← Chapters

ပေးပို့မှု ပြီးစီးခြင်း

Vol. 8 Ch. 120

ပေးပို့မှု ပြီးစီးခြင်း

Vol. 8 Ch. 120

"အခု လုပ်အားခအတွက် ပြောကြရအောင်" ချင်းမင်က အပြုံးနှင့် ပြောဆိုသည်။

တာဝန်ခံကျန်းက ခေါင်းခါယမ်းပြပြီး ပြောဆိုလိုက်၏။

"ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံး တစ်လုံးပဲ ယူမယ်"

ဤဈေးနှုန်းသည် လွန်ခဲ့သောအပေးအယူနှင့် အနည်းငယ်မျှ နှိုင်းယှဉ်၍ မရချေ။ ထိုကဲ့သို့ ကြီးမားသော အပေးအယူကို ပြုလုပ်ပြီးနောက် သူသည် ဤလုပ်ငန်းအသေးစားလေးအတွက် စိတ်မလှုပ်ရှားတော့ချေ။

ထို့ပြင် ဤတစ်ကြိမ်သည် နန်းတွင်းအတွက်ပင်။ သူတို့ ကျွယ်မင်ခန်းမဆောင် အနေဖြင့် ဆေးလုံးများကို တခြားပစ္စည်းများနှင့် အစားထိုး၍ မရနိုင်ချေ။ ကျွယ်မင်ခန်းမဆောင်သည် ဤအပေးအယူအတွက် ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံး တစ်လုံးသာ အမြတ်ရပေမည်။

ချင်းမင်သည် သူ၏ရင်ဘတ်ထဲမှ ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူပြီး ချီစုစည်းခြင်းဆေးလုံးတစ်လုံးကို ထုတ်ယူကာ တာဝန်ခံကျန်းထံသို့ ပေးလိုက်သည်။

"ကောင်းပြီလေ... သတင်းကောင်းကို စောင့်နေပါ့မယ်"

ထိုသို့ပြောဆိုပြီးသည်နှင့် ချင်းမင်က ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားသည်။

သူ အလိုရှိသည်မှာ လျှိုမြို့၏ နာမည်ခံ မြို့တော်ဝန်ရာထူးသာ ဖြစ်သည်။ ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံး ၅၀ ဆိုလျှင် လုံးလုံးလျားလျား လုံလောက်ပေ၏။

ချင်းအိမ်တော်သို့ ပြန်ရောက်ချိန်၌ ချင်းမင်က သူ့ဖခင်၏ စာကြည့်ခန်းသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။

ဖခင်ချင်းယွမ်သည် စာကြည့်ခန်းထဲတွင် ထိုင်ပြီး ချင်းမင် ပြန်လာမည်ကို စောင့်နေသည်။ ယနေ့တွင် ချင်းမင်ထံ၌ သူနှင့် ဆွေးနွေးရန် ကိစ္စရှိနေမည်ဟု သူ သိရှိထားသည်။

ထို့ပြင် ကျွယ်မင်ခန်းမဆောင်သို့ ပေးရန်ကျန်ရှိသော ဆေးလုံးများကို သွားပို့ပြီးနောက် ချင်းမင်သည် သူ့ကို လာရောက်အစီရင်ခံရန် လိုအပ်ပေ၏။

"အဖေ... သား ကိစ္စတွေအားလုံးကို လုပ်ပြီးပါပြီ"

ချင်းမင်က သူ၏ရှေ့ရှိ ဖခင်ကို ကြည့်ပြီး ပြောဆိုလိုက်သည်။

ချင်းယွမ်က ခေါင်းညိတ်လိုက်သည်။ ဆေးလုံးများကို ပို့ဆောင်သည့်ကိစ္စတွင် မည်သည့်ပြဿနာမျှ ရှိမည်မဟုတ်ချေ။

ချင်းမင်က ဆက်လက်၍ ပြောဆိုသည်။

"သားက နောက်ထပ် ဆေးလုံး၅၀ ထပ်ပေးခဲ့ပြီးတော့ ကျွယ်မင်ခန်းမဆောင်ကနေတစ်ဆင့် နန်းတွင်းက လူတွေဆီ ပို့ပေးဖို့ ပြောခဲ့တယ်"

ချင်းယွမ်သည် သူ၏အပျော်များကို ထိန်းချုပ်ကာ တုံ့ပြန်လိုက်၏။

"ချင်းမင်... အဖေက တကယ်ကြီး မြို့တော်ဝန် ဖြစ်နိုင်ပါ့မလား"

ချင်းမင်က အပြုံးနှင့် ပြောဆိုသည်။

"အဖေက ဘာလို့ မြို့တော်ဝန် မဖြစ်နိုင်ရမှာလဲ... မြို့တော်ဝန်ချန်တောင် အဖေ့လောက် မထူးချွန်ဘူး... သူတောင် မြို့တော်ဝန် ဖြစ်နိုင်သေးတာ အဖေက ဘာလို့ မဖြစ်နိုင်ရမှာလဲ...အဖေရဲ့လက်ထဲမှာမှ လျှိုမြို့က ပိုကောင်းလာမှာပါ... ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပါ"

"အဖေ သိပါတယ်... ဒါပေမဲ့ မယုံနိုင် ဖြစ်နေတာပါ...ငါ ချင်းယွမ်က တစ်နေ့ကျရင် မြို့တော်ဝင် ဖြစ်လာလိမ့်မယ်လို့ ငါ မယုံနိုင်သေးဘူး"

