← Chapters

ပိုမိုထိတ်လန့်ဖွယ်ကောင်းခြင်း

Vol. 12 Ch. 115

ပိုမိုထိတ်လန့်ဖွယ်ကောင်းခြင်း

Vol. 12 Ch. 115

အောင်းထျန်းလုံ သည် ရရှိလာသော သတင်းစကားကို ကြည့်ရင်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေတော့သည်။ လင်းရန်ယန် အမှန်တကယ် သေဆုံးသွားပြီဟူသော အချက်ကို သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။

“ဘာ... တာအိုဆရာကြီး လင်းရန်ယန် သေဆုံးသွားပြီ ဟုတ်လား ”

“ဟူး... ဒါ... ဒါကတော့... ”

“နှမြောစရာကောင်းလိုက်တာ ၊ အလွန်နှမြောစရာ ကောင်းလှတယ် ၊ အကယ်၍ သူသာ မသေဆုံးခဲ့ရင် နောင်တစ်ချိန်မှာ စစ်မှန်သော အရှင်သခင်အဆင့် ဖြစ်လာမှာ အသေအချာပဲ ၊ ငါတို့ရဲ့ ကောင်းကင်အင်ပါယာ ကျင့်ကြံခြင်းလောကအတွက် အလှည့်အပြောင်းသစ်တစ်ခု ဖြစ်လာနိုင်တာ ”

“ကောင်းကင်ဘုံက ပါရမီရှင်တွေကို ငြူစူလေသလား ၊ ပါရမီရှင်တစ်ယောက်တော့ ဆုံးရှုံးရပြန်ပြီ ”

အောင်းထျန်းလုံ စကားပြောပြီးသည်နှင့် လူတိုင်းမှာ သက်ပြင်းကိုယ်စီ ချလိုက်ကြ၏။ အဘယ်ကြောင့်ဆိုသော် လင်းရန်ယန်သာ မရှိခဲ့ပါက သူတို့အားလုံးမှာလည်း သေဆုံးသွားကြပြီ ဖြစ်သောကြောင့်ပင် ဖြစ်သည်။ သေချာပေါက် ဤသတင်း၏ မှန်ကန်မှုကိုမူ မည်သူမျှ သံသယမရှိကြချေ။ ဂိုဏ်း၏ ‘ဝိညာဉ်ကျောက်စိမ်းပြား’ က သေဆုံးကြောင်း ဖော်ပြနေသည်မှာ ၊ ဤလောက၌ ထိုသူ၏ ဝိညာဉ်အငွေ့အသက်ကို လုံးဝ ရှာဖွေ၍ မရတော့ခြင်းကို ဆိုလိုခြင်း ဖြစ်၏။ ထိုသို့ဆိုလျှင် သေဆုံးသွားခြင်းဟုသာ သတ်မှတ်ရတော့မည်။

“ရှာကြ... သေဆုံးသွားခဲ့ရင်တောင်မှ ၊ ငါတို့ရဲ့ မူလဆရာကြီးတွေနဲ့ တပည့်ညီနောင်တွေရဲ့ ရုပ်အလောင်းကို မရရအောင် ရှာရမယ် ”

အောင်းထျန်းလုံက ပြင်းထန်သော ဝမ်းနည်းမှုနှင့်အတူ ဟိန်းဟောက်လိုက်တော့သည်။ လုံယွီရှင်း နှင့် ပဋိပက္ခအချို့ ရှိခဲ့သော်လည်း ၊ ၎င်းမှာ ဂိုဏ်းတွင်းကိစ္စမျှသာ ဖြစ်၏။ တစ်ဦးနှင့်တစ်ဦး အသေအကျေ တိုက်ခိုက်ရလောက်သည့် အခြေအနေမျိုး မဟုတ်ပေ။

