ဆင်ထားသော်လည်း အပေါက်များမှ သွေးများ စီးဆင်းနေဆဲဖြစ်ပြီး မြေပြင်ပေါ်သို့ တသွင်သွင်စီးကျနေသည်။

စူးချန်ခုန်း၏ အသိစိတ်မှာ မှုန်ဝါးနေသော်လည်း သူသည် သံမဏိသံချောင်းကဲ့သို့ ခိုင်မာစွာရပ်တည်နိုင်ခဲ့ပြီး လဲကျမသွားခဲ့။

“သတ်လိုက်ပြီ… သူ့ကိုသတ်လိုက်ပြီလား။”

“အခုက အခွင့်အရေးရပြီ ထင်တယ်။”

အနီးနားရှိ ဝံပုလွေနက်တပ်မတော်၏ စစ်သားများသည် တစ်ယောက်ပြီးတစ်ယောက် စိုးရိမ်စိတ်ဖြင့် တံတွေးမျိုချနေကြသည်။ သူတို့သည် ဝံပုလွေနက်မြို့မှ ဝံပုလွေရိုင်းမျိုးနွယ်စု၏ ထိပ်တန်းအဖွဲ့ဝင်များဖြစ်ကြသည်။ စူးချန်ခုန်း လုံးဝပင်ပန်းနွမ်းနယ်နေပုံရသော်လည်း သူထုတ်လွှတ်သော အရှိန်အဝါကြောင့် ချဉ်းကပ်ဖို့ မဝံ့မရဲ ဖြစ်နေသည်။

အင်မတန်ကြောက်စရာကောင်းလွန်းလှသည်။

မွေးရာပါနယ်ပယ် သိုင်းပညာရှင်တစ်ဦးသည် ဟုန်ကျန်းရှန့်ကိုသတ်ဖို့ လုပ်ဆောင်ခဲ့သော်လည်း အချိန်တိုအတွင်း ထိုမွေးရာပါနယ်ပယ် သိုင်းပညာရှင်သည် ရှုံးနိမ့်စွာ ထွက်ပြေးခဲ့ရပြီး နတ်ဘုရား၏ ပြစ်ဒဏ်ကဲ့သို့ ထင်ရသော မြားအနည်းငယ်ဖြင့် ပစ်သတ်ခံလိုက်ရသည်။ သွေးစအသားစတွေ လွင့်ထွက်သွားတာက ရင်ထိတ်စရာကောင်းလွန်းသည်။

“သတ် အားလုံးပြန်လာကြ”

“စစ်သူကြီးဟုန် ဒီမှာရှိနေတယ်”

လူတိုင်း တွန့်ဆုတ်နေကြစဉ် အဝေးမှ အော်ဟစ်သံများ ထွက်ပေါ်လာလေ၏။ ရွှေရောင်သံချပ်ကာဝတ်ဆင်ထားသော ကျင်းပုဟန် ဦးဆောင်သည့် သံမဏိမြင်းတပ်ဖွဲ့ကြီးသည် ရပ်တန့်၍မရသော အရှိန်အဟုန်ဖြင့် ရှေ့သို့တိုးဝှေ့လာပြီး အနီးအနားရှိ တုန်လှုပ်နေသော ဝုံလွေနက် တပ်မတော် စစ်သားများကို ပြန့်ကျဲစေကာ အရပ်မျက်နှာအားလုံးသို့ ထွက်ပြေးသွားစေသည်။

“စစ်သူကြီးဟုန်… အဆင်ပြေရဲ့လား။”

ကျင်းပုဟန်သည် စူးချန်ခုန်းထံသို့ အလျင်အမြန် သွားရောက်ပြီး မေးမြန်းခဲ့သော်လည်း စူးချန်ခုန်းသည် အလွန်အမင်း ပင်ပန်းနွမ်းနယ်မှုကြောင့် သတိလစ်သွားခဲ့ပြီဖြစ်သည်။

