← Chapters

ကောင်းကင်မှ ကြွေလွင့်လာသော နှင်းစက်များ

Vol. 11 Ch. 105

ကောင်းကင်မှ ကြွေလွင့်လာသော နှင်းစက်များ

Vol. 11 Ch. 105

အကယ်၍ ဤထိတ်လန့်ဖွယ်ရာ စွမ်းအားစုကြီးသာ ဖိနှိပ်ချေမှုန်းလိုက်မည်ဆိုပါက ၊ အဆင့်နိမ့်သော ကောင်းကင်အရှင်သခင်တစ်ဦးပင်လျှင် အသက်ပျောက်သွားနိုင်သည်။

“ကောင်းကင်ပေါ်ကိုတက်ပြေးကြစို့ ”

ကောင်းကင်အရှင်သခင် ချင်းယွင် က ဟိန်းဟောက်လိုက်၏။ ကောင်းကင်အရှင်သခင်များသည် သူတို့၏ လက်ဖဝါးများကို ဝှေ့ယမ်းလိုက်ကြပြီး ၊ မိမိတို့ဂိုဏ်းမှ ပညာရှင်ကြီးများကို ဆွဲမလျက် ကောင်းကင်ယံသို့ ပျံတက်သွားကြတော့သည်။

“ဝူး... ”

လင်းရန်ယန် သည်လည်း စိတ်အာရုံတစ်ချက်ဖြင့်ပင် အောင်းထျန်းလုံ နှင့် အခြားသူများကို ခေါ်ဆောင်ကာ ကောင်းကင်သို့ တိုက်ရိုက် ပျံတက်လိုက်၏။

“ဝုန်း... ဝုန်း... ဝုန်း... ”

သူတို့အဖွဲ့ မြေပြင်မှ ခွာလိုက်သည်နှင့်တစ်ပြိုင်နက် ၊ ခြေဖျားအောက်ရှိ တောင်ပြိုကျလာသော နှင်းလှိုင်းလုံးကြီးများမှာ မြေပြင်တစ်ခုလုံးကို ဝါးမြိုဖုံးလွှမ်းသွားတော့သည်။

“အကြီးအကဲကြီး... ဟိုအရာက ဘာကြီးလဲ ”

ရုတ်တရက် ရှူရှန်း ဓားဂိုဏ်းမှ ပညာရှင်ကြီးတစ်ဦးသည် မိုးကုတ်စက်ဝိုင်းပေါ်ရှိ တောင်ထိပ်ကို ကြည့်ကာ မျက်နှာပျက်ယွင်းလျက် အော်ဟစ်လိုက်၏။ ထိုမြင်ကွင်းကြောင့် လူတိုင်း၏ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော်သွားတော့သည်။

မီတာတစ်ရာခန့် မြင့်မားသော ၊ ကြောက်မက်ဖွယ်ကောင်းသည့် အဖြူရောင် လူဝံကြီး တစ်ကောင်သည် ဧရာမနှင်းလုံးကြီးတစ်ခုကို လက်နှစ်ဖက်ဖြင့် မကာ သူတို့ကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသောကြောင့်ပင် ဖြစ်၏။

“ဟိန်း... ”

နောက်တစ်ခဏ၌ ထိုလူဝံကြီးသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီးနောက် ၊ လက်ထဲရှိ ဧရာမနှင်းလုံးကြီးကို ကောင်းကင်ယံရှိ လူများထံသို့ ပစ်ပေါက်လိုက်တော့သည်။ အချင်း မီတာနှစ်ရာခန့်ရှိသော ထိုထိတ်လန့်ဖွယ်ရာ နှင်းလုံးကြီးမှာ နှင်းတောင်တစ်တောင် ပြိုကျလာသည့်အလား သူတို့စီသို့ ဦးတည်လာတော့၏။

“မိစ္ဆာဘုရင်ကြီး ပါလား ၊ ဒီနေရာမှာ ဘာလို့ မိစ္ဆာဘုရင်ကြီးက ရှိနေရတာလဲ ”

ဤအခိုက်အတန့်၌ ရှိနေသူ အားလုံးမှာ မျက်နှာ ပျက်သွားကြတော့၏။ ဗဟိုချက်နှင့် ကီလိုမီတာ နှစ်ဆယ်ကျော် ဝေးကွာသော နေရာမှာပင် မိစ္ဆာဘုရင် အဆင့်ခုနစ်ရှိသော သတ္တဝါမျိုး ရှိနေသည်ဆိုပါက ၊ အတွင်းပိုင်းသို့ ထပ်မံဝင်ရောက်လျှင် ပိုမိုအစွမ်းထက်သော တည်ရှိမှုများ ရှိနေနိုင်သည်။

