← Chapters

ကွမ်းဟွမ်ရောင်လျှံဝန်း

Vol. 50 Ch. 696

ကွမ်းဟွမ်ရောင်လျှံဝန်း

Vol. 50 Ch. 696

ဝူဘုရင်၏ သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်နေသော အေးစက်စက် စကားသံမှာ ဆွေ့လုံမြစ်အား ဖြတ်ကျော်လျက် မြို့ရို့နံရံပေါ်ရှိ ကြီးမြတ်သောဇူအင်ပါယာမှ စစ်သည်များ၏ အမူအရာကို ပြောင်းလဲသွားစေလေသည်။ ၎င်းတို့၏ မျက်ဝန်းများမှာ အမျက်ဒေါသများဖြင့် ထက်ရှသွားရသည်။

ဝူဘုရင်မှာ ကြီးမြတ်သောဇူအင်ပါယာအား အမှန်တကယ်ပင် အလေးအနက်မထားခြင်း ဖြစ်သည်။

အကယ်၍ ဇူချ​င်သည်သာ စစ်တပ်နှစ်ခုရှေ့၌ အမှန်တကယ် သတ်သေခဲ့ပါက ကြီးမြတ်သောဇူအင်ပါယာ၏ ဂုဏ်သိက္ခာများအားလုံးမှာ ကျိုးပဲ့ပျက်စီးသွားရလိမ့်မည် ဖြစ်သည်။

"ဝူရွှမ်း...ငါတို့ရဲ့ ကြီးမြတ်သောဇူအင်ပါယာကို မင်းတို့လုပ်ချင်သလို လုပ်လို့ရမယ်များ ထင်နေလား။" ဝေကန်းလန်မှာ အမျက်ဒေါသများ ပြည့်နှက်နေသော အမူအရာဖြင့် ပြောလိုက်သည်။

အခြားသော စစ်ဗိုလ်ချုပ်များနှင့် စစ်သည်တော်များမှာလည်း ဒေါသထွက်စွာဖြင့် အော်ဟစ်ကြိမ်းဝါးလိုက်ကြသည်။

မည်သို့ပင်ဆိုစေကာမူ ဝူဘုရင်မှာ ၎င်းတို့အား အနည်းငယ်မျှပင် အလေးမထားပဲ ဇူချင်ကိုသာ အေးစက်ခက်ထန်သော မျက်ဝန်းများဖြင့် ကြည့်ရှုနေလျက် ရှိသည်။

ဇူချင်မှာ လှံတံအား မြေပြင်ပေါ်တွင်စိုက်ချလျက် စကားဆိုလိုက်သည်။ "ငါတို့ကြီးမြတ်သောဇူအင်ပါယာက အရှုံးပေးရမှာထက်စာရင် စစ်ပွဲထဲမှာပဲ အသေခံလိုက်မယ်။"

ဝူဘုရင်မှာ ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်ပြီးနောက် ကရုဏာသက်သောအသံဖြင့် ပြောလိုက်သည်။ "မင်းက အမြဲတမ်း ငါ့ရဲ့စေတနာတွေကို လျစ်လျူရှုနေတာပဲ။"

"အဲ့လိုဆိုမှတော့ ငါလည်း ကြီးမြတ်သောဇူအင်ပါယာကို ဖျက်စီးပေးရုံပဲ ရှိတော့တာပေါ့။"

ဝူဘုရင်မှာ အကြောများကို ဆန့်ထုတ်လိုက်ပြီးနောက် ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။ ၎င်းထံမှ ထွက်ပေါ်လာသော ချီစွမ်းအင်များမှာ မီးတောက်မီးလျှံများအလား ရဲတွတ်နေပြီး ကောင်းကင်ကိုပင် လောင်ကျွမ်းပြာကျစေလိမ့်မည်ဟု ထင်မှတ်ရသည်။

ကောင်းကင်နှင့်မြေကြီး အကြားရှိ သဘာဝပတ်ဝန်းကျင် အပူချိန်မှာလည်း ချက်ချင်းဆိုသလို မြင့်တက်လာလေသည်။

