Chapters

ကျွန်တော်သည် ဝူတန်တပည့်တစ်ဦး ဖြစ်နေဆဲပါ

Vol. 13 Ch. 129

ကျွန်တော်သည် ဝူတန်တပည့်တစ်ဦး ဖြစ်နေဆဲပါ

Vol. 13 Ch. 129

လက်ကွက်တစ်ကွက်တည်းဖြင့် ၆ ယောက်လုံးကိုအနိုင်ယူလိုက်သည်။

တစ်လောကလုံး တိတ်ဆိတ်သွား၏။

နတ်ဆိုးဂိုဏ်းချုပ် ၆ ဦးမှာ သွေးအိုင်ထဲတွင် သေလုမျောပါး လဲကျနေပြီး ဂိုဏ်းသားများမှာလည်း အံ့အားသင့်လွန်း၍ သူတို့လူများကို ကယ်ရန်ပင် မေ့နေကြသည်။

"ဒါက... တကယ်ကို အစွမ်းထက်လွန်းတယ်"

ဟု အော်မေ့ဂိုဏ်းချုပ် အကြင်နာတရား ကင်းမဲ့သော သီလရှင် က တံတွေးကို ခက်ခဲစွာ မျိုချရင်း ဆိုသည်။

လင်ချွမ်၏ တိုက်ကွက်မှာ မည်သည့်သိုင်းကွက်မျိုးမှန်းပင် မသိရသော်လည်း သူ၏ အရှိန်အဝါက နတ်ဆိုးဂိုဏ်းချုပ်များကို အပြတ်အသတ် ဖိနှိပ်ထားနိုင်ခဲ့​၏။

ဝူတန်ဂိုဏ်းချုပ် တောက်ရွှမ်သည် နတ်ဆိုးဂိုဏ်းချုပ်များ ဒဏ်ရာရနေချိန်တွင် တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။

သို့သော် လင်ချွမ်ကမူ ဂိုဏ်းချုပ်၏ အမိန့်ကို မနာခံဘဲ ရီချန်းဆီသို့ လျှောက်သွားလိုက်သည်။

တောက်ရွှမ်မှာ လင်ချွမ်​၏ အစွမ်းကို သိနေသဖြင့် အတင်းအကျပ် မခိုင်းရဲတော့ပေ။

လင်ချွမ်သာ စိတ်ဆိုးပြီး ဝူတန်မှ ထွက်သွားပါက ဝူတန်အတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်ပေလိမ့်မည်။

ယင်ဟွိုက်င်ယွီ က ကျဲ့ခုန်း နှင့် အခြားသူများကို လင်ချွမ်သည် သဲကန္တာရထဲတွင် လင်ဖန် အဖြစ် ဟန်ဆောင်ခဲ့သူဖြစ်ကြောင်း ဖွင့်ပြောလိုက်သောအခါ အားလုံးပင် မှင်တက်သွားကြသည်။

ဒဏ်ရာရနေသော အသူရာပင် လန့်ဖြန့်သွားပြီး "လင်ချွမ်က လင်ဖန်လား"ဟု အော်ဟစ်ရင်း သွေးအန်တော့သည်။

သိုင်းသမားများသည် နတ်ဘုရားကျင့်စဉ် ကျင့်ကြံသူများကို မည်သို့မှ မယှဉ်နိုင်ကြောင်း သူတို့ နားလည်သွားကြပြီဖြစ်​၏။

နတ်ဆိုးဂိုဏ်းသားများလည်း "ဆုတ်ခွာကြ" ဟု အော်ဟစ်ကာ ဝူတန်တောင်မှ အမြန်ဆုံး ထွက်ပြေးကြတော့သည်။

လင်ချွမ်သည် ရီချန်းကို ဂါရဝပြုလိုက်သည်။

ရီချန်းက "မင်း ရှာနေတဲ့ အဖြေက နန်းတော်ထဲမှာ ရှိနိုင်တယ်။ အင်ပါယာက ရှေးဟောင်းစာပေတွေကို နန်းမြို့တော်ဆီ ပြောင်းထားတယ်" ဟု သဲလွန်စပေး​၏။

သို့သော် နန်းတော်သို့ ခိုးဝင်ပါက ဝူတန်ကို ထိခိုက်နိုင်ကြောင်းလည်း သူက သတိပေးသည်။

ယင်ဟွိုက်ယွီက လင်ချွမ် ဝူတန်နှင့် အဆက်အသွယ် ဖြတ်တော့မည်လားဟု စိုးရိမ်တကြီး မေးမြန်းသောအခါ လင်ချွမ်းက

"မဖြတ်ပါဘူး..ကျွန်တော်က ဝူတန်တပည့်တစ်ယောက်ဖြစ်နေသရွေ့ ဝူတန် နဲ့အဆက်အသွယ်ကို လွယ်လွယ်နဲ့ ဖြတ်မှာ မဟုတ်ဘူး"

"နန်းတော်ကိစ္စအတွက်တော့ စိတ်ပူစရာမလိုပါဘူး၊ ကျွန်တော့်မှာ နည်းလမ်းရှိပါတယ်" ဟု ယုံကြည်ချက်ရှိရှိ ဖြေကြားလိုက်သည်။

ယနေ့မှစ၍ လင်ချွမ်​၏ အမည်သည် သိုင်းလောကတွင် ကျော်ကြားသွားတော့မည် ဖြစ်သော်လည်း သူ၏ အစစ်အမှန် မျက်နှာကိုမူ ယနေ့ ဤ အရပ်၌ရှိနေသူများသာ သိရှိကြပေ​၏။

အကယ်၍ အင်ပါယာက ဝူတန်ကို အကျပ်ကိုင်ရန် ကြိုးစားလာပါကလည်း သူကိုယ်တိုင်ပင် အရာအားလုံးကို ဖြေရှင်းရန် အသင့်ရှိနေမည်။