“ဟွန့်... သတ္တဝါစုတ် ၊ မင်းက သေချင်နေတာပဲ ”

အဖွဲ့ကို ဦးဆောင်လာသော ကောင်းကင်အရှင်သခင် ချင်းယွင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ နောက်တစ်ခဏ၌ သူသည် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်တော့သည်။

“ရွှပ်... ”

ခြေဖျားအောက်ရှိ ဓားပျံမှာ သူ၏လက်ထဲသို့ ချက်ချင်းပင် ရောက်ရှိလာ၏။

“ကောင်းကင်နှင့် မြေပြင်ကို လွှမ်းမိုးစေသည့် ဓားချက် ”

ဒေါသတကြီး ဟိန်းဟောက်သံနှင့်အတူ ချင်းယွင်သည် သူ၏ဓားကို ထိုဧရာမ နှင်းလုံးကြီးထံသို့ ပိုင်းဖြတ်လိုက်တော့သည်။

“ရွှပ်... ”

တစ်ခဏချင်းအတွင်းမှာပင် ကောင်းကင်နှင့် မြေပြင်တစ်ခုလုံး တုန်ဟိန်းသွားစေသော ဓားသံတစ်ချက် ထွက်ပေါ်လာ၏။ မီတာတစ်ထောင်ခန့် ရှည်လျားသော ဧရာမ ဓားအလင်းတန်း ကြီးသည် နှင်းလုံးကြီးကို တိုက်ရိုက် ပိုင်းဖြတ်လိုက်တော့သည်။

“ဗုန်း... ”

တစ်ခဏချင်းအတွင်း ထိုနှင်းလုံးကြီးမှာ နှစ်ခြမ်းကွဲသွားတော့၏။ သို့သော်လည်း ဓားအလင်းတန်း၏ အရှိန်မှာ လျော့ပါးသွားခြင်း မရှိဘဲ ၊ အဝေးမှ သွေးရောင်လွှမ်းနေသော မိစ္ဆာလူဝံကြီးထံသို့ ဆက်လက် ဦးတည်သွားတော့သည်။

သို့သော်လည်း စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းသောအရာမှာ ၊ ထိုနှင်းလုံးကြီးသည် နှစ်ခြမ်းကွဲသွားသော်လည်း အရှိန်အဟုန်မှာ လျော့မသွားဘဲ လူတိုင်းထံသို့ ဆက်လက် တိုးဝင်လာနေခြင်းပင် ဖြစ်၏။

“တာအိုကနေ တစ်ကို ဖြစ်စေတယ် ၊ တစ်ကနေ နှစ်ကို ဖြစ်စေတယ် ၊ နှစ်ကနေ သုံးကို ဖြစ်စေတယ် ၊ သုံးကနေ အရာခပ်သိမ်းကို ဖြစ်တယ် ”

ကံကောင်းစွာဖြင့် ဤအခိုက်အတန့်၌ ကျန့်တောက်ရန် သည်လည်း စတင်လှုပ်ရှားလိုက်၏။ သူသည် လက်ဟန်များစွာကို ဖော်ဆောင်လိုက်ရာ ၊ တစ်ခဏအတွင်းမှာပင် ထိုလက်ဟန်များမှာ မရေမတွက်နိုင်သော အစီအရင်စာလုံးများအဖြစ် ပြောင်းလဲသွားတော့သည်။

“အမိန့်တော်အတိုင်း အမြန်ဆုံး အစွမ်းပြစေ ”

နောက်ဆုံး၌ ကျန့်တောက်ရန်မှာ အသံနိမ့်နိမ့်ဖြင့် ဟောက်လိုက်ပြီး သူ၏ ညာဘက်လက်ဝါးဖြင့် ရိုက်ထုတ်လိုက်၏။

“ဝူး... ဝူး... ဝူး... ”

တစ်ခဏချင်းအတွင်း မရေမတွက်နိုင်သော အစီအရင်များမှာ နှစ်ခြမ်းကွဲနေသည့် နှင်းလုံးကြီးများပေါ်သို့ ကျရောက်သွားတော့သည်။

“ဝုန်း... ဝုန်း... ဝုန်း... ”