ဝူဘုရင်မှာ တိုက်ပွဲမြေပြင်၏ အမြင့်ဆုံးတောင်ကုန်းတစ်ခုပေါ်သို့ ပျံသန်းဆင်းသက်လိုက်သည်။ သူ၏ချီစွမ်းအင်များမှာ ဖြည်းညင်းစွာဖြင့် ဦးခေါင်းထက်တွင် ကွမ်းဟွမ်ရောင်လျှံဝန်းတစ်ခုအသွင် ဖြစ်ပေါ်လာသည်ကို မြင်တွေ့နေရသည်။

ယင်းကွမ်းဟွမ်ရောင်လျှံဝန်းထံမှ မတူညီသော ရောင်စဉ်ငါးသွယ် ဖြာထွက်တောက်ပနေလျက်ရှိပြီး ဝူဘုရင်အား ပိုမိုခန့်ညားထည်ဝါစေသည်။

၎င်းကွမ်းဟွမ်ရောင်လျှံဝန်း ပေါ်ထွက်လာသည်နှင့်အတူ တိုက်ပွဲမြေပြင်ပေါ်ရှိ စွမ်းအင်ဖိအားများလည်း ပိုမိုပြင်းထန်လာသည်။

ကြမ်းတမ်းခက်ထန်လှသော စွမ်းအင်ဖိအားများကြောင့် ကြီးမြတ်သောဇူအင်ပါယာဖက်မှ မူလစဦးအဆင့် စစ်သည်တော်များသည်ပင် မခံစားနိုင်တော့ပဲ အံကိုတင်းတင်းကြိတ်ကာ ရေရွတ်လိုက်ကြသည်။ "နတ်ဘုံခန်းဝါအဆင့်....ကွမ်းဟွမ်ရောင်လျှံဝန်း..."

ဝူဘုရင်၏နောက်တွင် ပေါ်ထွက်နေသော ရောင်လျှံဝန်းမှာ ၎င်းတို့အားလုံး သိရှိထားကြသော နတ်ဘုံခန်းဝါအဆင့်၏ အမှတ်အသားဟုဆိုနိုင်သည့် ကွမ်းဟွမ်ရောင်လျှံဝန်းပင် ဖြစ်သည်။

နတ်ဘုံခန်းဝါအဆင့်သို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် ဦးခေါင်းထက်၌ ချီစွမ်းအင်များဖြင့် ဖွဲ့စည်းထားသော ရောင်လျှံဝန်းအား ရရှိပိုင်ဆိုင်မည်ပင်ဖြစ်ပြီး ၎င်းအား ကွမ်းဟွမ်ရောင်လျှံဝန်းဟု ခေါ်ဆိုကြပေသည်။

ကွမ်းဟွမ်ရောင်လျှံဝန်းသည် ဖွဲ့စည်းလိုက်သည်နှင့်တစ်ပြိုင်နက် စကြာဝဠာအတွင်းရှိ ချီစွမ်းအင်များကို စုဆောင်းခြင်း၊ စုပ်ယူခြင်းနှင့် သန့်စင်ခြင်းတို့ကိုပါ ပြုလုပ်ပေးနိုင်စွမ်း ရှိသည်။

ထို့ကြောင့် ကွမ်းဟွမ်ရောင်လျှံဝန်းအား ပိုင်ဆိုင်ထားသော နတ်ဘုံခန်းဝါအဆင့်ရှိသူတစ်ဦး၏ ကျင့်ကြံခြင်းလမ်းစဉ်မှာ မူလစဦးအဆင့်တစ်ဦးထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်လေ့ရှိသည်။

ကွမ်းဟွမ်ရောင်လျှံဝန်းသည် ကျင့်ကြံခြင်းလောက၌ ကောင်းမွန်သော မူလအထောက်အပံ့ရတနာတစ်ခုအား ရရှိထားသည်နှင့် တူညီသည်ဟု ဆိုနိုင်သည်။