သေချာပေါက် သူသည် လင်းရန်ယန်အတွက် ပိုမို ဝမ်းနည်းမိသည်။ ရှီးကျန့် နှင့် ပတ်သက်၍မူ သူသည် အချိန်မတိုင်သေးသဖြင့် သေဆုံးသူစာရင်း၌ မပါဝင်သေးချေ။ လူတိုင်းသည် သတိဝင်လာကြပြီး အောင်းထျန်းလုံနှင့်အတူ ချောက်ကမ်းပါးကြီးထဲသို့ အပြေးအလွှားပင် ခုန်ဆင်းလိုက်ကြတော့သည်။

ထို့နောက်တွင် လူအုပ်စုကြီးမှာ မြေလှန်၍ ရှာဖွေခြင်းကို စတင်ကြ၏။ မကြာမီမှာပင် ရေခဲစအဖြစ် ပြောင်းလဲသွားသော ကောင်းကင်အရှင်သခင် ချုံယန် ကို သူတို့ တွေ့ရှိခဲ့ကြသည်။ အကယ်၍ သူ၏ ဦးခေါင်းပိုင်းမှာ အနည်းငယ်မျှ ကြွင်းကျန်မနေခဲ့ပါက ၊ မည်သူမျှ ခွဲခြားနိုင်ကြမည် မဟုတ်ပေ။

“စတုတ္ထမြောက် အကြီးအကဲ... ”

ချက်ချင်းပင် ‘ချွမ်ကျန်း’ ဂိုဏ်းမှ တာအိုဆရာများ အားလုံးမှာ ငိုကြွေးကြတော့သည်။ ဤအခိုက်အတန့်၌ အခြားဂိုဏ်းများမှ လူများမှာလည်း ရင်ထဲ၌ လေးလံမှုကို ခံစားနေကြရ၏။

“ဝုန်း... ”

ထိုစဉ်မှာပင် အောင်းထျန်းလုံသည် ဧရာမ ရေခဲတုံးကြီးတစ်ခုကို ဖယ်ရှားလိုက်တော့သည်။ ချက်ချင်းဆိုသလိုပင် နှစ်ပေါင်းထောင်ချီ ရေခဲထုအတွင်း၌ အေးခဲနေသော ရှီးကျန့်မှာ သူတို့၏ရှေ့တွင် ပေါ်ထွက်လာ၏။

“ရှီးကျန့်... ”

“ဒါ သူပဲလား... သူလည်း သေဆုံးသွားပြီပေါ့ ”

“နှမြောစရာပါပဲ ၊ ဒီလို ပါရမီရှင်မျိုးက ဒီမှာ သေဆုံးရတယ်လို့... အကယ်၍ သူသာ မသေခဲ့ရင် ၊ နောင်တစ်ချိန်မှာ ပြိုင်ဘက်ကင်းတဲ့ ‘တစ်ပိုင်းတစ်စ စစ်မှန်သော အရှင်သခင်’ ဖြစ်လာမှာ ”

“အခုတစ်ခေါက်တော့ မော်ရှန်းဂိုဏ်းအတွက် အကြီးအကျယ် ဆုံးရှုံးတာပဲ ”

နှစ်ပေါင်းထောင်ချီ ရေခဲထုအတွင်း၌ အေးခဲနေသော ရှီးကျန့်ကို ကြည့်ရင်း လူတိုင်းက သက်ပြင်းချလိုက်ကြ၏။

“မဟုတ်သေးဘူး... ဂိုဏ်းဆီကနေ တပည့်လေး ရှီးကျန့် သေဆုံးတဲ့သတင်း မရသေးဘူး ၊ ကြည့်ရတာ သူက အသက်ရှင်နေသေးတဲ့ လက္ခဏာ ရှိနေတာလား ”

ထိုစဉ်မှာပင် အစွမ်းထက် ကျင့်ကြံသူတစ်ဦးက မျက်မှောင်ကြုတ်လျက် ဆိုလိုက်တော့သည်။ သူ စကားပြောလိုက်သည်နှင့် အောင်းထျန်းလုံနှင့် အခြားသူများ၏ မျက်လုံးများမှာ တောက်ပလာတော့၏။