နောက်တစ်ခဏ၌ ထိတ်လန့်ဖွယ်ရာကောင်းသော အစီအရင်စွမ်းအားများ ပေါက်ကွဲထွက်လာပြီးနောက် ၊ ထိုနှင်းလုံးကြီး နှစ်ခြမ်းမှာ ကောင်းကင်မှ ကြွေလွင့်လာသော နှင်းစက်များအဖြစ်သို့ တိုက်ရိုက် ချေမှုန်းခံလိုက်၏။

“ဟိန်း... ”

“ဝူး... ”

တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော နှင်းနတ်ဆိုးများ၏ ဟိန်းဟောက်သံများမှာလည်း ထွက်ပေါ်လာတော့သည်။ ထိုအသံကို ကြားလိုက်ရသူတိုင်း မြေပြင်သို့ ငုံ့ကြည့်လိုက်ကြ၏။

အရပ်မျက်နှာအနှံ့မှနေ၍ ရာနှင့်ချီသော မိစ္ဆာသားရဲများ ပြေးထွက်လာသည်ကို သူတို့ မြင်လိုက်ရတော့သည်။ ထိုနှင်းနတ်ဆိုးများအားလုံးမှာ လေနှင်းမုန်တိုင်းကို ဆန့်ကျင်လျက် ကောင်းကင်ယံရှိ လူများထံသို့ တိုက်ရိုက် ခုန်အုပ်လာကြ၏။ ဤသည်ကိုမြင်တော့လိုက်ရသော လူတိုင်းမှာ မျက်နှာ ပျက်သွားရတော့၏။

“မြေပြင်ပေါ် ဆင်းကြ ၊ ကောင်းကင်‌ ပေါ်မှာဆိုရင် သူတို့ကို ယှဉ်ဖို့ မလွယ်ဘူး ”

ကောင်းကင်အရှင်သခင် ရွှင်ယန် က ဟောက်လိုက်ပြီးနောက် ၊ သူ၏ လက်ဝါးကို ဝှေ့ယမ်းကာ မိမိဂိုဏ်းမှ ပညာရှင်ကြီးများကို မြေပြင်သို့ ပို့ဆောင်လိုက်တော့သည်။ တစ်ချိန်တည်းမှာပင် သူသည် မက်မွန်သားဓား တစ်လက်ကို ထုတ်ယူကာ မြေပြင်သို့ ပစ်လွှတ်လိုက်၏။

“ရွှပ်... ”

မက်မွန်သားဓားမှာ မြေပြင်ထဲသို့ တိုက်ရိုက် စိုက်ဝင်သွားတော့သည်။

“ကောင်းကင်၏ ထူးကဲသော အနှစ်သာရ ၊ မြေပြင်၏ ထူးကဲသော အနှစ်သာရ ၊ နတ်ဘုရားတို့၏ အနှစ်သာရ ၊ ဝိညာဉ်တို့၏ အနှစ်သာရ... ကျွန်ုပ်၏ ခန္ဓာကို ကူညီမစပါ ၊ အင်္ဂါအစိတ်အပိုင်း အားလုံးကို ဝိညာဉ်အစွမ်း ပေးသနားတော်မူပါ ”

နောက်တစ်ခဏ၌ ရွှင်ယန်၏ ပါးစပ်မှ အသံနိမ့်နိမ့်ဖြင့် အစီအရင်ရွတ်ဆိုသံ ထွက်ပေါ်လာတော့၏။ တစ်ချိန်တည်းမှာပင် သူသည် လက်ထဲမှ မရေမတွက်နိုင်သော အစီအရင်များကို မက်မွန်သားဓားပေါ်သို့ ကျရောက်စေလိုက်တော့သည်။

“ဝူး... ”

တစ်ခဏအတွင်းမှာပင် ထိုမက်မွန်သားဓားမှနေ၍ စူးရှတောက်ပသော အလင်းတန်းများ ပေါက်ကွဲထွက်လာ၏။ ထိုအလင်းတန်း ရောက်ရှိရာ နေရာတိုင်း၌ နှင်းနတ်ဆိုးများ၏ အရှိန်မှာ သိသိသာသာ နှေးကွေးသွားတော့သည်။ လင်းရန်ယန်နှင့် အခြားသူများမှာမူ သူတို့၏ စိတ်အာရုံမှာ ကြည်လင်လန်းဆန်းသွားသည်ဟု ခံစားလိုက်ရ၏။

