← Chapters

နတ်ဘုံခန်းဝါ ဗဟိုအဆင့်

Vol. 51 Ch. 700

နတ်ဘုံခန်းဝါ ဗဟိုအဆင့်

Vol. 51 Ch. 700

ဆွေ့လုံမြစ်၏ ကောင်းကင်ထက်တွင် ရှိနေသော ဝူဘုရင်မှာ ကွမ်းဟွမ်ရောင်လျှံဝန်းနှစ်ခုဖြင့် စကြာဝဠာချီများကို စုပ်ယူနေလျက် ရှိသည်။

ဝူဘုရင်ထံမှ ထွက်ပေါ်နေသော ပြင်းထန်လှသည့် စွမ်းအင်ဖိအားများမှာ ပတ်ဝန်းကျင်တစ်ခုလုံးကို ဖိနှိပ်ထားလေသည်။

နတ်ဘုံခန်းဝါအဆင့်တွင် အဓိကအားဖြင့် အခြေတည်အဆင့်၊ ဗဟိုအဆင့်နှင့် မဟာအဆင့်ဟူ၍ အဆင့်ကြီးသုံးခုပါဝင်ပြီး အဆင့်တစ်ခုသို့ တက်ရောက်သွားတိုင်းတွင် ကွမ်းဟွမ်ရောင်လျှံဝန်း အသစ်တစ်ခု ပေါ်ပေါက်လာမည် ဖြစ်သည်။ယခု ဝူဘုရင်ထံတွင် ကွမ်းဟွမ်ရောင်လျှံဝန်းနှစ်ခု ရှိနေပြီဖြစ်သောကြောင့် ၎င်းသည် နတ်ဘုံခန်းဝါ ဗဟိုအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထင်ရှားနေသည်။

ဝူဘုရင်မှာ ရည်ရွယ်ချက်ရှိစွာဖြင့် သူ၏စွမ်းအင် အစစ်အမှန်အား ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် စွမ်းအင် အစစ်အမှန်အား ဖော်ထုတ်ပြသလိုက်သောအခါတွင် ဝူစစ်တပ်မှ ဗိုလ်ချုပ်များနှင့် စစ်သည်တော်များမှာ ပျော်ရွှင်ဝမ်းမြောက်စွာ အော်ဟစ်လိုက်ကြသည်။ "ဝူဘုရင်က အနှိုင်းမဲ့ပဲ။"

၎င်းတို့အားလုံးမှာ ဝူဘုရင် ဖိနှိပ်ခံရမည်ကို အလွန်အမင်း စိုးရိမ်ပူပန်နေကြခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဇူယွမ်သာ ဝူဘုရင်အား အနိုင်ရရှိသွားပါက ဝူအင်ပါယာမှာလည်း ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်ရလိမ့်မည် ဖြစ်သောကြောင့်ပင်။

အကယ်၍ ဝူဘုရင်သာ ရှုံးနိမ့်သွားပါက ကြီးမြတ်သောဇူအင်ပါယာအား ဖျက်စီးရန် မဆိုထားနှင့်၊ ကြီးမြတ်သောဇူအင်ပါယာကပင် ၎င်းတို့ဝူအင်ပါယာအား စတင်တိုက်ခိုက်လာနိုင်ပေသည်။ ထို့အပြင် ဦးဆောင်သူ ဝူဘုရင်သာ မရှိတော့ပါက ဝူစစ်တပ်မှာလည်း 'နွားကွဲလျှင်ကျားဆွဲ' ဟူသကဲ့သို့ အပြိုပြိုအလဲလဲ ဖြစ်သွားရပေလိမ့်မည်။ ထိုသို့သာ ဖြစ်လာပါက ဝူစစ်သည်တော်များ၏ စိတ်ဓာတ်ရေးရာအား ပြန်လည်တည်ဆောက်ရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ ဝူဘုရင်မှာ ဝူဘုရင်ပင် ဖြစ်သည်။ သူသည် မည်သူမှ လိုက်မမှီနိုင်အောင် စဉ်းစားတွေးခေါ်တက်ကာ နတ်ဘုံခန်းဝါ ဗဟိုအဆင့်သို့ တိတ်တဆိတ် တက်လှမ်းခဲ့သည်။

