← Chapters

နတ်ဆိုးမျိုးနွယ် တုံ့ပြန်မှု

Vol. 15 Ch. 209

နတ်ဆိုးမျိုးနွယ် တုံ့ပြန်မှု

Vol. 15 Ch. 209

အခန်း(၂၀၉) :  နတ်ဆိုးမျိုးနွယ် တုံ့ပြန်မှု

မြောက်ပိုင်း လိပ်နက်ကုန်းမြေရှိ လျို့ဝှက်နေရာအတွင်း အားကောင်းသည့် နတ်ဆိုးမျိုးနွယ်စု ခေါင်းဆောင်အားလုံးက လျို့ဝှက်အစည်းအဝေး ကျင်းပနေသည်။ အကယ်၍ တစ်ယောက်ယောက်သာ ထိုအစည်းအဝေးကို သိသွားလျှင် အတော်လေး အံ့ဩသွားရလိမ့်မည်။

ပြောရလျှင် ထိုနေရာတွင် သမိုင်းကြောင်းတစ်လျှောက် ဧကရာဇ် ပြုစုပျိုးထောင်ဖူးသည့် တော်ဝင်သွေးမျိုးဆက်ရှိသည့် နတ်ဆိုးမျိုးနွယ် ခေါင်းဆောင်များအားလုံး တက်ရောက်နေ၍ ဖြစ်သည်။

ဤသည်က တခြားသူများ အံ့ဩသွားစေမည့် အကြောင်းအရင်း မဟုတ်သေးပေ။ တကယ့်အကြောင်းအရင်းက ထိုမျိုးနွယ်ကွဲများအားလုံးက တစ်ယောက်နှင့် တစ်ယောက် ငြိမ်းငြိမ်းချမ်းချမ်း အတူတကွ ရှိနေသည့်အတွက် ဖြစ်သည်။

နတ်ဆိုးမျိုးနွယ်စုများက အပြင်ဘက်လောကထံ သူတို့ တစ်ယောက်နှင့် တစ်ယောက် ဆက်တိုက် တိုက်ခိုက်နေကြောင်း ပုံရိပ်မျိုး လွှင့်ထားခဲ့သည်။ ထို့ကြောင့် နတ်ဆိုးမျိုးနွယ်အားလုံးတွင် မျိုးနွယ်မတူလျှင် စေ့စပ်လို့မရလောက်အောင် သောင်းကြမ်းနေတတ်သည့် အတွေးမျိုးကို အသေင်္ချေအင်ပါယာကမ္ဘာ၏ တခြားမျိုးနွယ်များ၏ စိတ်ထဲ ထည့်သွင်းပေးထားသည်။

သိုသော်လည်း ထိုအရာက အပေါ်ယံမြင်ရသလောက် မရိုးရှင်းပေ။ အချင်းချင်း ခွက်စောင်းခုတ်နေခြင်းက နတ်ဆိုးမျိုးနွယ်များသည် လူသားမျိုးနွယ်များထံ သူတို့ခြိမ်းခြောက်မှုအဆင့်ကို လျော့ချပစ်ဖို့ သုံးသည့် အယောင်ဆောင်မျှသာ ဖြစ်၏။

အစည်းအဝေးကို ပြန်ကြည့်ကြလျှင် ကျင်းပရသည့် ရည်ရွယ်ချက်က နတ်ဆိုးမျိုးနွယ် အထက်ပိုင်းများက နဂါးစင်စစ် တည်းခိုဆောင်တွင် ဖြစ်ခဲ့သည့် အကြောင်းအရာများကို သတင်းပြန်ရလာ၍ ဖြစ်သည်။

သတင်းရလာပြီးနောက် မျိုးနွယ်ကွဲများ၏ ခေါင်းဆောင်များက ဒေါသတကြီး ပြုမူခြင်းမျိုး မရှိကြပေ။ ငယ်ရွယ်သော နတ်ဆိုးမျိုးနွယ် ကျင့်ကြံသူများနှင့် မတူဘဲ အထက်ပိုင်းက နတ်ဆိုးမျိုးနွယ် ရင်ဆိုင်နေရသည့် အခြေအနေကို ကောင်းကောင်းသိထားကြသည်။

