← Chapters

အခန်း (၁၈၈)

Vol. 18 Ch. 188

အခန်း (၁၈၈)

Vol. 18 Ch. 188

မဟာကျိုးနိုင်ငံ၏ ဧကရာဇ်မင်းမြတ်သည် အိမ်ရှေ့မင်းသားကို မှန်ကန်စွာ ရွေးချယ်ခဲ့တာရော ဟုတ်ရဲ့လား။

ယခုမြင်ကွင်းမှာမူ အိမ်ရှေ့မင်းသားသည် ဝူရွှမ်း ဝူကျိခန်းမမှ လူရာပေါင်းများစွာ၏ ဆန္ဒကို လျစ်လျူရှုကာ မိမိ၏ တစ်ကိုယ်ကောင်းဆန္ဒအတွက် သွေးတိမ်တိုက်သားရဲကို အတင်းအဓမ္မ လုယူခဲ့ခြင်းပင်။

ရာနှင့်ချီသော သိုင်းသမားများ၏ စူးရှသော အကြည့်များမှာ ဓားသွားများအလား ယဲ့ပေလျန်၏ ကျောပြင်ကို ထိုးစိုက်နေကြသည်။ နန်းတွင်းကိုယ်ရံတော်များပင်လျှင် သူတို့၏ သခင်အပေါ် မကျေမနပ် ဖြစ်နေကြကာ မဟာကျိုးနိုင်ငံ၏ အင်အား ဆုတ်ယုတ်နေချိန်တွင် မှော်ဆရာတစ်ဦးဖြစ်သော အိမ်ရှေ့မင်းသားမှာ သိုင်းသမားများ၏ အခြေအနေကို အနည်းငယ်မျှ ထည့်သွင်းစဉ်းစားခြင်း မရှိပေ။

ယဲ့ပေလျန်သည် မုန်းတီးဖွယ်ကောင်းသော ပိုင်မင်းဘုရင် ခင်းကျင်းထားသည့် ထောင်ချောက်ထဲသို့ သက်ဆင်းသွားခဲ့ရပြီ ဖြစ်သည်။ သို့သော် ယီပိုင်မင်းမှာမူ အလွန်တည်ငြိမ်နေပြီး အိမ်ရှေ့မင်းသား၏ အခက်တွေ့နေပုံကို အရသာခံ ကြည့်ရှုနေသည်။

"ကောင်းပါပြီ... ကျွန်တော့်ရဲ့ နောင်တော် အိမ်ရှေ့မင်းသားဟာ ဒီလောက်အထိ စိတ်သဘောထား သေးသိမ်ပြီး တစ်ကိုယ်ကောင်းဆန်တဲ့သူ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်"

နောက်ဆုံးတွင် ယီပိုင်မင်း စကားစပြောလိုက်သည်။ ထိုစကားမှာ အိမ်ရှေ့မင်းသားဘက်မှ ကာကွယ်ပေးသလို ရှိသော်လည်း နားလည်သူများအဖို့မူ အိမ်ရှေ့မင်းသားမှာ ထိုကဲ့သို့သော လူစားမျိုးဖြစ်သည်ဟု အတည်ပြုပေးလိုက်သကဲ့သို့ပင်။ ယဲ့ပေလျန်၏ မျက်နှာမှာ ထိုစကားကြောင့် နီလိုက် ဖြူလိုက် ဖြစ်နေတော့သည်။

ဘေးမှ ကြည့်နေသော ယွင်ရှန်းမှာ စိတ်ထဲမှ တိတ်တဆိတ် ရယ်မောမိသည်။

ဒါကမှမြေခွေးလေးယီရဲ့ စတိုင်အစစ်ပဲ။ သွေးတစ်ပေါက်မထွက်စေဘဲ ဆဲဆိုခြင်းမပြုဘဲနဲ့ လူတစ်ယောက်ကို အရှင်လတ်လတ် သတ်နိုင်တဲ့ စကားလုံးတွေပဲ။

