← Chapters

အခန်း (၁၂၃)

Vol. 13 Ch. 123

အခန်း (၁၂၃)

Vol. 13 Ch. 123

“အားးး။”

ချွေ့နျန်၏ နှုတ်မှ မကြုံစဖူး စူးရှသော အော်ဟစ်သံ ထွက်ပေါ်လာပြီး တစ်ကိုယ်လုံး နာကျင်မှုကြောင့် တုန်ခါသွားကာ ရူးသွပ်မတတ် ကွေးကောက်သွားလေသည်။

မိနစ်ဝက်ခန့် အကြာတွင် ချွေ့နျန် နာကျင်လွန်းသဖြင့် သတိလစ်သွားသည်။ အမျိုးသား တစ်ဦး၏ ထိုနေရာကို ကန်လိုက်ခြင်းသည် အမျိုးသမီး တစ်ဦး မီးဖွားရသည်ထက် ၁၀ ဆ ပိုမို နာကျင်သည်ဟု ကြားဖူးသည်။

ထိုမြင်ကွင်းကို မြင်သောအခါ ဘေးနားတွင် ရပ်နေသော လီစန်းနှင့် လီစစ်တို့သည် အလိုအလျောက် မျက်နှာများ တွန့်သွားပြီး ခြေထောက်များကို စေ့လိုက်မိကြသည်။

“ဘာကို စေ့ထားကြတာလဲ။ မင်းတို့မှာမှ မရှိတော့တာ။” တုပိုင်က ပြောလိုက်သည်။ “ငါတို့ မိန်းမစိုးဂိုဏ်းရဲ့ အကြီးမားဆုံး အားသာချက်ကတော့ ပေါင်ကြား အကန်ခံရမှာကို မကြောက်ရတော့တာပဲ။”

“ဟီးဟီးဟီးးး။” လီစန်း တောင့်တင်းစွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။ “သခင်လေးရဲ့ ဟာသက တကယ် ရယ်ရပါတယ်။”

‘ဟင်း…။ မင်းတို့ မမြှောက်ပင့်တတ်ရင်လည်း မမြှောက်ပင့်ကြပါနဲ့လား။’

ထို့နောက် လီစန်း၏ မျက်နှာထား လေးနက်သွားပြီး ပြောလိုက်သည်။

“သခင်လေး။ ကျွန်တော်တို့ ရင်ဆိုင်ရတော့မှာက မုန်တိုင်းတစ်ခု ဖြစ်နိုင်တယ်။ လူတိုင်းက သခင်လေးကို ရူးသွပ်စွာ တိုက်ခိုက်လာလိမ့်မယ်။ သခင်လေး မရှိတဲ့ အချိန်ကို အခွင့်ကောင်းယူပြီး သတ်ပစ်ကြလိမ့်မယ်။”

“သေချာတာပေါ့။” တုပိုင်က ပြောလိုက်သည်။ “ချွေ့မိသားစု၊ ကျူးဝူယာ၊ လော့ဝမ်၊ လီကျင်းဌာန၊ ပြီးတော့ ငါတို့ ကွမ်ရှီး အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ တပ်မှူးတောင် ငါ့ကိုသတ်ဖို့ ဝိုင်းအုံလာကြလိမ့်မယ်။”

လီစန်းက ပြောလိုက်သည်။

“ဒါကြောင့် သခင်လေးအနေနဲ့ ခဏလောက် ပုန်းနေသင့်တယ်။ မြို့တော်ကနေ ပြန်ရောက်လာတာနဲ့ သူတို့ကို ကြောက်စရာ မလိုတော့ဘူး။”

တုပိုင်က မေးလိုက်သည်။ “မင်းဆိုလိုတာက ငါ့ကို ပုန်းနေစေချင်တာလား။”

