Chapters

သူက နွားကျောင်းသားလေးပဲ မဟုတ်လား

Vol. 13 Ch. 126

သူက နွားကျောင်းသားလေးပဲ မဟုတ်လား

Vol. 13 Ch. 126

"ဒီလောက် ကြောက်စရာကောင်းတဲ့ အဆိပ်ရှိတဲ့ ပိုးမွှားတွေ တကယ်ရှိနေတာလား"

"အနောက်ပိုင်းဒေသ အဆိပ်တစ်သောင်းဂိုဏ်းရဲ့ ကျင့်ကြံမှုတွေက တကယ်ကို ထူးခြားဆန်းပြားတာပဲ"

ဘေးမှ ကြည့်ရှုနေသူများမှာ အံ့အားသင့်စွာဖြင့် ရေရွတ်နေကြသည်။

တစ်ဖက်တွင်မူ နတ်ဆိုးဂိုဏ်းသားများမှာ အောင်ပွဲခံ၍ အလံများ ဝှေ့ယမ်းကာ အဆိပ်တစ်ထောင် အဖိုးအိုကို အားပေးနေကြသည်။

ယင်ဟွိုက်ယွီမှာ ထိုအဆိပ်များကို မည်သို့ တုံ့ပြန်ရမည်ကို စဉ်းစားနေစဉ်မှာပင် နတ်ဆိုးဂိုဏ်းဘက်မှ နောက်ထပ်လူသုံးဦး ထွက်ပေါ်လာသည်။

"အဆိပ်တစ်ထောင်အဖိုးအို… မင်းတစ်ယောက်တည်း နာမည်ကြီးနေလို့ ဘယ်ဖြစ်မလဲ"

ဟုဆိုကာ သွေးသန့်စင်ခန်းမ၊ ထာဝရအသက်ရှည်ဂိုဏ်းနှင့် သရဲတစ်ရာဂိုဏ်းတို့မှ ခေါင်းဆောင်များ ရောက်ရှိလာကြသည်။

၎င်းတို့ လေးဦးစလုံးမှာ ပထမအဆင့်များ ဖြစ်ကြသည်။

ယင်ဟွိုက်ယွီအတွက် တစ်ယောက်ချင်း တိုက်လျှင်ပင် ခက်ခဲလှသည်ကို ယခု လေးယောက်တစ်ယောက် တိုက်ခိုက်ခံရချိန်တွင် အခြေအနေမှာ မျှော်လင့်ချက် ကင်းမဲ့သွားတော့​၏။

"ခွေးကောင်ယင်... ဒီနေ့က မင်းသေမယ့်နေ့ပဲ"

"ဟားဟားဟား... မင်း အရင်တိုက်ပွဲတုန်းက ငါတို့လူတွေကို သတ်ခဲ့တာလေ၊ ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ မင်းမထင်ထားဘူးမလား"

နတ်ဆိုးဂိုဏ်းချုပ် လေးဦးမှာ အနိုင်ရတော့မည် အမှတ်ဖြင့် ယင်ဟွိုက်ယွီကို လှောင်ပြောင်နေကြသည်။

ယင်ဟွိုက်ယွီမှာ ဒဏ်ရာအပြင်းအထန် ရနေသော်လည်း

"ငါက မင်းတို့ကို ကြောက်နေမယ် ထင်သလား"

ဟု ကြုံးဝါးကာ သေသည်အထိတိုက်ရန် ဆုံးဖြတ်လိုက်​၏။

သူတို့ တိုက်ခိုက်လိုက်သော အရှိန်ကြောင့် ထွက်ပေါ်လာသော ဖုန်မှုန့်နှင့် သဲများသည်ပင် ဘေးမှလူများကို ဒဏ်ရာရစေသည်အထိ ပြင်းထန်လှသည်။

မကြာမီ လူစုကွဲသွားသောအခါ ယင်ဟွိုက်ယွီမှာ သွေးအန်လျက် မြေပြင်တွင် ဒူးထောက်နေရပြီး၊ နတ်ဆိုးဂိုဏ်းချုပ် လေးဦးမှာမူ ဘာဒဏ်ရာမျှ မရရှိကြပေ။

"မင်း အေးအေးဆေးဆေးပဲ အသေခံလိုက်ပါတော့"

