← Chapters

မထင်မှတ်ထားသော အခြေအနေ

Vol. 62 Ch. 908

မထင်မှတ်ထားသော အခြေအနေ

Vol. 62 Ch. 908

ယီထျန်းယွမ်၏ ဖျန်ဖြေပေးမှုကြောင့် ၎င်းတို့နှစ်ဦးမှာ နောက်ဆုံးတွင် ရန်မဖြစ်တော့ချေ။ အထူးသဖြင့် သူပြောသော စကားမှာ အလွန်ကျိုးကြောင်းဆီလျော်လှသည်။ အဖြူရောင်မူလမီးလျှံကို စုပ်ယူပြီးကာစတွင် ဆန့်ကျင်ဘက်မီးလျှံကို ထပ်မံစုပ်ယူပါက အခက်အခဲမှာ အနည်းငယ် ပိုများသွားမည်မှာ အမှန်ပင်။

တစ်နည်းအားဖြင့် ပြောရလျှင် အကယ်၍ ဝါးမျိုယင်မီးလျှံကို အရင်စုပ်ယူခဲ့ပါက အဖြူရောင်မူလမီးလျှံမှာလည်း ကျရှုံးသွားနိုင်ပေသည်။

ဤတွင် ၎င်းတို့နှစ်ဦးမှာ နှာခေါင်းရှုံ့လိုက်ကြပြီး ဆက်လက်ငြင်းခုံခြင်း မပြုတော့ချေ။

“ဒါဆိုရင် အဖြူရောင်မူလမီးလျှံကို အရင်ဆုံး ကောင်းကောင်းထိန်းချုပ်နိုင်အောင် လုပ်ပြီးမှ ငါ့ရဲ့ ဝါးမျိုယင်မီးလျှံကို စုပ်ယူဖို့ ထပ်ကြိုးစားကြည့်မလား...”

အကြီးအကဲ မင်ယွဲ့ချင်က မေးလိုက်သည်။

“အဲဒီလောက်လဲ မလိုပါဘူး... အခုပဲ နောက်တစ်ကြိမ် ထပ်စမ်းကြည့်လို့ ရပါတယ်... အခုတစ်ခါ ထပ်ပြီး ကျရှုံးခဲ့ရင်တော့ ခဏလောက် နားလိုက်ပါ့မယ်...”

ယီထျန်းယွမ်က ပြုံးလျက် ပြောလိုက်သည်။

ဤတစ်ကြိမ်တွင်မူ သူ သေချာပေါက် ကျရှုံးမည် မဟုတ်ချေ။ အနည်းငယ် ကျရှုံးပြလိုက်ရုံဖြင့် လုံလောက်ပြီ မဟုတ်ပါလား။

“ကောင်းပြီလေ...”

အကြီးအကဲ မင်ယွဲ့ချင်သည် မူလမီးလျှံကို ထပ်မံ၍ လွှဲပြောင်းပေးလိုက်သည်။ ယီထျန်းယွမ်သည် ဤတစ်ကြိမ်တွင်မူ စုပ်ယူပြီးသည်နှင့် မိမိ၏ စွမ်းရည်မီးလျှံအဖြစ် ချက်ချင်း ပြောင်းလဲလိုက်သည်။

မကြာမီမှာပင် နားထဲ၌ သာယာသော အချက်ပေးသံ ထွက်ပေါ်လာသည်။

- ‘ဝါးမျိုယင်မီးလျှံ’ ကို အောင်မြင်စွာ စုပ်ယူပြီးစီးသည်။

ချက်ချင်းပင် ယီထျန်းယွမ်သည် လက်ကို ဖြန့်လိုက်သည်။

“ဝုန်း...”