ဝူစစ်တပ်မှာ အော်ဟစ်ပျော်ရွှင်နေပါသော်လည်း တစ်ဖက်တွင်မူ မြို့ရိုးနံရံပေါ်မှ ဇူချင်၊ ချင်ယု၊ ဝေကန်းလန်နှင့်အခြားသူများ၏ အမူအရာမှာ ခက်ထန်နေရသည်။ ဝူဘုရင်၏ ဉာဏ်နီဉာဏ်နက်များမှာ ၎င်းတို့ခန့်မှန်းနိုင်သည်ထက်ပင် ကျော်လွန်နေလေသည်။

"ဒီခွေးသူခိုးက အခုအချိန်ထိ ကမ်းကုန်အောင် ယုတ်မာနေတုန်းပဲ။" ဝေကန်းလန်မှ အံကြိတ်ကာ ပြောလိုက်သည်။

ဇူချင်မှာ မျက်မှောင်ကျုံ့နေမိသည်။ အတိတ်ကာလများတွင်လည်း ဝူဘုရင်မှာ ကြီးမြတ်သောဇူအင်ပါယာအား ဖျက်စီးနိုင်သည့်အချိန်ထိ သူ၏စွမ်းအင်များကို ဖုံးကွယ်ထားခဲ့ဖူးသည်။

"စစ်ကူပေးဖို့ အသင့်ပြင့်ထား။" ဇူချင်မှ အမိန့်ပေးလိုက်သည်။

ဝူဘုရင်၏ ကျင့်ကြံခြင်းအဆင့်အား ပုံမှန်စစ်ကူပေးခြင်းဖြင့် မည်သည့်အကျိုးသက်ရောက်မှုမှ ဖြစ်စေမည် မဟုတ်ပါချေ။ သို့သော် ကံကောင်းထောက်မစွာဖြင့် ကြီးမြတ်သောဇူအင်ပါယာတွင် ဖောက်ခွဲနိုင်သော တိုက်ပွဲဝင်ဂိုလမ်း(စက္ကောမပညာဖြင့်ပြုလုပ်ထားသော အရုပ်)များ ရှိနေပေသည်။

ဝေကန်းလန်မှ လေးနက်သောအမူအရာဖြင့် ဇူချင်၏အမိန့်အား နာခံလိုက်သည်။

..........

ဝူဘုရင်မှာ နှစ်ဖက်စစ်တပ်မှ စကားများကို အနည်းငယ်မျှပင် အလေးမထားပဲ ဇူယွမ်ကိုသာ ခက်ထန်စွာ ကြည့်ရှုနေလျက် ရှိသည်။ ကြီးမြတ်သောဇူအင်ပါယာအား ဖျက်စီးရာတွင် အကြီးမားဆုံး အနှောင့်အယှက်ဖြစ်နေသူမှာ ဇူယွမ်ပင် ဖြစ်လေသည်။

ထို့ကြောင့် ဇူယွမ်ကိုသာ ဖျက်စီးခြေမှုန်းလိုက်နိုင်ပါက ကြီးမြတ်သောဇူအင်ပါယာအား ဖျက်စီးရမည်မှာ လွန်စွာလွယ်ကူသွားပေလိမ့်မည်။

"ငါကအမြဲတမ်း ဝှက်ဖဲတစ်ခု၊ နှစ်ခုလောက် ချန်ထားလေ့ရှိတယ်။ မင်းကြောင့်နဲ့ ငါ့ဝှက်ဖဲတွေ အကုန်ထုတ်သုံးရလိမ့်မယ်လို့တော့ မထင်ထားခဲ့တာ အမှန်ပဲ။"

"ဘာပဲဖြစ်ဖြစ် မင်းကြောင့် ငါ့ဝှက်ဖဲကို အကုန်ထုတ်သုံးလိုက်ရတာဆိုတော့ မင်းအဲ့အတွက် ပေးဆပ်ရတော့မယ်။" ဝူဘုရင်မှာ သတ်ဖြန်လိုစိတ်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် အေးစက်စွာ ပြောလိုက်သည်။