"နောင်တော်ကြီးက မှော်ဆရာကြီးအဆင့်ကို ရောက်ဖို့ ကြိုးစားနေတာလို့ ကျွန်တော် ကြားပါတယ်။ သွေးတိမ်တိုက်သားရဲရဲ့ ဝိညာဉ်ကျောက်တုံးက နောင်တော့်ရဲ့ အဆင့်တက်မှုကို အများကြီး အထောက်အကူပြုမှာပါ။ ဒါကြောင့် ဒီလိုလုပ်ကြတာပေါ့... ဝူကျိခန်းမက သားရဲရဲ့ အသားတွေကိုပဲ လိုချင်တာ ဝိညာဉ်ကျောက်တုံးက သိုင်းသမားတွေအတွက် အသုံးမဝင်ဘူး။ ဒီနေ့ ဒုတိယခန်းမမှူး မရှိတဲ့အတွက် ကျွန်တော်ကပဲ ကိုယ်စားလှယ်အဖြစ် ဒီဝိညာဉ်ကျောက်တုံးကို နောင်တော့်ကို လက်ဆောင်ပေးပါရစေ"

ယီပိုင်မင်း၏ လက်ချောင်းများထက်တွင် သိုင်းစိတ်ဓာတ်များ လျှပ်တစ်ပြက် ဝင်းလက်သွားပြီး သူသည် လက်ဗလာဖြင့်ပင် မြေကမ္ဘာဝက်ဝံ၏ ထူထဲလှသော သားရေကို ချက်ချင်းပင် ခွဲလိုက်တော့သည်။

ယီပိုင်မင်းသည် သားရဲ၏ အဖိုးတန်ဆုံး အစိတ်အပိုင်းဖြစ်သော အသားနှင့် သွေးကို သိုင်းသမားများအတွက် ချန်ထားပေးပြီး အိမ်ရှေ့မင်းသားကိုမူ ဝိညာဉ်ကျောက်တုံးပေးကာ အရှက်ပြေ ပြန်လွှတ်ရန် ကြိုးစားခြင်း ဖြစ်သည်။ သို့သော် ဤလက်ဆောင်မှာ အိမ်ရှေ့မင်းသားအတွက် ဂုဏ်ယူစရာမဟုတ်ဘဲ သနား၍ ပေးကမ်းခြင်းဟူသော အဓိပ္ပာယ်ကို ဆောင်နေခြင်းပင်။

ယီပိုင်မင်းက သူ၏လက်ကို ပြန်ရုပ်သိမ်းလိုက်သောအခါ လက်ထဲတွင် ဝိညာဉ်ကျောက်တုံးတစ်တုံး ပါလာခဲ့ပြီဖြစ်သည်။

သူ၏ သိုင်းစိတ်ဓာတ်မှာ အလွန်ပင် နက်ရှိုင်းလှသဖြင့် သားရဲ၏ အသားကို ခွဲလိုက်သော်လည်း သူ၏လက်တွင် သွေးတစ်စက်မျှ စွန်းထင်ခြင်းမရှိပေ။ ထိုဝိညာဉ်ကျောက်တုံးမှာလည်း ကျောက်စိမ်းကဲ့သို့ပင် စင်ကြယ်တောက်ပနေတော့သည်။

အိမ်ရှေ့မင်းသား ယဲ့ပေလျန်၏ မျက်ခုံးများကြားတွင် အံ့သြတုန်လှုပ်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ ယီပိုင်မင်း၏ အစွမ်းမှာ သူထင်ထားသည်ထက် များစွာ သာလွန်နေကြောင်း သိလိုက်ရသဖြင့် ပို၍ပင် ကြောက်ရွံ့စပြုလာသည်။ ခန်းမအတွင်းရှိ သိုင်းသမားများမှာမူ ဝိညာဉ်ကျောက်တုံးကို ထုတ်ယူလိုက်သည်ကို မြင်သော်လည်း ယီပိုင်မင်း ပြောသကဲ့သို့ပင် ထိုကျောက်တုံးမှာ မှော်ဆရာများအတွက်သာ အရေးပါပြီး သိုင်းသမားများအတွက်မူ ရွှေဒင်္ဂါးအချို့နှင့် လဲလှယ်နိုင်ရုံမျှသာ တန်ဖိုးရှိသဖြင့် မည်သူမျှ ကန့်ကွက်ခြင်းမရှိကြပေ။