ဝါးမျိုယင်မီးလျှံသည် ၎င်းတို့၏ မျက်စိရှေ့တွင် ပေါ်လာသည်။ တစ်ဦးချင်းစီမှာ မှင်တက်မိသွားကြသည်။ တကယ်ပင် အောင်မြင်သွားခဲ့ချေပြီ။

တစ်ကြိမ် ကျရှုံးခဲ့သော်လည်း ၎င်းတို့အတွက်မူ ဤသည်မှာ ပြဿနာ မဟုတ်ချေ။ ထိုနည်းတူ အလွန်အံ့ဩဖွယ်ကောင်းသော တည်ရှိမှု ဖြစ်သည်။ အခြားသူများမှာ အကြိမ်ပေါင်းများစွာ ကြိုးစားသော်လည်း ကျရှုံးမှုဖြင့်သာ အဆုံးသတ်ခဲ့ရသည်ကို သိထားကြသောကြောင့် ဖြစ်သည်။

ယီထျန်းယွမ်သည် ဒုတိယအကြိမ်၌ပင် အောင်မြင်သွားခြင်းမှာ နတ်ဆိုးများထဲမှ နတ်ဆိုးပါရမီရှင်ပင် ဖြစ်သည်။ အကယ်၍ ဆယ်ကြိမ်မြောက်မှ အောင်မြင်ခဲ့လျှင်ပင် ပါရမီရှင်များထဲမှ ပါရမီရှင်ဟု သတ်မှတ်ခံရအုံးမည် ဖြစ်သည်။

အောင်မြင်သရွေ့ အဆင့်မြင့် ပါရမီရှင်ပင် ဖြစ်သည်။

ယီထျန်းယွမ်သည် ဤအမှန်တရားကို သေချာပေါက် သိရှိသည်။ သူသည် မိမိကိုယ်ကိုယ် အရာရာကို တစ်ကြိမ်တည်းနှင့် အောင်မြင်နေသူ မဟုတ်ကြောင်း၊ ထိုမျှအထိ ထူးဆန်းသော အဆင့်မျိုး မဟုတ်ကြောင်း ၎င်းတို့အား သိစေလိုခြင်းသာ ဖြစ်သည်။

မိမိ၏ စွမ်းရည်ကို ထုတ်ဖော်ပြသရမည်မှာ အမှန်ပင်။ သို့မှသာ မိမိအတွက် ပိုမိုများပြားသော အရင်းအမြစ်များကို ရယူပေးနိုင်မည် မဟုတ်ပါလား။

“အောင်... အောင်မြင်သွားပြီ... ကြောက်စရာကောင်းလိုက်တာ... မီးလျှံ နှစ်မျိုးလုံးကို ချက်ချင်း ကျွမ်းကျင်သွားတာပဲ...”

၎င်းတို့မှာ အံ့ဩခြင်းရော၊ စိတ်လှုပ်ရှားခြင်းပါ ရောပြွမ်းနေပြီး ဘာပြောရမှန်းပင် မသိတော့ချေ။

“မင်း... မင်း မီးလျှံ နှစ်မျိုးလုံးကို တစ်ပြိုင်နက် ထုတ်ဖော်နိုင်မလားဆိုတာ စမ်းကြည့်ပါဦး...”

အကြီးအကဲ ယုံဆန်းမှာ သူကိုယ်တိုင်ပင် စကားများ ထစ်နေပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။ သူ၏ တစ်သက်တာတွင် ဤမျှအထိ တုန်လှုပ်ခဲ့ရခြင်းမျိုး မရှိခဲ့ဖူးချေ။

“ပြဿနာ မရှိပါဘူး...”