ထို့နောက် ဝူဘုရင်နောက်မှ ကွမ်းဟွမ်ရောင်လျှံဝန်းနှစ်ခုမှာ စတင်လည်ပတ်လာကာ သွေးနီရောင် ချီစွမ်းအင်များ အလုံးအရင်းဖြင့် ထွက်ပေါ်လာတော့သည်။ ထွက်ပေါ်လာသော ချီစွမ်းအင်များအရ ခန့်မှန်းရမည်ဆိုလျှင် ဝူဘုရင်၏ နတ်ဘုံခန်းဝါ ချီပင်လယ်အတွင်း ချီကြယ်ပွင့် တစ်သန်းခွဲမျှ ရှိနိုင်သည်။

ဝူဘုရင်မှာ နတ်ဘုံခန်းဝါ ဗဟိုအဆင့်သို့ ရောက်ရှိသွားပြီးနောက် ချီကြယ်ပွင့် သန်းတဝက်မျှ တိုးပွားလာခြင်း ဖြစ်သည်။

တိုးပွားနှုန်းမှာ မူလစဦးအဆင့်များအတွက် စိတ်ကူးကြည့်စရာပင် မဟုတ်ပါသော်လည်း နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူတစ်ဦးအတွက်မူ သာမန်အခြေအနေသာ ဖြစ်သည်။

ဝုန်း.....

သွေးနီရောင်ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီးနောက် ဝူဘုရင်၏ ထိန်းချုပ်မှုအောက်တွင် မြွေနဂါးတစ်ကောင်အသွင် ပြောင်းလဲသွားကာ ကောင်းကင်အား ဖြတ်ကျော်လျက် ဇူယွမ်ထံသို့ ပြင်းထန်လှသောအရှိန်ဖြင့် ရောက်ရှိသွားသည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ဖိအားများကြောင့် လေထုသည်ပင် တုန်ခါသွားရသည်။

ဇူယွမ်မှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီးနောက် ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေကာ လက်ထဲတွင် ကိုင်ဆောင်ထားသော ကောင်းကင်ဘုံယွမ်စုတ်တံအား ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲစေလိုက်ပြီးနောက် မြွေနဂါးတစ်ကောင်အသွင် ဖြစ်နေသော သွေးနီရောင် ချီစွမ်းအင်များနှင့် ထိပ်တိုက်တွေ့ဆုံစေလိုက်သည်။

ဝုန်း.....

ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များ ထွက်ပေါ်လာသည်။

ဇူယွမ်၏ခန္ဓာကိုယ်မှာ တုန်ခါသွားရပြီးနောက် ပေရာကျော်အကွာအဝေးမျှထိ လွင့်စင်သွားရသည်။

ဝူဘုရင်မှာ နတ်ဘုံခန်းဝါ ဗဟိုအဆင့်သို့ ရောက်ရှိသွားသည့်အတွက် ဇူယွမ်မှာ အသာစီး မရနိုင်တော့ပေ။

ဝူစစ်သည်တော်များမှာ ပျော်ရွှင်ကျေနပ်စွာဖြင့် ကျယ်လောင်စွာ အော်ဟစ်အားပေးလိုက်ကြသည်။

တစ်ဖက်တွင်မူ ကြီးမြတ်သောဇူအင်ပါယာမှ စစ်သည်တော်များမှာ တိတ်ဆိတ်ငြိမ်သက်နေကြရလေသည်။

ဇူမိသားစုက ကောင်စုတ်လေး....မင်းနတ်ဘုံခန်းဝါအဆင့် ဖြစ်နေတော့ရော ဘာတွေများ ပြောင်းလဲသွားမှာမိုလို့လဲ...အဟက်

ဝူဘုရင်မှာ ရွှေရောင်ဓားအား တင်းကြပ်စွာ ဆုပ်ကိုင်ထားလျက် ဇူယွမ်အား အေးစက်ခက်ထန်စွာ ကြည့်ရှုလိုက်သည်။

မြင့်မြတ်သောနဂါးကောင်းချီးကိုတောင် ဇူမိသားစုကို ပြန်ပေးရဦးမယ်ဟုတ်လား....အဟက်...တော်တော်ရယ်ရတာပဲ။ ဒီနေ့မင်းကို ဇူချင်ရှေ့မှာတင်သတ်ပြီး ကြီးမြတ်သောဇူအင်ပါယာရဲ့ မျှော်လင့်ချက်တွေအားလုံးကို တစ်စစီ ရိုက်ချိုးပြမယ်...