“ကောင်းပြီ … ကိစ္စတွေက ငါတို့ထင်ထားတာထက် ပိုဆိုးနေပြီ” ရွှေငှက်ကြီး မျိုးနွယ်ခေါင်းဆောင်က ပြောလိုက်သည်။

“ နည်းနည်းလောက် ရန်စခံရရုံနဲ့ လူသားတွေက ဒီလောက်အထိ ပြင်းပြင်းထန်ထန် တုံ့ပြန်လိမ့်မယ်လို့ မထင်ထားမိဘူး” တိုက်ပွဲဝင် လူဝံမျိုးနွယ် ခေါင်းဆောင်က ပြောလိုက်သည်။

“တစ်ရက်တည်းနဲ့ ငါတို့ သူတော်စင်ငါးယောက်မက ဆုံးရှုံးလိုက်ရတယ်” အာဏာပုရွက်ဆိတ် မျိုးနွယ်ခေါင်းဆောင်က ထပ်ပြောလိုက်သည်။

“ဝမ်းနည်းစရာအကောင်းဆုံးက ငါတို့ ပွင့်ပွင့်လင်းလင်း ပြန်လက်တုံ့မပြန်နိုင်တာပဲ။ မဟုတ်ရင် အကျိုးဆက်က အဲဒါထက် ပိုဆိုးရွားသွားလိမ့်မယ်” ပြောလိုက်သူက အခန်းထဲရှိ အမျိုးသမီးအနည်းစုထဲမှ တစ်ယောက်ဖြစ်သည့် ဒေါင်းမျိုးနွယ်ခေါင်းဆောင် ဖြစ်သည်။

“ ဘာမှပြောနေဖို့ မလိုပါဘူး” ပြောလိုက်သူက ကျားနက်မျိုးနွယ် ခေါင်းဆောင် ဖြစ်ပြီး “ငါတို့ဘိုးဘေးတွေဆီကနေ ငါတို့နတ်ဆိုးမျိုးနွယ်က ငါတို့ဘာသာ ထာဝရဧကရာဇ်ကို မမွေးထုတ်နိုင်မချင်း မပြောင်းလဲဘူးဆိုတာ သင်ယူခဲ့ရတာပဲ။ အခု ဒီမျိုးဆက်မှာ ငါတို့ အခွင့်အရေး ရလာခဲ့ပြီ”

“ဟုတ်တယ် … မျိုးရိုးပြန်ဖော်ဆောင်ခြင်း စီမံကိန်းက ငါတို့နှစ်အများကြီး သွေးမျိုးဆက်ရဲ့ လျို့ဝှက်ချက်တွေကို လေ့လာပြီးတဲ့နောက်မှာ အသီးအပွင့်ခံစားရတော့မယ်” ရွှေခြင်္သေ့မျိုးနွယ် ခေါင်းဆောင်က ပြောလိုက်သည်။ သူမက ဆံပင်နက်နက်၊ ရွှေရောင်မျက်ဝန်းပိုင်ရှင် မိန်းမလှတစ်ဦး ဖြစ်၏။ သို့သော် သူမ၏ ဘယ်ဘက်မျက်လုံးတွင် အမာရွတ်ကြီး ရှိနေသည်။

သူမမျိုးနွယ်၊ ကျားနက်မျိုးနွယ်၊ ရွှေငှက်မျိုးနွယ်နှင့် တိုက်ပွဲဝင် လူဝံမျိုးနွယ်တို့က နတ်ဆိုးမျိုးနွယ်ကြား အားအကောင်းဆုံးများ ဖြစ်ကြသည်။ သူတို့က မဟာဧကရာဇ်သုံးယောက်စီ ပြုစုပျိုးထောင်ပေးခဲ့သည်။