ယီထျန်းယွမ်သည် ၎င်းတို့၏ ပြောကြားချက်အတိုင်း လက်နှစ်ဖက်ကို ဖြန့်၍ မီးလျှံ နှစ်မျိုးလုံးကို တစ်ပြိုင်နက် ထုတ်ဖော်လိုက်သည်။ မကြာမီ မျက်စိရှေ့တွင် အဖြူရောင်မူလမီးလျှံနှင့် ဝါးမျိုယင်မီးလျှံဟူသော မီးတောက် နှစ်ခု ပေါ်လာပြီး တစ်ပြိုင်နက် ထုတ်ဖော်နိုင်ခဲ့သည်။

သူ့အတွက်မူ ဤသည်မှာ အနည်းငယ်မျှပင် မခက်ခဲချေ။ ဖြစ်နိုင်လျှင် မီးလျှံ လေးမျိုးလုံးကိုပင် ထုတ်ပြနိုင်သည်။ သို့သော် လူများကို အလွန်အမင်း ကြောက်လန့်မသွားစေလိုသဖြင့် သူ ထပ်မံ ထုတ်မပြခဲ့ခြင်း ဖြစ်သည်။

“တကယ်ပဲ လုပ်နိုင်ခဲ့တာပဲ... မင်းဟာ သမိုင်းတစ်လျှောက်မှာ ဆန့်ကျင်ဘက် အစွန်းရောက် မီးလျှံ နှစ်မျိုးလုံးကို ကျွမ်းကျင်တဲ့ ပထမဆုံးလူပဲ... ဒီကိစ္စကို နယ်မြေသခင်ဆီကို သေချာပေါက် တင်ပြရမယ်...”

အကြီးအကဲ ယုံဆန်းနှင့် အကြီးအကဲ မင်ယွဲ့ချင်တို့မှာ အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။ ဤသည်မှာ သေချာပေါက် ပျိုးထောင်သင့်သော အဆင့်မြင့်ပါရမီရှင် ဖြစ်ရာ ၎င်းတို့အနေဖြင့် မည်သို့လျှင် မတင်ပြဘဲ နေနိုင်မည်နည်း။

“မှန်တယ်... ဒါကို သေချာပေါက် တင်ပြရမယ်... နယ်မြေသခင် သိသွားရင် သိပ်ကိုဝမ်းသာမှာ သေချာတယ်... ငါတို့ ထျန်ယုနတ်ဘုရားနယ်မြေမှာ နောက်ဆုံးတော့ ထူးချွန်တဲ့ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာပြီပဲ... ဒီတစ်ခါ နတ်ဘုရားနယ်မြေ နန်းတက်ပွဲ တိုက်ပွဲမှာ သေချာပေါက် ရှေ့ဆုံး ဆယ်ဦးထဲကို ဝင်နိုင်မှာပဲ...”

အကြီးအကဲ မင်ယွဲ့ချင်က ဝမ်းသာအားရ ပြောလိုက်သည်။

၎င်းတို့ နှစ်ဦးမှာ အောင်မြင်မှု၏ မျှော်လင့်ချက်ကို မြင်တွေ့နေရသည့်အလား အချင်းချင်း အလွန် စိတ်လှုပ်ရှားနေကြသည်။

“နတ်ဘုရားနယ်မြေ နန်းတက်ပွဲ တိုက်ပွဲလား...”

ယီထျန်းယွမ်သည် ဘေးနားမှနေ၍ မျက်လုံးများကို မှေးစက်ကာ တစ်စုံတစ်ရာသော သတင်းအချက်အလက်ကို ရရှိရန် ကြိုးစားလိုက်သည်။

“မှန်တယ်... နတ်ဘုရားနယ်မြေ နန်းတက်ပွဲ တိုက်ပွဲပဲ...”

အကြီးအကဲ မင်ယွဲ့ချင်က သူ့ကို ကြည့်၍ ပြုံးလျက် ပြောလိုက်သည်။

“မင်း ခုမှ ဝင်လာတာဆိုတော့ သိပ်မသိသေးဘူး... ငါတို့ ဗဟိုခန်းမက ထျန်ယုနတ်ဘုရားနယ်မြေရဲ့ ဂုဏ်သိက္ခာ တိုက်ပွဲကို တာဝန်ယူထားရတာ... အရာအားလုံးက ငါတို့အပေါ်မှာပဲ မူတည်တယ်... ဒါကို နောက်မှ မင်းကို အသေးစိတ် ထပ်ရှင်းပြမယ်... ဘာလို့ဆို အချိန်က အများကြီး လိုသေးလို့ပဲ... အခုတော့ သမီးလေး အလှည့်ပဲ... သမီး ဘေးနားကနေ ကြည့်နေတာ ကြာပြီဆိုတော့ ဘယ်မီးလျှံအပေါ်မှာ ခံစားချက် ရှိလဲ...”

