← Chapters

မြို့တော်ဝင်ချန် ခင်ဗျားက ထွက်ပြေးချင်နေတာလား

Vol. 8 Ch. 114

မြို့တော်ဝင်ချန် ခင်ဗျားက ထွက်ပြေးချင်နေတာလား

Vol. 8 Ch. 114

ချင်းမင်သည် ဆရာသခင်ချင်းယန်အတွက် မစိုးရိမ်ချေ။

သူ၏ဆရာသည် မဟာသိုင်းဆရာကြီး အဆင့်၏စွမ်းအားကိုသာ ထုတ်ဖော်အသုံးပြုနိုင်သော်လည်း...

ချင်းယန်၏ အမြင်အာရုံနှင့် အတွေ့အကြုံများကို သာမန်မဟာသိုင်းဆရာကြီး တစ်ယောက်နှင့် နှိုင်းယှဉ်၍ မရနိုင်ချေ။ အနက်ရောင်ဝတ်စုံဝတ် လူနှစ်ဦးသည် ပူးပေါင်းတိုက်ခိုက်ခြင်း နည်းစနစ်ကို ကျွမ်းကျင်ကြသော်လည်း ယခုအချိန်၌ လူစုကွဲသွားပြီဖြစ်ရာ သူ့ဆရာ၏ ပြိုင်ဘက် မည်သို့မျှ မဖြစ်နိုင်တော့ချေ။

ချင်းမင်က ချန်မိသားစုခေါင်းဆောင်ထံသို့ လျှောက်လှမ်းသွားလိုက်သည်။ လက်ရှိတွင် ချန်မိသားစုခေါင်းဆောင်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး ပြင်းပြင်းထန်ထန် မောဟိုက်နေသည်။

သူ၏ ခြေလက်လေးဖက်လုံး ပျက်စီးသွားခဲ့လေပြီ။ သူသည် မဟာသိုင်းဆရာကြီးအဆင့်၌ ရှိနေလျှင်ပင် သူ မည်သို့မျှ စွမ်းအားများ ထုတ်ဖော်အသုံးပြုနိုင်တော့မည် မဟုတ်ချေ။

"ဘယ်လိုလဲ ချန်မိသားစုခေါင်းဆောင်... ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ ခင်ဗျား ထင်ခဲ့မိလား"

ချင်းမင်သည် ချန်မိသားစုခေါင်းဆောင်၏ ရှေ့သို့ လျှောက်သွားပြီး ငုတ်တုတ်ထိုင်ချကာ ပြောဆိုလိုက်၏။

ချင်းမိသားစုဝင်များအားလုံးသည် ချင်းမင် အန္တရာယ်ဖြစ်မည်ကို စိုးရိမ်သဖြင့် ဝိုင်းရံလာကြသည်။

ချင်းမင်က လက်ကာပြပြီး ပြောဆိုသည်။

"ခင်ဗျားတို့အားလုံး ကျန်တဲ့အကြွင်းအကျန်တွေကို သွားရှင်းကြပါ... ချန်မိသားစုခေါင်းဆောင်က အသုံးမကျတော့ဘူး... ကျွန်တော့်အတွက် စိတ်ပူမနေကြပါနဲ့"

ချန်မိသားစုတွင် ကျင့်ကြံသူဟူ၍ မည်မျှထိများများ ရှိနိုင်မည်နည်း။ မဟာသိုင်းဆရာကြီးကိုးယောက်ကို သူတို့သည် မည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း။ ယခုချိန်၌ ထိုလူများအားလုံးနီးပါး အသတ်ခံလိုက်ရလေပြီ။

အသက်မသေဘဲ ကျန်ရစ်သူ ရှိနေလျှင်ပင် တုံ့ပြန်တိုက်ခိုက်ရန် စိတ်ကူးမရှိကြတော့ချေ။

ချန်မိသားစု အဆုံးသတ်သွားလေပြီ။

"ဟုတ်ကဲ့ပါ သခင်လေး"