“ဘာပဲဖြစ်ဖြစ်... ရှီးကျန့်ကို မူလဆရာကြီးဆီ အမြန် ပြန်ခေါ်သွားရမယ် ၊ ကနဦးဆရာကြီး တစ်ဦးတည်းသာ ရှီးကျန့်ကို ဒဏ်ရာမရစေဘဲ ဒီနှစ်ပေါင်းထောင်ချီ ရေခဲထုထဲကနေ ကယ်ထုတ်နိုင်မှာ ”

အတွင်းစည်း၏ တတိယမြောက် အကြီးအကဲက လေးနက်စွာ ဆိုလိုက်တော့သည်။ ထို့နောက်တွင် အောင်းထျန်းလုံသည် ရှီးကျန့်ကို ဂရုတစိုက် ထုပ်ပိုးကာ ခေါ်ဆောင်သွားရန် ပြင်ဆင်တော့သည်။ လူအုပ်စုမှာ ခေတ္တမျှ ထပ်မံ ရှာဖွေခဲ့ကြသော်လည်း မည်သည့်အရာမျှ ထပ်မံ မတွေ့ရှိတော့ဘဲ ၊ ပိုမို ပြင်းထန်လာသော နှင်းမုန်တိုင်းကြောင့် ဆက်လက် စောင့်ဆိုင်းနေပါက ပို၍ အန္တရာယ်ရှိနိုင်ကြောင်း သိရှိလိုက်ကြရ၏။

အကယ်၍ ကောင်းကင်အရှင်သခင်အဆင့်အောက်ရှိ မိစ္ဆာသားရဲ အမြောက်အမြား သို့မဟုတ် နှင်းမုန်တိုင်းဝက်ဝံထက် ပိုမို အစွမ်းထက်သော မိစ္ဆာများသာ ရုတ်တရက် ပေါ်လာပါက ၊ သူတို့အားလုံး သေဆုံးကြရလိမ့်မည်။ ထို့ကြောင့် လူအုပ်စုမှာ မဆိုင်းမတွပင် ထိုနေရာမှ ပြန်လည် ထွက်ခွာလာကြတော့သည်။

သို့သော်လည်း ဤမျှ ကြီးကျယ်သော ဖြစ်ရပ်ကြီး ဖြစ်ပွားနေစဉ်အတွင်း ၊ လင်းရန်ယန်သည် မည်သည့်နေရာသို့ ရောက်သွားသနည်း။ သူ အမှန်တကယ် သေဆုံးသွားခဲ့ပြီလား ဆိုတာကိုမသိနိုင်သေးပေ။

တိုက်ပွဲ စတင်ချိန်သို့ ပြန်သွားရမည်ဆိုလျှင်………

“ဝုန်း... ”

လွန်ခဲ့သော တစ်နာရီကျော်က... ‘ကြယ်တာရာမီးတောက်’ များ၏ အကာအကွယ်အောက်၌ လင်းရန်ယန်သည် အောင်းထျန်းလုံတို့ ရှိနေသော နေရာမှနေ၍ ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။ ထို့နောက်တွင် သူသည် ဟိမဝန္တာတောင်တန်း၏ အထက်သို့ တိုက်ရိုက် ရောက်ရှိသွား၏။ နှင်းများကြောင့် သူ ပိုမို မြင့်မားစွာ ပျံသန်းလေလေ ၊ ပတ်ဝန်းကျင်ရှိ ဆီးနှင်းများမှာ ပိုမို၍ ထိတ်လန့်ဖွယ် ကောင်းလေလေ ဖြစ်နေတော့သည်။

“ဝုန်း... ”

ထိုအခိုက်အတန့်၌ ကမ္ဘာတုန်ဟိန်းစေသော အသံကြီးကို ကြားလိုက်ရ၏။ ဧရာမ နှင်းမုန်တိုင်းဝက်ဝံကြီးမှာ ကောင်းကင်အရှင်သခင်များ၏ တိုက်ခိုက်မှုကြောင့် မြေပြင်ထဲသို့ တိုက်ရိုက် ရိုက်သွင်းခြင်း ခံလိုက်ရခြင်းပင် ဖြစ်သည်။ ထိုအချိန်၌ နှင်းမုန်တိုင်းဝက်ဝံမှာ ရေခဲဝိညာဉ်ခန္ဓာကို နိုးထခြင်း မပြုရသေးချေ။