၎င်းတို့သည် ကူးယွမ်ကို အခွင့်အရေး ပေးရန် မမေ့ခဲ့ကြချေ။ အထူးသဖြင့် ယခုအခါ ၎င်းတို့၏ စိတ်အခြေအနေမှာ အလွန် ကောင်းမွန်နေသဖြင့် ဘေးနားမှ တစ်စုံတစ်ဦးက မြှောက်ပင့် ပြောဆိုလျှင်ပင် ဆုလာဘ်များ ပေးမိပေလိမ့်မည်။

“ကျွန်မ ဝါးမျိုယင်မီးလျှံကို စုပ်ယူချင်ပါတယ်... အဓိကကတော့ ကျွန်မရဲ့ သွေးရိုးဗီဇက အေးစက်တဲ့ ဂုဏ်သတ္တိ ရှိတဲ့ ရေခဲနဂါး သွေးရိုးဗီဇမို့လို့ပါ... ဝါးမျိုယင်မီးလျှံက ကျွန်မအတွက် ပိုပြီး သင့်တော်ပါတယ်...”

ကူးယွမ်က သူမ၏ ရွေးချယ်မှု အကြောင်းရင်းကို တိကျရှင်းလင်းစွာ ပြောလိုက်သည်။

“ရေခဲနဂါး သွေးရိုးဗီဇလား... ဒါဆိုရင် ငါ့ရဲ့ မီးလျှံကို ရွေးချယ်တာက အကောင်းဆုံးပဲ...”

အကြီးအကဲ မင်ယွဲ့ချင်က သူမကို ကြည့်၍ ပြုံးလျက် ပြောလိုက်သည်။

“ငါ သမီးကို အခွင့်အရေး နှစ်ကြိမ် ပေးမယ်... ဒါကြောင့် အရမ်း မစိုးရိမ်နဲ့...”

“အကြီးအကဲမင်... ဒါက အဆင်ပြေပါ့မလား... ကျွန်မကို နှစ်ကြိမ်တောင် အခွင့်အရေး ပေးရင် လူကြီးမင်းရဲ့ ခန္ဓာကိုယ်ကို ထိခိုက်သွားပါလိမ့်မယ်...”

ကူးယွမ်က အလျင်အမြန် ပြောလိုက်သည်။

“ဘာမှ မဖြစ်ပါဘူး... ဒီနေ့ ငါ အရမ်း ဝမ်းသာနေတာ... ပြီးတော့ အလွန်ဆုံး ပြန်လည် နာလန်ထူဖို့ အချိန် နည်းနည်း ပိုယူရုံပါပဲ... ပြဿနာ မဟုတ်ပါဘူး...”

အကြီးအကဲ မင်ယွဲ့ချင်က ပြုံးလျက် ပြောသည်။ ဤသည်မှာ အမှန်တကယ်တွင် ယီထျန်းယွမ်အား မျက်နှာသာ ပေးလိုက်ခြင်း ဖြစ်သည်။

၎င်းတို့ အားလုံးမှာ ကူးယွမ်ကို ယီထျန်းယွမ်၏ အမျိုးသမီးဟု ထင်မှတ်နေကြသည်။ မိမိ၏ တပည့် ပို၍ စိတ်အေးရစေရန်အတွက် သေချာပေါက် အပိုဆောင်း ပေးလိုက်ခြင်း ဖြစ်သည်။

“ဆရာမင် ပြောတဲ့အတိုင်းပဲ လုပ်လိုက်ပါ...”