ထို့အပြင် ကွမ်းဟွမ်ရောင်လျှံဝန်းသည် ပိုင်ရှင်ဖြစ်သူ၏ ချီစွမ်းအင် မကုန်ခမ်းသေးသည့် ကာလပတ်လုံး ပိုင်ရှင်၏ကိုယ်ခန္ဓာအား ကာကွယ်ပေးနိုင်စွမ်း ရှိသည်။ အန္တရာယ်နှင့် ကြုံတွေ့ရချိန်တွင်လည်း ကွမ်းဟွမ်ရောင်လျှံဝန်းမှာ အာရုံခံနိုင်သောကြောင့် အလိုအလျောက် ထွက်ပေါ်လာလိမ့်မည် ဖြစ်သည်။

တိုက်ခိုက်နေရစဉ် ကာလများ၌ ပိုင်ရှင်ဖြစ်သူ၏ ချီစွမ်းအင်များ လျော့နည်းကုန်ခမ်းမသွားစေရန် ကွမ်းဟွမ်ရောင်လျှံဝန်းမှ ကောင်းကင်နှင့်မြေကြီး အကြားရှိ ချီစွမ်းအင်လှိုင်းများကို အလိုအလျောက် စုပ်ယူဖြည့်တင်းပေးနိုင်ပေသည်။

ကျင့်ကြံခြင်းလောကအတွင်းရှိ လူပေါင်းများစွာမှ နတ်ဘုံခန်းဝါအဆင့်အား တက်ရောက်လိုကြခြင်းမှာ ကွမ်းဟွမ်ရောင်လျှံဝန်းကြောင့်ဟုပင် ဆိုနိုင်သည်။

ကွမ်းဟွမ်ရောင်လျှံဝန်းမှာလည်း ချီပင်လယ်ကဲ့သို့ပင် ကွဲပြားသော အဆင့်သတ်မှတ်ချက်များ ရှိသည်။ နတ်ဘုံခန်းဝါ ချီပင်လယ် စတင်ပွင့်ဟစဉ်က ဖြစ်တည်လာသည့် နတ်ဘုံခန်းဝါ နိဗ္ဗာန်ပေါ်မူတည်ကာ ကွမ်းဟွမ်ရောင်လျှံဝန်းများ ကွဲပြားသွားလေ့ ရှိသည်။

ဥပမာအားဖြင့်ဆိုရလျှင် ဝူဘုရင်၏ ကွမ်းဟွမ်ရောင်လျှံဝန်းမှာ ရောင်စဉ်ငါးသွယ် ပါရှိလေသည်။ ထို့ကြောင့် ၎င်းသည် နတ်ဘုံခန်းဝါအဆင့်သို့ တက်လှမ်းသောအချိန်တွင် နတ်ဘုံခန်းဝါ နိဗ္ဗာန်ငါးခုအား ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရှိနိုင်သည်။

ကွမ်းဟွမ်ရောင်လျှံဝန်းတွင် ရောင်စဉ်များများပါလေ ပို၍ကောင်းမွန်လေ ဖြစ်သည်။

နတ်ဘုံခန်းဝါ နိဗ္ဗာန်ငါးခုသည် ရှန်ဇူတိုက်ကြီးတွင် ထူးချွန်သူတစ်ဦးအဖြစ် အသိအမှတ် ပြုခံရမည် ဖြစ်ပါသော်လည်း ကန်းမင်တိုက်ကြီးတွင်မူ ယုံကြည်နိုင်ဖွယ်ပင်မရှိသော တစ်ဦးပေါက်တစ်ယောက်ထွန်းဟု ယူဆရလိမ့်မည် ဖြစ်သည်။

ဝူဘုရင်မှာ မောက်မာစွာဖြင့် တောင်ကုန်းအမြင့်ပေါ်တွင် ရပ်နေလျက်ရှိသည်။ သူ၏စွမ်းအင်ဖိအားများကြောင့် ကြီးမြတ်သောဇူအင်ပါယာမှ မူလစဦးအဆင့်ရှိသည့် တိုက်ပွဲစွမ်းရည် ကောင်းမွန်သော စစ်သည်တော်များမှာ သွေးပျက်ဖြူရော်နေရပြီ ဖြစ်သည်။

ဇူချင်မှာ ဝူဘုရင်သည် စစ်သည်တော်များအား တမင်ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း သိရှိနေသောကြောင့် ကျယ်လောင်စွာ အော်ဟစ်လျက် ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။