ချင်းမိသားစုဝင်များသည် ချက်ချင်းဆိုသလိုပင် ချန်မိသားစုဝင်များ၏အလောင်းများကို စတင်၍ ရှင်းလင်းကြတော့သည်။ ဤနေရာသည် ချင်းအိမ်တော်၏တံခါးဝ ဖြစ်လေရာ ချင်းမိသားစု၏လမ်းကို ပိတ်ဆို့ထား၍ မဖြစ်ချေ။

ထို့ပြင် ချန်မိသားစုဝင်များသည် ပိုင်ဆိုင်မှုအမြောက်အများကို သယ်ဆောင်လာကြ၏။

သူတို့ထံမှ လက်နက်များနှင့် သံချပ်ကာများသည်လည်း စိတ်ဝိညာဉ်ကျောက်တုံးများစွာ တန်ကြေးရှိသည်။

ချင်းမင်သည် ဤအရာများကို သဘောမကျသော်လည်း တခြားသော ချင်းမိသားစုဝင်များအတွက်မူ အဖိုးတန်ပစ္စည်းများ ဖြစ်သည်။

"မြို့တော်ဝင်ချန်... ထွက်ပြေးချင်ရင် ပြေးလေ... ကျွန်တော် လိုက်မဖမ်းဘူးလို့ ကတိပေးတယ်"

ချင်းမင်သည် အဝေးတွင် ရပ်နေသော မြို့တော်ဝင်ချန်ကို ကြည့်ကာ အပြုံးနှင့် ပြောဆိုလိုက်သည်။

ချန်မိသားစုနှင့် တိုက်ပွဲ စတင်ကတည်းက မြို့တော်ဝင်ချန်သည် သူ၏လူများကို စုစည်းထားခဲ့သည်။

သူသည် ချန်မိသားစုကို ကူညီရမည်လော ထွက်ပြေးရမည်လောကို ဝေခွဲရခက်နေခဲ့သည်။ ယခုအချိန်၌ သူသည် ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေပြီး မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို မသိတော့ချေ။

ချန်မိသားစုကို ကူညီခြင်းသည် သူ့အတွက် သေလမ်းသာ ဖြစ်ပေမည်။

သူသည် အစောပိုင်းက ချန်မိသားစုနှင့် တစ်ဖွဲ့တည်း ဖြစ်ခဲ့သော်လည်း ဤသည်မှာ အကျိုးစီးပွားအတွက် မဟာမိတ်သက်သက်ပင်။ ယခုအချိန်၌ ချန်မိသားစု ပျက်စီးတော့မည်ဖြစ်ရာ သူသည် ထိုခြေရာအတိုင်းနင်း၍ လိုက်မသွားလိုချေ။

သို့သော် သူ ချန်မိသားစုကို မကူညီလျှင်လည်း ချင်းမင်၏ စဉ်းတီတုံးပေါ်က အသားတုံးတစ်တုံး ဖြစ်သွားပေလိမ့်မည်။

ချင်းမင်သည် ချန်မိသားစုခေါင်းဆောင်ကို သတ်ဖြတ်နိုင်ပြီး ချန်မိသားစုတစ်ခုလုံးကို ဖျက်ဆီးနိုင်လေရာ သူ့ကိုလည်း လွယ်လင့်တကူ သတ်ဖြတ်နိုင်မည်မှာ သေချာပေါက်ပင်။

ချင်းမင်၏ ဥပဒေမဲ့လုပ်ရပ်များကို ကြည့်ခြင်းအားဖြင့် ထိုကဲ့သို့ လုပ်နိုင်ခြေ အလွန်များသည်။

ထို့ပြင် ချင်းမင်ထံတွင် စိတ်ဝိညာဉ်ကျောက်တုံးများနှင့် ဆေးလုံးများစွာ ရှိနေသဖြင့် သူ့ကို အမှန်တကယ် သတ်ဖြတ်လိုလျှင် ဆေးလုံးများပေးပြီး ကိစ္စဖြတ်လိုက်ရုံသာ ရှိသည်။