“ဝူး... ”

ထိုစဉ်မှာပင် လင်းရန်ယန်သည် တောင်ထိပ်ရှိရာ အရပ်မှနေ၍ အောက်သို့ စီးဆင်းလာသော များပြားလှသော ရေခဲဝိညာဉ်စွမ်းအားများကို သိသိသာသာ သတိပြုမိလိုက်တော့သည်။ ထိုရေခဲဝိညာဉ်စွမ်းအားများမှာ မြေပြင်မှတစ်ဆင့် နှင်းမုန်တိုင်းဝက်ဝံ၏ ခန္ဓာကိုယ်အတွင်းသို့ တစ်ခဏချင်းအတွင်း စိမ့်ဝင်သွား၏။

“ဒါက ဘာဖြစ်တာလဲ ”

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းရန်ယန်၏ မျက်စိသူငယ်အိမ်မှာ အနည်းငယ် ကျုံ့သွားတော့သည်။ နှင်းမုန်တိုင်းဝက်ဝံ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသော ဤရေခဲဝိညာဉ်စွမ်းအားများမှာ ၊ ၎င်းကို အချိန်တိုအတွင်း၌ ရေခဲဝိညာဉ်ခန္ဓာ၏ အနှစ်သာရကို စုစည်းစေနိုင်၏။ တစ်နည်းအားဖြင့်ဆိုသော် နှင်းမုန်တိုင်းဝက်ဝံသည် ရေခဲဝိညာဉ်ခန္ဓာ၏ စွမ်းအင်အားလုံးကို အချိန်တိုအတွင်း၌ အသုံးပြုနိုင်သွားခြင်းပင် ဖြစ်သည်။

ဤသည်မှာ သေချာပေါက် အလွန်ပင် ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအား မြှင့်တင်မှုတစ်ခုပင် ဖြစ်၏။လင်းရန်ယန်ကို မျက်မှောင်ကြုတ်သွားစေတော့သည်။

“ဒီတောင်ထိပ်ပေါ်မှာ တကယ်ပဲ ဘာရှိနေတာလဲ ”

လင်းရန်ယန်သည် တောင်ထိပ်ရှိရာဘက်သို့ လှမ်းကြည့်လိုက်၏။

“ဒီကောင်းကင်အရှင်သခင်တွေ အားလုံးက နတ်ဘုရား ပင့်ဖိတ်နိုင်ကြတာပဲ ၊ သူတို့သာ မူလဆရာကြီးဆီက အကူအညီတောင်းလိုက်မယ်ဆိုရင် ၊ ဒီနှင်းမုန်တိုင်းဝက်ဝံကို သတ်ဖို့က ရိုးရှင်းတဲ့ ကိစ္စပဲ ၊

အရင်ဆုံး ဒီတောင်ထိပ်ပေါ်မှာ ဘာဖြစ်နေလဲဆိုတာကိုပဲ သွားကြည့်တာ ပိုကောင်းမယ် ”

လင်းရန်ယန်သည် တိုက်ပွဲဖြစ်ပွားရာနေရာကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ၊ ဆက်လက် အာရုံမစိုက်တော့ပေ။ လူတစ်ဦးတစ်ယောက် သေဆုံးမည်လား ဆိုသည်မှာ သူ၏ ထိန်းချုပ်မှုအပြင်ဘက်၌ ရှိနေ၏။ အကယ်၍ နတ်ဘုရားပင့်ဖိတ်နိုင်သော လူအမြောက်အမြား ရှိနေပါလျက်နှင့် အသတ်ခံရသည်ဆိုပါက ၊ သူတို့၏ တိုက်ပွဲ အတွေ့အကြုံမှာ အလွန်ပင် နိမ့်ကျနေသောကြောင့်သာ ဖြစ်လိမ့်မည်။ သူ လင်းရန်ယန်မှာလည်း ကလေးထိန်း မဟုတ်ပေ။ သေလျှင်လည်း သေပါစေတော့။