ဤနှစ်များအတွင်း ဇူချင်မှာ ကောင်းမွန်စွာ ကျင့်ကြံကြိုးစားနေခဲ့ပြီး ယခုဆိုလျှင် မူလစဦးအဆင့်၏ အဋ္ဌမမြောက်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ ကြီးမြတ်သောဇူအင်ပါယာ၌ အထွတ်အထိပ်အဆင့်ဟုပင် သတ်မှတ်ရနိုင်ပြီ ဖြစ်သည်။ ထို့အတွက်ကြောင့် ဇူချင်မှာ ဝူဘုရင်အား စစ်သည်များအပေါ် ပြစ်မှတ်ထားခြင်းအားလက်မခံနိုင်ပေ။

ဝုန်း....

ဇူချင်မှာ အော်ဟစ်လိုက်ပြီးနောက် သူ၏လှံတံမှာ ကောင်းကင်ထက်သို့ ထိုးတက်သွားကာ ဆန်းကြယ်သော ချီစွမ်းအင်များနှင့် ပေါင်းစည်းသွားသည်။

သူသည် ဤတိုက်ခိုက်မှုအား ပြုလုပ်နိုင်ရန် စွမ်းရည်အကုန်အစင် အသုံးပြုနေရခြင်း ဖြစ်သည်။

သို့သော် ဝူဘုရင်မှာမူ ဇူချင်၏ လှုပ်ရှားမှုများအား ဂရုပင်စိုက်ဟန်မတူပဲ တစ်ချက်မျှသာ အေးစက်စက်ကြည့်လိုက်သည်။

လှံတံမှာ အလင်းအလား လျင်မြန်လှသောအရှိန်ဖြင့် ပျံသန်းလာသောအချိန်တွင် ငါးရောင်စဉ် ကွမ်းဟွမ်ရောင်လျှံဝန်းမှာ ရုတ်ချည်းဆိုသလို ထွက်ပေါ်လာပြီး ဝူဘုရင်အား အကာအကွယ် ပေးလိုက်သည်။

ချလန်း.....

လှံတံမှာ ကွမ်းဟွမ်ရောင်လျှံဝန်း၏ တားဆီးခြင်းအား ခံလိုက်ရပြီးနောက် ကျယ်လောင်လှသော တိုက်ခိုက်သံများ အဆက်မပြတ် ထွက်ပေါ်လာကာ လေထုမှာလည်း တုန်ခါကွဲအက်လာရသည်။

ထို့နောက် လှံတံမှာ ဝူဘုရင်အား ထိခိုက်စေရန် မဆိုထားနှင့် ငါးရောင်စဉ် ကွမ်းဟွမ်ရောင်လျှံဝန်းကိုပင် မတိုက်ခိုက်နိုင်ပဲ အပိုင်းပိုင်းအစစ ဖြစ်သွားရသည်ကို တွေ့ရှိလိုက်ကြရသည်။

ဝူဘုရင်မှာ မထီမဲ့မြင်ပြုစွာဖြင့် ပြုံးလိုက်ပြီးနောက် လက်ဖြောက်တစ်ချက်ကို အသာအယာ တီးလိုက်သည်။

ဖြောက်....

အပိုင်းပိုင်းအစစ ကျိူးပဲ့ပျက်စီးသွားသော လှံတံထိပ်ဖျားမှာ ရုတ်ချည်းဆိုသလို နောက်လှည့်ပျံသန်းသွားကာ မြို့ရိုးနံရံပေါ်တွင်ရှိသော ဇူချင်အား ချိန်ရွယ်ထားလိုက်သည်။

ဇူချင်မှာ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလျက် လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်းဖြင့် လှံတံအား ထိုးချလိုက်သည်။

ဝုန်း....