ချင်းယွမ်က စိတ်လှုပ်ရှားစွာ ပြောဆိုသည်။

မြို့တော်ဝန် ဖြစ်နိုင်ရန်မှာ သူ၏အိပ်မက်ပင်။

မထင်မှတ်ဘဲ တစ်နေ့တွင် ထိုအိပ်မက်သည် သူ၏အနားသို့ ဤမျှထိ နီးကပ်စွာ ရောက်ရှိလာလိမ့်မည်ဟု သူ တွေးထင်မထားမိသဖြင့် ယုံကြည်လက်ခံနိုင်ခြင်းမရှိ ဖြစ်နေသည်။

"အဖေက... ဒါက ဘာမလို့လဲ... လျှိုမြို့ရဲ့ မြို့တော်ဝန် ဖြစ်ရုံလေးပဲလေ.. ဘာတွေ စိတ်လှုပ်ရှားနေတာလဲ...သား တွေးထားသလိုဆိုရင် ချန်ယန်မြို့ရဲ့ မြို့တော်ဝန်နေရာကိုတောင် အဖေက အလွယ်တကူ ရယူနိုင်မှာပါ...ကျွန်တော်တို့ ချင်းမိသားစုသာ ဆက်ပြီးတိုးတက်နေမယ်ဆိုရင် နောင်တစ်ချိန်မှာ အဖေက ချန်ယန်မြို့ရဲ့ မြို့တော်ဝန်ရာထူးကိုတောင် အထင်ကြီးတော့မှာ မဟုတ်ဘူး...လျှိုမြို့ရဲ့ မြို့တော်ဝန်ရာထူးက အဖေ အရင်ဆုံး အသားကျသွားအောင်လို့ပါ... ချင်းမိသားစုရဲ့အင်အား ပိုကြီးလာပြီးတော့ နောက်ခံ ပိုပြီးတောင့်တင်းလာတဲ့ အချိန်ကျရင်...ကျွန်တော်တို့က ပိုမြင့်တဲ့ ရာထူးကို သေချာပေါက် ရယူနိုင်မှာပါ"

ချင်းမင်က ရယ်မောရင်း ပြောဆိုလိုက်၏။

သူသည် မြို့တော်ဝန်ရာထူးကို ဂရုမစိုက်ချေ။

သူ၏ဖခင်ကို လျှိုမြို့၏မြို့တော်ဝန် ဖြစ်စေချင်ရသည့် အကြောင်းအရင်းမှာ ချင်းမိသားစုအနေဖြင့် လျှိုမြို့ကို အပြည့်အဝ ထိန်းချုပ်နိုင်စေရန် မျှော်လင့်သောကြောင့်ပင်။

ဤနည်းဖြင့် ချင်းမိသားစုသည် အလျင်အမြန် တိုးတက်ကြီးပွားလာနိုင်သည်။

လျှိုမြို့သည် ချင်းမိသားစုပိုင်ဖြစ်လာပြီးနောက် ချင်းမင်သည် သူ၏အစီအစဉ်တချို့ကို အကောင်အထည် ဖော်နိုင်မည်ဖြစ်ပြီး သူ၏ ဆေးနတ်ဘုရား စွမ်းရည်တချို့ကိုလည်း စတင်၍ တရားဝင်အသုံးပြုနိုင်ပေမည်။

ချင်းယွမ်က ရယ်မောလိုက်သည်။ ဤကဲ့သို့ သားမျိုး ရရှိထားခြင်းသည် သူ၏ဘဝတွင် ဂုဏ်ယူရဆုံးကိစ္စပင်။

ချင်းမိသားစုတွင် ဆက်ခံသူ ရှိနေပြီဖြစ်ပြီး မျိုးဆက်တစ်ဆက်ထက်တစ်ဆက် ပို၍သန်မာလာခြင်းသည် ကြီးပွားတိုးတက်လာမည့် နိမိတ်လက္ခဏာပင်။

"ချင်းမင်... ဒီရက်ပိုင်းတွေအတွက် ကျေးဇူးတင်ပါတယ်... သား လုပ်ပေးခဲ့တာတွေက လုံလောက်ပါပြီ"

ချင်းယွမ်သည် တောက်ပသော မျက်လုံးများဖြင့် သားဖြစ်သူကို ကြည့်ပြီး ပြောဆိုလိုက်သည်။

"အဖေ... အဖေက ဒီမိသားစုအတွက် အများကြီး လုပ်ပေးခဲ့တာပါ... သားက အဖေ့အတွက် တချို့တလေ မျှဝေခံစားပေးနိုင်တာကို ဝမ်းသာပါတယ်...ကျွန်တော်တို့ ချင်းမိသားစုက အခုမှ စတာပါ... အဖေက ခံစားလွယ်မနေနဲ့အုံး"

ချင်းမင်က အပြုံးနှင့် ပြောဆိုသည်။

အတိတ်ဘဝတွင် သူ့ကို ကာကွယ်ပေးရန်အတွက် ဖခင်ဖြစ်သူသည် သေရမည်ကိုပင် မကြောက်ခဲ့ချေ။ သူ မည်မျှပင် ပြန်လည်ပေးဆပ်ပါစေ မလုံလောက်သေးဟု သူ ခံစားရသည်။

ဤဘဝတွင် သူသည် သိုင်းပညာ၏ အထွတ်အထိပ်သို့ တက်လှမ်းပြီး ပြိုင်ဘက်ကင်း သိုင်းနတ်ဘုရား ဖြစ်လာရမည့်အပြင် ချင်းမိသားစုကိုလည်း ကုန်းမြေတစ်ခုလုံး၏ အထွတ်အထိပ်တွင် ရပ်တည်နိုင်အောင် ပြုလုပ်ရပေမည်။

All Chapters