← Chapters

လေဆိပ်မှ ဆီးကြို ကြိုဆိုခြင်း

Vol. 16 Ch. 158

လေဆိပ်မှ ဆီးကြို ကြိုဆိုခြင်း

Vol. 16 Ch. 158

မေဘယ်လ်ထရီး အွန်လိုင်းမဂ္ဂဇင်း၏ တတိယမြောက် စာစောင်သည် အချိန်မှန် ထွက်ရှိလာခဲ့ပြီး မင်းသားလေးနှင့် ဒိုရာဘီဒရင်၏ ပုံပြင်တိုများစုစည်းမှု စာအုပ်များမှာလည်း သတ်မှတ်ထားသည့်အတိုင်း ထွက်ရှိခဲ့ပြီဖြစ်သည်။ လမုန့်ပွဲတော်သည်လည်း အလွန်ပင် နီးကပ်လာခဲ့ပြီ ဖြစ်သည်။

ကျန်းဆူရှင်းက သူမ၏ မိဘများအတွက် ဝယ်ယူပေးထားသော လေယာဉ်လက်မှတ်မှာ ယနေ့ပင်ဖြစ်သည်။

ထိုနေ့တွင် လုအန်းကျီသည် ကားမောင်းကာ ကျန်းဆူရှင်းနှင့် ချန်းချန်းတို့ကို ခေါ်ဆောင်၍ လေဆိပ်သို့ ဦးတည်ထွက်ခွာခဲ့သည်။ လမ်းခရီး တစ်လျှောက်တွင် လုအန်းကျီသည် အနည်းငယ် ရင်ခုန် စိတ်လှုပ်ရှားနေသကဲ့သို့ ကျန်းဆူရှင်းသည်လည်း စိုးရိမ်ပူပန်နေသော အရိပ်အယောင်များ သူမ၏ မျက်လုံးများတွင် ပေါ်လွင်နေသည်။

“မင်းမိဘတွေကိုတွေ့ရင် ကိုယ်ဘယ်လိုခေါ်ရမလဲ မေမေနဲ့ဖေဖေလို့ပဲ တိုက်ရိုက်ခေါ်လိုက်ရင် အဆင်ပြေမလား”

ဟု လေဆိပ်သို့ နီးကပ်လာသောအခါ လုအန်းကျီက မေးမြန်းလိုက်သည်။

ကျန်းဆူရှင်းက နှုတ်ခမ်းကိုဖိထားပြီး ခဏမျှ စဉ်းစားကာ

“ကျွန်မလည်း မသိဘူး၊ အမှန်တကယ်တော့ အဲ့လိုခေါ်သင့်တယ်လို့ ထင်ပေမဲ့ သူတို့က ချက်ချင်းကြီး လက်မခံနိုင်မှာကိုလည်း စိုးရိမ်မိတယ်”

ဟု ပြန်ဖြေသည်။

သူတို့သည် မူလက လုအန်းကျီနှင့် ချန်းချန်းတို့ကို အိမ်တွင်ထားခဲ့ပြီးမှ ကျန်းဆူရှင်း တစ်ဦးတည်း သွားကြိုကာ အခြေအနေ အရပ်ရပ်ကို ရှင်းပြရန် စဉ်းစားခဲ့ကြသေးသည်။ သို့သော် ထိုသို့ပြုလုပ်ခြင်းက လုအန်းကျီကို တာဝန်မယူလိုဘဲ ကျန်းဆူရှင်း၏ နောက်ကွယ်တွင် ပုန်းနေသကဲ့သို့ ဖြစ်စေနိုင်သဖြင့် လူကြီးများက ပို၍ မနှစ်သက်မည်ကို စိုးရိမ်ကြသည်။ မိဘများအနေဖြင့် မိမိ၏သမီးကို အားကိုးမရသော လက်တွဲဖော်နှင့် မတွေ့စေချင်ကြသည်မှာ ဓမ္မတာပင် ဖြစ်သည်။

ထို့ကြောင့် လုအန်းကျီသည် ချန်းချန်းကို ပွေ့ချီကာ ကျန်းဆူရှင်းနှင့်အတူ လေဆိပ်သို့ လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။ လုအန်းကျီက

“တခြားကိစ္စတွေထက် မင်းမိဘတွေရဲ့ ကျန်းမာရေးက အရေးကြီးတယ်၊ သူတို့ ရုတ်တရက် စိတ်လှုပ်ရှားသွားရင် တစ်ခုခု ဖြစ်သွားမှာကို စိုးရိမ်တယ်”

ဟု ဆိုသည်။ ကျန်းဆူရှင်းက သူမ၏မိဘများမှာ ကျန်းမာရေး ကောင်းမွန်ကြောင်းနှင့် သူမ၏ သူငယ်ချင်း တစ်ဦးထံမှတစ်ဆင့် မိဘများ၏ အခြေအနေကို အမြဲမပြတ် စုံစမ်းနေခဲ့ကြောင်းပြောကာ လုအန်းကျီကို စိတ်အေးစေခဲ့သည်။