သူ၏ထိုးနှက်ချက်ကြောင့် ချီစွမ်းအင် ပေါက်ကွဲမှုများ ဖြစ်ပေါ်သွားရသည်။

သို့သော် ဇူချင်သည် နတ်ဘုံခန်းဝါအဆင့်၏ စွမ်းရည်များအပေါ် လျှော့တွက်ခဲ့မိဟန် တူသည်။ လှံတံအား ရစ်နွယ်ထိန်းချုပ်ထားသော ဝူဘုရင်၏ ချီစွမ်းအင်များမှာ ဇူချင်၏လက်သီးထံ တိုက်ရိုက်ရောက်ရှိသွားကာ သူ၏အရေခွံများကို စုတ်ပြဲသွားစေလေသည်။

ဇူချင်မှာ ခြေလှမ်းဒါဇင်ကျော်မျှ နောက်သို့ဆုတ်သွားရသည်။ ထို့နောက် လက်ဖမိုးပေါ်၌ ဆုတ်ပြဲဒဏ်ရာ ပေါ်ပေါက်လာကာ လက်ချောင်းများမှ သွေးများစီးကျသွားရသည်။

ဝူဘုရင်မှာ မဖြစ်စလောက်သော စွမ်းအင်မျှသာ အသုံးပြုလိုက်ခြင်း ဖြစ်ပါသော်လည်း ဇူချင်မှာ ထိခိုက်ဒဏ်ရာ ရရှိသွားရပြီ ဖြစ်သည်။

မူလစဦးအဆင့်နှင့် နတ်ဘုံခန်းဝါအဆင့်တို့၏ ကွာခြားချက်အား ထိုမျှနှင့်ပင် ရှင်းလင်းထင်ရှားစွာ မြင်တွေ့နိုင်ပေသည်။

"အရှင်မင်းကြီး...." ဝေကန်းလန်နှင့် အခြားသူများမှ စိုးရိမ်စွာ အော်ဟစ်လိုက်ကြသည်။

ဝူစစ်သည်များမှာ ထိုမြင်ကွင်းအားကြည့်ကာ အားရကျေနပ်စွာဖြင့် အော်ဟစ်အောင်ပွဲခံလိုက်ကြသည်။

"ဝူဘုရင်ကို ဘယ်သူမှ ယှဉ်နိုင်မှာမဟုတ်ဘူး။"

“......”

ကြီးမြတ်သောဇူအင်ပါယာမှ စစ်သည်တော်များမှာမူ အလွန်ပင် တိတ်ဆိတ်ငြိမ်သက်နေကြသည်။ နတ်ဘုံခန်းဝါအဆင့်၏ တိုက်ပွဲစွမ်းရည်သည် အမှန်တကယ်ပင် မူလစဦးအဆင့်နှင့် ကွာခြားလွန်းလှသည်။

ဇူချင်မှာ သွေးများကို ခပ်ကြမ်းကြမ်း ပွတ်ထုတ်လိုက်ပြီးနောက် ဝေကန်းလန်နှင့် အခြားသူများကို ဝေ့ယမ်းပြလိုက်သည်။ သူ၏အမူအရာမှာ အလွန်ပင် တင်းမာခက်ထန်နေပါသော်လည်း မျက်ဝန်းများ၌ ဝမ်းနည်းမှု အရိပ်အယောင်များ ယှက်သန်းနေလေသည်။

နှစ်ပေါင်းများစွာ ကြာခဲ့ပြီးသည့်နောက် ထပ်မံရင်ဆိုင်ရသည့် အချိန်တွင်လည်း ဝူဘုရင်၏ အလုံးစုံ ဖိနှိပ်ခြင်းကို ခံယူရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူ၏ဘေးတွင် ရှိနေသော ချင်ယုမှာလည်း မျက်ရည်များ ဝေ့ဝဲနေလျက် ရှိသည်။ သို့သော် ဇူချင်အား အနှောင့်အယှက်ဖြစ်မည်စိုးသောကြောင့် သူမသည် အံကိုကြိတ်ကာ မျက်ရည်များ ကျမလာအောင် စိတ်ခံစားချက်ကို တားဆီးထားလိုက်သည်။

ဝူဘုရင်မှာ မထီမဲ့မြင်ဟန်ဖြင့် တစ်ချက်မျှ ငုံ့ကြည့်ကာ စကားဆိုလိုက်သည်။ "ဇူချင်....မင်းနဲ့ငါနဲ့ကြားက ကွာခြားချက်ကို တွေ့တယ်မလား။ မင်းကငါ့အတွက်တော့ ဘာမှမဟုတ်တဲ့ လူတစ်ယောက်အဆင့်ပဲ ရှိတယ်။ဘာလို့ ငါ့ကိုတိုက်ခိုက်နေသေးတာလဲ။"