'ဒါက ဘယ်လို လောကကြီးလဲ... သိုင်းပညာ မြင့်မားပြီးတော့ မဟာသိုင်းဆရာကြီးတွေ အများကြီး ရှိနေတာတောင် ဘာမှ အရေးမပါခဲ့ဘူး...နောက်ဆုံးတော့ ချင်းမင်ရဲ့ ဆေးလုံးတွေနဲ့ ဖိနှိပ်တာကို ခံလိုက်ရတာပဲ...ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံး အလုံးကိုးဆယ်တောင်... ငါက ငါ့ကိုယ်ငါတောင် ရောင်းချင်သွားပြီ'

သူ ဒေါသတကြီး တွေးတောလိုက်မိသော်လည်း ယခုအချိန်တွင် သူ တွေးတောနေလည်း အချည်းနှီးသာဖြစ်ကြောင်း သိရှိသည်။ လက်ရှိ အကြပ်အတည်းကို သူ ဖြတ်ကျော်နိုင်ရန်အတွက် ပြောဆိုရပေမည်။

"သခင်လေးချင်း... ခင်ဗျားက နောက်နေပြန်ပြီ... ကျွန်တော်က ခင်ဗျားရဲ့ ခွင့်လွှတ်မှုကို မရသေးဘဲနဲ့ ဘယ်လိုလုပ်ပြီး ထွက်ပြေးရဲမှာလဲ"

မြို့တော်ဝင်ချန်က ထိတ်လန့်ကြောက်ရွံ့စွာ ပြောဆိုလိုက်သည်။

'ချင်းမင်က ငါ့ကို ဘယ်လို စီမံမှာလဲ... ငါ့ကို တန်းပြီးသတ်ပစ်မှာလား... ဒါမှမဟုတ် ငါ့ရဲ့သွေးကြောတွေကို ဖျက်ဆီးပစ်မှာလား..ငါက မြို့တော်ဝင်လေ... ရာထူးဂုဏ်ရှိန်ရှိတဲ့သူပါ... သူ ငါ့ကို ဘာမှမလုပ်ရဲလောက်ပါဘူး"

ဤသို့ တွေးမိချိန်၌ မြို့တော်ဝန်ချန် ပို၍ သတ္တိရှိလာသည်။

ဤအချိန်တွင် ချန်မိသားစုဝင်များအားလုံး အသတ်ခံလိုက်ရပြီဖြစ်ပြီး သွေးပူလေ့ကျင့်ခန်း လုပ်ရုံမျှသာ ရှိသေးသော လူထွားကြီးများသည် ချင်းမင်ထံသို့ ရောက်လာကြ၏။

ချင်းမင်သည် သူတို့၏ အလုပ်ရှင်ဖြစ်ရာ သူ၏လုံခြုံရေးကို အချိန်မရွေး ကာကွယ်ပေးရပေမည်။

"မြို့တော်ဝင်ချန်... ခင်ဗျားကို ကျွန်တော် ဘာမှမလုပ်ရဲဘူးလို့ တွေးနေတာလား"

ချင်းမင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"မဟုတ်ပါဘူး... မင်းက လူကြီးလူကောင်းတစ်ယောက်လေ... ဆေးပညာရှင်တစ်ယောက်လည်း ဖြစ်နေတယ်... နောင်ကျရင် မဟာဆေးပညာရှင် ဒါမှမဟုတ် ဆေးဧကရာဇ်တစ်ယောက်တောင် ဖြစ်လာမယ့်သူပါ...ငါ့ကို အရေးမပါတဲ့လို့ သဘောထားပြီး လွှတ်ပေးလိုက်ပါလား...ဒီနေ့က ငါ့ရဲ့အမှားပါ"

မြို့တော်ဝင်ချန်က ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီး ပြောဆိုသည်။

"ဒီလိုလုပ်ပါလား ... နှစ်တွေအများကြီးကြာအောင် ငါ ရှာဖွေသိမ်းဆည်းထားတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေအားလုံး မင်းကို ပေးပါ့မယ်... ငါ့ရဲ့အသက်ကို ချမ်းသာပေးဖို့ပဲ တောင်းဆိုပါတယ်"

All Chapters