“လမ်းဖယ်ကြ”

ကျင်းပုဟန်တွင် အခြားဘယ်အရာအတွက်မျှ အချိန်မရှိတော့ပါ။ သူသည် စူးချန်ခုန်းကို ကျောပေါ်တွင် ထမ်းကာ ဆည်းဆာခံတပ်သို့ ပြန်သွားပြီး အခြားစစ်သားများက လမ်းရှင်းပေးခဲ့ကြသည်။

မွေးရာပါနယ်ပယ် သိုင်းပညာရှင် ချီးခါထူကို သတ်ရာတွင် စူးချန်ခုန်းသည် ကြီးမားသောတန်ဖိုးတစ်ခုကို ပေးဆပ်ခဲ့ရပြီး ဝိညာဉ်စွမ်းအင်ကို သူ့ခန္ဓာကိုယ်ထဲသို့ အတင်းအကျပ် စုပ်ယူခဲ့ရာ ဟုန်ကျန်းရှန့်ကဲ့သို့ပင် အသက်အန္တရာယ်ရှိသော ဒဏ်ရာများရရှိခဲ့သည်။

“ဆုတ်ခွာဖို့ အချက်ပေး။ ဆုတ်ခွာဖို့ အချက်ပေးလိုက်တော့။”

တစ်ချိန်တည်းမှာပင် ဝံပုလွေနက်တပ်မတော်၏ အနောက်ဘက်တွင် ခုနက တောက်ပသော မြားစက်ဝန်းကိုမြင်တွေ့ခဲ့ရပြီး ချီးခါထူသေဆုံးကြောင်း သတင်းကြားလိုက်ရသောအခါ ဝံပုလွေနက်မြို့စားသည် ဆုတ်ခွာဖို့ အမိန့်ပေးရန် တွန့်ဆုတ်မနေတော့ပေ။

ယနေ့ဖြစ်ရပ်များသည် မျှော်လင့်ထားတာတက် အားလုံး ကျော်လွန်သွားခဲ့လေပြီ။ ဝံပုလွေနက်မြို့စားသည် ချီးခါထူ၏ စကားကို လိုက်နာကာ အနိုင်ရဖို့မျှော်လင့်ချက်ဖြင့် နောက်ဆုံးတိုက်ပွဲကို တိုက်ခဲ့သည်။ သူတို့ရှုံးနိမ့်ပါက ဤသွေးချောင်းစီးတိုက်ပွဲကို အဆုံးသတ်ရန် လက်ခံကြရမည်သာ။

သို့သော် မမျှော်လင့်ဘဲ မွေးရာပါနယ်ပယ် သိုင်းပညာရှင် ချီးခါထူသည် နှစ်ဖက်စလုံး၏ စည်းမျဉ်းများကို ချိုးဖောက်ကာ ဟုန်ကျန်းရှန့်ကို လူတိုင်းရှေ့တွင် သတ်ရန် ကြိုးစားခဲ့သည်။

သို့သော် ရလဒ်မှာ မမျှော်လင့်ထားတာထက် ကျော်လွန်သွားခဲ့သည်။ 'ဟုန်ကျန်းရှန့်' သည် ပြိုင်ဘက်ကင်း ကမ္ဘာစစ်နတ်ဘုရားတစ်ပါးကဲ့သို့ ချီးခါထူကို ဆန့်ကျင်တိုက်ခိုက်ခဲ့ပြီး ချက်ချင်းသတ်ပစ်ခဲ့သည်။

ဒီအခြေအနေမျိုးမှာ တိုက်ပွဲကို ဆက်တိုက်ဖို့ မလိုတော့ပါ။

“သတ်”

ခရာမှုတ်သံများကြားတွင် ဝံပုလွေနက်တပ်မတော်က လုံးဝဆုတ်ခွာသွားခဲ့ရတော့သည်။ ထုံးစံအတိုင်း တာ့ဖုန်းသံမဏိမြင်းတပ်သည် အလွယ်တကူ အလွှတ်မပေးလိုဘဲ အပြင်းအထန် လိုက်လံတိုက်ခိုက်ခဲ့သည်။ ဒါက မုချမသွေ မဟာအောင်ပွဲတစ်ခုဖြစ်သည်။