"မင်းကို နောက်ဆုံးအခွင့်အရေးပေးမယ်။ ဒီစစ်တပ်နှစ်ခုစလုံးရဲ့ရှေ့မှာ မင်းကိုယ်မင်း သတ်သေလိုက်။ အဲ့လိုမှမဟုတ်ရင် ဒီနေ့ဒီနေရာကို မင်းတို့ရဲ့ ကြီးမြတ်လှတဲ့ ဇူအင်ပါယာက စစ်သည်တွေရဲ့သွေးနဲ့ ဆေးထုတ်ပစ်ရလိမ့်မယ်။"

ဇူချင်မှာ လှံတံအား ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်းဖြင့် အံကိုကြိတ်ကာ ပြောလိုက်သည်။ "ငါတို့ရဲ့ ကြီးမြတ်သောဇူအင်ပါယာက ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူး။"

မြို့ရိုးနံရံပေါ်တွင် ရှိနေသော ဝေကန်းလန်နှင့် အခြားသော စစ်ဗိုလ်ချုပ်များမှာလည်း နီရဲနေသော မျက်ဝန်းများဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ "ဘယ်တော့မှ အရှုံးမပေးဘူး။"

များပြားလှသော ကြီးမြတ်သောဇူအင်ပါယာ၏ စစ်သည်တော်များမှလည်း လက်နက်များကို ဆွဲကိုင်ကာ အော်ဟစ်လိုက်ကြသည်။ "ဘယ်တော့မှ အရှုံးမပေးဘူး။"

"ဘယ်တော့မှ အရှုံးမပေးဘူး။"

၎င်းတို့၏ အော်ဟစ်သံမှာ မိုးကောင်းကင်ကိုပင် ပဲ့တင်ထပ်သွားလေသည်။

ဝူဘုရင်မှာ လှောင်ပြောင်သရော်သည့်ဟန်ဖြင့် ခေါင်းအားခါယမ်းလိုက်သည်။ "ဦးနှောက်မရှိတဲ့ အရူးတစ်သိုက်ပဲ။ မင်းရဲ့ မဖြစ်စလောက် အင်အားလေးနဲ့ ငါ့ကိုဖျက်စီးချင်တယ်ဆိုမှတော့ ငါကလည်း ကြီးမြတ်သောဇူအင်ပါယာကို ပျော်ပျော်ကြီး အမှုန့်ခြေပေးရမှာပေါ့။"

"လူတိုင်း ငါ့ရဲ့အမိန့်ကို နာခံကြ။"

"တိုက်ခိုက်ကြ..."

"ကြီးမြတ်သောဇူအင်ပါယာကို ဖျက်စီးကြ။"

ဝုန်း....

ကြမ်းတမ်းခက်ထန်လှသော စစ်ချီတေးသံများ တစ်ဖန်ပြန်လည် ပျံ့လွင့်လာသည်။

ဝူစစ်တပ်မှာ ညာသံပေးရင်းဖြင့် ဆွေ့လုံမြို့တော်ထံသို့ စစ်သင်္ဘောများ တစ်စီးပြီးတစ်စီး ကမ်းဆိုက်လာတော့သည်။

သတ်ဖြတ်လိုသော အငွေ့အသက်များ လေထုအတွင်း ပျံ့နှံ့လွှမ်းခြုံနေလျက် ရှိသည်။

ဆွေ့လုံမြို့တော်အတွင်းရှိနေသော ကြီးမြတ်သောဇူအင်ပါယာမှ စစ်သည်တော်များမှာလည်း အလွန်အမင်း အမျက်ဒေါသ ထွက်နေကြသည်။ ၎င်းတို့မှာ နောက်ဆုံးတိုက်ပွဲအတွက် အသင့်ဖြစ်နေသည့်အလား ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေလိုက်ကြသည်။

ကြီးမြတ်သောဇူအင်ပါယာသည် တိုက်ပွဲတွက် အနိုင်ရရန် အခွင့်အရေးမရှိဟု သိရှိထားကြသည့်တိုင်အောင် အမိမြေအတွက် အသက်နှင့်ရင်းကာ တိုက်ခိုက်ကာကွယ်ရန် အသင့်ဖြစ်နေကြသည်။