"နောင်တော်ကြီး... ဝိညာဉ်ကျောက်တုံး ရပါပြီ။ ကောင်းကောင်း သိမ်းထားပါဦး"

ယီပိုင်မင်းက ပေါ့ပါးသော အမူအရာဖြင့် ကျောက်တုံးကို ကမ်းပေးလိုက်သည်။ သူသည် ကျောက်တုံးထက်မှ သိုင်းစိတ်ဓာတ်များကို ရုပ်သိမ်းလိုက်သည့် ခဏချင်းမှာပင် ထိုဝိညာဉ်ကျောက်တုံး၏ အလယ်ဗဟို၌ မှောင်မိုက်သော မြူခိုးရိပ်တစ်ခု လျှပ်တစ်ပြက် ဖြတ်ပြေးသွားသည်ကို ယွင်ရှန်း တစ်ဦးတည်းသာ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

အိမ်ရှေ့မင်းသားသည် ဝိညာဉ်ကျောက်တုံးကို ရရှိပြီးနောက် သူ၏အဖွဲ့နှင့်အတူ ချက်ချင်းပင် ထွက်ခွာသွားတော့သည်။

ယဲ့ပေလျန် ထွက်သွားပြီးနောက် ယီပိုင်မင်းနှင့် ချန်ပိုင်တို့လည်း လူအုပ်ထဲမှ ထွက်လာကြသည်။ မထွက်ခွာမီ ချန်ပိုင်က သိုင်းသမားအချို့ကို ခေါ်ယူကာ "ဒီမြေကမ္ဘာဝက်ဝံကို ဆေးခန်းမဆီ ယူသွားကြ၊ အကြီးအကဲကျန်းဆီ အပ်လိုက်ပါ" ဟု ညွှန်ကြားလိုက်သဖြင့် သေဆုံးနေသော သားရဲကြီးမှာလည်း သယ်ဆောင်သွားခြင်း ခံရတော့သည်။

ယီပိုင်မင်းနှင့် ချန်ပိုင်တို့ ထွက်သွားပြီးနောက်မှ ယွင်ရှန်းသည် လူအုပ်ကြားထဲမှ ထွက်လာခဲ့သည်။ သူမကို ယီပိုင်မင်း မမှတ်မိသွားသည့်အတွက် ဖော်ပြမတတ်နိုင်သော ဝမ်းသာမှုတစ်ခုကို သူမ ခံစားလိုက်ရသည်။

"ဟုကျိ... သားရဲသွေးကိုသုံးပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှု မြှင့်တင်ပေးတယ်ဆိုတဲ့ ကိစ္စက ဘာလဲဟင်"

"ဟုတ်ကဲ့ မမကြီး... သားရဲသွေးတွေကို သုံးပြီး ခန္ဓာကိုယ်ကို သန်စွမ်းစေမယ့် အထူးဆေးရည်တစ်မျိုး ဖော်စပ်တာပါ"

လိုင်ဟုက ခေါင်းညိတ်ကာ ရှင်းပြသည်။

ယွင်ရှန်းသည် လင်းယောင်အာပြောပြခဲ့ဖူးသော အကြောင်းအရာအချို့ကိုလည်း ပြန်လည်သတိရမိသွားသည်။ သို့သော် သူမ၏ စိတ်ထဲတွင်မူ အစောပိုင်းက ဝိညာဉ်ကျောက်တုံးထဲ၌ မြင်လိုက်ရသည့် ထူးဆန်းသော မြူခိုးရိပ်ကြီးကသာ စွဲထင်နေတော့သည်။

"ဟုတ်တယ် မမကြီး သားရဲသွေးတွေမှာလည်း အမျိုးအစားအမျိုးမျိုး ရှိတာ။ ကျွန်တော် အရင်တုန်းက မြို့လေးရဲ့ သိုင်းကျောင်းမှာလည်း သားရဲသွေးနဲ့ ခန္ဓာကိုယ် တည်ဆောက်ခဲ့ဖူးတယ်။ ဒါပေမဲ့ အာနိသင်က သာမန်ပါပဲ။ ဝူရွှမ်း ဝူကျိခန်းမက သားရဲသွေးကတော့ အဆင့်ချင်း မတူဘူးပေါ့။ ဒါပေမဲ့ နှမြောစရာကောင်းတာက သွေးတိမ်တိုက်သားရဲက သိပ်အဖိုးတန်လွန်းလို့ အခုဖော်စပ်မယ့် ဆေးရည်ကို အတွင်းခန်းမက စီနီယာတွေပဲ ရမှာ။ ကျွန်တော့်အတွက်ကတော့ မိစ္ဆာသားရဲအသားလေး နည်းနည်းစားရရင်တင် ကျေနပ်ပါပြီ"

