← Chapters

ဒူးထောက်လိုက်ခြင်း

Vol. 8 Ch. 110

ဒူးထောက်လိုက်ခြင်း

Vol. 8 Ch. 110

ဤအချိန်တွင် ချင်းယွမ်သည် ဤလူများ ဝမ်မိသားစု၏သွေးထိုးမှုကို ခံရမည်အား အနည်းငယ် စိုးရိမ်နေသဖြင့် ချင်းမင်ကို စိုးရိမ်တကြီး ကြည့်လိုက်မိသည်။

ချင်းမင်က လက်ကာပြလိုက်ပြီး သူ၏ဖခင်ကို စိတ်မပူရန် အချက်ပြလိုက်၏။

ဤလူများကို ကျွယ်မင်ခန်းမဆောင်က ငှားရမ်းပေးထားခြင်း ဖြစ်ပြီး သူတို့အားလုံးသည် ကတိသစ္စာရှိသော ကြေးစားတိုက်ခိုက်ရေးသမားများပင်။

အကယ်၍ သူတို့သာ ယခုချိန်၌ စည်းကမ်းများကိုမလိုက်နာဘဲ ကလန်ကဆန် ပြုမူခဲ့လျှင်....

ကျွယ်မင်ခန်းမဆောင်က ကတိဖျက်ခြင်း၏ တန်ကြေးကို သူတို့ မြင်အောင် သေချာပေါက် ပြသပေလိမ့်မည်။

"ဘယ်လောက်လဲ...ဟုတ်လား"

ပိန်ပါးပါး လူလတ်ပိုင်းကြီးက ရယ်စရာပြက်လုံးတစ်ခုကို ကြားလိုက်ရသည့်အလား တုံ့ပြန်အဖြေပေးလိုက်သည်။

"ခင်ဗျားတို့ကို ပြောပြရမှာ ပြဿနာမရှိပါဘူး...ဒါက ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံး အလုံးကိုးဆယ်လောက်ပဲ...ခင်ဗျားတို့ တတ်နိုင်လို့လား"

ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံး အလုံးကိုးဆယ်ဟု ဆိုသလော...

ချင်းမင်သည် သူတို့ကို ဖြေရှင်းရန်အတွက် ဤမျှထိ တန်ကြေးကြီးကြီး ပေးအပ်ထားသလော...

ဤဈေးနှုန်းသည် သိုင်းဘိုးဘေးအဆင့် ထိပ်သီးကျင့်ကြံသူတစ်ယောက်ကိုပင် ဖိတ်ခေါ်နိုင်ပေ၏။

ဤသည်မှာ သူတို့ကို အလွန်အမင်း အထင်ကြီးရာ ရောက်နေလေပြီ။

"ကျောက်မိသားစု... ကျောက်မိသားစုကို ဖျက်ဆီးဖို့ မင်း လူငှားလိုက်တာလား"

မြို့တော်ဝန်က ရုတ်တရက် ချင်းမင်ကို လက်ညှိုးထိုးပြီး ထိတ်လန့်တကြား ပြောဆိုလိုက်သည်။

ယခုပြန်စဉ်းစားကြည့်လျှင် ချင်းမိသားစုကို ပြစ်မှားပြီးနောက် ကျောက်မိသားစုသည် တစ်ညတည်းနှင့် ပျက်စီးသွားခဲ့ပေ၏။

သို့သော် သူ စစ်ဆေး၍ရခဲ့သည်မှာ သိုင်းဘိုးဘေးနယ်ပယ် ကျင့်ကြံသူများ၏ လက်ချက် ဖြစ်နေသည်။ ကျောက်မိသားစုသည် သိုင်းဘိုးဘေးနယ်ပယ် ကျင့်ကြံသူများကို မတော်တဆ ပြစ်မှားခဲ့မိသည်ဟု သူ တွေးထင်ခဲ့မိသည်။ သို့ရာတွင် ယခုအချိန်၌ ဤသည်မှာ သိုင်းဘိုးဘေးနယ်ပယ် ကျင့်ကြံသူများကို ပြစ်မှားမိခြင်းကြောင့် မဟုတ်ကြောင်း သူ သိလိုက်ရလေပြီ။