သို့သော် စူးချန်ခုန်းကတော့ ဘယ်အရာကိုမှ အာရုံမစိုက်နိုင်တော့ပါ။

ဆည်းဆာတပ်တွင် ကျင်းပုဟန်သည် စူးချန်ခုန်းနှင့်အတူ ပြန်လာခဲ့သည်။ ဖေယန်က “သမားတော် ဘယ်မှာလဲ။ မြန်မြန်လာခဲ့” ဟု အော်ဟစ်နေပြီဖြစ်သည်။

လူတိုင်းက ပွက်ပွက်ညံနေလျက် စူးချန်ခုန်းကို တိတ်ဆိတ်သောအခန်းတစ်ခုထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ စစ်ဘက်ဆိုင်ရာ သမားတော်များသည် စူးချန်ခုန်း၏ အခြေအနေကို အရေးတကြီး စစ်ဆေးခဲ့ကြသည်။

သံချပ်ကာကို ချွတ်လိုက်တဲ့အချိန်မှာ လူတိုင်း တုန်လှုပ်သွားကြသည်။ သံချပ်ကာရဲ့ အတွင်းပိုင်းဟာ သွေးနီရောင် စွန်းထင်းနေပြီး သွေးတွေ အများကြီး စီးကျနေတာကြောင့် မြေပြင်ဟာ သွေးချင်းနီသွားလေ၏။

“ဒီလို ဒဏ်ရာတွေနဲ့… သူ တကယ် အသက်ရှင်နိုင်ပါ့မလား။” ဒဏ်ရာအမျိုးမျိုးကို မြင်တွေ့နေကျ သမားတော်တွေတောင် တုန်လှုပ်သွားကြသည်။

ဒီလို ဒဏ်ရာတွေက သာမန်လူတစ်ယောက်အတွက် သေဖို့ သေချာပေမယ့် ဟုန်ကျန်းရှန့်လို ခိုင်မာတဲ့ အခြေခံနဲ့ အသက်ဓာတ်ရှိတဲ့ စူးချန်ခုန်းတို့သာ နောက်ဆုံး ထွက်သက်ကို ကုပ်တွယ်ထားနိုင်သည်။

သမားတော်တစ်စုက စူးချန်ခုန်းရဲ့ ဒဏ်ရာတွေက သွေးတွေကို သန့်စင်ကာ ဆေးလိမ်းပြီး ပတ်တီးစည်းပေးလျက် ကမန်းကတန်း ကုသပေးခဲ့ကြသည်။

“စစ်သူကြီးဟုန်ရဲ့ သိုင်းပညာက နက်ရှိုင်းလွန်းတော့ သူ့အသက်အတွက် စိုးရိမ်စရာ မလိုပါဘူး… ဒါပေမယ့် နောက်ပိုင်းမှာ… သူ မသန်မစွမ်း ဖြစ်သွားမှာ စိုးရတယ်…”

အုတ်အုတ်ကျက်ကျက်ဆူညံသံတွေ အပြီးမှာ အသက်ကြီးကြီးနဲ့ သမားတော်တစ်ယောက်က သူ့နဖူးက ချွေးတွေကို သုတ်ပြီး တွန့်ဆုတ်တွန့်ဆုတ်နဲ့ ပြောလိုက်သည်။

“ဒါ… ဟမ်း…”

ဒီစကားကို ကြားတော့ ဖေယန်က ကြိုတင်ခန့်မှန်းထားပေမယ့် ဝမ်းနည်းသွားပြီး နောက်ဆုံးတော့ သက်ပြင်းရှည်ကြီးကိုသာ ချလိုက်တော့သည်။

All Chapters