လိုင်ဟုက အားကျစိတ်ပျက်စွာ ပြောလိုက်သည်။

"ငါ့အမြင်ပြောရရင်တော့... နင် အဲဒီ သွေးတိမ်တိုက်သားရဲရဲ့ သွေးကို အသုံးမပြုတာက ပိုကောင်းလိမ့်မယ်"

ယွင်ရှန်းက အသံတိုးတိုးဖြင့် သတိပေးလိုက်သည်။

အကယ်၍ သူမ အမြင်မမှားဘူးဆိုလျှင် ယီပိုင်မင်း ထုတ်ယူလိုက်သော ဝိညာဉ်ကျောက်တုံးထဲတွင် ပြင်းထန်သော အမှောင်မှော်စွမ်းအင်များ ကိန်းအောင်းနေသည်။ ထိုအရာ၏ လွှမ်းမိုးမှုကြောင့် ထိုမြေကမ္ဘာဝက်ဝံ၏ အသားနှင့် သွေးများမှာလည်း စင်ကြယ်သန့်ရှင်းမှု ရှိတော့မည်မဟုတ်ပေ။

"မိုးလည်း ချုပ်တော့မှာဆိုတော့ ကျွန်တော် အဆောင်အပ်တဲ့နေရာကို လိုက်ပို့ပေးပါ့မယ်"

လိုင်ဟုက သူ၏ စိတ်ခံစားချက်ကို ထိန်းချုပ်ကာ ပြောလိုက်သည်။

အတွင်းခန်းမသို့ ရောက်သောအခါ ယွင်ရှန်းတို့အဖွဲ့သည် အကြီးအကဲလျူနှင့် တွေ့ဆုံရသည်။ အကြီးအကဲလျူမှာ သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးဖြစ်ပြီး သွေးဆုံးကိုင်နေသူအလား စိတ်တိုလွယ်ကာ သတင်းကြီးသည့်အတိုင်း မှော်ဆရာများကို အလွန်အမင်း မုန်းတီးသူဖြစ်သည်။ သူမ၏ မျက်နှာမှာ အမြဲတမ်း တင်းမာခက်ထန်နေသည်။

"ဖလှယ်ရေးကျောင်းသားတွေတဲ့လား အဲဒါတောင် မှော်ဆရာတွေ...။ ဒုတိယခန်းမမှူး ဘာတွေတွေးနေလဲဆိုတာ ငါ တကယ်ကို နားမလည်နိုင်တော့ဘူး။ မင်းတို့ သုံးယောက်စလုံး ဒီမှာရှိနေသရွေ့ အတန်းထဲမှာဖြစ်ဖြစ် တခြားအချိန်မှာဖြစ်ဖြစ် မှော်ပိတ်ပင်ခြင်းကို အမြဲတမ်း ခံယူထားရမယ်။ ကျောင်းကနေ ထွက်သွားခါနီးမှပဲ အတွင်းရေးဌာနမှာ ပြန်ဖြုတ်ခိုင်းလို့ရမယ်"

အကြီးအကဲလျူက ပြောပြောဆိုဆိုနှင့်ပင် လက်စွမ်းပြရန် ပြင်လိုက်တော့သည်။

ထိုအခါမှသာ ယွင်ရှန်းသည် မှော်ပိတ်ပင်ခြင်းဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ ထိတ်တုံး သို့မဟုတ် လက်ထိပ်မျိုးမဟုတ်ဘဲ သွေးကြောပိတ်သိုင်းတစ်မျိုးဖြစ်ကြောင်း သိလိုက်ရသည်။ ၎င်းသည် မှော်ဆရာတစ်ဦးနှင့် သူ၏ မှော်ဝိညာဉ်တို့အကြား ဆက်သွယ်မှုကို ဖြတ်တောက်လိုက်ခြင်းဖြစ်ပြီး မှော်စွမ်းအင်များကို မစုစည်းနိုင်အောင် တားဆီးထားခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် မှော်ဆရာတစ်ဦးကို သာမန်လူတစ်ယောက်အဖြစ် ပြောင်းလဲပစ်လိုက်ခြင်းပင်။