ကိစ္စအားလုံးကို ခြုံငုံ၍ပြောရလျှင် ကျောက်မိသားစုသည် ချင်းမိသားစုကို ပြစ်မှားမိခြင်းဖြစ်ကာ အတိအကျ ပြောရလျှင် ချင်းမင်ကို ပြစ်မှားမိခြင်းပင်။

အကယ်၍ ချင်းမင်ထံတွင် ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံးအမြောက်အများ ရှိနေသည်ကို သူ ကြိုသိခဲ့လျှင် ချင်းမင်ကို ရန်သူတစ်ယောက်ကဲ့သို့ ဆက်ဆံမိမည် မဟုတ်ချေ။

သူတို့သည် ချင်းမိသားစု၏အနိုင်ယူခြင်းကို ခံရခြင်း မဟုတ်ဘဲ ချင်းမင်၏ဆေးလုံးများဖြင့် ဖို့သတ်ခြင်းကို ခံလိုက်ရခြင်းပင်။

ဤပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံးအရေအတွက်သည် လျှိုမြို့၏ တစ်ဝက်ခန့်ကို ဝယ်ယူ၍ရပေ၏။

ချင်းမင်က ခေါင်းခါယမ်းလိုက်ပြီး ပြတ်ပြတ်သားသား ပြောဆိုလိုက်သည်။

"ကျောက်မိသားစုကို ငါက လူငှားပြီး ဖျက်ဆီးခဲ့တာ မဟုတ်ဘူး"

ကျောက်မိသားစုကို ချင်းမင်သည် လူငှား၍ ဖျက်ဆီးခဲ့ခြင်း မဟုတ်သည်မှာ အမှန်ပင်။ သူကိုယ်တိုင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် သူသည် အတိတ်ဘဝမှ လူသတ်သမားကို စုံစမ်းရန် အလျင်လိုနေသည်။ ထိုလူကို သတ်ဖြတ်နိုင်ရန် သူ မည်သည့်နေရာတွင် သွားရောက်ရှာဖွေရမည်နည်း။

ဤတစ်ကြိမ်တွင် ချင်းမင်ထံ၌ လျှိုမြို့ကို ပေါင်းစည်းပြီး ချင်းမိသားစုကို လေ့ကျင့်ပေးရန် ဆန္ဒမရှိခဲ့လျှင် ဤလူများအားလုံးကို သုတ်သင်ရှင်းလင်းရန် နည်းလမ်းပေါင်းစုံကို အသုံးပြုပြီးသား ဖြစ်နေပေလိမ့်မည်။

ချင်းမင်၏လေသံသည် အလွန် ပြတ်သားနေသော်လည်း မြို့တော်ဝန်ချန်အနေဖြင့်မူ ကျောက်မိသားစု ပျက်စီးခြင်းမှာ သူနှင့် ပတ်သက်မှု ရှိသည်ဟု ခံစားနေရဆဲပင်။

"ဒါက ခင်ဗျားတို့ရဲ့ နောက်ဆုံးစကားတွေလား... အဲ့ဒါဆိုရင်လည်း ခင်ဗျားတို့ ခရီးဆက်လို့ ရပြီ ထွက်သွားဖို့ မလိုတော့ဘူး"

ချင်းမင်က နားကလော်လိုက်ပြီး အထင်အမြင်သေးသောလေသံဖြင့် ပြောဆိုသည်။

"မပြီးသေးဘူး"

ဝမ်မိသားစုခေါင်းဆောင် ရုတ်တရက် ပြောဆိုလိုက်၏။

ဤမဟာသိုင်းဆရာကြီးဆယ်ယောက်မှ သူတို့ကို သတ်ဖြတ်မည်အား သူ အမှန်တကယ် ကြောက်ရွံနေသည်။ သူသည် သူတို့ကို အမှန်တကယ် မတားဆီးနိုင်ချေ။