အဆုံးစွန်၌ သူ ဖြေရှင်းရမည့် ပိုမို နက်ရှိုင်းသော ကိစ္စရပ်များ ရှိနေသေးသည်။ ထိုသို့ တွေးတောရင်း သူသည် မြေပြင်မှနေ၍ အားယူကာ ခုန်တက်လိုက်၏။

“ဝုန်း... ”

ချက်ချင်းဆိုသလိုပင် ကြယ်တာရာမီးတောက်များမှာ ပေါက်ကွဲထွက်လာပြီး ၊ သူ၏ ပုံရိပ်မှာ ဟင်းလင်းပြင်ကို ထိုးဖောက်ကာ ဝေးကွာလှသော တောင်ထိပ်ဆီသို့ ပျံသန်းသွားတော့သည်။ မကြာမီမှာပင် လင်းရန်ယန်သည် တောင်ထိပ်ပေါ်သို့ ဆင်းသက်လိုက်၏။

သို့သော်လည်း နောက်တစ်ခဏ၌ လင်းရန်ယန်မှာ အံ့အားသင့်သွားရတော့သည်။

“ဟင်းလင်းပြင် အက်ကြောင်းတွေက တကယ်ပဲ ဒီလောက်တောင် များနေတာလား ”

တောင်ထိပ်မှာ သေးငယ်လှသည် မဟုတ်ဘဲ ကီလိုမီတာ အနည်းငယ်မျှ ကျယ်ဝန်း၏။ သို့သော်လည်း ဤစတုရန်းကီလိုမီတာ အနည်းငယ်အတွင်း၌ ဟင်းလင်းပြင် အက်ကြောင်းများမှာ တစ်ခုနှင့်တစ်ခု မလှမ်းမကမ်းတွင် တည်ရှိနေတော့သည်။ ထိုအက်ကြောင်းများမှာ အရွယ်အစား အမျိုးမျိုး ရှိကြ၏။

အကြီးဆုံးအက်ကြောင်းများမှာ မီတာရာချီ၍ မြင့်မားလှသည်။ အသေးဆုံးများမှာမူ မီတာအနည်းငယ်မျှသာ ရှိ၏။ ထိုမီတာအနည်းငယ်မျှသာ ရှိသော ဟင်းလင်းပြင် အက်ကြောင်းများထဲမှနေ၍ မိစ္ဆာသားရဲများမှာ ရံဖန်ရံခါ တိုးထွက်လာကြသည်။ သို့သော် ထူးဆန်းသည်မှာ ထိုဆီးနှင်းမိစ္ဆာများမှာ တိုးထွက်လာပြီးသည်နှင့် တစ်ခဏချင်းအတွင်းမှာပင် ပျောက်ကွယ်သွား၏။

သေချာစွာ စစ်ဆေးကြည့်လိုက်သောအခါ ၊ မိမိ၏ ခြေထောက်အောက်တွင် ဧရာမ ‘တယ်လီပို့ အစီအရင်’ ကြီးတစ်ခု ရှိနေသည်ကို လင်းရန်ယန် ချက်ချင်း သိရှိလိုက်တော့သည်။ ၎င်း၏ အဆင့်မှာ ‘ကောင်းကင်အဆင့် အထွတ်အထိပ်’ သို့ ရောက်ရှိနေပြီ ဖြစ်၏။ ထို့ပြင် အချိန်ကြာလာသည်နှင့်အမျှ ၊ ဟင်းလင်းပြင် အက်ကြောင်းများအတွင်းမှ ရှေးဟောင်းအက္ခရာများ ထွက်ပေါ်လာကာ အစီအရင်ပေါ်၌ ထွင်းထုနေကြပြီး ၊ ၎င်း၏ အဆင့်ကို တဖြည်းဖြည်း မြင့်တက်လာစေတော့သည်။