ထိုအစီအစဉ်ကို ဂူဖုန်းနှင့် ချီယဲ့တို့က လက်မခံချင်ကြပေ။ အဘယ်ကြောင့်ဆိုသော် ဝူရွှမ်း ဝူကျိခန်းမမှ လူများမှာ သူတို့အပေါ် ရန်လိုနေကြသောကြောင့် ဖြစ်သည်။ သို့သော် ယွင်ရှန်းမှာမူ ပထမဦးဆုံး ရှေ့သို့ တိုးထွက်ကာ အလျှော့ပေးလိုက်သည်။ သူမ၏ ပူးပေါင်းဆောင်ရွက်မှုကို မြင်သောအခါ အကြီးအကဲလျူ၏ သဘောထားမှာ အနည်းငယ် ပျော့ပြောင်းသွားသည်။

အတွင်းရေးဌာနမှ ပြန်ထွက်လာချိန်တွင် သူတို့ သုံးဦးစလုံးသည် ဝူရွှမ်း ဝူကျိခန်းမ၏ အဖြူရောင် သိုင်းဝတ်ရုံများကိုယ်စီ ရရှိထားကြပြီ ဖြစ်သည်။

"ယွင်ရှန်း... နင်က ဘာလို့ မှော်ပိတ်ပင်ခြင်းကို လက်ခံလိုက်တာလဲ။ အခုတော့ ငါတို့တွေက တကယ့်ကို တုတ်တုတ်မျှ မလှုပ်နိုင်တဲ့ ကြက်ကလေးတွေလို ဖြစ်သွားပြီ။ တကယ်လို့ တစ်ခုခု ထပ်ဖြစ်ရင် ငါတို့တွေ အနိုင်ကျင့်ခံရပြီး သေသွားမှာပေါ့"

ဂူဖုန်းက သက်ပြင်းချရင်း ပြောလိုက်သည်။

သူသည် တောက်ပသော ကောင်းကင်စက်ဝန်းကို ရရှိပြီးနောက်ပိုင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အလွန်တက်နေသူ ဖြစ်သော်လည်း၊ ယခုအခါ မှော်စွမ်းအား လုံးဝမရှိတော့သည့် ခံစားချက်မှာ လမ်းမပေါ်တွင် ကိုယ်လုံးတီး ပြေးနေရသကဲ့သို့ စိုးရိမ်စိတ်ကို ဖြစ်ပေါ်စေသည်။

"ရောမရောက်ရင် ရောမလို ကျင့်ရမှာပေါ့။ ဒါပေမဲ့ စိတ်မပူပါနဲ့... ဒီမှော်ပိတ်ပင်ခြင်းကို ငါတို့တွေ ဖြုတ်ပစ်နိုင်ဖို့ သိပ်မကြာတော့ပါဘူး"

ယွင်ရှန်းက ပြုံးရွှင်စွာ ပြောလိုက်သည်။

"ဟင်... နင့်မှာ အစီအစဉ် ရှိလို့လား"

ဂူဖုန်းက စိတ်အားထက်သန်စွာ မေးသော်လည်း ယွင်ရှန်းကမူ လျှို့ဝှက်ချက်ပဲဟုသာ လျှို့ဝှက်စွာ ပြန်ဖြေခဲ့သည်။ သူမ၏ မျက်လုံးများမှာမူ ဝူကျိခန်းမ၏ ဆေးခန်းမထဲသို့ မြေကမ္ဘာဝက်ဝံအလောင်းကို သယ်သွားသော သိုင်းသမားများကို ကြည့်နေသည်။

