Chapters

စိတ်အလိုအတိုင်း ပြုမူခြင်း

Vol. 13 Ch. 121

စိတ်အလိုအတိုင်း ပြုမူခြင်း

Vol. 13 Ch. 121

ရှုရှန်းတွင်ဖြစ်သည်။

ယဲ့ဝူရှဲ့နှင့် ဂိုဏ်းချုပ်ရီချန်းတို့သည် ခန်းမဆောင် အပြင်ဘက်တွင် စောင့်ကြပ်နေကြသည်။

(TN note - ရီချန်းသည် ရှုရှန်းဂိုဏ်းချုပ်အမည် ဖြစ်သည်)

ဂိုဏ်းချုပ်ရီချန်းမှာ အလွန်စိတ်ပျက် အားငယ်နေ​၏။

ယနေ့ သူခံစားလိုက်ရသော ထိုးနှက်ချက်မှာ ပြင်းထန်လွန်းလှသည်။

"ဒီဘက်ခေတ် လူငယ်တွေက ဒီလောက်တောင် အစွမ်းထက်နေကြတာလား"

ဟု သူက ယဲ့ဝူရှဲ့ကို မေးလိုက်သည်။

ယဲ့ဝူရှဲ့က သက်ပြင်းချရင်း

"ကျွန်တော့်ကို မမေးပါနဲ့၊ ကျွန်တော်က ရှောင်လင်မှာ နှစ်ပေါင်း ၃၀ လောက် အကျဉ်းကျနေခဲ့တာ သိုင်းလောကနဲ့ ဝေးကွာနေတာ ကြာပါပြီ"

ဟု ဆိုသည်။

သူသည်လည်း လင်ချွမ်ကို ပထမဆုံးအကြိမ် တွေ့စဉ်က အသက် ၂၀ ခန့်သာရှိသော ထိုလူငယ်၏ ကြောက်မက်ဖွယ် အစွမ်းကြောင့် အံ့ဩခဲ့ရ​၏။

ရီချန်းက ဆက်၍

"မဟာကောင်းကင်ဘုံ မသေမျိုးပညာ ကျင့်စဉ်က ဘယ်လိုမျိုးလဲဆိုတာ ကျွန်တော် တကယ်သိချင်မိတယ်"

"ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ကံမပါခဲ့ဘူးပေါ့"

ဟု ဝမ်းနည်းစွာ ပြောရှာသည်။

သူသည် ထိုကျမ်းကို နှစ်ပေါင်း ၃၀ တိုင်အောင် စောင့်ရှောက်ခဲ့သော်လည်း ဘာမျှ နားမလည်ခဲ့ချေ။

ယဲ့ဝူရှဲ့က ပြုံးလျက်

"ဒါက ဘာမှမဟုတ်သေးပါဘူး သခင်လေးလင်မှာ ဒီထက်မကတဲ့ အစွမ်းတွေ ရှိပါသေးတယ် ကျွန်တော် သေလုမျောပါး ဖြစ်နေတုန်းက သူပဲ ဆေးစွမ်းကောင်းတွေနဲ့ ကယ်တင်ခဲ့တာလေ"

ဟု ပြောသောအခါ ရီချန်းမှာ ပို၍ပင် အံ့အားသင့်သွားပြီး လင်ချွမ်သည် ထိပ်တန်းဆေးဖော်စပ် ပညာရှင် တစ်ဦးလားဟုပင် သံသယဝင်လာသည်။

"ဒီကလေးက တရားမျှတတဲ့ ဘက်ကဆိုရင် နတ်ဆိုးဂိုဏ်းတွေ ပျက်သုဉ်းလိမ့်မယ်"

"တကယ်လို့ သူက နတ်ဆိုးဂိုဏ်းဘက်က ဆိုရင်တော့ တစ်လောကလုံး ပျက်စီးသွားလိမ့်မယ်"

ဟု ရီချန်းက စိုးရိမ်တကြီး မှတ်ချက်ပြု​၏။

သို့သော် ယဲ့ဝူရှဲ့ကမူ လင်ချွမ်သည် ဓမ္မနှင့် အဓမ္မ တိုက်ပွဲများတွင် စိတ်မဝင်စားဘဲ မိမိစိတ် အလိုရှိရာကိုသာ ပြုမူသူဖြစ်ကြောင်း၊ သူ၏ ရည်မှန်းချက်မှာ သိုင်းပညာ၏ အမြင့်ဆုံး နယ်ပယ်ဖြစ်ကြောင်း ပြန်ရှင်းပြလိုက်သည်။