ဤအလျင်နှုန်းအတိုင်းသာ ဆိုလျှင် ၊ နောက်ထပ် တစ်လ သို့မဟုတ် နှစ်လအတွင်းမှာပင် ၎င်းသည် ‘ဝိညာဉ်အဆင့်’ တယ်လီပို့ အစီအရင်အဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်၏။ ထိုအချိန်ကျလျှင် ၎င်း၏ တယ်လီပို့နိုင်သော အကွာအဝေးမှာ ကီလိုမီတာ တစ်ထောင်အထိ ရောက်ရှိသွားလိမ့်မည်။

တစ်နည်းအားဖြင့်ဆိုသော် ၊ ထိုအချိန်၌ အအေးလွန် အန္တရာယ်ဇုန် ၏ နယ်မြေမှာ ကီလိုမီတာ တစ်ထောင်အထိ ပြန့်ကားသွားနိုင်သည်။ အနောက်ဘက်ဒေသ တစ်ခုလုံးနှင့် အနီးနားရှိ ပြည်နယ်များပင်လျှင် ထိုနယ်မြေအတွင်းသို့ ကျရောက်သွားလိမ့်မည်။ အကယ်၍ ၎င်းကို ဆက်လက် ရှင်သန်ခွင့် ပေးထားမည်ဆိုပါက ၊ တစ်နှစ်အတွင်းမှာပင် ကမ္ဘာမြေကြီး တစ်ခုလုံးမှာ ဧကန်မုချ ရေခဲပြင်ကြီးအဖြစ် ပြောင်းလဲသွားလိမ့်မည်။

“ကြည့်ရတာ ရေခဲဖုံးနေတဲ့ နေရာတစ်ခုလုံးက ဒီဆီးနှင်းမိစ္ဆာတွေရဲ့ တယ်လီပို့နိုင်တဲ့ အကွာအဝေးပဲ ၊ အကယ်၍ ဒီကိစ္စကို မဖြေရှင်းနိုင်ရင်တော့ ၊ ကောင်းကင်အင်ပါယာ တစ်ခုလုံး... မဟုတ်ဘူး ၊ ကမ္ဘာမြေကြီး တစ်ခုလုံးကပါ ရေခဲခေတ်ကို ရောက်သွားတော့မှာပဲ ”

ဤအအေးလွန် နယ်မြေ ပေါ်ပေါက်လာရခြင်း၏ အကြောင်းရင်းကို လင်းရန်ယန် နောက်ဆုံး၌ နားလည်သွားရ၏။

“ဒင်... အရှင်အား ဂုဏ်ပြုပါတယ် ၊ သင်သည် မစ်ရှင်ကို ပြီးမြောက်ခဲ့ပါပြီ - အအေးလွန် နယ်မြေ ပေါ်ပေါက်လာရခြင်း၏ အကြောင်းရင်းကို စုံစမ်းစစ်ဆေးခြင်း ၊

မစ်ရှင် အဆင့်သတ်မှတ်ချက် - S-အဆင့် ၊

အမှန်တရားကို စုံစမ်းစစ်ဆေးရန်အတွက် ကောင်းကင်အရှင်သခင်များ အားလုံးနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမှာ ၊ မစ်ရှင်၏ အလေးချိန် ၂၅ ရာခိုင်နှုန်း ဖြစ်သည် ၊

အမှန်တရားကို တစ်ဦးတည်း စုံစမ်းစစ်ဆေးခြင်းမှာ ၊ မစ်ရှင်၏ အလေးချိန် ၇၅ ရာခိုင်နှုန်း ဖြစ်သည် ၊ ဤအဆင့်သတ်မှတ်ချက်အတိုင်း အတည်ပြုလိုပါသလား ”

ထိုအခိုက်အတန့်၌ လင်းရန်ယန်၏ စိတ်ထဲသို့ အသိပေးချက် အသံတစ်ခု ဝင်ရောက်လာတော့သည်။

All Chapters