ဝူဘုရင်နှင့် ဝူအင်ပါယာသည် ကြီးမြတ်သောဇူအင်ပါယာအနေဖြင့် မည်သို့မျှ မယှဉ်ပြိုင်နိုင်လောက်အောင် အင်အားကြီးကြသည်။

မြို့ရိုးနံရံပေါ်တွင် ရှိနေသော ဇူချင်မှာ ဝူစစ်တပ်ကြီးအား ကြည့်ရှုလိုက်ပြီးနောက် မျက်ရည်များ ဝေ့ဝဲနေသော ချင်ယု၏လက်အား ဆုပ်ကိုင်ကာ ပြောလိုက်သည်။

"ယု...ကိုယ်က အသုံးမကျပါဘူးကွာ..."

ချင်ယုမှာ မျက်ရည်အဝဲသားဖြင့် ခေါင်းအားခါယမ်းလိုက်သည်။ "အခုဆိုရင် ယွမ်အာလေးက အရွယ်ရောက်လာပြီပဲလေ။ ကျွန်မမှာ နောင်တရစရာ ဘာမှမရှိတော့ပါဘူး။"

ဇူချင်မှ ခေါင်းညိတ်ပြကာ စကားဆိုလိုက်သည်။ "ဟုတ်တယ်။ ယွမ်အာ အရွယ်ရောက်လာပြီ။ ကိုယ်တို့ ဘာမှစိုးရိမ်စရာ မရှိတော့ဘူး။ ဒီနေ့ ကိုယ်တို့ရဲ့ နောက်ဆုံးခရီးကို ကြီးမြတ်သောဇူအင်ပါယာနဲ့တူတူ ဖြတ်သန်းကြတာပေါ့။"

သူသည် ဆွေ့လုံမြစ်အား ခုတ်မောင်းလာနေသော စစ်သင်္ဘောများကို ကြည့်ရှုလိုက်သည်။

များပြားလှသော စစ်သင်္ဘောများမှာ သတ်ဖြတ်လိုစိတ် ပြင်းပြနေသည့် စစ်သည်များကိုတင်ဆောင်လျက် မြစ်ကိုဖြတ်သန်းကာ ဆွေ့လုံမြို့တော်ဆီသို့ ဦးတည်လာနေကြသည်။

သို့သော် ယင်းစစ်သင်္ဘောများ ဆွေ့လုံမြို့တော်နား ရောက်ရှိလာသည့် အချိန်မှာပင် ကျယ်လောင်လှသော အသံတစ်ခုအား ကြားလိုက်ကြရလေသည်။

ဝုန်း....

ဆွေ့လုံမြစ်ကြီးမှာလည်း ရုတ်ချည်းဆိုသလို လှိုင်းထန်သွားရသည်။

ကောင်းကင်ထက်တွင် ရှိနေသော မူလစဦးအဆင့်ရှိသည့် ဝူစစ်သည်များမှာလည်း ပုံမှန်မဟုတ်သော တစ်စုံတစ်ခုအား အာရုံခံမိလိုက်သောကြောင့် အမူအရာများ ပြောင်းလဲသွားကြသည်။

ဝူဘုရင်မှာလည်း မူမမှန်သော လှုပ်ရှားမှုများကို အာရုံခံမိသောကြောင့် မျက်မှောင်ကျုံ့ကာ ဆွေ့လုံမြစ်မျက်နှာပြင်အား ကြည့်ရှုလိုက်သည်။

စစ်တပ်နှစ်ခုလုံးမှာ ဆွေ့လုံမြစ်အား အာရုံစိုက်နေကြခြင်း ဖြစ်သည်။

ထို့နောက် တီတိုးစကားသံများ ချက်ချင်းဆိုသလို ထွက်ပေါ်လာတော့သည်။

အဘယ့်ကြောင့်ဆိုသော် ကြီးမားလှသော လှိုင်းလုံးကြီးတစ်ခုမှာ ကျယ်ပြောသော ဆွေ့လုံမြစ်ကြီးအား ဖြတ်သန်းလျက် စစ်မြေပြင်သို့ ဦးတည်လာနေသောကြောင့်ပင်။

"ဘာတွေဖြစ်နေတာလဲ..."