ထိုနတ်ဆိုးမျိုးနွယ်များအတွက် ကံဆိုးသည်က သူတို့ဧကရာဇ်အများစုသည် လူသားများ၏ အဆင့်အတန်းကို စိန်ခေါ်ဖို့ ကြိုးစားပြီးနောက် လူသားတည်တံရေးအစီအရင်ကြောင့် အသတ်ခံရတာမျိုး သို့မဟုတ် ပြည်နှင်ခံရခြင်းတို့ ကြုံတွေ့ခဲ့ရသည်။

ရလဒ်အနေနှင့် နတ်ဆိုးမျိုးနွယ်နောက်ခံအများစုက ပျောက်ဆုံးနေသည်။ ဧကရာဇ်ကျမ်း ဖြစ်စေ၊ ဧကရာဇ် အသုံးအဆောင်ပစ္စည်းဖြစ်စေ သို့မဟုတ် အစီအရင် ဖြစ်စေ အားလုံးကို လူသားမျိုးနွယ်သည် နတ်ဆိုးမျိုးနွယ် အားနည်းစေရန်အတွက် ဖျက်ဆီးပစ်ကြသည်။

ထိုဧကရာဇ်များကလည်း သူတို့ပစ္စည်းများ ချန်ထားခဲ့ဖို့ အခွင့်အရေးပင် မရခဲ့ကြပေ။

အမှန်တော့ နတ်ဆိုးမျိုးနွယ်များ၏ ဘဝက သေရေးရှင်ရေး ဖြစ်နေသည်။ လူသားဧကရာဇ်က သူတို့ကို သုတ်သင်မပစ်လိုသော်လည်း နောက်ထပ် မဟာဧကရာဇ် ထွက်ပေါ်လာသည့်အခါ အတူတူဖြစ်နေဦးမည်ဟု မပြောနိုင်ပေ။

အထူးသဖြင့် သားရဲမွေးမြူရေးတောင်ကြားလိုမျိုး ဂိုဏ်းနှင့် ပတ်သက်လာသည့်အခါတွင် ဖြစ်သည်။ သူတို့က နတ်ဆိုးမျိုးနွယ်အားလုံးကို ကျွန်ပြုကာ အကျဉ်းချထားခြင်း သို့မဟုတ် သုတ်သင်ခြင်းများ ပြုလုပ်လိုကြသည်။ ရလဒ်အနေနှင့် လူသားမျိုးနွယ်၏ မဟာဧကရာဇ်အများစု သို့မဟုတ် စိတ်ဝိညာဉ်မျိုးနွယ်ပင် နတ်ဆိုးမျိုးနွယ်စုများကို ရှင်းထုတ်ဖို့ ကြိုးစားလာကြသည်။

နတ်ဆိုးမျိုးနွယ်က ဆိုးဆိုးရွားရွား ခံစားနေရသော်လည်း မျိုးနွယ် မပျက်သုန်းသေးသည့် အကြောင်းအရင်း နှစ်ခု ရှိလေသည်။

ပထမတစ်ခုက သူတို့က လူသားများအတိုင်း တုပကာ မြောက်ပိုင်း လိပ်နက်ကုန်းမြေ၌ နတ်ဆိုးမျိုးနွယ်၏ ကံကြမ္မာ သို့မဟုတ် ချီကံကောင်းမှုအားလုံးကို စုဆောင်းကာ နတ်ဆိုးတည်တံရေး အစီအရင်ကို ဖန်တီးထားခဲ့သည်။ နတ်ဆိုးမျိုးနွယ်မှ ပေါ်ထွက်လာသည့် မဟာဧကရာဇ်တိုင်းက ထိုအစီအရင်ကို လူသားများ သူတို့လူသားတည်တံရေး အစီအရင်ကို လုပ်သလိုမျိုး အားဖြည့်ပေးရသည်။

