← Chapters

သူတို့၏ မျက်နှာအမူအရာများ ရုတ်ချည်း ပြောင်းလဲသွားခြင်း

Vol. 11 Ch. 101

သူတို့၏ မျက်နှာအမူအရာများ ရုတ်ချည်း ပြောင်းလဲသွားခြင်း

Vol. 11 Ch. 101

“ဟွန်း... မော်ရှန်း က တကယ်ပဲ အစွမ်းထက်လှတယ် ထင်နေတာ ၊ သင်္ဘောပျံတစ်စင်းတောင် မရှိကြပါလား ”

ယွင်ရှောင် က အထင်သေးသော လေသံဖြင့် ဆိုလိုက်၏။ သင်္ဘောပျံ မရှိပါက ဂိုဏ်း၏ အကြီးအကဲကြီးက သူတို့ကို သယ်ဆောင်လာရမည် ဖြစ်ရာ ၊ ဤသည်မှာ တကယ့်ကို ရှက်စရာကောင်းသော ကိစ္စပင် ဖြစ်သည်။ သူတို့အဖွဲ့သည် တစ်ယောက်ပေါ်တစ်ယောက် ထပ်၍ လူအဆင့်ဆင့်ဆင့်ကာ ပျံသန်းလာကြရမည်လားဟုပင် သူ လှောင်ပြောင်တွေးတောနေမိတော့သည်။

သို့သော်လည်း အခြေအနေမှာ သူ ထင်မှတ်ထားသကဲ့သို့ မဟုတ်ကြောင်း ရောက်ရှိနေသူ အားလုံး ချက်ချင်းပင် ရိပ်မိလိုက်ကြ၏။ အဘယ်ကြောင့်ဆိုသော် ပျံသန်းလာသော ပုံရိပ်များမှာ သူတို့ စိတ်ကူးထားသကဲ့သို့ တစ်စုတစ်စည်းတည်း မဟုတ်ဘဲ ၊ အသီးသီး ကွဲပြားနေသောကြောင့်ပင် ဖြစ်သည်။

“ဟို ငွေရောင်အရာကြီးက ဘာလဲ ၊ ကြည့်ရတာ မီးတောက်နဲ့ တူပေမဲ့ ၊ မီးတောက်က ငွေရောင် ရှိနိုင်လို့လား ”

“ငါလည်း မသိဘူး ၊ ဒီတစ်ခေါက် မော်ရှန်းရဲ့ အဖွဲ့ကို ဘိုးဘေးကြီး ကိုယ်တိုင် ဦးဆောင်လာတာလား ၊ မော်ရှန်းက ကောင်းကင်အရှင်သခင်တွေထဲမှာ သူတစ်ယောက်ပဲ မီးဝိညာဉ်ခန္ဓာ ပိုင်ဆိုင်တာလေ ”

ထိပ်တန်းဂိုဏ်းကြီး ငါးခုမှ ကောင်းကင်အရှင်သခင်များမှာ ဇဝေဇဝါ ဖြစ်နေကြရ၏။ အဘယ်ကြောင့်ဆိုသော် ထိုငွေရောင် မီးလျှံများကို သူတို့ တစ်ခါမျှ မမြင်ဖူးကြသောကြောင့်ပင် ဖြစ်သည်။

“မဟုတ်ဘူး... မော်ရှန်း ဘိုးဘေးကြီး မဟုတ်ဘူး ၊ ကြည့်ရတာ လူငယ်တစ်ယောက်လိုပဲ ”

ရုတ်တရက် ၊ သူတို့ထဲတွင် အစွမ်းအထက်ဆုံး ဖြစ်သော ဘိုးဘေးကြီး ချင်းယွင် ၏ မျက်နှာမှာ ရုတ်ချည်း ပြောင်းလဲသွားတော့သည်။ အဖွဲ့ကို ဦးဆောင်လာသူမှာ တကယ်ပင် လူငယ်တစ်ယောက် ဖြစ်နေသည်ကို သူ မြင်လိုက်ရသောကြောင့်ပင် ဖြစ်၏။

“ဟူး... လင်းရန်ယန် ပါလား ၊ ဒါက လင်းရန်ယန်ပဲ ”

ကောင်းကင်အရှင်သခင် ရွှင်ယန်သည် ချက်ချင်းပင် အသက်ရှူမှားသွားရတော့သည်။ ကျန့်ယိဂိုဏ်း နှင့် မော်ရှန်းတို့မှာ ရင်းနှီးကြသည်ဖြစ်ရာ ၊ လင်းရန်ယန်၏ ရုပ်ပုံလွှာကို သူတို့ ရရှိထားပြီး ဖြစ်သည်။