လီစန်းက ပြောလိုက်သည်။

“ဟုတ်ကဲ့။ ပုန်းနေစေချင်ပါတယ်။ လီကျင်းဌာန တစ်ခုတည်း ဆိုရင်တော့ ကျွန်တော်တို့ တောင့်ခံထားနိုင်ပါတယ်။ ဒါပေမဲ့ အင်အားစု အများအပြား ပေါင်းစည်းလိုက်ရင်တော့ ကျွန်တော်တို့ တကယ် တားဆီးနိုင်မှာ မဟုတ်ပါဘူး။ သူတို့ရဲ့ တိုက်ခိုက်မှုက ပြင်းထန်တဲ့ မုန်တိုင်းလို ဖြစ်လာလိမ့်မယ်။”

“ပြီးတော့ ကျွန်တော်တို့ အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ တပ်မှူး မိန်းမစိုးဝမ်က သစ္စာဖောက် တစ်ယောက်ပါ။ ဒီအင်အားစုတွေ ပေါင်းစည်းလိုက်တာနဲ့ သခင်လေး သေဖို့ များပါတယ်။ ဒါကြောင့် သူတို့ မပေါင်းစည်းခင် အခုချက်ချင်း ထွက်ခွာပြီး ပုန်းရှောင်နေသင့်ပါတယ်။ သခင်လေး မြို့တော်ကို သွားပြီး သခင်ကြီးကို သွားရှာလို့ ရပါတယ်။”

လီစန်း၏ စကားများက အဓိပ္ပာယ် ရှိလှသည်။ ရန်သူ့ အင်အားစု အသီးသီး မပေါင်းစည်းနိုင်မီ အကောင်းဆုံး နည်းလမ်းမှာ တုပိုင် ချက်ချင်း ထွက်ပြေးရန် ဖြစ်သည်။

သို့သော် တုပိုင် နှာခေါင်းရှုံ့လိုက်သည်။

“စစ်တုရင် ကစားတဲ့အခါ အကွက်မရွှေ့ခင် ၃ ကွက်စာ ကြိုတွေးထားရတယ်။ ငါ လီကျင်းဌာနရဲ့ လူတွေကို သတ်ပြီး ချွေ့နျန်ကို ဖမ်းခဲ့တာက ဒေါသထွက်လို့ လုပ်ခဲ့တာ မဟုတ်ဘူး။ ငါ့မှာ အရန်အစီအစဉ် မရှိရင် ငါ လုပ်ခဲ့မှာ မဟုတ်ဘူး။”

“သခင်လေးရဲ့ အရန်အစီအစဉ်က ဘာလဲ။” လီစန်း မေးလိုက်သည်။

တုပိုင် ပြန်မေးလိုက်သည်။

“အကောင်းဆုံး ကာကွယ်မှုက ဘာလဲ။”

လီစန်းက ပြောလိုက်သည်။

“ကျေးဇူးပြုပြီး ကျွန်တော်ကိုသင်ကြားပေးပါ သခင်လေး။”

တုပိုင်က ပြောလိုက်သည်။

“အကောင်းဆုံး ကာကွယ်မှုက တိုက်ခိုက်ခြင်းပဲ။ ရန်သူ လာတိုက်မှာကို ဘယ်တော့မှ ထိုင်မစောင့်နဲ့။”

ထို့နောက် တုပိုင်၏ မျက်နှာ အေးစက်သွားပြီး ပြောလိုက်သည်။

“တပ်မှူးငယ်လီ။ မင်း အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး ပညာရေးမှူးမင်းရဲ့ နေအိမ်ကို ချက်ချင်း သွား။ ပြီးတော့ စာမေးပွဲမေးခွန်းတွေ ခိုးယူခဲ့တဲ့ အစေခံကို ဖမ်းခဲ့။”

“အမတ်မင်း ဝူစန်းရှီကို ယဉ်ကျေးဖို့ မမေ့နဲ့။ ဒီကိစ္စမှာ ငါတို့က သူ့ကို ငါတို့ဘက် ပါလာအောင် လုပ်ရမယ်။ မိသားစုထက် တရားမျှတမှုကို ဦးစားပေးလာအောင် လုပ်ရမယ်။”