နောက်ထပ် အကြောင်းအရင်းက နတ်ဆိုးမျိုးနွယ်၏ မဟာဧကရာဇ်များစွာက တာအိုကို သက်သေပြပြီးသည့်နောက် အသင်္ချေအင်ပါယာကမ္ဘာအတွင်း လူသားအင်အားစုကို လျော့ချရန် လူသားတည်တံရေး အစီအရင်ကို တိုက်ခိုက်လေ့ရှိသည်။ ကံဆိုးသည်က သူတို့က ထိုအစီအရင်ကြောင့် သေဆုံးသွားတာမျိုး ဒါမှမဟုတ် အသင်္ချေအင်ပါယာကမ္ဘာထံ ပြန်မလာနိုင်အောင် တားဆီးတာမျိုး ကြုံရသည်။

နတ်ဆိုးမျိုးနွယ်အတွက် ပို၍ဆိုးရွားသည်က လူသားများသည် အသင်္ချေအင်ပါယာကမ္ဘာ၏ ချီကံကောင်းမှု ၉၀ ရာခိုင်နှုန်းကို ကိုင်ဆောင်ထားသည့်အချက် ဖြစ်သည်။ ကောင်းကင်တာအိုက သူတို့ကို ကမ္ဘာ၏ အရှင်သခင်အဖြစ် အသိအမှတ်ပြုထားပြီး တခြားမျိုးနွယ်များနှင့် ပဋိပက္ခဖြစ်လာသည့်အခါ သူတို့ဘက် မျက်နှာလိုက်လေ့ရှိ၏။

“ အခု ငါတို့လုပ်ဖို့လိုတာက ကောင်းကင်အလိုဆန္ဒတိုက်ပွဲ မတိုင်ခင်အထိ သူ့ကို လူသားတွေ ရှာမတွေ့သွားအောင် သေချာလုပ်ရမယ်” ရွှေခြင်္သေ့မျိုးနွယ် ခေါင်းဆောင်က လက်ရှိအခြေအနေများကို ပြန်လည်သုံးသပ်ရင်း ထပ်ပြောလိုက်သည်။

“ လူသားတွေ ကမ္ဘာကြီးကို အုပ်စိုးနိုင်တဲ့ အကြောင်းအရင်းမှန်က သူတို့က ဧကရာဇ်ချီယွမ်၊ ဓားဧကရီ၊ အကြွင်းမဲ့ စတင်ခြင်း ဧကရာဇ်နဲ့ ဧကရီဝူတို့လို ထာဝရဧကရာဇ်တွေ ပြုစုပျိုးထောင်နိုင်ခဲ့လို့ပဲ ” ခေါင်းဆောင်တစ်ယောက်က ပြောလိုက်သည်။

“သူသာ ထာဝရဧကရာဇ် ဖြစ်လာခဲ့ရင် ငါတို့နတ်ဆိုးမျိုးနွယ်အတွက် မျှော်လင့်ချက် ရှိလာပြီ။ ငါတို့အပိုင်ဖြစ်လာမဲ့ ခေတ်ကာလကို ဖန်တီးနိုင်မဲ့ မျှော်လင့်ချက်ပေါ့ ”

ခေါင်းဆောင်အားလုံးက သူတို့ကို စောင့်ကြိုနေသည့် တောက်ပသည့် အနာဂတ်အကြောင်း စဉ်းစားနေ၍ အခန်းက တဖန်တိတ်ဆိတ်သွားလေသည်။ သူတို့က ဝိညာဉ်စွမ်းအား နည်းပါးသည့် ကျတ်တီးမြေနှင့် အေးခဲနေသည့် ကုန်းမြေတွင် နေစရာ မလိုတော့ကြောင်း တွေးကြည့်နေကြသည်။