လေဆိပ်သို့ ရောက်ရှိပြီးနောက် ခဏမျှ စောင့်ဆိုင်းရပြီး လေယာဉ် ဆိုက်ရောက်လာသောအခါ လူအများအပြား ထွက်လာသည်ကို တွေ့ရသည်။ လုအန်းကျီသည် ချန်းချန်းကို ပွေ့ချီကာ ကျန်းဆူရှင်းနှင့်အတူ လူအုပ်ကြားတွင် မိဘများကို လိုက်လံရှာဖွေနေသည်။

နောက်ဆုံးတွင် ကျန်းဆူရှင်းက ခရီးဆောင်အိတ်များဖြင့် ထွက်လာသော လူကြီးနှစ်ဦးကို

“ဖေဖေ၊ မေမေ” ဟု လှမ်း၍ နှုတ်ဆက်လိုက်သည်။

ထိုလူကြီးနှစ်ဦးမှာ ရိုးရှင်းသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး မျက်မှန်များကိုယ်စီ တပ်ထားကြသည်။ အမျိုးသားမှာ ကျန်းဆူရှင်း၏ဖခင် ကျန်းယွီကျီဖြစ်ပြီး အမျိုးသမီးမှာ သူမ၏မိခင် မြောင်စုချင်ဖြစ်၏။ ကျန်းယွီကျီက ကျန်းဆူရှင်းကို မြင်သောအခါ အသံတစ်ချက်သာပြုပြီး ရှေ့သို့ ဆက်လျှောက်သွားပြီး ကျန်းဆူရှင်းက အိတ်ကိုကူသယ်ပေးရန် ကြိုးစားသော်လည်း သူက ခွင့်မပြုပေ။

မြောင်စုချင်က ကျန်းယွီကျီကို ကြည့်ကာ

“သမီးက နှုတ်ဆက်နေတာကို ရှင်က ဘာဖြစ်နေတာလဲ၊ မျက်နှာဆူပုတ်နေချင်ရင် မလာနဲ့လေ”

ဟု ပြောဆိုလိုက်သည်။ ကျန်းယွီကျီမှာ မျက်နှာက တင်းမာနေသော်လည်း ဘာမှပြန်မပြောတော့ပေ။

မိခင်ဖြစ်သူက ကျန်းဆူရှင်းကို အကဲခတ်ကြည့်ပြီး

“ပိန်မသွားဘူးပဲ၊ မျက်နှာလေးလည်း ပြည့်လာတယ်၊ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ သမီး အဆင်ပြေခဲ့တယ်ထင်တယ်”

ဟု ဆိုသည်။ ကျန်းဆူရှင်းက သူမသည် နောက်ကွယ်တွင် သီချင်းရေးသားသည့် အလုပ်ကိုသာ လုပ်ကိုင်နေသဖြင့် ပင်ပန်းမှုမရှိကြောင်း ရှင်းပြသည်။

ကျန်းယွီကျီကမူ

“ဒါကို ပြောထွက်သေးတယ်၊ အနုပညာလောကထဲ မဝင်ပါနဲ့လို့ ငါပြောသားပဲ၊ အခုတော့ နားလိုက်ရပြီ မဟုတ်လား၊ နားပြီးတော့လည်း အိမ်ကိုပြန်မလာဘူး၊ အဖေတို့ကိုလည်း လာမတွေ့ဘူး”

ဟု ဆူပူလေသည်။

သူတို့သည် ကားပါကင်သို့ ရောက်ရှိသွားကြသည်။ လုအန်းကျီက ကားတံခါးကို ဖွင့်ပေးလိုက်ပြီး ကျန်းဆူရှင်းက ဖခင်နှင့်မိခင်၏ အိတ်များကို ကားနောက်ခန်းထဲသို့ ထည့်ပေးသည်။ ထိုအချိန်မှသာ ကျန်းယွီကျီနှင့် မြောင်စုချင်တို့သည် လုအန်းကျီနှင့် ချန်းချန်းကို သတိပြုမိသွားကြသည်။

မြောင်ဆုချင်က

“ဒါက သမီးရဲ့ သူငယ်ချင်းလား၊ လမ်းသွားလမ်းလာတွေပဲ ထင်နေတာ”

ဟု ဆိုကာ ချန်းချန်းကိုကြည့်ပြီး ကြင်နာစွာ ပြုံးလိုက်သည်။

“ဒီကလေးလေးက တကယ့်ကို ချစ်စရာကောင်းတာပဲ၊ အဖွားမှာလည်း ဒီလိုမျိုး မြေးမလေးရှိရင် သိပ်ကောင်းမှာ၊ သမီးသူငယ်ချင်းကို ကလေးနဲ့တူတူ လေဆိပ်အထိ လာကြိုခိုင်းတာ အားနာစရာကြီး”

ဟု ပြောလိုက်လေသည်။

All Chapters