လိုင်ဟု၏ လမ်းပြမှုဖြင့် ယွင်ရှန်းတို့သည် အပြင်ခန်းမရှိ အဆောင်များသို့ ရောက်ရှိလာကြသည်။ ဝူကျိခန်းမ၏ အဆောင်များမှာ တော်ဝင်မှော်အကယ်ဒမီထက် များစွာ ပိုမိုကောင်းမွန်ပြီးကျောင်းသားနှင့် ကျောင်းသူများကို သီးခြားစီ ခွဲထားကာ တစ်ခန်းလျှင် သုံးဦးစီ နေထိုင်ရသည်။ လိုင်ဟုက ဂူဖုန်းနှင့် ချီယဲ့တို့ကို ယောက်ျားလေးဆောင်သို့ ခေါ်သွားပြီး ယွင်ရှန်းမှာမူ အမျိုးသမီး သိုင်းသမား နှစ်ဦးနှင့်အတူ နေထိုင်ရမည့် အခန်းသို့ ရောက်သွားသည်။

ယွင်ရှန်းသည် သူမ၏ သိုင်းဝတ်ရုံကို ကိုင်ကာ အခန်းထဲသို့ လှမ်းဝင်လိုက်သည့် ခဏမှာပင် လေတိုးသံနှင့်အတူ လက်သီးချက်တစ်ချက်က သူမဆီသို့ ဦးတည်ဝင်ရောက်လာတော့သည်။

သူမ၏ မှော်ဝိညာဉ်မှာ ပိတ်ပင်ခံထားရသော်လည်း သူမ၏ ခန္ဓာကိုယ်မှာမူ ရိုးတွင်းခြင်ဆီ ကျောက်စိမ်းကျင့်စဉ်ကြောင့် သန်စွမ်းနေဆဲဖြစ်သည်။ ထို့ပြင် ရှန်းနုန်၏ မျက်လုံးကြောင့် သူမ၏ အကြားအာရုံနှင့် အမြင်အာရုံမှာ သာမန်ထက် ထူးကဲနေသဖြင့် သူမ၏ မျက်နှာဆီသို့ လျင်မြန်စွာ ဦးတည်လာသော လက်သီးချက်ကို ချက်ချင်း သတိပြုမိလိုက်သည်။

ယွင်ရှန်းသည် တုံ့ဆိုင်းမနေဘဲ ခါးကို လှည့်ကာ ထိုခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုကို လျှပ်တစ်ပြက် ရှောင်တိမ်းလိုက်သည်။

"မှော်ဆရာတွေကို ဒီမှာ လက်မခံဘူး။ အခုချက်ချင်း ထွက်သွားစမ်း"

အမျိုးသမီး သိုင်းသမား အချို့မှာ တံခါးဝတွင် ခါးထောက်လျက် ယွင်ရှန်းကို မထီမဲ့မြင် ပြုနေကြသည်။ သူတို့မှာ အပြင်ခန်းမမှ သိုင်းသမားများဖြစ်ကြပြီး အမျိုးသားများလောက် ခန္ဓာကိုယ် မတောင့်တင်းသော်လည်း သိုင်းစိတ်ဓာတ်ကို ကောင်းစွာ အသုံးချနိုင်သူများ ဖြစ်ကြသည်။

မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာတာပဲ...

ယွင်ရှန်းသည် စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။ ဤကဲ့သို့သော အနိုင်ကျင့်မှုမျိုးမှာ ခေတ်သစ်ကမ္ဘာတွင်သာမက ဝူကျိတိုက်ကြီးပေါ်တွင်လည်း နေရာအနှံ့ ရှိနေသည်ကို သူမ ကောင်းကောင်းသိသည်။ ဂူဖုန်း မှော်အကယ်ဒမီတွင် အနိုင်ကျင့်ခံရစဉ်ကပင် ဥပမာကောင်း ရှိခဲ့ပြီးဖြစ်သည်။

သို့သော် ကံဆိုးသည်မှာ ယနေ့တွင် ဤအမျိုးသမီး သိုင်းသမားများသည် ယွင်ရှန်းကို လာရောက်ရန်စမိခြင်းကြောင့် အကြီးအကျယ် ဒုက္ခရောက်ကြတော့မည်ပင်။

All Chapters