သူတို့မျိုးနွယ်များက သယ်ယူပို့ဆောင်ရေး သို့မဟုတ် အစားအစာအဖြစ် သတ်မှတ်မခံရတော့ကြောင်း တွေးကြည့်နေသည်။ သူတို့က ဂုဏ်ယူမှုအပြည့်ဖြင့် တခြားကုန်းမြေများဆီ ပွင့်လင်းမြင်သာ သွားလာနိုင်ကြောင်း စဉ်းစားကြည့်နေကြသည်။ တစ်ရက်ကျ လူသားမျိုးနွယ်က သူတို့တစ်မျိုးနွယ်လုံးကို သတ်ဖြတ်ပစ်ဖို့ ဆုံးဖြတ်လိုက်မည့် နေ့ရက်အား ရင်တမမဖြင့် ကြောက်ရွံ့နေစရာ မလိုတော့ပေ။

“ စိတ်ကူးတွေယဉ်မနေကြနဲ့ဦး” ကျားနက်မျိုးနွယ် ခေါင်းဆောင်က ရုတ်ချည်း ပြောလိုက်သည်  “ ငါတို့အစီအစဉ်တွေ အကောင်အထည်ပေါ်လာတာနဲ့ ငါတို့အိပ်မက်တွေအားလုံးက ရည်မှန်းချက် ဖြစ်လာပြီးတော့ ပြည့်ဝလာလိမ့်မယ်”

“ ငါတို့တွေ ကျောင်းတော်ဆီ လွှတ်လိုက်တဲ့ သူတွေအပေါ် လူသားတွေက စုံစမ်းစစ်ဆေးဖို့ စိတ်ပူနေဖို့ လိုသေးလား” ခေါင်းဆောင်တစ်ယောက်က ဝင်မေးလိုက်သည်။

“မလိုဘူး … ငါတို့ရဲ့ ကောင်းကင်ရွေးချယ်ခံတွေကို မောက်မောက်မာမာ ရိုင်းစိုင်းပြပြီးတော့ လူသားတွေအပေါ် မကျေနပ်မှုတွေ ပြဖို့ သေချာလုပ်ထားတယ်။ အပြင်လူတွေက နတ်ဆိုးမျိုးနွယ်တစ်ခုလုံး ကမ္ဘာကြီးရဲ့ အမှန်တကယ် အခြေအနေကို မသိဘဲ တစ်မျိုးဆက်ပြီး တစ်မျိုးဆက် အားနည်းလာတယ်လို့ မြင်အောင် သေချာလုပ်ထားပြီးသား” ငရဲကျီးမျိုးနွယ် ခေါင်းဆောင်က ပြောလိုက်သည်။

“ အဲဒီနည်းနဲ့ လူသားမျိုးနွယ်က ငါတို့ လက်တွေ့နဲ့ ကင်းဝေးလာတာကို တွေးနေသရွေ့ ငါတို့အပေါ် သတိရှိမှာ မဟုတ်တော့ဘူး”

အခန်းက တဖန်ပြန်လည်တိတ်ဆိတ်သွားလေသည်။ ထိုစဉ် တစ်ယောက်က မေးလိုက်သည်။

“ ရွှေခြင်္သေ့ခေါင်းဆောင် ဒီအစည်းအဝေးကို ဘာလို့ခေါ်လိုက်တာလဲ။ ကျောင်းတော်မှာ အငယ်တွေရဲ့ အပြုအမူကြောင့်လား ”

“ ဘယ်ဟုတ်ပါ့မလဲ” ရွှေခြင်္သေ့ ခေါင်းဆောင်က ပြန်ဖြေလိုက်သည် “ ဒီအစည်းအဝေးကို ခေါ်လိုက်တာက အားလုံးကို အကြံပြုစရာလေးရှိလို့ ”

“ဘာများလဲ ”

“ ငါတို့ ဒီ မျိုးရိုးပြန်ဖော်ဆောင်ခြင်း စီမံကိန်းထဲ ပါဝင်ဖို့ ရွှေကျီးမျိုးနွယ်ကိုလည်း ဖိတ်ကြားသင့်တယ် ထင်တယ် ”