ဝူဘုရင်မှာ လက်နှစ်ဖက်အား အတူတကွ ချိတ်ဆက်လိုက်သည်။

ဝုန်း.....

ဝူဘုရင်၏နောက်တွင် ရှိနေသော ကွမ်းဟွမ်ရောင်လျှံဝန်း နှစ်ခုထံမှ ပြင်းထန်လှသော သွေးနီရောင် ချီစွမ်းအင်များ ထွက်ပေါ်လာကာ ကြီးမားလှသော တံဆိပ်တော်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ထိုအလင်းတံဆိပ်တော်ပေါ်တွင် သွေးနီရောင် နဂါးတစ်ကောင်ရှိနေပြီး ကြောက်မက်ဖွယ် စွမ်းအင်များကို ထုတ်လွှတ်နေလျက် ရှိသည်။

ဟမ်....ကောင်းကင်ဘုံကျင့်စဉ်လား...... ဇူယွမ်မှာ အနည်းငယ် အံ့အားသင့်သွားရသည်။ ကန်းမင်တိုက်ကြီး၌ ကောင်းကင်ဘုံကျင့်စဉ်မှာ လွန်စွာရှားပါးလှသောကြောင့် ဝူဘုရင်မှ သိရှိတက်မြောက်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ဝူဘုရင်၏ ကောင်းကင်ဘုံကျင့်စဉ်သည် အလယ်အလတ်အဆင့်မျှ ရှိလိမ့်မည်ဟု ခန့်မှန်းရသည်။

၎င်းကျင့်စဉ်သည် ဝူဘုရင်၏ နောက်ဆုံးသော ဝှက်ဖဲပင် ဖြစ်ပေလိမ့်မည်။

"တော်ဝင်နဂါးတံဆိပ်တော်...."

ဝူဘုရင်မှာ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် သွေးနီရောင် နဂါးတံဆိပ်တော်မှာ ဇူယွမ်ထံသို့ ပြုတ်ကျလာတော့သည်။

ဝူဘုရင်မှာ အလယ်အလတ် ကောင်းကင်ဘုံကျင့်စဉ်ကိုသာ အသုံးပြုနေခြင်း ဖြစ်ပါသော်လည်း ​ချီကြယ်ပွင့် တစ်သန်းခွဲမျှ ပမာဏအား ပိုင်ဆိုင်ထားသောကြောင့် ယင်း၏စွမ်းအင်မှာ အလွန်ကြောက်မက်ဖွယ် ကောင်းလှသည်။ တံဆိပ်တော် ကျဆင်းလာသည်နှင့်အမျှ ပြင်းထန်လှသော စွမ်းအင်ဖိအားများကြောင့် ဆွေ့လုံမြစ်ပင် နှစ်ခြမ်းကွဲသွားရသည်။

စစ်တပ်နှစ်ခုလုံးမှ စစ်သည်တော်များမှာ ကြောက်ရွံ့တုန်လှုပ်နေကြရသည်။

ဇူယွမ်မှာလည်း လေးနက်စွာဖြင့် ကျဆင်းလာနေသော တံဆိပ်တော်အား ကြည့်ရှုလိုက်သည်။ အလယ်အလတ် ကောင်းကင်ဘုံကျင့်စဉ် ဖြစ်ပါသော်လည်း ၎င်း၏စွမ်းအင်အား အနည်းငယ်မျှပင် အထင်အမြင်သေး၍မရပေ။

ဝုန်း....

စောင့်​ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ​နဂါးတံဆိပ်တော်ကြီးမှာ ဇူယွမ်ထံသို့ ကျဆင်းလာသည်။

ဘန်း....