သူ၏စကားကြောင့် ရောက်ရှိနေသူ အားလုံး၏ မျက်နှာအမူအရာများမှာ သိသိသာသာ ပျက်ယွင်းသွား၏။ ယွင်ရှောင် ပင်လျှင် အဝေးမှ တရိပ်ရိပ် နီးကပ်လာသော ငွေရောင်အလင်းတန်းကို မယုံကြည်နိုင်လောက်အောင် ငေးကြည့်နေမိတော့သည်။

“ဘာလဲ... လင်းရန်ယန် ဟုတ်လား ၊ သူက မော်ရှန်းကနေ တခြားလူတွေကို သယ်ပြီး တိုက်ရိုက် ပျံလာတာလား ၊ ဒီနေရာက မော်ရှန်းနဲ့ ကီလိုမီတာ နှစ်ထောင်ကျော် ဝေးတာလေ ”

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”

“နေပါဦး... သူရဲ့ အရှိန်အဝါက... မြေကမ္ဘာအရှင်သခင် ဒသမအဆင့် ၊ တကယ်ပဲ ဒသမအဆင့်ပါလား ၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”

“မြန်လိုက်တာ... ဒီအရှိန်မျိုးဆိုရင် ငါကိုယ်တိုင် ဓားပျံနဲ့ ပျံရင်တောင် အမီလိုက်နိုင်မှာ မဟုတ်ဘူး ၊ သူက တကယ်ပဲ မြေကမ္ဘာအရှင်သခင် အဆင့်ပဲ ရှိသေးတာ သေချာရဲ့လား ”

“နေဦး... လေဝိညာဉ်စွမ်းအားလည်း ပါနေတာပဲ ၊ ဒီအဆင့်အရဆိုရင် အနည်းဆုံး တတိယအဆင့် ရှိရမယ် ”

လင်းရန်ယန် နီးကပ်လာသည်နှင့်အမျှ ၊ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အစွမ်းထက်လှသည့် အရှိန်အဝါကို အားလုံး အာရုံခံမိလိုက်ကြတော့သည်။ တစ်ချိန်တည်းမှာပင် လင်းရန်ယန်၏ ခန္ဓာကိုယ်ပေါ်ရှိ မီးဝိညာဉ်စွမ်းအားနှင့် လေဝိညာဉ်စွမ်းအားတို့ကိုပါ ခံစားမိလိုက်ကြရာ ၊ လူတိုင်း၏ မျက်နှာမှာ အံ့သြတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွား၏။

တတိယအဆင့်ရှိ ဝိညာဉ်ခန္ဓာ နှစ်ခုကို ပိုင်ဆိုင်ထားသည် ဆိုသည်မှာ တကယ်ပင် လူသားတစ်ယောက် နှင့်မတူညီချေ။ မြေပြင်အရှင်သခင် အဆင့်တွင် တတိယအဆင့်ရှိ မီးဝိညာဉ်ခန္ဓာ ပိုင်ဆိုင်သူမှာ ကျင့်ကြံခြင်းလောကတွင် နှစ်ပေါင်းထောင်ချီ၍ ပေါ်ထွက်ခဲ့ခြင်း မရှိပေ။ ကောင်းကင်အရှင်သခင် အဆင့်၌ပင်လျှင် ဝိညာဉ်ခန္ဓာကို တတိယအဆင့်အထိ ရောက်အောင် ကျင့်ကြံနိုင်သူမှာ အလွန်ပင် ရှားပါးလှသည်။

ယခုမူ လင်းရန်ယန်မှာ မြေကမ္ဘာအရှင်သခင် ဒသမအဆင့်ဖြင့်ပင် ဝိညာဉ်ခန္ဓာ နှစ်မျိုးစလုံးကို တတိယအဆင့်အထိ ရောက်ရှိထားသည်ဖြစ်ရာ ၊ သူတို့ကို မည်သို့မျှ အံ့သြခြင်း မရှိဘဲ မနေနိုင်စေချေ။

“ဝုန်း... ”

နောက်ဆုံး၌ မီးလျှံလှိုင်းများအကြားမှ လင်းရန်ယန်၏ ပုံရိပ်သည် အားလုံး၏ ရှေ့မှောက်တွင် ချက်ချင်းပင် ရပ်တန့်သွားတော့သည်။

“ဂိုဏ်းတူအစ်ကို... ကျွန်တော်တို့ နောက်ကျသွားပုံရတယ် ”

အခြားဂိုဏ်းကြီး ငါးခုမှ လူများ ရောက်ရှိနေသည်ကို မြင်သောအခါ ၊ လင်းရန်ယန်က ပြုံးလျက် သူ၏ ဘေးနားရှိ အောင်းထျန်းလုံကို စကားဆိုလိုက်၏။