“ဟုတ်ကဲ့။” ကွေ့လင် အရှေ့ဘက်ကွပ်ကဲရေးရုံး ခေါင်းဆောင် လီတပ်မှူးငယ်က ဖြေကြားလိုက်သည်။

တုပိုင်က ဆက်လက် အမိန့်ပေးလိုက်သည်။

“တပ်မှူးငယ်ကျန်း။ မင်းက ဖြေဆိုသူတွေ အားလုံးနဲ့ သာမန်ပြည်သူတွေကို လှုံ့ဆော်ပြီး လမ်းပေါ်ထွက် ဆန္ဒပြခိုင်းရမယ်။ နောက်ဆုံးမှာ ချွေ့မိသားစု နေအိမ်နဲ့ ကွမ်ရှီးဘုရင်ခံရုံးကို ဝိုင်းရံခိုင်းရမယ်။”

“ဟုတ်ကဲ့။” ကျန်းတပ်မှူးငယ်က ဖြေကြားလိုက်သည်။

တုပိုင်က ပြောလိုက်သည်။

“မှတ်ထား။ ငါတို့က ဒီ ဧကရာဇ်မင်းမြတ်စာမေးပွဲ မသမာမှု အမှုကို ငြင်းလို့မရတဲ့ သက်သေအထောက်အထား ခိုင်လုံတဲ့ အမှု ဖြစ်အောင် လုပ်ရမယ်။ ကွမ်ရှီးပြည်နယ် တစ်ခုလုံး တုန်လှုပ်သွားအောင် လုပ်ရမယ်။”

“လူတိုင်း သူ့ကို သတ်ချင်လာအောင်။ ဖြေဆိုသူ အားလုံးရဲ့ ဒေါသကို ဆွပေးနိုင်အောင် လုပ်ရမယ်။ ချွေ့မိသားစုကို လူတိုင်း ဝိုင်းဝန်း ပြစ်တင်ရှုတ်ချတဲ့ ပစ်မှတ် ဖြစ်လာအောင် လုပ်ပြီး အားကောင်းတဲ့ ပြည်သူ့သဘောထားကို ဖန်တီးရမယ်။”

“အဲဒီလိုဆိုရင် ငါ့ကို အရေးယူဖို့ ကြိုးစားတဲ့သူ ဘယ်သူမဆို စာမေးပွဲ မသမာမှုကို ဖုံးကွယ်ဖို့ ကြိုးစားသူ။ ကွမ်ရှီးပြည်သူတွေကို ဆန့်ကျင်သူ။ တရားမျှတမှုကို ဆန့်ကျင်သူအဖြစ် စွပ်စွဲခံရလိမ့်မယ်။”

“ဟုတ်ကဲ့။” လီစန်း ပြောလိုက်သည်။

တုပိုင်က ပြောလိုက်သည်။

“ငါတို့ မြန်မြန် လှုပ်ရှားရမယ်။ ရန်သူတွေ မပူးပေါင်းခင် ဒါတွေအားလုံး ပြီးစီးအောင် လုပ်ရမယ်။ ငါတို့ အောင်မြင်မှုရဲ့ လက္ခဏာကတော့ ထောင်ပေါင်းများစွာသော ပညာရှင်တွေ လမ်းမပေါ်ထွက် ကန့်ကွက်ဆန္ဒပြတာနဲ့ သောင်းချီတဲ့ ပြည်သူတွေ ချွေ့မိသားစုနဲ့ ကွမ်ရှီးဘုရင်ခံရုံးကို ဝိုင်းရံတာပဲ ဖြစ်လိမ့်မယ်။ မုန်တိုင်း စတင်လာပြီ ဆိုတာနဲ့ ငါတို့က ပြိုင်ဘက်ကင်း ဖြစ်သွားလိမ့်မယ်။ ဘယ်သူမှ ငါတို့ကို အနည်းငယ်လေးတောင် ထိရဲမှာ မဟုတ်တော့ဘူး။”