ဤမဟာသိုင်းဆရာကြီး ဆယ်ယောက်ကို ကြည့်မိချိန်၌ ဤလူများသည် တိုက်ပွဲများစွာကို ကြုံတွေ့ခဲ့ဖူးသည့် ကျွမ်းကျင်သူများ ဖြစ်ကြောင်း သူ သိလိုက်သည်။ သူတို့၏ သက်တောင့်သက်သာနေသော ဘဝနှင့် သူတို့ကို ယှဉ်ပြိုင်၍ မရနိုင်ချေ။

ဤလူများသည် အစစ်အမှန် ကြေးစားတိုက်ခိုက်ရေးသမားတွေ သူတို့ကဲ့သို့ အရင်းအမြစ်များး ပုံအော၍ ကျင့်ကြံထားသူများ မဟုတ်ပေ။

"ကျွန်တော်တို့ လက်နက်ချလို့ ရမလား.... ကျွန်တော်တို့ ဝမ်မိသားစုက ချင်းမိသားစုဆီမှာ အရှုံးပေးပါတယ်"

'ဘုန်း' ဟူသော အသံနှင့်အတူ ဝမ်မိသားစုခေါင်းဆောင်က ဒူးထောက်ပြီး ကျယ်လောင်စွာ ပြောဆိုလိုက်သည်။

"သခင်ကြီး"

ဝမ်မိသားစုဝင်များ ထိတ်လန့်တကြား ဖြစ်သွားကြသည်။

"ဒူးထောက်လိုက်စမ်း"

ဝမ်မိသားစုခေါင်းဆောင်က လက်ရှိနေရာတွင် ရှိနေသော ဝမ်မိသားစုဝင်များကို အော်ဟစ်လိုက်၏။

စိမ်းလန်းသောတောင်များ ရှိနေသရွေ့ ထင်းခွေရန် စိတ်မပူရချေ။ ယခုချိန်၌ ရန်သူ၏အင်အားက သူတို့ထက် အဆပေါင်းများစွာ သာလွန်နေသည်။ အကယ်၍ သူတို့ အသနားမခံလျှင် သေရပေလိမ့်မည်။

သူ သေဆုံးရလျှင်ပင် ဝမ်မိသားစု မျိုးတုန်းသွားမည်ကို မလိုလားချေ။ ဝမ်မိသားစုဝင်များ အားလုံးသည် သူ၏ဆွေမျိုးများဖြစ်သဖြင့် ထိုလူများ ထွက်ခွာသွားသည်ကို သူ လက်ပိုက်ကြည့်မနေနိုင်ချေ။

လက်ရှိနေရာတွင်ရှိနေသော ဝမ်မိသားစုဝင်များသည် ချင်းမင်ကို ဦးတည်ပြီး ဒူးထောက်လိုက်ရုံမှတစ်ပါး တခြားရွေးချယ်စရာ မရှိတော့ချေ။

ဝမ်မိသားစု ဒူးထောက်လိုက်သည်ကို မြင်တွေ့ချိန်၌ ချင်းမိသားစုနှင့် တခြားလူများအားလုံး အံ့အားသင့်သွားကြသည်။

'ဒါ... ဒါက လက်နက်ချတာပဲ'

'လက်နက်ချချင်ရင်တောင် အရင်ဆုံး တိုက်ခိုက်ပြီးမှ လုပ်ရမယ် မဟုတ်လား'

'ဘာလို့ လက်နက်ချလိုက်တာလဲ...'

တခြားလူများသည် နားမလည်သေးသော်လည်း ချန်မိသားစုခေါင်းဆောင်ကမူ အရင်ဆုံး နားလည်သွားပုံရပြီး ဒူးထောက်လိုက်သည်။

သူ၏စိတ်ထဲတွင်မူ ရန်သူကို ဒူးထောက်လိုက်ရသော ခံစားချက်မှာ အလွန်ဆိုးရွားပေ၏။

All Chapters