"အဲ့ဒါကဘာလဲ..."

ဝူစစ်တပ်ထံမှ ပဟေဠိဖြစ်စွာဖြင့် မေးခွန်းများ အလျှိုအလျှို ပေါ်ထွက်လာကြသည်။

မူလစဦးအဆင့်ရှိသော စစ်သည်တစ်ဦးမှ အမူအရာ ပြောင်းလဲသွားကာ ပြောလိုက်သည်။ " လှိုင်းလုံးကြီးရဲ့ရှေ့မှာ တစ်ယောက်ယောက် ရှိနေတာ မဟုတ်ဘူးလား။"

ထိုအချိန်တွင် လူအများမှာ လှိုင်းလုံးကြီး၏ရှေ့တွင် ရှိနေသော ပုံရိပ်တစ်ခုအား ပြတ်သားစွာ တွေ့မြင်လိုက်ကြရသည်။ ထိုပုံရိပ်၏ ရွေ့လျားနှုန်းမှာ နှေးကွေးသည်ဟု ထင်ရပါသော်လည်း ခြေလှမ်းတိုင်းသည် မီတာတစ်ရာကျော်မျှ ကွာဝေးပေသည်။

ဝေကန်းလန်၊ ဝေချင်းချင်းနှင့် အခြားသူများမှာလည်း မြစ်ပေါ်တွင်ရှိနေသည့်ပုံရိပ်မှာ ရင်းနှီးနေသကဲ့သို့ ခံစားနေရသည်။

ဇူချင်နှင့် ချင်ယုနှစ်ဦးစလုံးမှာ အလွန်ပင် အံ့အားသင့်သွားကြရသည်။ မြင်တွေ့နေရသော ပုံရိပ်မှာ ၎င်းတို့နှင့် အလှမ်းဝေးနေပါသော်လည်း မမှတ်မိနိုင်စရာ အကြောင်းမရှိပေ။

ချင်ယု၏သိမ်မွေ့သော ခန္ဓာကိုယ်လေးမှာ တုန်ခါသွားရပြီးနောက် မျက်ဝန်းများ တောက်ပလာကာ ရေရွတ်လိုက်သည်။ "ဒါက......"

ဇူချင်မှ တုန်လှုပ်နေသောအသံဖြင့် ပြောလိုက်သည်။ "ယွမ်အာမဟုတ်လား..."

ဝေကန်းလန်၊ ဝေချင်းချင်းနှင့် အခြားသူများမှာလည်း အလွန်ပင် စိတ်လှုပ်ရှားသွားကြသည်။ "အိမ်ရှေ့မင်းသား...ဇူယွမ်လား...."

ဝုန်း....

အံ့သြတုန်လှုပ်သွားသော အကြည့်များ၏အောက်၌ပင် အနက်ရောင်စုတ်တံအား ကျောထက်တွင် စလွယ်သိုင်းထားသော လူငယ်လေးမှာ ကြမ်းတမ်းခက်ထန်သော လှိုင်းလုံးကြီးအားစီးနင်းလျက် မြစ်ကမ်းအနီးသို့ ခရီးနှင်လာသည်။

ထိုအနက်ရောင်စုတ်တံအား ကျောထက်တွင် စလွယ်သိုင်းထားသော လူငယ်လေးမှာ လှိုင်းလုံးပေါ်မှဆင်းလျက် မြစ်ကမ်းထံ ခြေချလိုက်သည်။

ထို့နောက် မိုးကြိုးတံလျှပ်ကဲ့သို့ သြဇာအာဏာပြည့်ဝနေသော စကားသံမှာ စကြာဝဠာတစ်ခုလုံးသို့ပင် ဟိန်းသွားလေသည်။

"ခွေးကောင်ကြီး ဝူ..."

"မင်းက ငါတို့ရဲ့ ကြီးမြတ်သောဇူအင်ပါယာကို ဖျက်စီးချင်တယ်ပေါ့လေ...ဟုတ်လား။"

"ငါ့ဆီက ခွင့်ပြုချက်​ရော တောင်းပြီးပြီလား။"

All Chapters