တခြားခေါင်းဆောင်များက သူမကို တအံ့တဩ ကြည့်လိုက်ကြသောကြောင့် အခန်းက တဖန်ပြန်လည် တိတ်ဆိတ်သွားပြန်သည်။ လူများစွာက သူမ နောက်နေတာလားဟု တွေးမိကြသော်လည်း သူမ၏ အလေးအနက် ဟန်ပန်ကို မြင်ပြီးနောက် စိတ်ပြောင်းသွားကြသည်။

“ အဲဒီသစ္စာဖောက်တွေနဲ့ ဘာလို့ ပတ်သက်ချင်တာလဲ။ သူတို့ကို  ငါတို့မျိုးနွယ်ကို ပြောင်းလဲပေးနိုင်တဲ့ ဒီလိုအရေးကြီးတ့  ကိစ္စထဲ ပါဝင်ခွင့်ပေးလိုက်ဖို့ မပြောနဲ့ဦး” ခေါင်းဆောင်တစ်ယောက်က ရုတ်ချည်း အော်ပြောလိုက်သည်။

လူအများကြီးက ထိုသူ့စကားအား သဘောတူကြသည်။ ထိုခေါင်းဆောင်များက ပုံမှန်အားဖြင့် ရွှေခြင်္သေ့လိုမျိုး မျိုးနွယ်အပေါ် လေးစားမှုပြသကြလေသည်။ သို့သော်လည်း ဤတစ်ခေါက် ရွှေကျီမျိုးနွယ်နှင့် ပတ်သက်လာသည့်အခါတွင်တော့ မရပေ။

နတ်ဆိုးမျိုးနွယ် အများစုအတွက် ရွှေကျီးမျိုးနွယ်က သစ္စာဖောက်များသာ ဖြစ်ကြသည်။ သူတို့က မြောက်ပိုင်းကုန်းမြေကို စွန့်ပစ်ကာ နေမင်းပေါ်တွင် သွားနေလေသည်။ သူတို့က သူတို့မျိုးနွယ်များ အမဲလိုက်ခံရကာ စီးတော်သားရဲ သို့မဟုတ် အစားအစာ ဖြစ်လာမည့်အရေးကို ပူပင်စရာ မလိုပေ။

ထို့အပြင် သူတို့က နတ်ဆိုးမျိုးနွယ်အတွက် ဘာမှမလုပ်ပေးဖူးပေ။ နတ်ဆိုးတည်တံရေး အစီအရင်အပါအဝင် ဖြစ်၏။ သူတို့ဂရုစိုက်သည်ကား သူတို့မျိုးနွယ်ဝင်များကို ကယ်တင်ရန်သာ ဖြစ်သည်။

ဤသည်က အဆိုးဆုံး မဟုတ်သေးပေ။ တခြားနတ်ဆိုးမျိုးနွယ်များက ရွှေကျီးမျိုးနွယ်ကို မုန်းတီးရသည့် အဓိကအချက်မှာ သူတို့က သွေးမျိုးဆက် ကျင့်ကြံရေး နည်းစနစ်ကို စွန့်ပစ်ပြီး လူသားများ ကျင့်ကြံသည့် မူလလမ်းစဉ်ကို ကျင့်ကြံ၍ ဖြစ်သည်။

ဤသည်က လတ်တလောမှ မဟုတ်ပေ။ သူတို့မျိုးနွယ်မှ မဟာဧကရာဇ်နှစ်ယောက်လုံးက မူလလမ်းစဉ်မှတဆင့် တာအိုကို သက်သေပြခဲ့ခြင်း ဖြစ်၏။

ရွှေခြင်္သေ့မျိုးနွယ် ခေါင်းဆောင်က တခြားသူများ၏ တုံ့ပြန်မှုကို မြင်ကာ မအံ့ဩမိပေ။ သူမက သက်ပြင်းချကာ ပြောလိုက်၏။

“ အကြောင်းက ငါတို့ဆီမှာ ရွေးချယ်စရာများများ မရှိတော့လို့ပဲ ”

All Chapters