“မတတ်နိုင်ဘူးလေ ၊ မော်ရှန်းက အဝေးဆုံး မဟုတ်ပေမဲ့ ငါတို့က အနောက်ကျဆုံး ထွက်လာခဲ့တာကိုး ၊ အကယ်၍ သင်္ဘောပျံအစုတ်ကြီးတွေနဲ့သာ လာမယ်ဆိုရင်တော့ ၊ အခုချိန်မှာ လမ်းခုလတ်မှာပဲ ရှိနေဦးမှာ သေချာတယ် ”

အောင်းထျန်းလုံကလည်း မတတ်သာသည့်အလား ဆိုလာသည်။ သူ၏ စကားကြောင့် ရောက်ရှိနေသူ အားလုံးမှာ မျက်နှာကို အဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ကြရ၏။

‘ သင်္ဘောပျံအစုတ်ကြီး တဲ့…..’

သူတို့အားလုံးမှာ ပျံသန်းနိုင်သည့် သင်္ဘောများဖြင့် လာခဲ့ကြခြင်း ဖြစ်၏။ သို့သော်လည်း လင်းရန်ယန်၏ အရှိန်နှင့် နှိုင်းယှဉ်ပါက ၊ ကောင်းကင်အဆင့် အလယ်အလတ်ရှိသော ထိုသင်္ဘောကြီးများမှာ တကယ်ပင် နှေးကွေးလှသည်။

“မဖြစ်နိုင်ဘူး... ဒါက မဖြစ်နိုင်ဘူး ၊ တစ်ဆယ့်ရှစ်နှစ်... သူက တစ်ဆယ့်ရှစ်နှစ်ပဲ ရှိသေးတာ ၊ ဘယ်လိုလုပ်ပြီး မြေပြင်အရှင်သခင် ဒသမအဆင့်ကို ရောက်နိုင်မှာလဲ ”

ယွင်ရှောင်သည် လင်းရန်ယန်ကို ကြည့်ရင်း ထိတ်လန့်လွန်းသဖြင့် နောက်သို့ အကြိမ်ကြိမ် ဆုတ်ခွာသွား၏။ ဤအခိုက်အတန့်၌ ငယ်စဉ်ကတည်းက သူ ဆုပ်ကိုင်ထားခဲ့သော မာနတရားများမှာ တစ်စစီ ကြွေလွင့်ပျက်စီးသွားခဲ့ရပြီ။ သူသည် အသက် လေးဆယ်ကျော်မှ အဋ္ဌမအဆင့်သို့ ရောက်ရှိခဲ့သော်လည်း ၊ လင်းရန်ယန်မှာမူ တစ်ဆယ့်ရှစ်နှစ်နှင့်ပင် ဒသမအဆင့်သို့ ရောက်နေပြီဖြစ်ရာ ၊ သူတို့ကြားရှိ ကွာဟချက်မှာ ကောင်းကင်နှင့် မြေကြီးအလား ဝေးကွာလှ၏ည်။ ဤတစ်သက်တွင် မည်သို့မျှ အမီလိုက်နိုင်တော့မည် မဟုတ်ပေ။

“ဝုန်း... ဝုန်း... ဝုန်း... ”

ထိုစဉ်မှာပင် အဝေးမှနေ၍ နောက်ထပ် မိုးချိန်းသံတစ်ခု ထွက်ပေါ်လာပြန်တော့သည်။ ထိုအသံကြောင့် အားလုံးက မော့ကြည့်လိုက်ကြ၏။ ထိုမြင်ကွင်းက သူတို့ကို တစ်ဖန် ပြင်းထန်စွာ တုန်လှုပ်သွားစေပြန်သည်။

“ကောင်းကင်ဘုံ မိုးကြိုးစွမ်းအားလား ၊ ကောင်းကင်ဘုံ မိုးကြိုးကို ထိန်းချုပ်နိုင်တဲ့သူက ဘယ်သူလဲ ”

“နေဦး... ကြည့်ရတာ ရှီးကျန့် နဲ့ တူတယ် ”

“ဟူး... ကောင်းကင်အရှင်သခင် ပထမအဆင့် ၊ ပြီးတော့ တတိယအဆင့် မိုးကြိုးဝိညာဉ်ခန္ဓာပါလား ၊ ရှီးကျန့်က ဘယ်တုန်းက ဒီလောက်အထိ အစွမ်းထက်သွားရတာလဲ ”