ဇူယွမ်၏ခန္ဓာကိုယ်မှာ ဆွေ့လုံမြစ်အတွင်း ပြုတ်ကျသွားသကဲ့သို့ နဂါးတံဆိပ်တော်မှာလည်း သူ၏နောက် လိုက်ပါသွားသည်။ မြစ်မျက်နှာပြင်ပေါ်တွင် အလွန်ကြမ်းတမ်းသော လှိုင်းလုံးများဖြင့် ဖုံးလွှမ်းသွားရသည်။ ထို့နောက် တံဆိပ်တော်တွင် ပါဝင်သော နဂါးကြီး၏ ဟိန်းဟောက်သံနှင့်အတူ ပြင်းထန်လှသော စွမ်းအင်များ ထွက်ပေါ်လာကာ ဆွေ့လုံမြစ်အား အထက်အောက် ဆွဲလှန်လိုက်သည်။

လူတိုင်းမှာ မျက်တောင်ပင်မခတ်ပဲ အခြေအနေအား စောင့်ကြည့်နေလျက် ရှိသည်။

ဇူချင်မှာ လက်သီးတင်းတင်း ဆုပ်ထားသကဲ့သို့ ချင်ယုမှာ မြို့ရိုးနံရံပေါ်မှ ဆွေ့လုံမြစ်အား ကျော်ကြည့်ကာ ယွမ်အာ၊ ယွမ်အာဖြင့် အဆက်မပြတ် ရေရွတ်နေလျက် ရှိသည်။

ကောင်းကင်ထက်တွင် ရှိနေသော ဝူဘုရင်မှာ အေးစက်ခက်ထန်သော မျက်ဝန်းများဖြင့် ဆွေ့လုံမြစ်အား ကြည့်ရှုနေလေသည်။ ငါ့ရဲ့နဂါးတံဆိပ်တော် ဖိနှိပ်တာကို ခံလိုက်ရတာနဲ့ မင်းပြန်လမ်းရှိမှာ မဟုတ်တော့ဘူး.....

ဝုန်း....

တံဆိပ်တော်ပေါ်မှ သွေးနီရောင်နဂါးကြီးမှာ ဇူယွမ်အား ဖိနှိပ်ရန်အတွက် တံဆိပ်တော်၏အောက်ဖက်သို့ ပြင်းထန်စွာ ဆင်းလာနေလျက် ရှိသည်။

ဝူဘုရင်မှာ အမှန်တကယ်ပင် ပြိုင်ဖက်ကင်းမဲ့လှသည်။

ဝူစစ်သည်တော်များမှာ ကျယ်လောင်စွာ အော်ဟစ်အောင်ပွဲခံနေကြပြီပင် ဖြစ်သည်။

မြို့ရိုးနံရံပေါ်မှ ဇူချင်မှာ အံကိုကြိတ်လျက် အမိန့်ပေးလိုက်သည်။ "တိုက်ပွဲဂိုလမ်တွေ အသင့်ပြင်ထား။"

ဗိုလ်ချုပ်များမှာ လေးနက်သောအမူအရာဖြင့် အမိန့်အား လက်ခံလိုက်ကြသည်။

သို့သော် ထိုအချိန်မှာပင် ဆွေ့လုံမြစ်အတွင်းပိုင်းမှ အသံတစ်ခု ထွက်ပေါ်လာသည်။

"ဆန်းကြယ်သောခန္ဓာကျင့်စဉ်...."

"ကြီးမြတ်သောသူတော်စင်စိတ်ဝိဉာဉ်ကျင့်စဉ်.."

"ငွေအရိပ်...."

"မြေဓာတ်စွမ်းအင် သူတော်စင်မှော်စာလုံး..."

.........

ဝူဘုရင်မှာ မျက်မှောင်ကျုံ့သွားပြီးနောက် အေးစက်စွာ ပြောလိုက်သည်။ "သူ့ကိုဖိနှိပ်စမ်း...."

တံဆိပ်တော်မှ သွေးနီရော​င်နဂါးကြီးမှာ ဟိန်းဟောက်လိုက်ပြီးနောက် ဆွေ့လုံမြစ်အတွင်း ထိုးဆင်းသွားတော့သည်။

ဝုန်း....