“ဟုတ်ကဲ့။” တပ်မှူးငယ်နှစ်ဦး အော်ဟစ်လိုက်ကြသည်။

ထို့နောက် တုပိုင်က ပြောလိုက်သည်။

“သွား။ ချွေ့နျန်ကို ရေပက်ပြီး နှိုးလိုက်။”

ရေခဲရေတစ်ဇွန်းကို ချွေ့နျန်အပေါ် တိုက်ရိုက် ပက်လိုက်ရာ သူ လန့်နိုးလာသည်။ သူ့အောက်ပိုင်း နာကျင်မှု မရှိတော့ဘဲ ပူပြီး ထုံကျင်နေသည်ကို တွေ့လိုက်ရသည်။ ဤချွေ့နျန်သည် မိန်းမစိုး ဖြစ်ရန် မဝေးတော့ပေ။

“လီစန်း။ မင်း ငါနဲ့လိုက်ခဲ့။ ရှင်းလုံတည်းခိုခန်းကို သွားပြီး ချွေ့ဖိန်ထင်ကို ဖမ်းမယ်။ ပြီးတော့ ငါ့အရှေ့ဘက်ကွပ်ကဲရေးရုံး စာရေးကို လုပ်ကြံစွပ်စွဲမှုနဲ့ မေးမြန်းမယ်။” တုပိုင် အမိန့်ပေးလိုက်သည်။

ထိုစကားကို ကြားသောအခါ ချွေ့နျန် ကြောင်သွားသည်။

ချွေ့နျန်ကို ဖမ်းဆီးပြီး လီကျင်းဌာန လူများကို သတ်ဖြတ်ခြင်းသည် အကန့်အသတ်ဟု သူတို့ ထင်ထားခဲ့ကြသည်။ သူ ဤမျှအထိ ရက်စက်လိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့ကြပေ။ ယခု ချွေ့ဖိန်ထင်ကိုပါ ဖမ်းချင်နေသေးသည်။

ချက်ချင်းပင် ကွေ့လင် အရှေ့ဘက်ကွပ်ကဲရေးရုံးသည် အဖွဲ့နှစ်ဖွဲ့ ကွဲသွားသည်။ တစ်ဖွဲ့က ပညာရေးမှူး ဝူစန်းရှီထံမှ လူဖမ်းရန် သွားသည်။ တစ်ဖွဲ့က ချွေ့ဖိန်ထင်ကို ဖမ်းရန် သွားသည်။

တုပိုင်သည် ပညာရေးမှူးရုံးသို့ သွား၍ မရပေ။ အဘယ်ကြောင့်ဆိုသော် သူ့တွင် တရားဝင် ရာထူး မရှိသောကြောင့် ဖြစ်သည်။ အကယ်၍ ဝူစန်းရှီသာ သူကဲ့သို့သော မိန်းမစိုးတစ်ယောက် အာဏာပြနေသည်ကို မြင်ပါက ဒေါသကိုသာ ဆွပေးသလိုသာ ဖြစ်ပေလိမ့်မည်။

ဝူစန်းရှီကဲ့သို့ ရိုးသားဖြောင့်မတ်သော အရာရှိအတွက် အကောင်းဆုံး နည်းလမ်းမှာ တရားဝင် လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ခြင်း ဖြစ်သည်။

**--**--**--**--**--**--**--**

ယွဲ့လုံတည်းခိုခန်း၏ အပေါ်ထပ်တွင် ချွေ့ဖိန်ထင်သည် စိတ်မရှည်စွာ လမ်းလျှောက်နေပြီး ဒေါသတကြီး ပြောလိုက်သည်။

“ပိုင်ယွီချင်းနဲ့ ချွေ့နျန် ဘာလုပ်နေကြတာလဲ။ အခုထိ ချန်ဖိန်ကို မဖမ်းမိသေးဘူးလား။ ရှောင်မင်။ အောက်ဆင်းပြီး သွားကြည့်စမ်း။ ချန်ဖိန်ကို ဖမ်းမိရင် ဒီကို အရင် ခေါ်လာခဲ့။ ငါ သူ့သွားတွေကို ရိုက်ချိုးပြီး လက်ချောင်းတွေကို ချေမွပစ်မယ်။ မျက်လုံးတွေကို ဖောက်ထုတ်ပစ်မယ်။”