ယီထျန်းယွမ်က သူမအား မငြင်းဆန်ရန် အချက်ပြလိုက်သည်။ အကြီးအကဲ မင်ယွဲ့ချင်မှာ အရူး မဟုတ်သဖြင့် အတိုင်းအတာကို သိရှိပေလိမ့်မည်။

ကူးယွမ်က ခေါင်းညိတ်လိုက်သည်။ သူမသည် ယီထျန်းယွမ်၏ ကျေးဇူးကြောင့် ဤအခွင့်အရေး ရရှိခြင်း ဖြစ်ကြောင်း သိရှိသည်။

ချက်ချင်းပင် သူမသည် စတင် လက်ခံလိုက်ပြီး ဝါးမျိုယင်မီးလျှံကို စုပ်ယူရန် ကြိုးစားလိုက်သည်။ ဝါးမျိုယင်မီးလျှံသည် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူပြီးသည်နှင့် သူမ၏ ခန္ဓာကိုယ်မှ ပြာလွင်သော အလင်းတန်းလေးများ ချက်ချင်း ထွက်ပေါ်လာပြီး ကိုယ်တွင်းရှိ သွေးရိုးဗီဇများမှာ လင်းလက်လာကာ လက်မောင်း မျက်နှာပြင်တွင် ထို ပြာလွင်သော အလင်းများ ပေါ်လာသည်မှာ တစ်စုံတစ်ရာသော စွမ်းအားကို လှုံ့ဆော်လိုက်သည့်အလား ဖြစ်သည်။

“ဝုန်း...”

ကူးယွမ်သည် မျက်လုံးများကို မှိတ်လျက် လေထဲသို့ ပျံတက်သွားပြီး ကိုယ်တွင်းရှိ မူလမီးလျှံမှာ တစ်ကိုယ်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ လှုပ်ရှားမှုမှာ ယီထျန်းယွမ်ထက် အများကြီး ပို၍ ကြီးမားလှသည်။

“ဒါက ရေခဲနဂါး သွေးရိုးဗီဇတင် ဘယ်ကမလဲ... ဒါက လုံးဝကို ရေခဲနတ်ဘုရား ခန္ဓာကိုယ်ပဲ...”

အကြီးအကဲ မင်ယွဲ့ချင်က အံ့ဩတကြီး ပြောလိုက်သည်။

“ရေခဲနတ်ဘုရား ခန္ဓာကိုယ်လား...”

ယီထျန်းယွမ်၏ မျက်လုံးများမှာ လင်းလက်သွားသည်။ ဤ ရင်းနှီးလှသော ခန္ဓာကိုယ် အမျိုးအစားမှာ ရှီရွှေယွမ်၏ ခန္ဓာကိုယ် အမျိုးအစား မဟုတ်ပါလား။

ခဏအကြာတွင် ထို ဝါးမျိုယင်မီးလျှံကို သူမ အခိုင်အမာ ထိန်းချုပ်နိုင်ခဲ့သည်။ လက်ကို ဖြန့်လိုက်ရာ ဝါးမျိုယင်မီးလျှံသည် တောက်လောင်လာပြီး အေးစက်လှသော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ ဤသည်မှာ ၎င်းတို့အားလုံးကို မှင်တက်မိသွားစေသည်။ ယီထျန်းယွမ် တစ်ကြိမ်တည်းနှင့် အောင်မြင်သွားသည်ကို မဆိုထားနှင့် ယနေ့တွင် နောက်ထပ် လူတစ်ဦး ထပ်မံ ပေါ်လာပြီး မိစ္ဆာမီးလျှံကို တစ်ကြိမ်တည်းနှင့် အောင်မြင်စွာ စုပ်ယူနိုင်ခဲ့ပြန်သည်။

“ငါတို့ နှစ်ယောက် ဒီနေ့ ကံထူးတာပါလား... မိစ္ဆာမီးလျှံကို ပိုင်ဆိုင်တဲ့သူ နှစ်ယောက်တောင်... ထျန်ယုနတ်ဘုရားနယ်မြေတော့ တိုးတက်တော့မှာပဲ...”