“ဒီလောက် စွမ်းအားမျိုးဆိုရင်... ငါတို့တောင် သူ့ကို အလွယ်တကူ အနိုင်ယူနိုင်ဖို့ မသေချာဘူး ”

“ပါရမီရှင်... တကယ့်ကို ထူးကဲတဲ့ ပါရမီရှင်ပဲ ၊ နောက်ထပ် တစ်ယောက်တောင် ပေါ်လာပြန်ပြီ ”

“ဪ... ဒါနဲ့... စောစောက ‘အရွယ်မရောက်သေးတဲ့ ပါရမီရှင်က ပါရမီရှင် မဟုတ်ဘူး’ လို့ ဘယ်သူ ပြောလိုက်တာလဲ ၊ ဒါကို အရွယ်မရောက်သေးဘူးလို့ ခေါ်တာလား ၊ ကျင့်ကြံခြင်းလောက တစ်ခုလုံးမှာတောင် သူ့ကို ယှဉ်နိုင်တဲ့လူ လက်ချိုးရေလို့ ရတယ်”

ဂိုဏ်းကြီး ငါးခုမှ ပညာရှင်ကြီးများနှင့် ကောင်းကင်အရှင်သခင်များမှာ အံ့သြတုန်လှုပ်စွာဖြင့် ဝိုင်းဝန်း ပြောဆိုနေတော့သည်။ မော်ရှန်း၏ လူအင်အားမှာ ရောက်မလာသေးသော အကြီးအကဲများကို ထည့်မတွက်လျှင်ပင် လုံလောက်နေပြီ ဖြစ်၏။

အမှန်စင်စစ် တတိယအဆင့်ရှိ ဝိညာဉ်ခန္ဓာ နှစ်ခုကို ပိုင်ဆိုင်ထားသော လင်းရန်ယန်၏ စုစုပေါင်း စွမ်းအားမှာ သာမန် ကောင်းကင်အရှင်သခင် ဒုတိယအဆင့်ရှိသူနှင့် ယှဉ်နိုင်စွမ်း ရှိနေပြီ။ ကောင်းကင်အရှင်သခင်နှင့် မြေပြင်အရှင်သခင် ဆိုသည်မှာ အမည်နှင့်အညီ ကောင်းကင်နှင့် မြေကြီးအလား ကွာခြားလှ၏။ လက်ရှိ ရောက်ရှိနေသော မြေပြင်အရှင်သခင် ဒသမအဆင့်ရှိသူများ အားလုံး စုပေါင်းတိုက်ခိုက်လျှင်ပင် လင်းရန်ယန်ကို အနိုင်ရရန် မသေချာပေ။

ရှီးကျန့်မှာမူ ပို၍ပင် အစွမ်းထက်လှ၏။ မိုးကြိုးဝိညာဉ်ခန္ဓာ ကိုယ်တိုင်က အဆင့်မြင့် ဝိညာဉ်ခန္ဓာ ဖြစ်ပြီး ၊ ၎င်းကို အသုံးပြုပါက သာမန် စတုတ္ထအဆင့်ရှိ ဝိညာဉ်ခန္ဓာနှင့် ယှဉ်နိုင်သည်။ ၎င်းကို သူ၏ ကောင်းကင်အရှင်သခင် ပထမအဆင့်နှင့် ကောင်းကင်ဘုံ မိုးကြိုးစွမ်းအားတို့နှင့် ပေါင်းစပ်လိုက်ပါက ၊ သူ၏ စွမ်းအားမှာ သာမန် ကောင်းကင်အရှင်သခင် ပဉ္စမအဆင့်ရှိသူကိုပင် အလွယ်တကူ ဖိနှိပ်နိုင်စွမ်း ရှိ၏။

“ဝုန်း... ”

ပြာလွလွအ‌ရောင်ရှိသော ကောင်းကင်ဘုံ မိုးကြိုးတစ်ခု မြေပြင်သို့ ကျဆင်းလာသည်နှင့်အမျှ ၊ ရှီးကျန့်၏ ပုံရိပ်မှာလည်း အားလုံး၏ ရှေ့မှောက်၌ ပေါ်ထွက်လာတော့သည်။ သူသည် နက်မှောင်သော တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ၊ လက်နှစ်ဖက်ကို နောက်ပစ်လျက် ကြောက်မက်ဖွယ်ကောင်းသော လူကြီးတစ်ဦးအလား တည်ငြိမ်စွာ ရပ်နေတော့သည်။