ဤသည်မှာ အထောက်အကူပြု တာအိုမှော်အတတ် တစ်ခုပင် ဖြစ်သည်။ ၎င်းသည် မိမိ၏ တုံ့ပြန်မှုအရှိန်ကို များစွာ မြှင့်တင်ပေးနိုင်သလို ၊ ဉာဏ်ရည်ဉာဏ်သွေးကိုပင် တိုးတက်စေနိုင်၏။ ရန်သူများအတွက်မူ ဆန့်ကျင်ဘက်ဖြစ်ကာ ၊ အရှိန်နှင့် ဉာဏ်ရည်ကို လျော့ကျစေသည်။

ဤတာအိုမှော်အတတ်မှာ နောက်ပိုင်းမျိုးဆက်များအထိ ပြန့်နှံ့သွားခဲ့ပြီး ၊ အချို့သော သာမန်လူများပင်လျှင် စာမေးပွဲဖြေဆိုချိန်၌ စိတ်ကြည်လင်စေရန်အတွက် ရွတ်ဆိုလေ့ရှိ၏။ သို့သော်လည်း ယခုကဲ့သို့ ကြီးကျယ်သော တိုက်ပွဲကြီးအတွင်း၌ ကောင်းကင်အရှင်သခင်အဆင့်ရှိ ပညာရှင်တစ်ဦးက အသုံးပြုလိုက်သောအခါ ရလဒ်မှာ များစွာ ကွာခြားလှသည်။ ဤအခြေအနေကြောင့် သာမန်ကျင့်ကြံသူတစ်ဦးပင်လျှင် မိမိထက် အဆင့်မြင့်သော ရန်သူကို သတ်ဖြတ်နိုင်စွမ်း ရှိသွားစေ၏။

“တပည့်များအားလုံး နားထောင်ကြ ၊ ဒီအစီအရင်ရဲ့ အတိုင်းအတာက တစ်ကီလိုမီတာပဲ ရှိတယ် ၊ အဲဒီ တစ်ကီလိုမီတာ အပြင်ဘက်ကို မထွက်ကြနဲ့ ၊ မိတ်ဆွေတို့... ငါနဲ့အတူ ဒီမိစ္ဆာဘုရင်ကြီးကို သတ်ဖို့ လိုက်ခဲ့ကြ ”

ကောင်းကင်အရှင်သခင် ရွှင်ယန်က ဟောက်လိုက်ပြီးနောက် ၊ သူ၏ ခြေဖျားဖြင့် မြေပြင်ကို ပင့်ကာ အခြားသော ဓားပျံတစ်လက်ကို စီးနင်းလျက် နှင်းဖြူရောင် လူဝံကြီးထံသို့ ပျံသန်းသွားတော့သည်။

ကျန်ရှိနေသော ကောင်းကင်အရှင်သခင်ကြီး လေးဦးမှာလည်း မဆိုင်းမတွပင် ၊ မိမိတို့ဂိုဏ်းမှ တပည့်များကို ထားရစ်ခဲ့ကာ ဓားများကို စီးနင်းလျက် တောင်ထိပ်ပေါ်ရှိ လူဝံကြီးထံသို့ ပျံသန်းသွားကြ၏။ ကြီးကျယ်သော တိုက်ပွဲကြီးမှာ တစ်ခဏချင်းအတွင်း ပေါက်ကွဲထွက်လာတော့သည်။

“အကြီးအကဲတွေ... ညီငယ်တွေ... အားလုံးပဲ တိုက်ခိုက်ကြ ”

မြေပြင်သို့ ဆင်းသက်ပြီးသော အောင်းထျန်းလုံက ဟောက်လိုက်ကာ ၊ သူ၏ ‘မိစ္ဆာသတ် ရတနာဓား’ ကို ဆွဲထုတ်လျက် မိစ္ဆာသားရဲကြီး အဆင့်တွင် ရှိသော ဝံပုလွေနှင်းနတ်ဆိုးတစ်ကောင်ထံသို့ ပြေးဝင်သွားတော့သည်။ ဂိုဏ်းအသီးသီးမှ ပညာရှင်ကြီးများသည်လည်း မဆိုင်းမတွပင် ၊ လက်နက်များကို ဆွဲထုတ်လျက် ပတ်ဝန်းကျင်ရှိ နှင်းနတ်ဆိုးများကို သတ်ဖြတ်ရန် ပြေးဝင်သွားကြ၏။