ချန်ဖိန်အပေါ်ထားရှိသော ချွေ့ဖိန်ထင်၏ ဒေါသသည် နေရာလွဲမှားနေသော ဒေါသသက်သက်သာ ဖြစ်သည်။ သူမ၏ အနက်ရှိုင်းဆုံး အမုန်းတရားသည် တုပိုင်အပေါ်တွင် ရှိသော်လည်း လောလောဆယ်တွင် သူမ တုပိုင်ကို ဘာမှ လုပ်၍ မရသောကြောင့် ချန်ဖိန်အပေါ်တွင် ပုံချရန်ကြိုးစားနေလေ၏။

“တုပိုင်။ တစ်နေ့ကျရင် ငါ နင့်အရေခွံကို ခွာ။ နင့်ကို အပိုင်းပိုင်း ဆုတ်ဖြဲပြီး နင့်အရိုးတွေကို အမှုန့်ကြိတ်ပစ်မယ်။”

ထိုအချိန်တွင် လှေကားပေါ်မှ အလျင်အမြန် ပြေးတက်လာသော ခြေသံများ ထွက်ပေါ်လာသည်။

“ဘုန်းးး။”

ထို့နောက် ချွေ့ဖိန်ထင်၏ အခန်းတံခါးကို ကန်ဖွင့်လိုက်ကြသည်။ တုပိုင်သည် လီစန်း၊ လီစစ် နှင့် အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည် တစ်ဒါဇင်ကျော်နှင့်အတူ ဝင်ရောက်လာသည်။ သူ ချွေ့ဖိန်ထင်ကို ကြည့်ပြီး ပြောလိုက်သည်။

“သခင်မလေးချွေ့။ နေကောင်းရဲ့လား။”

**--**--**--**--**--**--**--**

ထိုအချိန်တွင် ချွေ့မိသားစု အိမ်တော်၌ ပိုင်ယွီချင်းသည် မြေပြင်ပေါ်တွင် ဒူးထောက်ပြီး တုပိုင်က ချွေ့နျန်ကို ဖမ်းဆီးသွားပုံနှင့် လီကျင်းဌာန အရာရှိများကို သတ်ဖြတ်ခဲ့ပုံ အားလုံးကို ချွေ့မိသားစု ခေါင်းဆောင်အား ပြောပြလိုက်သည်။

ချွေ့မိသားစု ခေါင်းဆောင်သည် ဒေါသထွက်သလို ဝမ်းလည်းသာသွားသည်။

“တုပိုင်။ မိုက်မဲတဲ့ တိရစ္ဆာန်ကောင်။ မင်း တကယ် သေလမ်းရှာတာပဲ။” ချွေ့မိသားစု ခေါင်းဆောင် နှာခေါင်းရှုံ့လိုက်သည်။ “ငါ့အဝတ်အစား လဲပေးကြ။ ငါ ဘုရင်ခံဆီ သွားတွေ့မယ်။ နေဦး။ ကွမ်ရှီးတပ်စောင့်မှူးဆီ အရင်သွားတွေ့မယ်။”

ကြီးမားသော မုန်တိုင်းကြီး တစ်ခု ဖြစ်ပေါ်လာတော့မည် ဖြစ်ပြီး တုပိုင်သည် ဤမုန်တိုင်း၏ ဗဟိုချက်တွင် ရှိနေသည်။ သူသည် သေးငယ်သော အရှေ့ဘက်ကွပ်ကဲရေးရုံး အဖွဲ့လေးကို ဦးဆောင်ပြီး ကွမ်ရှီးပြည်နယ်၏ အင်အားအကြီးဆုံး အုပ်စုကြီး အများအပြားကို ရင်ဆိုင်ရပေတော့မည်။

အပိုင်း ၁၂၃ ပြီး။

All Chapters