“ဆရာကြီးတို့... အစောကြီး ရောက်နေတာပဲ ၊ ရှီးကျန့်က တည်ငြိမ်စွာ လျှောက်လှမ်းလာရင်း ၊ ဂိုဏ်းကြီး ငါးခုမှ ကောင်းကင်အရှင်သခင်ကြီး လေးဦးကို နှုတ်ခွန်းဆက်လိုက်တော့သည်။ သူ၏ စကားအပေါ် ထိုအရှင်သခင်ကြီးများမှာ မကျေနပ်မှု တစ်စုံတစ်ရာ မရှိကြချေ။ အဘယ်ကြောင့်ဆိုသော် သူသည် ထိုကဲ့သို့ ပြောဆိုနိုင်လောက်သော စွမ်းအားကို ပိုင်ဆိုင်ထားသောကြောင့်ပင် ဖြစ်၏။

“ဂိုဏ်းတူအစ်ကို... အစ်ကို့အရှိန်က နည်းနည်း နှေးနေတာပဲ ၊ ဒီကအကြီးအကဲကြီးတွေကို စောင့်ခိုင်းထားတာ ကြာနေပြီနော် ”

လင်းရန်ယန်ကလည်း ရှီးကျန့်ကို ပြုံးလျက် နောက်ပြောင်လိုက်တော့သည်။ ရှီးကျန့်မှာမူ တစ်ချက်မျှ မျက်နှာပျက်သွားရ၏။ အဘယ်ကြောင့်ဆိုသော် လင်းရန်ယန်ကို စိတ်ကြိုက်ပြေးခိုင်းပြီး မိမိ အမီလိုက်နိုင်သည်ဟု ကြွားဝါခဲ့မိသည်ကို သူ သတိရသွားသောကြောင့်ပင် ဖြစ်သည်။ ကောင်းကင်ဘုံ မိုးကြိုးစွမ်းအားကို သုံးနေသော်လည်း လင်းရန်ယန်၏ ‘နောက်မီး’ ကိုပင် မမြင်လိုက်ရချေ။

ဤစကားကို ကြားလိုက်ရသောအခါ ကောင်းကင်အရှင်သခင်များမှာ မှင်တက်သွားကြတော့သည်။ ရှီးကျန့်၏ မိုးကြိုးဝိညာဉ်ခန္ဓာ အရှိန်နှင့် ကောင်းကင်ဘုံ မိုးကြိုးစွမ်းအား ပေါင်းစပ်ထားသည့်တိုင်အောင် လင်းရန်ယန်ကို အမီမလိုက်နိုင်ဘူး တဲ့…၊ လင်းရန်ယန် ကျင့်ကြံထားသော အရှိန်အဟုန်ဆိုင်ရာ တာအိုမှာ ဝိညာဉ်အဆင့် ဖြစ်နေလေသလားဟုပင် သူတို့ တွေးတောမိကြတော့သည်။

“ဟွန့်... စွမ်းအား အနည်းငယ် ရှိနေရုံနဲ့ မောက်မာလို့ ရပြီ ထင်နေတာလား ၊ မင်းက မင်းရဲ့ ဂိုဏ်တူအစ်ကိုကိုတောင် ပြန်ပြီး သရော်ရဲတယ်ပေါ့ ၊ ပြီးတော့ ဒီမှာ ရှိနေတဲ့လူတွေ အားလုံးက ကောင်းကင်အရှင်သခင်ကြီးတွေပဲ ၊ မြေပြင်အရှင်သခင် ဒသမအဆင့် ရှိတဲ့ မင်းက ဘာလို့ ဂါရဝ မပြုတာလဲ ”

သေမင်းကို ဖိန်ခေါ်နေသောသူများမှာ အမြဲတမ်း ရှိစမြဲ ဖြစ်၏။ လုံးဝ စိတ်ပျက်အားငယ်နေသော ယွင်ရှောင်သည် နောက်ဆုံးတွင် မနေနိုင်တော့ဘဲ ထွက်လာတော့သည်။

သူ၏ အမြင်တွင်မူ လင်းရန်ယန်မှာ မည်မျှပင် ပါရမီရှင် ဖြစ်နေပါစေ ၊ မိမိနှင့် မျိုးဆက်တူ သို့မဟုတ် မျိုးဆက်သစ်သာ ဖြစ်သည်။ ထို့ပြင် မြေပြင်အရှင်သခင် အဆင့်သာ ရှိသေးသောသူက မိမိတို့ဂိုဏ်း၏ အကြီးအကဲကြီး ဖြစ်သော ကောင်းကင်အရှင်သခင် အဋ္ဌမအဆင့်ရှိသူကို အဘယ်ကြောင့် ဂါရဝ မပြုဘဲ နေရသနည်းဟု သူ မကျေမနပ် ဖြစ်နေခြင်း ဖြစ်တော့သည်။

All Chapters