“ရွှေရောင်အစီအရင်... အမိန့်တော်အတိုင်း အစွမ်းပြစေ ”

“ရှူရှန်းဓားသိုင်း... ကောင်းကင်ယံကို ဖြတ်သန်းသော ဓားချက် ”

“တာအိုတရားသည် မမြဲခြင်းတရား... မီးအစီအရင် ဆင်းသက်စေ ”

တစ်ခဏချင်းအတွင်းမှာပင် မရေမတွက်နိုင်သော နည်းဗျူဟာများကို ထုတ်သုံးလိုက်ကြတော့သည်။ လုံဟူတောင်သည် အစီအရင်အတတ်တွင် ကျွမ်းကျင်သူများ ဖြစ်ကြရာ ၊ သူတို့၏ တိုက်ခိုက်မှု နည်းလမ်းအားလုံးနီးပါးမှာ အစီအရင်များအပေါ်၌သာ အခြေခံ၏။ ရှူရှန်းဓားဂိုဏ်းမှာမူ ဓားအလင်းတန်းများဖြင့် ကောင်းကင်ယံကို လွှမ်းမိုးထားတော့သည်။ ကျန်ရှိနေသော ချွမ်ကျန်း ဂိုဏ်းနှင့် မောက်ရှန်းမှာမူ မြစ်ဖျားခံရာ တူညီကြသဖြင့် သူတို့၏ တိုက်ခိုက်ရေး ပုံစံများမှာ များစွာ ဆင်တူကြ၏။

တစ်ခဏအတွင်းမှာပင် အရပ်မျက်နှာအနှံ့၌ စူးရှတောက်ပသော နည်းဗျူဟာများမှာ ပျံ့နှံ့သွားတော့သည်။

“ဟိန်း... ”

“ဝူး... ”

မိစ္ဆာသားရဲများစွာသည်လည်း လူတိုင်းထံသို့ ဒေါသတကြီး တိုးဝင်လာကြ၏။ သို့သော်လည်း ပညာရှင်ကြီး နှစ်ဆယ်ကျော်၏ အစွမ်းထက်လှသော နည်းဗျူဟာများအောက်တွင် သူတို့မှာ လက်မဝက်မျှပင် ရှေ့တိုးရန် ခက်ခဲနေကြတော့သည်။ နာကျင်စွာ အော်ဟစ်သံများအကြား၌ နှင်းဖြူရောင် မြေပြင်မှာ သွေးနီရောင်များဖြင့် တဖြည်းဖြည်း ချယ်သခြင်း ခံလိုက်ရ၏။

“ဟိန်း... ”

ရုတ်တရက် ဤအခိုက်အတန့်၌ မရေမတွက်နိုင်သော နှင်းနတ်ဆိုးများ၏ အနောက်မှနေ၍ မြေကမ္ဘာတစ်ခုလုံး တုန်ခါသွားစေလောက်သော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြန်တော့သည်။ ထိုထိတ်လန့်ဖွယ်ရာ အသံလှိုင်းကြောင့် လူတိုင်း၏ နားစည်များမှာ ထုံကျဉ်သွားရ၏။

သူတို့ အမြန်ကြည့်လိုက်သောအခါ ၊ မီတာငါးဆယ်ခန့် မြင့်မားပြီး ၊ အလျား မီတာတစ်ရာခန့် ရှည်လျားကာ ၊ ဧရာမ ခေါင်းနှစ်လုံး ပါရှိသော ‘ခေါင်းနှစ်လုံး နှင်းဝံပုလွေဘုရင်’ တစ်ကောင် လူတိုင်း၏ ရှေ့မှောက်၌ ပေါ်ထွက်လာသည်ကို မြင်လိုက်ရတော့သည်။

“ဟိန်း... ”

“ဟိန်း... ”

၎င်း၏ ဧရာမ ခေါင်းနှစ်လုံးမှနေ၍ ပြတ်သားသော ဟိန်းဟောက်သံ နှစ်ချက် ထွက်ပေါ်လာ၏။ နောက်တစ်ခဏ၌ ထိုခေါင်းနှစ်လုံး နှင်းဝံပုလွေဘုရင်သည် ကောင်းကင်ယံသို့ မီတာရာချီ၍ ခုန်တက်လိုက်ပြီးနောက် ၊ ရောက်ရှိနေသူ အားလုံး၏ အပေါ်သို့ ဖိနှိပ်ချေမှုန်းရန် ဆင်းသက်လာတော့သည်။

All Chapters