တစ်ချိန်တည်းမှာပင် ခန်းမဆောင်အတွင်း၌ လင်ချွမ်သည် တရားထိုင်နေပြီး သူ၏ခန္ဓာကိုယ် အတွင်းမှ အစွမ်းထက်သော အတွင်းအားများမှာ ခန်းမတစ်ခုလုံးတွင် လေပြင်းများသဖွယ် ဝေ့ဝဲနေသည်။

လင်ယန်ရွှယ်သည် ဘေးမှစောင့်ကြပ် ကြည့်ရှုနေရင်း လင်ချွမ်​၏ ကျင့်ကြံပုံကိုကြည့်ကာ သူမပါ အသိဉာဏ် အလင်းများ ရရှိနေသည်။

ထို့ကြောင့် သူမသည်လည်း တရားထိုင် ကျင့်ကြံလိုက်ရာ အထွတ်အထိပ် အဆင့်သို့ ရောက်ရန်ပင် အစပြုနိုင်ခဲ့သည်။

လင်ချွမ်သည် သက်ပြင်းချကာ မျက်လုံးဖွင့်လိုက်​၏။

သူသည် စနစ်မှရရှိသော ဆေးလုံးများစွာကို စားသုံးထားပြီးဖြစ်၍ အတွင်းအား အတော်များများ စုဆောင်းမိနေပြီ ဖြစ်သည်။

ယခုအခါ မဟာကောင်းကင်ဘုံ မသေမျိုး ပညာကျင့်စဉ်ကို ရရှိလိုက်သောအခါ တစ်ဟုန်ထိုး တိုးတက်သွားပြီး ဧကရာဇ် အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားလေသည်။

သူသည် ဘေးတွင် တရားထိုင်နေသော လင်ယန့်ရွှယ်ကိုကြည့်ကာ သူမ ကျင့်စဉ်တွင် လမ်းမလွဲသွားစေရန် ကူညီပေးလိုစိတ် ပေါ်လာပါသည်။

လင်ချွမ်သည် သူ၏လက်ညှိုးဖြင့် သူမ၏ နဖူးအလယ်ကို အသာအယာ ထိလိုက်ပြီး အလင်းတန်း တစ်ခုနှင့်အတူ သူ၏ အတွင်းအားများက သူမ၏ ကျင့်ကြံခြင်းကို လမ်းညွှန်ပေးလိုက်သည်။

တခဏအတွင်းမှာပင် လင်ယန်ရွှယ်၏ အရှိန်အဝါမှာ သိသိသာသာ တိုးတက်သွားတော့သည်။

လင်ယန့်ရွှယ် မျက်လုံးဖွင့်လိုက်သောအခါ ဝမ်းသာအားရဖြင့်

"ရှင်ကျွန်မကို ဂရုမစိုက်ဘူးလို့ ပြောသေးတယ်နော်"

ဟု ချိုသာစွာ ဆိုလိုက်သည်။

လင်ချွမ်မှာ ဆွံ့အသွားပြီး

"မင်းက အထွတ်အထိပ် အဆင့်ရဲ့ အစပြုခြင်းကိုပဲ ရောက်သေးတာ အထွက်အထိပ် အဆင့်ကို အမှန်တကယ် ရောက်ဖို့ကတော့ မင်းအပေါ်မှာပဲ မူတည်တယ်"

ဟု ပြောကာ နောက်လှည့်မကြည့်ဘဲ အပြင်သို့ ထွက်လာခဲ့သည်။

ခန်းမတံခါး ပွင့်လာသောအခါ ရီချန်းမှာ အလွန်ပင် အံ့ဩသွားခဲ့ရ​၏။

"ဒီလောက် မြန်မြန်ကြီးလား"

လင်ချွမ်သည် နာရီဝက် အတွင်းမှာပင် အဆင့်တစ်ခုကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမှာ သာမန်လူသား တစ်ဦးအတွက် မဖြစ်နိုင်သော အရာပင် ဖြစ်သည်။