ဟု အဆိပ်တစ်ထောင် အဖိုးအိုက ဆိုသည်။

ဝူတန်တပည့်များမှာလည်း သူတို့၏အားကိုးရာ ယင်ဟွိုက်ယွီ ရှုံးနိမ့်သွားသဖြင့် စိတ်ဓာတ်ကျနေကြတော့​၏။

"ဘာလုပ်ကြမလဲ"

"အကြီးအကဲ ရှုံးသွားပြီ၊ အခု ဘယ်သူက နတ်ဆိုးဂိုဏ်းကို တားနိုင်မှာလဲ"

"အကြီးအကဲယင်ကို ကယ်ကြပါဦး"

"ချန်အာကောသာ ဒီမှာရှိရင် ဝူတန်ကို ကယ်နိုင်မှာပဲ"

ဝူတန်တပည့်များမှာ ချန်အာကောကို မျှော်လင့်နေကြသော်လည်း သူက ခရီးထွက်နေသဖြင့် အချိန်မမီတော့ဟု ယူဆနေကြသည်။

ထိုစဉ် နတ်ဆိုးဂိုဏ်းချုပ် လေးဦးသည် ယင်ဟွိုက်ယွီကို အဆုံးသတ်ရန် တိုက်ခိုက်လိုက်ကြသည်။

ယင်ဟွိုက်ယွီမှာ မျက်လုံးမှိတ်၍ အသေခံရန် ပြင်ဆင်လိုက်သော်လည်း သူထင်ထားသကဲ့သို့ ဖြစ်မလာပေ။

သူ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ရှေ့တွင် လူငယ်တစ်ဦး မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။

ထိုသူကား လင်ချွမ်ပင် ဖြစ်သည်။

"အကြီးအကဲလင်"

ဘေးဒုက္ခမှ လွတ်မြောက်သွားသဖြင့် ယင်ဟွိုက်ယွီမှာ ဝမ်းသာအားရ အော်ဟစ်လိုက်သည်။

လင်ချွမ်က သူ့အား ဒဏ်ရာပျောက်ကင်းစေပြီး အစွမ်းတိုးစေသော ခရမ်းရောင် ကျောက်စိမ်းဆေးလုံးကို ပေးလိုက်​၏။

လင်ချွမ် ရောက်လာပြီဖြစ်၍ ယင်ဟွိုက်ယွီမှာ မိမိဘေးကင်းပြီဟု ယုံကြည်ကာ အေးဆေးစွာ ဆေးလုံးကိုစား၍ ဒဏ်ရာကို ကုသနေတော့သည်။

နတ်ဆိုးဂိုဏ်းချုပ် လေးဦးမှာ လင်ချွမ်​၏လက်ထဲမှ အဖိုးတန်ဆေးလုံးကို မြင်လိုက်ရသောအခါ လောဘတက်လာကြသည်။

"ဒီလူငယ်က ထူးဆန်းတယ်၊ သတိထားကြ"

ဟု အဆိပ်တစ်ထောင် အဖိုးအိုက သတိပေးလိုက်သည်။

သူတို့ လေးဦးစလုံး၏ တိုက်ခိုက်မှုကို တစ်ယောက်တည်း ခုခံနိုင်သူမှာ သာမန်မဟုတ်ကြောင်း သူတို့ ရိပ်မိကြသည်။

သို့သော် ဝူတန်တပည့်များဘက်မှ အသံများ ထွက်ပေါ်လာသည်။

"လင်ချွမ်"

"နွားကျောင်းသားလား"

"လင်ချွမ် မင်းရူးသွားပြီလား"

"အဲဒီလေးယောက်က နတ်ဆိုးဂိုဏ်းရဲ့ ထိပ်တန်းပညာရှင်တွေပဲ၊ အဝေးကိုပြေးတော့"

လင်ချွမ်ကိုသိသော ဝူတန်တပည့်များမှာ သူ့အတွက် စိုးရိမ်တကြီး အော်ဟစ်နေကြ​၏။

လင်ချွမ်က ယင်ဟွိုက်ယွီ နောက်ကွယ်တွင် ရှိနေသဖြင့် သူ၏ လုပ်ဆောင်ချက်များကို သူတို့မမြင်ကြရဘဲ လင်ချွမ်မှာ နတ်ဆိုးဂိုဏ်းချုပ်များ၏ အရှိန်အဝါကြောင့် ကြောက်လန့်နေသည်ဟုသာ ထင်မှတ်နေကြတော့သည်။