၎င်းတို့ နှစ်ဦးမှာ မျက်နှာများ နီရဲနေကြပြီး ရှုပ်ပွနေသော ဆံပင်များအောက်မှ မျက်နှာများမှာ ဝမ်းသာအားရ ဖြစ်နေကြသည်။

၎င်းတို့မှာ အလွန် စိတ်လှုပ်ရှားနေကြပြီး တစ်ခါမျှ ဤမျှအထိ မဖြစ်ခဲ့ဖူးချေ။

“ကျွန်မက ရေခဲနတ်ဘုရား ခန္ဓာကိုယ်လား...”

ကူးယွမ်မှာ မှင်တက်မိသွားသည်။ သူမ ကိုယ်တိုင်ပင် ဤမျှအထိ ရှင်းရှင်းလင်းလင်း မသိခဲ့ချေ။ အထူးသဖြင့် ဤ မီးလျှံကို သူမ ထုတ်ဖော်နိုင်သည့်အခါ ရင်ထဲတွင် အလွန် ဝမ်းသာသွားခဲ့သည်။

ဤသည်မှာ မိမိကိုယ်ကိုယ် အောင်မြင်စွာ သက်သေပြလိုက်ခြင်း ဖြစ်သည်ဟု သူမ ခံစားရသည်။

“ဂုဏ်ယူပါတယ်...”

ယီထျန်းယွမ်က သူမကို ကြည့်၍ ပြုံးလျက် ပြောလိုက်သည်။

“ကျေး... ကျေးဇူးအများကြီး တင်ပါတယ်...”

သူမ၏ မျက်ဝန်းအိမ်တွင် မျက်ရည်များ ဝဲလာပြီး ချက်ချင်းပင် ငိုချလိုက်တော့သည်။ အရာအားလုံးမှာ မည်သို့ပင် ဖြစ်စေ ဝမ်းသာလွန်း၍ ငိုခြင်းပင် ဖြစ်သည်။

“ဒါက...”

ယီထျန်းယွမ်သည် အနည်းငယ် အနေရခက်သွားပြီး မည်သို့ နှစ်သိမ့်ရမည်ကို မသိတော့ချေ။

“ဟေ့... မင်းက ကိုယ့်အမျိုးသမီးကိုတောင် မနှစ်သိမ့်ဘူးလား... ဒီမှာ ဘာရပ်လုပ်နေတာလဲ...”

အကြီးအကဲ မင်ယွဲ့ချင်က သူ၏ ပခုံးကို ပုတ်ကာ အချက်ပြလိုက်သည်။

“ဒါ... ဆရာ... ဆရာတို့ တစ်ခုခု မှားနေပြီ ထင်တယ်... သူမနဲ့ ကျွန်တော်က လမ်းတစ်လျှောက် အဖော်တွေပါ... ကျွန်တော့် အမျိုးသမီး မဟုတ်ပါဘူး...”

ယီထျန်းယွမ်က သက်ပြင်းချရင်း ပြောလိုက်သည်။

“ဘာ...”

၎င်းတို့ နှစ်ဦးမှာ မှင်တက်မိသွားကြသည်။ ၎င်းတို့ အထင်မှားခဲ့ခြင်းကိုး။

ယီထျန်းယွမ်သည် ဘာမှ မတတ်နိုင်ဘဲ ပခုံးတွန့်ပြလိုက်သည်။ ယခုမှသာ သူ ပြန်လည် ရှင်းပြလိုက်ရသည်။ ယခင်က သူ ရှင်းပြရန် ပျင်းနေခဲ့သော်လည်း ယခုတော့ ရှင်းပြမှ ဖြစ်တော့မည် မဟုတ်ပါလား။

အခန်း (၉၀၈) ပြီးပါပြီ။

All Chapters