သို့သော် ထိုအချိန်မှာပင် ဆွေ့လုံမြစ်အတွင်းမှ ငွေရောင်ချပ်ဝတ်အား ဆင်မြန်းထားသော လက်တစ်ဖက် ထွက်ပေါ်လာကာ သွေးနီရောင်နဂါးကြီးအား တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

ဘန်း....

သွေးနီရောင်နဂါးကြီးမှာ ပြင်းထန်စွာ ရုန်းကန်နေရင်းဖြင့်ပင် ပျက်စီးပျောက်ကွယ်သွားရလေသည်။

ဝူဘုရင်၏ အမူအရာမှာ ချက်ချင်းဆိုသလို ပြောင်းလဲသွားရသည်။

အော်ဟစ်အောင်ပွဲခံနေကြသော ဝူစစ်သည်များမှာလည်း တိတ်ဆိတ်ငြိမ်သက်သွားကြရသည်။

မြို့ရိုးနံရံပေါ်တွင် ရှိနေသော ဇူချင်မှာလည်း အံ့အားသင့်သော အရိပ်အယောင်များဖြင့် ပြည့်နှက်သွားရသည်။

လူတိုင်းမှာ ဆွေ့လုံမြစ်ပေါ်မှ ဖြည်းညင်းစွာ မ,တင်ခြင်းခံနေရသော နဂါးတံဆိပ်တော်အား ​ကြည့်ရှုနေကြသည်။

ဝူဘုရင်မှာ အံကိုကြိတ်လျက် နဂါးတံဆိပ်တော်အား ထပ်မံအသက်သွင်းရန် ကြိုးစားပါသော်လည်း မရတော့ပေ။

မျက်စိတမှိတ်စာမျှသော အချိန်အတွင်းမှာပင် နဂါးတံဆိပ်တော်မှာ ရေမျက်နှာပြင်ပေါ်သို့ ရောက်ရှိလာသည်။

ထိုအချိန်တွင် စောင့်​​ကြည့်နေသောသူများမှာ နဂါးတံဆိပ်တော်အား မ,တင်ထားသော ကြောက်မက်ဖွယ် စွမ်းအင်များ ထွက်ပေါ်နေသည့် ငွေရောင်ချပ်ဝတ်ဖြင့် ပုံရိပ်တစ်ခုအား တွေ့ရှိလိုက်ကြရသည်။

"ဒါကခင်ဗျားရဲ့ နောက်ဆုံးဝှက်ဖဲလား။"

ငွေရောင်ချပ်ဝတ်အား ဝတ်ဆင်ထားသော လူငယ်မှ ဝူဘုရင်အားကြည့်ကာ တည်ငြိမ်စွာဖြင့် မေးလိုက်သည်။

ဝူဘုရင်၏ အမူအရာမှာ ခက်ထန်နေရပြီး သူ၏မျက်ဝန်းများထဲတွင် ကြောက်ရွံ့မှု အငွေ့အသက်များ စတင်ယှက်သန်းလာသည်။

ငွေရောင်ချပ်ဝတ်ဖြင့်လူငယ်မှ တံဆိပ်အား တစ်ချက်တည်းထိုးကာ သွေးနီရောင် အလင်းတန်းများအဖြစ် ပျက်စီးပျောက်ကွယ်သွားစေလိုက်သည်။

ဇူယွမ်မှာ ရေမျက်နှာပြင်ပေါ်မှ ဖြည်းညင်းစွာ လျှောက်လှမ်းထွက်လာသည်။

သူ့ထံမှ ပြင်းထန်လှသော စွမ်းအင်ဖိအားများ ထွက်ပေါ်နေလျက် ရှိသည်။

ဇူယွမ်မှာ ခံစားချက် ကင်းမဲ့နေဟန်ဖြင့် ဝူဘုရင်အား ကြည့်ရှုလိုက်ပြီးနောက် တည်ငြိမ်စွာ စကားဆိုလိုက်သည်။

"ဒါက ခင်ဗျားရဲ့ နောက်ဆုံးဝှက်ဖဲဆိုရင်တော့...."

"ဝူဘုရင်..."

"ဒီနေ့ ခင်ဗျားသေရတော့မယ်။"

All Chapters